iMyanmarHouse.com - Best Property Website for Myanmar
×


အသက္ၾကီးလာတဲ့အခါ အေရျပားေတြေပ်ာ့တြဲက်လာပါေတာ့တယ္။ ဒါေပမယ့္ ထိုအိုမင္းသြားတဲ့ အေရျပားကို ကုသဖို႔ နည္းတခ်ိဳ႕ေတာ့ရွိပါတယ္။ Thread lift လို႔ေခၚတဲ့ မ်က္ႏွာပင့္တင္းျခင္းတစ္မ်ိဳးက လတ္ေလာမွာ လူသံုးမ်ား နာမည္ၾကီးေနတဲ့နည္း တစ္ခုျဖစ္တယ္။

ဘယ္လိုသင့္မ်က္နွာကိုျပန္လည္ျပဳျပင္နုိင္မလဲ ၾကည့္လိုက္ၾကရေအာင္-
Thread lift ဆုိတာဘာလဲ

ေလ်ာ့ရဲတဲြက်ေနေသာ အေရျပားေတြအတြက္ အထူးတြယ္အပ္တစ္မ်ိဳးကိုသံုးကာ ျပဳျပင္ေသာနည္းျဖစ္တယ္။ ခြဲမႈ စိတ္မႈ ျဖတ္မႈ ရွမႈ တစ္ခုမွမရွိဘဲ Thread lift ဟာ ဥေရာပ၊ အေမရိကနဲ႔ အာရွတခြင္မွာ နာမည္ၾကီးပါတယ္။

အိုမင္းေနေသာအသားအေရကို တင္းရင္းလွပေစျပီး အေရးေၾကာင္းမ်ားေလ်ာ့ပါးေစပါတယ္။
ဘာေၾကာင့္အသားအေရေလ်ာ့ရဲလာရသလဲ

အသက္ၾကီးလာတာနဲ႔အမွွ် သင့္ခႏၶာကိုယ္မွာ collagen နဲ႔ elastine ေတြအထြက္ နည္းလာပါေတာ့တယ္။ ထို collagen နဲ႔ elastine ေတြဟာ သင့္အေရျပားတင္းရင္းေစဖို႔ အဓိကလိုအပ္တဲ့အရာေတြပါ။

ဒါေၾကာင့္ထို collagen နဲ႔ elastine ေတြမလံုေလာက္ေတာ့တဲ့အခါ အေရးေၾကာင္းေတြျဖစ္ လာတယ္၊ မ်က္နွာကိုပိုအိုေစပါေတာ့တယ္ thread lift နည္းကမ်က္နွာကို ဘယ္လိုျပဳျပင္နုိင္သလဲ

thread lift နည္းဟာ Polydioxanone (or PDO) ျဖင့္ျပဳလုပ္ထားတဲ့ တြယ္အပ္ေလးမ်ားကို မ်က္နွာအေရျပားေအာက္ သို႔ ျကြက္သားေတြၾကား ထည့္ျခင္းျဖစ္တယ္။ ခဲြစိတ္စရာမလိုဘဲ ဘယ္လိုထည့္သလဲလို႔ ေတြးေနတယ္မဟုတ္လား၊ အေရျပားအထူးကုေတြလုပ္နုိင္ပါတယ္။

အလြန္ေသးငယ္ေသာအပ္ကေလးေတြသံုးကာ ထိုအပ္ကေလးေတြက ပင့္တင္ ဖို႔လိုအပ္ေနတဲ့ အေရျပားထဲကို လိုအပ္တဲ့တြယ္အပ္ေလးေတြကို ထည့္ေပးပါတယ္။

အေရျပားထဲေရာက္သြားတဲ့ တြယ္အပ္ေလးေတြဟာ တြဲက်ေနတဲ့အေရျပားေတြကို ေထာက္ပ့ံပင့္တင္ကာ အေရျပားတင္းရင္းလွပေစပါေတာ့တယ္။ ထိုနည္းဟာ သင့္အသားအေရအတြက္ေကာင္းမြန္တဲ့ collagen, elastine နဲ႔ Hyaluronic Acid တို႔ကိုလည္းထြက္လာေစပါတယ္။

ေကာင္းက်ိဳးမ်ား

အမာရြတ္မက်န္ပါဘူး – ဒါဟာ ထို thread lift နည္းရဲ႕အၾကီးဆံုးေကာင္းက်ိဳးပါ။ မခြဲစိတ္ရတာေၾကာင့္ အမာရြတ္၊ အရာမ်ားမက်န္ခဲ့ပါဘူး။

ျပန္ေကာင္းရန္အခ်ိန္နည္းနည္းပဲလိုပါတယ္ – ေဆးခန္းမွာ ေနစရာမလိုပါဘူး။ ကုသမႈျပီးတာနဲ႔ ေန႔စဥ္လႈပ္၇ွားမႈေတြကို ပံုမွန္အတိုင္းျပန္လုပ္နုိင္ပါတယ္။

အခ်ိန္သက္သာတယ္ – ပ်မ္းမွ် ၁ နာရီေလာက္ပဲၾကာပါတယ္။ ေနာက္ထပ္အၾကိမ္ေတြ ထပ္လုပ္စရာလည္းမလိုပါဘူး။

အာနိသင္ရွိတယ္ – တစ္ၾကိမ္ကုသျပီးတာနဲ႔ ေနာက္ထပ္ တစ္ႏွစ္၊ နွစ္နွစ္ထိ တင္းရင္းလွပေနနုိင္ပါတယ္။

ေဘးထြက္ဆိုးက်ိဳးနည္းတယ္ – ရက္ေပါင္း ၁၈၀ – ၂၄၀ ေလာက္မွာအရည္ေပ်ာ္သြားနုိင္တဲ့ တြယ္အပ္ေတြသံုးတာေၾကာင့္ တြယ္အပ္ေတြကို ဖယ္ပစ္ဖို႔ ေဆးခန္းကိုျပန္လာစရာ မလိုပါဘူး။ ကုသျပီးတာနဲ႔ ပြန္းရာ၊ ရွရာ၊ အနည္းငယ္ေရာင္ရမ္းျခင္းျဖစ္နုိ္င္ေပမယ့္ အခ်ိန္တိုအတြင္းေပ်ာက္သြားပါတယ္။

ကုသမႈမခံယူမီဆရာ၀န္နဲ႔ ေသခ်ာနားလည္ေအာင္ ေဆြးေႏြးတုိင္ပင္နုိင္ပါတယ္။

Credit:hellosayarwon

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အသက်ကြီးလာတဲ့အခါ အရေပြားတွေပျော့တွဲကျလာပါတော့တယ်။ ဒါပေမယ့် ထိုအိုမင်းသွားတဲ့ အရေပြားကို ကုသဖို့ နည်းတချို့တော့ရှိပါတယ်။ Thread lift လို့ခေါ်တဲ့ မျက်နှာပင့်တင်းခြင်းတစ်မျိုးက လတ်လောမှာ လူသုံးများ နာမည်ကြီးနေတဲ့နည်း တစ်ခုဖြစ်တယ်။

ဘယ်လိုသင့်မျက်နှာကိုပြန်လည်ပြုပြင်နိုင်မလဲ ကြည့်လိုက်ကြရအောင်-
Thread lift ဆိုတာဘာလဲ

လျော့ရဲတွဲကျနေသော အရေပြားတွေအတွက် အထူးတွယ်အပ်တစ်မျိုးကိုသုံးကာ ပြုပြင်သောနည်းဖြစ်တယ်။ ခွဲမှု စိတ်မှု ဖြတ်မှု ရှမှု တစ်ခုမှမရှိဘဲ Thread lift ဟာ ဥရောပ၊ အမေရိကနဲ့ အာရှတခွင်မှာ နာမည်ကြီးပါတယ်။

အိုမင်းနေသောအသားအရေကို တင်းရင်းလှပစေပြီး အရေးကြောင်းများလျော့ပါးစေပါတယ်။
ဘာကြောင့်အသားအရေလျော့ရဲလာရသလဲ

အသက်ကြီးလာတာနဲ့အမျှ သင့်ခန္ဓာကိုယ်မှာ collagen နဲ့ elastine တွေအထွက် နည်းလာပါတော့တယ်။ ထို collagen နဲ့ elastine တွေဟာ သင့်အရေပြားတင်းရင်းစေဖို့ အဓိကလိုအပ်တဲ့အရာတွေပါ။

ဒါကြောင့်ထို collagen နဲ့ elastine တွေမလုံလောက်တော့တဲ့အခါ အရေးကြောင်းတွေဖြစ် လာတယ်၊ မျက်နှာကိုပိုအိုစေပါတော့တယ် thread lift နည်းကမျက်နှာကို ဘယ်လိုပြုပြင်နိုင်သလဲ

thread lift နည်းဟာ Polydioxanone (or PDO) ဖြင့်ပြုလုပ်ထားတဲ့ တွယ်အပ်လေးများကို မျက်နှာအရေပြားအောက် သို့ ကြွက်သားတွေကြား ထည့်ခြင်းဖြစ်တယ်။ ခွဲစိတ်စရာမလိုဘဲ ဘယ်လိုထည့်သလဲလို့ တွေးနေတယ်မဟုတ်လား၊ အရေပြားအထူးကုတွေလုပ်နိုင်ပါတယ်။

အလွန်သေးငယ်သောအပ်ကလေးတွေသုံးကာ ထိုအပ်ကလေးတွေက ပင့်တင် ဖို့လိုအပ်နေတဲ့ အရေပြားထဲကို လိုအပ်တဲ့တွယ်အပ်လေးတွေကို ထည့်ပေးပါတယ်။

အရေပြားထဲရောက်သွားတဲ့ တွယ်အပ်လေးတွေဟာ တွဲကျနေတဲ့အရေပြားတွေကို ထောက်ပံ့ပင့်တင်ကာ အရေပြားတင်းရင်းလှပစေပါတော့တယ်။ ထိုနည်းဟာ သင့်အသားအရေအတွက်ကောင်းမွန်တဲ့ collagen, elastine နဲ့ Hyaluronic Acid တို့ကိုလည်းထွက်လာစေပါတယ်။

ကောင်းကျိုးများ

အမာရွတ်မကျန်ပါဘူး – ဒါဟာ ထို thread lift နည်းရဲ့အကြီးဆုံးကောင်းကျိုးပါ။ မခွဲစိတ်ရတာကြောင့် အမာရွတ်၊ အရာများမကျန်ခဲ့ပါဘူး။

ပြန်ကောင်းရန်အချိန်နည်းနည်းပဲလိုပါတယ် – ဆေးခန်းမှာ နေစရာမလိုပါဘူး။ ကုသမှုပြီးတာနဲ့ နေ့စဉ်လှုပ်၇ှားမှုတွေကို ပုံမှန်အတိုင်းပြန်လုပ်နိုင်ပါတယ်။

အချိန်သက်သာတယ် – ပျမ်းမျှ ၁ နာရီလောက်ပဲကြာပါတယ်။ နောက်ထပ်အကြိမ်တွေ ထပ်လုပ်စရာလည်းမလိုပါဘူး။

အာနိသင်ရှိတယ် – တစ်ကြိမ်ကုသပြီးတာနဲ့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်ထိ တင်းရင်းလှပနေနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနည်းတယ် – ရက်ပေါင်း ၁၈၀ – ၂၄၀ လောက်မှာအရည်ပျော်သွားနိုင်တဲ့ တွယ်အပ်တွေသုံးတာကြောင့် တွယ်အပ်တွေကို ဖယ်ပစ်ဖို့ ဆေးခန်းကိုပြန်လာစရာ မလိုပါဘူး။ ကုသပြီးတာနဲ့ ပွန်းရာ၊ ရှရာ၊ အနည်းငယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပေမယ့် အချိန်တိုအတွင်းပျောက်သွားပါတယ်။

ကုသမှုမခံယူမီဆရာဝန်နဲ့ သေချာနားလည်အောင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Credit:hellosayarwon

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top