iMyanmarHouse.com - Best Property Website for Myanmar
×


ခိုင္ျမဲတဲ့ ဆက္သြယ္မႈရွိဖို႕လိုအပ္ပါတယ္။တခါတေလ ဟာသေလးေတြ႕ရင္ေတာင္ ျပန္ေျပာျပျပီး ႏွစ္ေယာက္အတူရယ္ေမာတာတို႕၊ဘယ္လို ကိစၥမ်ိဳးမဆို ၾကံဳလာတဲ့အခါ ႏွစ္ေယာက္အတူတိုင္ပင္တာတို႕ လုပ္သင့္ပါတယ္။ဒီလိုမ်ိဳး လုပ္ေနသူေတြရဲ႕ လက္တြဲတဲ့ သက္တမ္းဟာ ခိုင္ျမဲေနတာျဖစ္ပါတယ္။

တေယာက္နဲ႕ တေယာက္ ရုိေသတတ္ဖို႕လိုပါတယ္။အမ်ိဳးသမီးက အိမ္ေထာင္ဖက္ အျဖစ္ေရြးခ်ယ္တဲ့ အမ်ိဳးသားအေပၚမွာ ရုိေသတတ္ဖို႕လိုသလို အမ်ိဳးသားကလည္း ကိုယ့္ ခ်စ္သူအေပၚ ေလးစားတတ္ဖို႕ လိုပါတယ္။ ဒါဟာ သင္တို႕ရဲ႕ သိကၡာပိုင္းကို ပိုမိုျမွင့္ တက္ေစျပီး အမ်ားကလည္း တေလးတစားဆက္ဆံမွာျဖစ္ပါတယ္။

ယံုၾကည္မႈေပးပါ။သဝန္တိုတာနဲ႕ ယံုၾကည္မႈမရွိတာ မတူပါဘူး။ယံုၾကည္မႈမရွိတာက လူ တစ္ေယာက္အေပၚ အသားလြတ္ ေစာ္ကားရာ ေရာက္ျပီး ဘယ္ေတာ့မွ သာယာစိုေျပတဲ့ အခ်စ္ခရီးကို ေရာက္ရွိေစမွာမဟုတ္ပါဘူး။ တခါတေလမွာ သဝန္တိုတာနဲ႕ ယံုၾကည္မႈ မရွိတာကို မကြဲျပားျဖစ္တတ္ပါတယ္။

မ်းေသာအားျဖင့္ စံုတြဲေတြမွာ အဆင့္အတန္းမညီမ်ွတာျပႆနာတခုပါပဲ။အခ်စ္မွာ မ်က္စိမ ရွိဘူးဆိုေပမယ့္ ပါးစပ္ေတြရွိပါတယ္။ဒီပါးစပ္ေတြက ဝမ္းေရးအတြက္ လိုအပ္လာရင္ ျမည္တြန္ေတာက္တီးစရာေတြျဖစ္လာျပီး သာယာတဲ့ ခရီးလမ္းကို အေႏွာက္အယွက္ေပး လာႏိုင္တာျဖစ္ပါတယ္။

အမ်ိဳးသားနဲ႕ အမ်ိဳးသမီးဟာ ပညာအရည္အခ်င္းကြာဟတာ အလုပ္အကိုင္အဆင့္အတန္း မတူမ်ိဳးဆို အမ်ိဳးသမီးက နိမ့္ေနရင္ ျပႆနာမရွိေပမယ့္ အမ်ိဳးသားက နိမ့္ေနရင္ ျပႆနာရွိလာႏိုင္ပါတယ္။

အားလပ္ခ်ိန္ေတြမွာ ကိုုယ့္ရဲ႕ ခ်စ္သူ ကိုယ့္အိမ္ေထာင္ဘက္ကို အခ်ိန္ေပးဖို႕ လိုအပ္ ပါတယ္။ဒီလို အခ်ိန္ေတြကို ႏွစ္ေယာက္အတူေလ်ွာက္လည္ရင္း ရုပ္ရွင္ၾကည့္ရင္းနဲ႕ ကုန္ဆံုး သင့္ပါတယ္။ ဒါဟာ စံုတြဲတိုင္းအတြက္ လိုအပ္ျပီး ဒီလို ႏွစ္ေယာက္အတူ အခ်ိန္ကုန္ လြန္ေစတဲ့ စံုတြဲေတြလည္း ျပတ္ခဲတာေတြ႕ရပါလိမ့္မယ္။

တခါတေလမွာ ေပ်ာ္ရႊင္ဖြယ္ ျဖတ္သန္းဖူးတဲ့ အတိတ္ကို ေျပာျပေပးတာ အစေဖာ္ေပးတာ ျပန္ေျပာျပတာမ်ိဳး ျပဳလုပ္သင့္ပါတယ္။ဒါဟာ အရင္က ေပ်ာ္ရႊင္မႈအတိုင္း ျပန္မရႏိုင္ဘူး ဆိုေပမယ့္ ေပ်ာ္ရႊင္ဖြယ္ရာ အေငြ႕အသက္ေတြ ျပန္ရေစျပီး ေႏြးေထြးေစပါတယ္။

ေအာင္ျမင္မႈကို မ်ွေဝခံစားတတ္ဖို႕ တေယာက္ေကာင္းကြက္ကို တေယာက္ခ်ီးက်ဴးေပး တတ္ဖို႕ လိုအပ္ပါတယ္။အိမ္ေထာင္ေရး အမ်ားစုဟာ တေယာက္ကို တေယာက္ မေကာင္းျမင္တတ္ျခင္းဟာ အိမ္ေထာင္ေရးတိုးတက္ေကာင္းမြန္လာတာမ်ိဳး မရွိပါဘူး။

တခါတေလမွာ ဘဝအတြက္ အေရးပါတဲ့ အခ်ိန္ေတြထဲမွာ အင္တာဗ်ဴးေျဖတာမ်ိဳး စာေမး ပြဲေျဖတာမ်ိဳးေတြ ပါဝင္ပါတယ္။တခ်ိဳ႕ဟာေတြဆို စြန္႕စားရတာမ်ိဳးအထိ ျပည္ပ ထြက္ရတာေတြရွိပါတယ္။ ဒါဆို တေယာက္က ေကာင္းမြန္တဲ့ အားေပးေဖာ္ စိတ္ခြန္အားေပးသူျဖစ္ဖို႕ လိုပါတယ္။

ဘယ္ေတာ့မွ မခြဲဘူးဆိုတဲ့ ကတိစကားထက္ ဘယ္ေတာ့မွ မခြဲႏိုင္တဲ့ အျပဴအမူက ပိုအေရးၾကီးပါတယ္။ဒီလို အျပဳအမူကသာ သင့္ရဲ႕ လက္တြဲေဖာ္အေပၚ ယံုၾက္ညမႈခိုင္ မာေစျပီး အခ်စ္ကို တိုးပြားေစတာျဖစ္ပါတယ္။

ဘဝကတိုပါတယ္။တေယာက္အမွားကို တေယာက္သယ္ေဆာင္သြားရတာ ေလးလံလို႕ ပစ္ခ်ထားခဲ့ျပီး ေပ်ာ္ရႊင္စြာ ေရွ႕ဆက္သြားသင့္ပါတယ္။

Credit:nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ခိုင်မြဲတဲ့ ဆက်သွယ်မှုရှိဖို့လိုအပ်ပါတယ်။တခါတလေ ဟာသလေးတွေ့ရင်တောင် ပြန်ပြောပြပြီး နှစ်ယောက်အတူရယ်မောတာတို့၊ဘယ်လို ကိစ္စမျိုးမဆို ကြုံလာတဲ့အခါ နှစ်ယောက်အတူတိုင်ပင်တာတို့ လုပ်သင့်ပါတယ်။ဒီလိုမျိုး လုပ်နေသူတွေရဲ့ လက်တွဲတဲ့ သက်တမ်းဟာ ခိုင်မြဲနေတာဖြစ်ပါတယ်။

တယောက်နဲ့ တယောက် ရိုသေတတ်ဖို့လိုပါတယ်။အမျိုးသမီးက အိမ်ထောင်ဖက် အဖြစ်ရွေးချယ်တဲ့ အမျိုးသားအပေါ်မှာ ရိုသေတတ်ဖို့လိုသလို အမျိုးသားကလည်း ကိုယ့် ချစ်သူအပေါ် လေးစားတတ်ဖို့ လိုပါတယ်။ ဒါဟာ သင်တို့ရဲ့ သိက္ခာပိုင်းကို ပိုမိုမြှင့် တက်စေပြီး အများကလည်း တလေးတစားဆက်ဆံမှာဖြစ်ပါတယ်။

ယုံကြည်မှုပေးပါ။သဝန်တိုတာနဲ့ ယုံကြည်မှုမရှိတာ မတူပါဘူး။ယုံကြည်မှုမရှိတာက လူ တစ်ယောက်အပေါ် အသားလွတ် စော်ကားရာ ရောက်ပြီး ဘယ်တော့မှ သာယာစိုပြေတဲ့ အချစ်ခရီးကို ရောက်ရှိစေမှာမဟုတ်ပါဘူး။ တခါတလေမှာ သဝန်တိုတာနဲ့ ယုံကြည်မှု မရှိတာကို မကွဲပြားဖြစ်တတ်ပါတယ်။

မျးသောအားဖြင့် စုံတွဲတွေမှာ အဆင့်အတန်းမညီမျှတာပြဿနာတခုပါပဲ။အချစ်မှာ မျက်စိမ ရှိဘူးဆိုပေမယ့် ပါးစပ်တွေရှိပါတယ်။ဒီပါးစပ်တွေက ဝမ်းရေးအတွက် လိုအပ်လာရင် မြည်တွန်တောက်တီးစရာတွေဖြစ်လာပြီး သာယာတဲ့ ခရီးလမ်းကို အနှောက်အယှက်ပေး လာနိုင်တာဖြစ်ပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးဟာ ပညာအရည်အချင်းကွာဟတာ အလုပ်အကိုင်အဆင့်အတန်း မတူမျိုးဆို အမျိုးသမီးက နိမ့်နေရင် ပြဿနာမရှိပေမယ့် အမျိုးသားက နိမ့်နေရင် ပြဿနာရှိလာနိုင်ပါတယ်။

အားလပ်ချိန်တွေမှာ ကိုယ့်ရဲ့ ချစ်သူ ကိုယ့်အိမ်ထောင်ဘက်ကို အချိန်ပေးဖို့ လိုအပ် ပါတယ်။ဒီလို အချိန်တွေကို နှစ်ယောက်အတူလျှောက်လည်ရင်း ရုပ်ရှင်ကြည့်ရင်းနဲ့ ကုန်ဆုံး သင့်ပါတယ်။ ဒါဟာ စုံတွဲတိုင်းအတွက် လိုအပ်ပြီး ဒီလို နှစ်ယောက်အတူ အချိန်ကုန် လွန်စေတဲ့ စုံတွဲတွေလည်း ပြတ်ခဲတာတွေ့ရပါလိမ့်မယ်။

တခါတလေမှာ ပျော်ရွှင်ဖွယ် ဖြတ်သန်းဖူးတဲ့ အတိတ်ကို ပြောပြပေးတာ အစဖော်ပေးတာ ပြန်ပြောပြတာမျိုး ပြုလုပ်သင့်ပါတယ်။ဒါဟာ အရင်က ပျော်ရွှင်မှုအတိုင်း ပြန်မရနိုင်ဘူး ဆိုပေမယ့် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်တွေ ပြန်ရစေပြီး နွေးထွေးစေပါတယ်။

အောင်မြင်မှုကို မျှဝေခံစားတတ်ဖို့ တယောက်ကောင်းကွက်ကို တယောက်ချီးကျူးပေး တတ်ဖို့ လိုအပ်ပါတယ်။အိမ်ထောင်ရေး အများစုဟာ တယောက်ကို တယောက် မကောင်းမြင်တတ်ခြင်းဟာ အိမ်ထောင်ရေးတိုးတက်ကောင်းမွန်လာတာမျိုး မရှိပါဘူး။

တခါတလေမှာ ဘဝအတွက် အရေးပါတဲ့ အချိန်တွေထဲမှာ အင်တာဗျူးဖြေတာမျိုး စာမေး ပွဲဖြေတာမျိုးတွေ ပါဝင်ပါတယ်။တချို့ဟာတွေဆို စွန့်စားရတာမျိုးအထိ ပြည်ပ ထွက်ရတာတွေရှိပါတယ်။ ဒါဆို တယောက်က ကောင်းမွန်တဲ့ အားပေးဖော် စိတ်ခွန်အားပေးသူဖြစ်ဖို့ လိုပါတယ်။

ဘယ်တော့မှ မခွဲဘူးဆိုတဲ့ ကတိစကားထက် ဘယ်တော့မှ မခွဲနိုင်တဲ့ အပြူအမူက ပိုအရေးကြီးပါတယ်။ဒီလို အပြုအမူကသာ သင့်ရဲ့ လက်တွဲဖော်အပေါ် ယုံြက်ညမှုခိုင် မာစေပြီး အချစ်ကို တိုးပွားစေတာဖြစ်ပါတယ်။

ဘဝကတိုပါတယ်။တယောက်အမှားကို တယောက်သယ်ဆောင်သွားရတာ လေးလံလို့ ပစ်ချထားခဲ့ပြီး ပျော်ရွှင်စွာ ရှေ့ဆက်သွားသင့်ပါတယ်။

Credit:nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top