iMyanmarHouse.com - Best Property Website for Myanmar
×



ပရိသတ္အခ်စ္ေတာ္ ခင္ဘုဏ္းက ျမန္မာျပည္မွာ ဂီတအလုပ္ေတြ လုပ္ရင္း အေမရိကရဲ႕ ေဆာင္းရာသီနဲ႔ ခင္ပြန္းျဖစ္သူကုိ လြမ္းလုိ႔ေနပါတယ္။ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔အတူ အေမ ရိကန္မွာ ေနထုိင္တာျဖစ္ၿပီး ျမန္မာျပည္ကုိ အလည္ေရာက္တဲ့အခ်ိန္မွာေတာ့ ဂီတအ လုပ္ေတြ ဖန္တီးေလ့ရွိပါတယ္။

ခင္ဘုဏ္းတစ္ေယာက္ အေမရိကရဲ႕ ေဆာင္းရာသီအမွတ္တရေလးေတြကုိ ေျပာျပ လာပါတယ္။ အဲဒီေနာက္ သူ႔ရဲဲ႕ ခင္ပြန္းကုိလည္း လြမ္းတဲ့ အေၾကာင္း ခံစားခ်က္ေတြ ရင္ဖြင့္ေျပာျပထားပါတယ္။

‘’ဒီအခ်ိန္ဆို က်တတ္တဲ့ ႏွင္းျဖဴျဖဴေလးေတြရယ္၊ ခ်စ္သူရယ္၊ ႏွင္းျဖဴျဖဴေတြဖုံးေနတဲ့ ကၽြန္မ ရဲ႕ ဒုတိယ အိမ္ေလးရယ္ကို လြမ္းဆြတ္မိသား။ အေအးဒဏ္ကို မခံႏိုင္လို႔သာ ေဆာင္းခို ေန ရတယ္ ႏွင္းေတြ က်တာရပ္တဲ့ အခ်ိန္ျပန္လာမယ္’’ ဆုိၿပီးေတာ့ မတ္လ ၉ ရက္ေန႔ ည ၁၀ နာရီ ၂၂ မိနစ္က ခင္ပြန္းျဖစ္သူ Mg Thet ကုိ Tag တြဲၿပီး အလြမ္းသယ္ထားတာျဖစ္ပါတယ္။

လက္ရွိမွာလည္း သူမ ပုိင္ဆုိင္ထားတဲ့ အိမ္ေထာင္ေရးအေၾကာင္းကုိ ခင္ဘုဏ္းက ေျပာျပ ထားပါတယ္။ ဂီတကုိ ဝါသနာပါသူ ျဖစ္တာေၾကာင့္လည္း ခင္ပြန္းျဖစ္သူက ဂီတအလုပ္ေတြ ဆက္လုပ္ဖုိ႔ ပ့ံပုိးေပးလွ်က္ရွိတယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာလည္း ေျဖဆုိခဲ့ဖူးပါ တယ္။

‘’ ေအးေအးခ်မ္းခ်မ္းေလးပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေလးနဲ႔ေပါ့။ ခင္ဘုဏ္း ဒီကုိျပန္လာရင္ သူလုိက္လာတယ္။ ၁ လေလာက္သူ လာေနတယ္။ သူက အလုပ္ရွိတ့ဲသူ ဆုိေတာ့ ျပန္ရတယ္။ အစ္မတုိ႔ အိမ္ေထာင္ေရးမွာ နားလည္မႈရွိရွိနဲ႔ ဂီတအလုပ္ေလးေတြ လုပ္ဖုိ႔ ပ့့ံပုိးေပးတယ္’’ လုိ႔ ခ်စ္သုေဝရဲ႕ ‘’ကတိ’’ တစ္ကုိယ္ေတာ္အေခြ မိတ္ဆက္ပြဲကုိ တက္ ေရာက္ရင္းေျဖဆုိခဲ့တာပါ။

ခင္ဘုဏ္းဟာ ဂီတအလုပ္ေတြနဲ႔ေဝးကြာေနတာ ၾကာခဲ့ပါၿပီ။ သူမဟာ ၂၀၁၂ ခုႏွစ္ ဇန္နဝါရီ လ အတြင္းမွာ ခင္ပြန္းျဖစ္သူ ကုိသက္မ်ဳိးၾကဴနဲ႔ အိမ္ေထာင္က်ၿပီးတဲ့ေနာက္ အေမရိကမွာ ေနထုိင္တာပါ။ လက္ရွိမွာလည္း သူတုိ႔ဇနီးေမာင္ႏွံဟာ ရင္ေသြးေလး မယူျဖစ္ေသးတဲ့ အေၾကာင္းကုိ Duwun Media ကေနေျပာျပခဲ့ပါတယ္။

‘’ ဒါကေတာ့လည္းကံေပးသလုိေပါ့ေနာ္။ ခင္ဘုဏ္းတုိ႔ အခုထိရင္ေသြးေလး မရတဲ့အတြက္ ေနာက္မွရလာရင္လည္းWelcome ပါ။ မရေတာ့လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ျဖတ္သန္းသြား ပါတယ္။ ရင္ေသြးေလးရမယ္ဆုိရင္ေတာ့ လုိခ်င္တယ္။ ဒါေပမယ့္ အရမ္းႀကီး အသည္းအ သန္ေတာ့ မဟုတ္ဘူးေပါ့ေနာ္’’သူကဆုိပါတယ္။



ခင္ဘုဏ္း ကုိေတာ့ သႀကၤန္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ ပါတယ္။ Group Song မ်ားစြာမွာလည္း ပါဝင္သီဆုိခဲ့သူျဖစ္ပါတယ္။ ျပည္ပမွာ ေခတ္စား လ်ွက္ရွိတဲ့ ဂီတေ ရစီးေၾကာင္း ေလးေတြအတုိင္း ျမန္မာႏုိင္ငံက အဆုိေတာ္ေတြ ကလည္း သီခ်င္း ပုံစံေလး ေတြ ေျပာင္းလဲလာတာေၾကာင့္ သူမ ကုိယ္တုိင္လည္း သီခ်င္းပုံစံေတြ ေျပာင္းဆုိဖုိ႔ ရည္ရြယ္ထားတယ္လုိ႔ ေျပာပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပရိသတ်အချစ်တော် ခင်ဘုဏ်းက မြန်မာပြည်မှာ ဂီတအလုပ်တွေ လုပ်ရင်း အမေရိကရဲ့ ဆောင်းရာသီနဲ့ ခင်ပွန်းဖြစ်သူကို လွမ်းလို့နေပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့အတူ အမေ ရိကန်မှာ နေထိုင်တာဖြစ်ပြီး မြန်မာပြည်ကို အလည်ရောက်တဲ့အချိန်မှာတော့ ဂီတအ လုပ်တွေ ဖန်တီးလေ့ရှိပါတယ်။

ခင်ဘုဏ်းတစ်ယောက် အမေရိကရဲ့ ဆောင်းရာသီအမှတ်တရလေးတွေကို ပြောပြ လာပါတယ်။ အဲဒီနောက် သူ့ရဲ့ ခင်ပွန်းကိုလည်း လွမ်းတဲ့ အကြောင်း ခံစားချက်တွေ ရင်ဖွင့်ပြောပြထားပါတယ်။

‘’ဒီအချိန်ဆို ကျတတ်တဲ့ နှင်းဖြူဖြူလေးတွေရယ်၊ ချစ်သူရယ်၊ နှင်းဖြူဖြူတွေဖုံးနေတဲ့ ကျွန်မ ရဲ့ ဒုတိယ အိမ်လေးရယ်ကို လွမ်းဆွတ်မိသား။ အအေးဒဏ်ကို မခံနိုင်လို့သာ ဆောင်းခို နေ ရတယ် နှင်းတွေ ကျတာရပ်တဲ့ အချိန်ပြန်လာမယ်’’ ဆိုပြီးတော့ မတ်လ ၉ ရက်နေ့ ည ၁၀ နာရီ ၂၂ မိနစ်က ခင်ပွန်းဖြစ်သူ Mg Thet ကို Tag တွဲပြီး အလွမ်းသယ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာလည်း သူမ ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးအကြောင်းကို ခင်ဘုဏ်းက ပြောပြ ထားပါတယ်။ ဂီတကို ဝါသနာပါသူ ဖြစ်တာကြောင့်လည်း ခင်ပွန်းဖြစ်သူက ဂီတအလုပ်တွေ ဆက်လုပ်ဖို့ ပံ့ပိုးပေးလျှက်ရှိတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ဖူးပါ တယ်။

‘’ အေးအေးချမ်းချမ်းလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးနဲ့ပေါ့။ ခင်ဘုဏ်း ဒီကိုပြန်လာရင် သူလိုက်လာတယ်။ ၁ လလောက်သူ လာနေတယ်။ သူက အလုပ်ရှိတဲ့သူ ဆိုတော့ ပြန်ရတယ်။ အစ်မတို့ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ဂီတအလုပ်လေးတွေ လုပ်ဖို့ ပံ့ပိုးပေးတယ်’’ လို့ ချစ်သုဝေရဲ့ ‘’ကတိ’’ တစ်ကိုယ်တော်အခွေ မိတ်ဆက်ပွဲကို တက် ရောက်ရင်းဖြေဆိုခဲ့တာပါ။

ခင်ဘုဏ်းဟာ ဂီတအလုပ်တွေနဲ့ဝေးကွာနေတာ ကြာခဲ့ပါပြီ။ သူမဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ လ အတွင်းမှာ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အမေရိကမှာ နေထိုင်တာပါ။ လက်ရှိမှာလည်း သူတို့ဇနီးမောင်နှံဟာ ရင်သွေးလေး မယူဖြစ်သေးတဲ့ အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ ဒါကတော့လည်းကံပေးသလိုပေါ့နော်။ ခင်ဘုဏ်းတို့ အခုထိရင်သွေးလေး မရတဲ့အတွက် နောက်မှရလာရင်လည်းWelcome ပါ။ မရတော့လည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းသွား ပါတယ်။ ရင်သွေးလေးရမယ်ဆိုရင်တော့ လိုချင်တယ်။ ဒါပေမယ့် အရမ်းကြီး အသည်းအ သန်တော့ မဟုတ်ဘူးပေါ့နော်’’သူကဆိုပါတယ်။

ခင်ဘုဏ်း ကိုတော့ သြင်္ကန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ် ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စား လျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top