iMyanmarHouse.com - Best Property Website for Myanmar
×







Credit:marry

ချစ်ရေးချစ်ရာ


# Unicode Version # ဖြင့် ဖတ်ပါ #


မိန်းကလေးတော်တော်များများကပန်းတွေကိုနှစ် သက်ကြပါတယ်။ အဲ့ထဲမှာမှ ပန်းတွေကိုအထူးတလည်မနှစ်သက်တဲ့မိန်းကလေးအနည်းစုလည်းရှိပါသေးတယ်။ဒါကြောင့်ပန်းတွေကိုမနှစ်သက်တဲ့မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားလေးတွေ…အချစ်ကိုစဉ်းစားပုံအကြောင်းတွေကိုမျှဝေပေးမယ်နော်။

သူတို့လေးတွေဟာရုပ်ရည်အလှအပကိုစိတ်ဝင်စားမှုအားနည်းသူတွေဖြစ်ကြပြီး အရည်အချင်းကြောင့်ဖြစ်ပေါ်လာတဲ့အလှအပကိုသာမြတ်နိုးတတ်တဲ့သူတွေဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်ထူးကိုယ်ချွန်နဲ့ တစ်ကိုယ်တော်ရပ်တည်နေကြသူပါ…။သည်းခံနိုင် စွမ်းမြင့်မားတဲ့အတွက် ရည်မှန်းချက်ကိုမြန်မြန်ရောက်လွယ်သလို သူများတကာရဲ့ ချိုးနှိမ်မှုတွေကိုလည်းခံရတတ်ပါတယ်။သည်းခံတာကိုအခွင့်ကောင်းယူတဲ့သူတွေလည်းရှိပါတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါတတ်တာကြောင့် တိတ် တိတ်ပုန်းကိုယ့်ကိုမကောင်းကြံစည်ပြီးမနာလိုတဲ့သူတွေလည်းရှိတတ်ပါတယ်။ သူတို့ဟာ ရဲရင့်ထက်မြက်ပြီး အောင်မြင်ဖို့ကိုအမြဲတမ်းတွေး ဆနေတဲ့မိန်းက လေးတွေပဲဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ရင်တော့ကံမကောင်းတတ်ကြသူတွေပါ။သူတို့ဟာအင်မတန်ထက်မြက်နေတာကြောင့်သူတို့နဲ့လိုက်ဖက်မဲ့သူရှားပါတယ်။လူတွေကပန်းမကြိုက်တဲ့မိန်းကလေးတွေကို မာကျောသလိုထင်ရပေမဲ့တကယ်တမ်းတော့ အတွင်းစိတ်အရမ်းနူးညံတဲ့သူလေးတွေမို့ သူတို့ကိုချစ်မိတဲ့သူလေးတွေကအထူးဂ ရုစိုက်ပေးဖို့တော့လိုမယ်နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top