iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြႏ္ုပ္တို႕ရဲ႕မ်က္လံုးထဲ တစ္ခုခုဝင္ျပီးခုလုခုလုျဖစ္ျခင္းက အဆိုးရြားဆိုအေျခအေနပါပဲ။ မ်က္လံုးထဲ ဘာဝင္ေနလဲဆိုတာကို တကယ္ကုိ မျမင္ႏိုင္ျကပါဘူး။ အဲလိုအခါမ်ိဳးမွာဆိုရင္ စိတ္ကသိကေအာက္ျဖစ္ရပါတယ္။ ေလထုညစ္ညမ္းတဲ့အခါ ဖုန္ထူတဲ့ေနရာသြားတဲ့အခါ အိမ္ေရာက္တဲ့အခါတိုင္း(သို႕) ရုံးေရာက္တဲ့အခါတိုင္း ကၽြႏ္ုပ္တို႔ရဲ႕မ်က္လံုးမွာ တစ္ခုခုဝင္ေနတယ္လို႕ ခံစားျကရပါတယ္။ အဲလိုမ်ိဳးျကံုေတြ႕လာမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ ကၽြႏ္ုပ္တို႕အမ်ားစုက မ်က္လံုးကို ပြတ္ျခင္း၊ ခုလုခုလုျဖစ္ေနတဲ့အရာကို လက္ေခ်ာင္းကို အသံုးျပဳျပီး ဖယ္ထုတ္ဖို႕ ျကိုးစားျကပါတယ္။ ဒါက အရမ္းကို ျပင္းထန္ျပီး လက္မွာတြဲညွိေနတဲ့ ပိုးမႊားေတြေျကာင့္ အႏၱရာယ္ျဖစ္ေစႏိုင္တယ္ဆိုတာကို မေမ့သင့္ပါဘူး။ ဒီလိုအေျခအေနမ်ိဳးမျကာခဏျကံုလာရင္ အလြယ္ကူဆံုးေျဖရွင္းနည္းရွိပါတယ္။

ဘယ္ေတာ့မွ လက္ေခ်ာင္းေတြကို အသံုးမျပဳပါနဲ႕

ကၽြႏ္ုပ္တို႕ရဲ႕မ်က္လံုးထဲမွာ ေသးငယ္တဲ့အရာေလးရွိိေနရင္ေတာင္ ကၽြႏ္ုပ္တို႕က လက္ေခ်ာင္းေတြနဲ႕မ်က္လံုးအတြင္းကို ႏႈိက္တဲ့အေလ့အထရွိျကပါတယ္။ ဒါက တစ္ျကိမ္တည္းနဲ႕တင္ ရပ္ပစ္သင့္တဲ့အရာပဲျဖစ္ပါတယ္။ ကၽြႏ္ုပ္တို႕ရဲ႕အနီးနားမွာ ဖုန္မႈန္႕နဲ႕ေလထုညစ္ညမ္းျခင္းေတြကို ျကံုေတြ႕ျကရပါတယ္။ ထိုအရာေတြမ်က္လံုးထဲကိုဝင္လာတဲ့အခါတိုုင္း တစ္ခုခုဝင္ေနတယ္လို႕ခံစားရေပမဲ့ မျမင္ေတြ႕ႏိုင္ျကပါဘူး။ အဲဒါကို မသိဘဲ သင္ရဲ႕မ်က္လံုးထဲသို႕ ကၽြႏ္ုပ္တို႕ရဲ႕လက္မွာရွိေနတဲ့ ဖုန္မႈန္႕နဲ႕ေရာဂါပိုးမႊားေတြကို ပိုျပီးဝင္ေရာက္သြားေစႏိုင္ပါတယ္။ ဒါက ကၽြႏ္ုပ္တုိ႕လက္ေခ်ာင္းေတြနဲ႕ ထိခိုက္လြယ္တဲ့မ်က္လံုးေတြကို ႏႈိက္ျပီးဖယ္ရွားျခင္းကို ရပ္တန္႕ဖို႕ လံုေလာက္တဲ့အေျကာင္းျပခ်က္ပဲျဖစ္ပါတယ္။

ေျဖရွင္းနည္း

ဒီျပႆနာအတြက္ ဆရာဝန္ေထာက္ခံေပးထားတဲ့ ရိုးရွင္းျပီးလြယ္ကူတဲ့ေျဖရွင္းနည္းရွိပါတယ္။ ေနာက္တစ္ခါ ကၽြႏ္ုပ္တုိ႕ရဲ႕မ်က္လံုးထဲမွာ တစ္ခုခုရွိေနတယ္လို႕ခံစားရရင္ ကၽြႏ္ုပ္တို႕ရဲ႕မ်က္လံုးေတြကို အဆင္ေျပသလို မ်က္ေတာင္ခပ္ေပးပါ။ မ်က္လံုးထဲက ခုလုခုလုျဖစ္ေနတဲ့အရာက ထြက္သြားပါလိမ့္မယ္။ ကၽြႏ္ု္ပ္တုိ႕ရဲ႕မ်က္ေတာင္ေတြက မ်က္လံုးကို သန္႕ရွင္းေအာင္ တကယ္ကို လုပ္ေဆာင္ေပးပါတယ္။ မ်က္လံုးထဲဝင္လာတဲ့ဘယ္လို႕ဖုန္မႈန္႕မဆို တူညီတဲ့နည္းက အလုပ္ျဖစ္ပါတယ္။ ေနာက္တစ္ခုက ေရနဲ႕ မ်က္လံုးကို ႏွံ႕ႏွံ႕စပ္စပ္ သန္႕စင္လိုက္ပါ(သို႕) ပိုျပီးအႏၱရာယ္ကင္းဖိုိ႕ဆိုရင္ ကၽြႏ္ုပ္တို႕ရဲ႕မ်က္လံုးကို ေရာဂါပိုးမႊားသန္႕စင္ဖို႕အတြက္ ဆားရည္ခပ္ေပးပါ။ ဒါက မ်က္ကပ္မွန္တတ္တဲ့သူေတြအတြက္ မ်က္လံုးကို ဘယ္လိုထိခိုက္မႈမွမျဖစ္ေစဘဲ ေကာင္းေကာင္းအလုပ္ျဖစ္ပါတယ္။ သို႕ေသာ္ မ်က္လံုးနာက်င္ျခင္း(သို႕) မ်က္ရည္အဆက္မျပတ္က်ေနမယ္ဆိုရင္ ဆရာဝန္နဲ႕ျပျကည့္သင့္ပါတယ္။

Credit:hellosayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျွန်ုပ်တို့ရဲ့မျက်လုံးထဲ တစ်ခုခုဝင်ပြီးခုလုခုလုဖြစ်ခြင်းက အဆိုးရွားဆိုအခြေအနေပါပဲ။ မျက်လုံးထဲ ဘာဝင်နေလဲဆိုတာကို တကယ်ကို မမြင်နိုင်ကြပါဘူး။ အဲလိုအခါမျိုးမှာဆိုရင် စိတ်ကသိကအောက်ဖြစ်ရပါတယ်။ လေထုညစ်ညမ်းတဲ့အခါ ဖုန်ထူတဲ့နေရာသွားတဲ့အခါ အိမ်ရောက်တဲ့အခါတိုင်း(သို့) ရုံးရောက်တဲ့အခါတိုင်း ကျွန်ုပ်တို့ရဲ့မျက်လုံးမှာ တစ်ခုခုဝင်နေတယ်လို့ ခံစားကြရပါတယ်။ အဲလိုမျိုးကြုံတွေ့လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်ုပ်တို့အများစုက မျက်လုံးကို ပွတ်ခြင်း၊ ခုလုခုလုဖြစ်နေတဲ့အရာကို လက်ချောင်းကို အသုံးပြုပြီး ဖယ်ထုတ်ဖို့ ကြိုးစားကြပါတယ်။ ဒါက အရမ်းကို ပြင်းထန်ပြီး လက်မှာတွဲညှိနေတဲ့ ပိုးမွှားတွေကြောင့် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒီလိုအခြေအနေမျိုးမကြာခဏကြုံလာရင် အလွယ်ကူဆုံးဖြေရှင်းနည်းရှိပါတယ်။

ဘယ်တော့မှ လက်ချောင်းတွေကို အသုံးမပြုပါနဲ့

ကျွန်ုပ်တို့ရဲ့မျက်လုံးထဲမှာ သေးငယ်တဲ့အရာလေးရှိနေရင်တောင် ကျွန်ုပ်တို့က လက်ချောင်းတွေနဲ့မျက်လုံးအတွင်းကို နှိုက်တဲ့အလေ့အထရှိကြပါတယ်။ ဒါက တစ်ကြိမ်တည်းနဲ့တင် ရပ်ပစ်သင့်တဲ့အရာပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့အနီးနားမှာ ဖုန်မှုန့်နဲ့လေထုညစ်ညမ်းခြင်းတွေကို ကြုံတွေ့ကြရပါတယ်။ ထိုအရာတွေမျက်လုံးထဲကိုဝင်လာတဲ့အခါတိုင်း တစ်ခုခုဝင်နေတယ်လို့ခံစားရပေမဲ့ မမြင်တွေ့နိုင်ကြပါဘူး။ အဲဒါကို မသိဘဲ သင်ရဲ့မျက်လုံးထဲသို့ ကျွန်ုပ်တို့ရဲ့လက်မှာရှိနေတဲ့ ဖုန်မှုန့်နဲ့ရောဂါပိုးမွှားတွေကို ပိုပြီးဝင်ရောက်သွားစေနိုင်ပါတယ်။ ဒါက ကျွန်ုပ်တို့လက်ချောင်းတွေနဲ့ ထိခိုက်လွယ်တဲ့မျက်လုံးတွေကို နှိုက်ပြီးဖယ်ရှားခြင်းကို ရပ်တန့်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်။

ဖြေရှင်းနည်း

ဒီပြဿနာအတွက် ဆရာဝန်ထောက်ခံပေးထားတဲ့ ရိုးရှင်းပြီးလွယ်ကူတဲ့ဖြေရှင်းနည်းရှိပါတယ်။ နောက်တစ်ခါ ကျွန်ုပ်တို့ရဲ့မျက်လုံးထဲမှာ တစ်ခုခုရှိနေတယ်လို့ခံစားရရင် ကျွန်ုပ်တို့ရဲ့မျက်လုံးတွေကို အဆင်ပြေသလို မျက်တောင်ခပ်ပေးပါ။ မျက်လုံးထဲက ခုလုခုလုဖြစ်နေတဲ့အရာက ထွက်သွားပါလိမ့်မယ်။ ကျွန်ု်ပ်တို့ရဲ့မျက်တောင်တွေက မျက်လုံးကို သန့်ရှင်းအောင် တကယ်ကို လုပ်ဆောင်ပေးပါတယ်။ မျက်လုံးထဲဝင်လာတဲ့ဘယ်လို့ဖုန်မှုန့်မဆို တူညီတဲ့နည်းက အလုပ်ဖြစ်ပါတယ်။ နောက်တစ်ခုက ရေနဲ့ မျက်လုံးကို နှံ့နှံ့စပ်စပ် သန့်စင်လိုက်ပါ(သို့) ပိုပြီးအန္တရာယ်ကင်းဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့မျက်လုံးကို ရောဂါပိုးမွှားသန့်စင်ဖို့အတွက် ဆားရည်ခပ်ပေးပါ။ ဒါက မျက်ကပ်မှန်တတ်တဲ့သူတွေအတွက် မျက်လုံးကို ဘယ်လိုထိခိုက်မှုမှမဖြစ်စေဘဲ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ သို့သော် မျက်လုံးနာကျင်ခြင်း(သို့) မျက်ရည်အဆက်မပြတ်ကျနေမယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

Credit:hellosayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top