iMyanmarHouse.com - Best Property Website for Myanmar
×


ကုိရီးယား ယဥ္ေက်းမႈေတြ၊ ရုပ္ရွင္ေတြ လႊမ္းမိုးလြန္းလာတဲ့အခါက် လူတုိင္း ကိုရီးယားမွ ကိုရီးယားျဖစ္ကုန္ၾကတဲ့အတြက္  ဖက္ရွင္၊ အစားအေသာက္၊ အလွအပ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ကိုရီးယားရဲ႕ လႊမ္းမိုးမႈေတြ အျပည့္ရွိပါတယ္။ ေနာက္တစ္ခုက plastic surgery တို႕ အသားျဖဴေအာင္ အသားျဖဴေဆးထိုးတာတို႕ပါ။ နဂိုတည္းက ညိဳစိမ့္စိမ့္ ျမန္မာတို႕ ကိုရီးယားေတြရဲ႕ လႊမ္းမိုးမႈေအာက္လည္း ေရာက္သြားေရာ အသားေတြျဖဴခ်င္ၾကပါေတာ့တယ္။

အသားျဖဴေဆးေတြက အနည္းနဲ႔ အမ်ားေတာ့ ဆုိးက်ိဳးေတြရွိတာေၾကာင့္ သဘာဝအတိုင္း ျဖဴဝင္းတဲ့ အသားအေရတစ္ခု ရေအာင္လုပ္ႏိုင္မယ့္ နည္းေတြ ေျပာျပခ်င္ပါတယ္။ တစ္ခ်ိဳ႕ အစားအေသာက္ေတြ ဟာ သင့္ကို အသားျဖဴေအာင္ လုပ္ေပးႏုိင္တယ္ဆုိတာ သင္သိပါသလာ း။ အစားလည္းၾကိဳက္ အသားလည္း ျဖဴခ်င္တဲ့သူေတြ အတြက္ အဆင္ေျပတာေပါ့ ။ ။
သင့္အသားကို ျဖဴေအာင္ လုပ္ေပးႏုိင္မယ့္ အစားအေသာက္မ်ား ။  ။



သင့္အသားအေရကို ညစ္ေအာင္ ၊ မဲေအာင္လုပ္ႏိုင္တဲ့ အေၾကာင္းေပါင္းမ်ားစြာရွိပါတယ္။ အသက္အရြယ္ေၾကာင့္၊ ေနထဲက ခရမ္းလြန္ေရာင္ျခည္ေၾကာင့္၊ အဆီျပန္လြန္းတာေၾကာင့္ ဆုိတဲ့ သင့္ကို ျဖဴဝင္းတဲ့ အသားအေရနဲ႕ေဝးေအာင္ တားဆီးေနတဲ့ ေၾကာင့္ေပါင္းမ်ားစြာရွိပါတယ္။ ဒါေတြကို ျပန္ျပီး တြန္းလွန္ေပးဖို႕အတြက္ သင့္ဘက္က ဒီ အစားအေသာက္ေတြရွိေနတာေၾကာင့္ စိတ္မပူပါနဲ႕ ။  ။
 

မုန္လာဥနီ ။  ။
ပါဝင္ပစၥည္း ဗီတာမင္ A ။  ။

သင့္ကိုယ္ခႏၶာမွာရွိတဲ့ ဆဲလ္ေပါင္း ၁.၆ ဘီလီယံ ေလာက္က ၂၈ ရက္တစ္ခါေရာက္တုိင္း အသစ္လဲေလ့ရွိပါတယ္။ ဒီလုိ ဆဲလ္ေတြ အသစ္လဲတဲ့အခ်ိန္မွာ တကယ္ကို ေကာင္းမြန္တဲ့ဆဲလ္ေတြ ျဖစ္ဖို႕အတြက္ ဗီတာမင္ A ရဖို႕ လိုအပ္ပါတယ္။ ဒီလုိ အသားအေရကိုလည္းလွ ၊ အျခားက်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားၾကီးရွိတဲ့ ဗီတာမင္ A ကို မုန္လာဥနီကေန ရႏုိင္ပါတယ္။ တစ္ခုသတိထားရမွာက မုန္လာဥနီကို အစားမ်ားလြန္းရင္ မုန္လာဥနီမွာ ပါဝင္တဲ့ ေရာင္ျခယ္ပစၥည္းေတြက သင့္အသားအေရကို လိေမၼာ္ေရာင္ ေျပာင္သြားေစတတ္ပါတယ္။ တန္ေဆး လြန္ေဘးေပါ့။

ႏွမ္းေစ့ ။  ။
ပါဝင္ပစၥည္း ဇင့္ ။  ။

ဇင့္ပါတဲ့ အလွကုန္ပစၥည္းေတြဟာ သင့္အသားအေရကို ေနေလာင္ဒဏ္က ေန ကာကြယ္ေပးတယ္ဆိုတာ သိျပီးၾကမွာပါ။ အေရျပားေပၚမွာတင္ မဟုတ္ပါဘူး။ ဇင့္ပါတဲ့ အစားအေသာက္ေတြျဖစ္တဲ့ ေရဘဝဲ၊ သိုးသား၊ ႏွမ္းေစ့တိုိ႕ဟာ သင့္အသားအေရကို အတြင္းကေန အျပင္အထိ ဝင္းပေစမွာပါ။
လိေမၼာ္သီး ။ ။
ပါဝင္ပစၥည္း ဗီတာမင္ C .။  ။

အသားအေရဆုိတာ အသက္ရလာေလေလ ဝင္းဝါစိုေျပမႈေတြ ေပ်ာက္ဆံုးသြားေလေလပါပဲ ။ ဒီလုိ အသက္အရြယ္ေၾကာင့္ ျဖစ္တဲ့ ညစ္ႏြမ္းတဲ့ အသားအေရကို ျပန္လည္စိုေျပ ေစခ်င္တယ္ဆုိရင္ေတာ့ ဗီတာမင္ C ၾကြယ္ဝတဲ့ အစားအေသာက္ေတြက သာ အေရြးခ်ယ္သင့္ဆံုးပါ။ ဗီတာမင္ C ဟာ ဓာတ္တုိးဆန္႕က်င္တဲ့ အာနိသင္ရွိတဲ့အျပင္ သ့င္အေရျပားဆဲလ္ေတြကို ျပန္လည္ႏုပ်ိဳေစတာေၾကာင့္ ဗီတာမင္ C ၾကြယ္ဝတဲ့ အသီးအႏွံေတြျဖစ္တဲ့ လိေမၼာ္သီး၊ သံပုရာသီး တို႕ကို ေန႔စဥ္ စားေပးသင့္ပါတယ္။
 

ဆာဒင္းငါး ။  ။
ပါဝင္ပစၥည္း အုိမီဂါ 3 ။  ။

အိုမီဂါ 3 ဟာ ေသြးတြင္းက မေကာင္းတဲ့ ကိုလက္စေရာေတြကို ေလွ်ာ့ခ်ႏုိင္စြမ္းရွိတယ္ဆိုတာ အားလံုးသိၾကမွာပါ။ ဒီလိုနဲ႕ ေသြးေၾကာက်ဥ္းတာေတြ လည္း မရွိေတာ့ဘဲ ေသြးလည္ပတ္မႈေတြလည္း ေကာင္းသြားလို႕ မ်က္ႏွာေလးလည္း ၾကည္လင္ေနေတာ့မွာပါ။
ဒိန္ခ်ဥ္ ။ ။
ပါဝင္ပစၥည္း Probiotic ( အက်ိဳးျပဳ ဘက္တီးရီးယား) ။  ။

ဒိန္ခ်ဥ္မွာပါတဲ့ အက်ိဳးျပဳ ဘက္တီးရီးယားေတြဟာ သင့္အသားအေရ ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစႏုိင္ပါတယ္။ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ၊ သံုးလိုက္တဲ့ ဓာတုပၥည္းေတြေၾကာင့္ ေရာင္ရမ္းလာႏုိင္တဲ့ သင့္အသားအေရကို ဒိန္ခ်ဥ္မွာပါတဲ့ အက်ိဳးျပဳ ဘက္တီးရီးယားေတြက ျပန္လည္ေကာင္းမြန္ေအာင္ ျပဳျပင္ေပးႏုိင္မွာပါ။ ဒီေတာ့ ဒိန္ခ်ဥ္မွန္မွန္စားၾကေတာ့ေနာ္။
ကိုုက္လန္ ။  ။
ပါဝင္ပစၥည္း ဓာတ္တိုးဆန္႕က်င္ ပစၥည္းမ်ား ။  ။

ကိုက္လန္မွာ flavonoids လို႕ေခၚတဲ့ ဓာတ္တိုးဆန္႕က်င္ ပစၥည္း ၄၅ မ်ိဳးေတာင္ပါတာေၾကာင့္ သင့္အသားအေရကို တဖန္ျပန္လည္ျပီး ႏုပ်ိဳ ျဖဴဝင္းေစမွာ အေသအခ်ာပါ ။  ။

Credit: hellosayarwon

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုရီးယား ယဉ်ကျေးမှုတွေ၊ ရုပ်ရှင်တွေ လွှမ်းမိုးလွန်းလာတဲ့အခါကျ လူတိုင်း ကိုရီးယားမှ ကိုရီးယားဖြစ်ကုန်ကြတဲ့အတွက်  ဖက်ရှင်၊ အစားအသောက်၊ အလှအပ နေရာတော်တော်များများမှာ ကိုရီးယားရဲ့ လွှမ်းမိုးမှုတွေ အပြည့်ရှိပါတယ်။ နောက်တစ်ခုက plastic surgery တို့ အသားဖြူအောင် အသားဖြူဆေးထိုးတာတို့ပါ။ နဂိုတည်းက ညိုစိမ့်စိမ့် မြန်မာတို့ ကိုရီးယားတွေရဲ့ လွှမ်းမိုးမှုအောက်လည်း ရောက်သွားရော အသားတွေဖြူချင်ကြပါတော့တယ်။

အသားဖြူဆေးတွေက အနည်းနဲ့ အများတော့ ဆိုးကျိုးတွေရှိတာကြောင့် သဘာဝအတိုင်း ဖြူဝင်းတဲ့ အသားအရေတစ်ခု ရအောင်လုပ်နိုင်မယ့် နည်းတွေ ပြောပြချင်ပါတယ်။ တစ်ချို့ အစားအသောက်တွေ ဟာ သင့်ကို အသားဖြူအောင် လုပ်ပေးနိုင်တယ်ဆိုတာ သင်သိပါသလာ း။ အစားလည်းကြိုက် အသားလည်း ဖြူချင်တဲ့သူတွေ အတွက် အဆင်ပြေတာပေါ့ ။ ။
သင့်အသားကို ဖြူအောင် လုပ်ပေးနိုင်မယ့် အစားအသောက်များ ။  ။

သင့်အသားအရေကို ညစ်အောင် ၊ မဲအောင်လုပ်နိုင်တဲ့ အကြောင်းပေါင်းများစွာရှိပါတယ်။ အသက်အရွယ်ကြောင့်၊ နေထဲက ခရမ်းလွန်ရောင်ခြည်ကြောင့်၊ အဆီပြန်လွန်းတာကြောင့် ဆိုတဲ့ သင့်ကို ဖြူဝင်းတဲ့ အသားအရေနဲ့ဝေးအောင် တားဆီးနေတဲ့ ကြောင့်ပေါင်းများစွာရှိပါတယ်။ ဒါတွေကို ပြန်ပြီး တွန်းလှန်ပေးဖို့အတွက် သင့်ဘက်က ဒီ အစားအသောက်တွေရှိနေတာကြောင့် စိတ်မပူပါနဲ့ ။  ။
မုန်လာဥနီ ။  ။
ပါဝင်ပစ္စည်း ဗီတာမင် A ။  ။

သင့်ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်ပေါင်း ၁.၆ ဘီလီယံ လောက်က ၂၈ ရက်တစ်ခါရောက်တိုင်း အသစ်လဲလေ့ရှိပါတယ်။ ဒီလို ဆဲလ်တွေ အသစ်လဲတဲ့အချိန်မှာ တကယ်ကို ကောင်းမွန်တဲ့ဆဲလ်တွေ ဖြစ်ဖို့အတွက် ဗီတာမင် A ရဖို့ လိုအပ်ပါတယ်။ ဒီလို အသားအရေကိုလည်းလှ ၊ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ဗီတာမင် A ကို မုန်လာဥနီကနေ ရနိုင်ပါတယ်။ တစ်ခုသတိထားရမှာက မုန်လာဥနီကို အစားများလွန်းရင် မုန်လာဥနီမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေက သင့်အသားအရေကို လိမ္မော်ရောင် ပြောင်သွားစေတတ်ပါတယ်။ တန်ဆေး လွန်ဘေးပေါ့။
နှမ်းစေ့ ။  ။
ပါဝင်ပစ္စည်း ဇင့် ။  ။

ဇင့်ပါတဲ့ အလှကုန်ပစ္စည်းတွေဟာ သင့်အသားအရေကို နေလောင်ဒဏ်က နေ ကာကွယ်ပေးတယ်ဆိုတာ သိပြီးကြမှာပါ။ အရေပြားပေါ်မှာတင် မဟုတ်ပါဘူး။ ဇင့်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ရေဘဝဲ၊ သိုးသား၊ နှမ်းစေ့တို့ဟာ သင့်အသားအရေကို အတွင်းကနေ အပြင်အထိ ဝင်းပစေမှာပါ။
လိမ္မော်သီး ။ ။
ပါဝင်ပစ္စည်း ဗီတာမင် C .။  ။

အသားအရေဆိုတာ အသက်ရလာလေလေ ဝင်းဝါစိုပြေမှုတွေ ပျောက်ဆုံးသွားလေလေပါပဲ ။ ဒီလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ညစ်နွမ်းတဲ့ အသားအရေကို ပြန်လည်စိုပြေ စေချင်တယ်ဆိုရင်တော့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေက သာ အရွေးချယ်သင့်ဆုံးပါ။ ဗီတာမင် C ဟာ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရှိတဲ့အပြင် သ့င်အရေပြားဆဲလ်တွေကို ပြန်လည်နုပျိုစေတာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး တို့ကို နေ့စဉ် စားပေးသင့်ပါတယ်။
ဆာဒင်းငါး ။  ။
ပါဝင်ပစ္စည်း အိုမီဂါ 3 ။  ။

အိုမီဂါ 3 ဟာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စရောတွေကို လျှော့ချနိုင်စွမ်းရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလိုနဲ့ သွေးကြောကျဉ်းတာတွေ လည်း မရှိတော့ဘဲ သွေးလည်ပတ်မှုတွေလည်း ကောင်းသွားလို့ မျက်နှာလေးလည်း ကြည်လင်နေတော့မှာပါ။
ဒိန်ချဉ် ။ ။
ပါဝင်ပစ္စည်း Probiotic ( အကျိုးပြု ဘက်တီးရီးယား) ။  ။

ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေဟာ သင့်အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ၊ သုံးလိုက်တဲ့ ဓာတုပ္စည်းတွေကြောင့် ရောင်ရမ်းလာနိုင်တဲ့ သင့်အသားအရေကို ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးနိုင်မှာပါ။ ဒီတော့ ဒိန်ချဉ်မှန်မှန်စားကြတော့နော်။
ကိုက်လန် ။  ။
ပါဝင်ပစ္စည်း ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ။  ။

ကိုက်လန်မှာ flavonoids လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ၄၅ မျိုးတောင်ပါတာကြောင့် သင့်အသားအရေကို တဖန်ပြန်လည်ပြီး နုပျို ဖြူဝင်းစေမှာ အသေအချာပါ ။  ။

Credit: hellosayarwon

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top