iMyanmarHouse.com - Best Property Website for Myanmar
×
Credit:burmese.asia
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
အုပ်စိုးခန့်ကတော့ အမိုက်စားသီချင်းတွေကိုလည်း အထာကျကျသီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ ချစ်စရာကောင်မလေး ယွန်းယွန်းနဲ့ တွဲနေတာလားလို့ မကြာခဏဆိုသလို ပရိသတ်တွေက ထင်ကြေးပေးနေကြပေမယ့် နှစ်ယောက်လုံးက ငြင်းဆန်ထားခဲ့ကြတာပါ။
လတ်တလောမှာတော့ အုပ်စိုးခန့်ရော ယွန်းယွန်းပါ သူတို့ရဲ့ အင်စတာဂရမ်ပေါ်မှာ နှစ်ယောက်တွဲပုံလေးတင်လိုက်တာကြောင့် ပရိသတ်တွေ Surprise ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ကောင်မလေး ယွန်းယွန်းကတော့ “Something different with 👽sk coming soon 🎥 ” ဆိုပြီး စိတ်ဝင်စားစရာကောင်းအောင် ရေးသားထားတာ တွေ့ရပါတယ်။
အုပ်စိုးခန့်ကတော့ coming soon “🎥❤️…” ဆိုပြီး ယွန်းယွန်းနဲ့ နှစ်ယောက်တွဲပုံလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။ အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ လတွေက သြင်္ကန်သီချင်းတစ်ပုဒ်မှာ အတူတွဲသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြတာပဲ ဖြစ်ပါတယ်။
အုပ်စိုးခန့်ကတော့ အင်စတာဂရမ်ပေါ်မှာ သူ့ရဲ့မိသားစုအပြင် ယွန်းယွန်းတစ်ယောက်တည်းကို သာ follow လုပ်ထားတာမို့ ပရိသတ်တွေကလည်း ပိုပြီးစိတ်ဝင်စားနေကြတာပါ။ ချစ်ပရိသတ်တွေလည်း မကြာခင်မှာ တစ်စုံတစ်ခုကို ပရိသတ်တွေကိုချပြတော့မယ့် အုပ်စိုးခန့်နဲ့ ယွန်းယွန်းတို့နှစ်ဦးရဲ့အကြောင်းကို စိတ်ဝင်စားရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit:burmese.asia
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top