iMyanmarHouse.com - Best Property Website for Myanmar
×


ငါးၾကီးဆီဆိုတာ တူနာငါး၊ ဆာလမြန္ငါးေတြလိုမွာ Omega-3 အဆီအက္စစ္ၾကြယ္ဝတဲ့ ငါးေတြရဲ႕တစ္သွ်ဴးထဲက ထုတ္ယူရရွိတဲ့အဆီတစ္မ်ိဳးျဖစ္တယ္။

Omega-3
အဆီအက္စစ္ကခႏၶာကိုယ္ရွိအေရးၾကီးတဲ့အဂါၤေတြရဲ႕လုပ္ေဆာင္ခ်က္ကို ေခ်ာေမြ႔ျပီးေျမာက္ေစပါတယ္။ ငါးၾကီးဆီေသာက္ေပးရင္ ဘယ္လိိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရႏိုင္မလဲဆိုတာကို ဆက္လက္ေဖာ္ျပေပးပါမယ္။

၁။ခႏၶာကိုယ္အဆီေတြကို ေလာင္ကၽြမ္းေစတယ္။
ငါးၾကီးဆီစားေပးျခင္းျဖင့္ အင္ဆူလင္လႈံ႔ေဆာ္မႈကိုတိုးလာေစတာေၾကာင့္ ကိုယ္တြင္းအဆီေတြကိုေခ်ဖ်က္ေပးႏိုင္တယ္လုိ႔ ေလ့လာခ်က္အရေတြ႔ရွိရပါတယ္။ ဒါေၾကာင့္ေလ့က်င့္ခန္းလုပ္သူေတြကို ငါးၾကီးဆီပံုမွန္စာသံုးေပးဖို႔ တိုက္တြန္းထားပါတယ္။

၂။ ဦးေႏွာက္က်န္းမာေရး။
ငါးၾကီးဆီမွာပါဝင္တဲ့အဆီဓာတ္က စိတ္ဓာတ္က်တာကိုေျပေပ်ာက္ေစျပီး ဦးေႏွာက္ရဲ႕သိႏုိင္စြမ္းကိုျမွင့္တင္ေပးပါတယ္။ အမွတ္တရေတြ၊ ဘာသာစကား၊ ခံစားခ်က္၊ ေဝဖန္မႈ၊တီထြင္ဖန္တီးႏိုင္မႈ စတာေတြနဲ႔ပတ္သတ္ျပီး ျပန္လည္တံု႔ျပန္မႈကို တိုးတက္လာေစပါတယ္။ ဦးေႏွာက္ဆဲလ္အသစ္ျဖစ္ေပၚရာမွာလည္း အေထာက္အပံ့ေပးေသးပါတယ္။

၃။ႏွလံုးက်န္းမာေရး။
Omega 3 အဆီအက္စစ္က ႏွလံုးရဲ႕လုပ္ေဆာင္ခ်က္မွန္သမွ်ကို တုိးတက္ေကာင္းမြန္ေစပါတယ္။ အတၱလႏၱိတ္ေဒသဝန္းက်င္မွာေနထုိင္သူေတြမွာ ႏွလံုးအေမာေဖာက္တဲ့ကိစၥမ်ိဳးျဖစ္တာ အလြန္ရွားပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီ့ေဒသခံေတြက Omega 3 ၾကြယ္ဝတဲ့ ဆာလမြန္ငါးေတြကိုစားသံုးေပးၾကလို႔ပါ။ ငါးၾကီးဆီက မေကာင္းတဲ့ကိုလက္စထေရာေတြကိုက်ဆင္းေစျပီး ေကာင္းတဲ့ကိုလက္စထေရာကိုျမွင့္တင္ေပးပါတယ္။

၄။အရိုးအဆစ္က်န္းမာေရး။
အဆစ္နာျခင္းက ခႏၶာကိုယ္လႈပ္ရွားမႈအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ Omega 3 အဆီအက္စစ္ၾကြယ္ဝတဲ့ ငါးၾကီးဆီေသာက္ေပးရင္ေတာ့ အဆစ္အျမစ္ေရာင္ရမ္းမႈကို သက္သာေစပါတယ္။

၅။ ၾကြက္သား ေဖာင္းေရာင္ျခင္းကိုသက္သာေစ။
ကိုယ္ကာယ ေလ့က်င့္ခန္းလုပ္တဲ့အခါ ၾကြက္သားတင္းရင္ေဖာင္းေရာင္မႈျဖစ္ပါတယ္။ ငါးၾကီးဆီစားေပးျခင္းက ၾကြက္သားထဲ ေသြးစီးႏႈန္းကိုျမင့္လာေစတာမို႔ ၾကြက္သားတင္းရင္းေဖာင္းေရာင္မႈကိုသက္သာေစပါတယ္။ငါးၾကီးဆီကို တစ္ေန႔ ပံုမွန္ ၂၀၀ မွ ၂၅၀ဂရမ္ေသာက္သံုးေပးရင္ လံုေလာက္ပါျပီ။ က်န္းမာဖြံ႔ျဖိဳးတဲ့ဘဝကိုပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ငါးၾကီးဆီကုိပံုမွန္မွီဝဲလိုက္ပါ။

Credit: Baganthar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ငါးကြီးဆီဆိုတာ တူနာငါး၊ ဆာလမွန်ငါးတွေလိုမှာ Omega-3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးတွေရဲ့တစ်သျှူးထဲက ထုတ်ယူရရှိတဲ့အဆီတစ်မျိုးဖြစ်တယ်။

Omega-3
အဆီအက်စစ်ကခန္ဓာကိုယ်ရှိအရေးကြီးတဲ့အဂါၤတွေရဲ့လုပ်ဆောင်ချက်ကို ချောမွေ့ပြီးမြောက်စေပါတယ်။ ငါးကြီးဆီသောက်ပေးရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးပါမယ်။

၁။ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေတယ်။
ငါးကြီးဆီစားပေးခြင်းဖြင့် အင်ဆူလင်လှုံ့ဆော်မှုကိုတိုးလာစေတာကြောင့် ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်တယ်လို့ လေ့လာချက်အရတွေ့ရှိရပါတယ်။ ဒါကြောင့်လေ့ကျင့်ခန်းလုပ်သူတွေကို ငါးကြီးဆီပုံမှန်စာသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

၂။ ဦးနှောက်ကျန်းမာရေး။
ငါးကြီးဆီမှာပါဝင်တဲ့အဆီဓာတ်က စိတ်ဓာတ်ကျတာကိုပြေပျောက်စေပြီး ဦးနှောက်ရဲ့သိနိုင်စွမ်းကိုမြှင့်တင်ပေးပါတယ်။ အမှတ်တရတွေ၊ ဘာသာစကား၊ ခံစားချက်၊ ဝေဖန်မှု၊တီထွင်ဖန်တီးနိုင်မှု စတာတွေနဲ့ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်မှုကို တိုးတက်လာစေပါတယ်။ ဦးနှောက်ဆဲလ်အသစ်ဖြစ်ပေါ်ရာမှာလည်း အထောက်အပံ့ပေးသေးပါတယ်။

၃။နှလုံးကျန်းမာရေး။
Omega 3 အဆီအက်စစ်က နှလုံးရဲ့လုပ်ဆောင်ချက်မှန်သမျှကို တိုးတက်ကောင်းမွန်စေပါတယ်။ အတ္တလန္တိတ်ဒေသဝန်းကျင်မှာနေထိုင်သူတွေမှာ နှလုံးအမောဖောက်တဲ့ကိစ္စမျိုးဖြစ်တာ အလွန်ရှားပါတယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒီ့ဒေသခံတွေက Omega 3 ကြွယ်ဝတဲ့ ဆာလမွန်ငါးတွေကိုစားသုံးပေးကြလို့ပါ။ ငါးကြီးဆီက မကောင်းတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောကိုမြှင့်တင်ပေးပါတယ်။

၄။အရိုးအဆစ်ကျန်းမာရေး။
အဆစ်နာခြင်းက ခန္ဓာကိုယ်လှုပ်ရှားမှုအနှောင့်အယှက်ဖြစ်စေပါတယ်။ Omega 3 အဆီအက်စစ်ကြွယ်ဝတဲ့ ငါးကြီးဆီသောက်ပေးရင်တော့ အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

၅။ ကြွက်သား ဖောင်းရောင်ခြင်းကိုသက်သာစေ။
ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတင်းရင်ဖောင်းရောင်မှုဖြစ်ပါတယ်။ ငါးကြီးဆီစားပေးခြင်းက ကြွက်သားထဲ သွေးစီးနှုန်းကိုမြင့်လာစေတာမို့ ကြွက်သားတင်းရင်းဖောင်းရောင်မှုကိုသက်သာစေပါတယ်။ငါးကြီးဆီကို တစ်နေ့ ပုံမှန် ၂၀၀ မှ ၂၅၀ဂရမ်သောက်သုံးပေးရင် လုံလောက်ပါပြီ။ ကျန်းမာဖွံ့ဖြိုးတဲ့ဘဝကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ငါးကြီးဆီကိုပုံမှန်မှီဝဲလိုက်ပါ။

Credit: Baganthar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top