iMyanmarHouse.com - Best Property Website for Myanmar
×


တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ၾကီးထဲမွာ မိန္းကေလးေတြသာမက ေယာက္်ား ေလးေတြပါ ကိုယ့္ရဲ႕ အသားအေရကို အရင္ကထက္ ေသခ်ာဂရုစိုက္ျပီး အေလးအ နက္ထားလာၾကပါတယ္။

ကိုယ္ခႏၶာက်န္းမာေစဖို႔ အာဟာရဓာတ္ေတြ လိုအပ္သလို အသားအေရ လွပေစဖို လည္း မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ဓာတ္ေတြ ရွိပါတယ္။ ဒီလိုအာဟာရဓာတ္ေတြ ကို ျပီးျပည့္စံုေအာင္ ရရွိပါမွ ကိုယ့္အသားအေရက က်န္းမာစိုေျပေနျပီး ျမင္သူေငး ရေလာက္ေအာင္ လွေနမွာေပါ့။

လူေတြေတာ္ေတာ္မ်ားမ်ား သိထားၾကတာ ေနေရာင္ျခည္ဒဏ္မွာ ပါဝင္တဲ့ ခရမ္း လြန္ေရာင္ျခည္ဟာ အသားအေရကို ေတာ္ေတာ္ေလး ထိခိုက္ပ်က္စီးေစႏိုင္တယ္ ဆိုတာပါပဲ။ တကယ္ေတာ့ ဒီအခ်က္ဟာ လံုးဝမွန္တယ္လို႔ မဆိုႏိုင္ပါဘူး။

တစ္ေန႔ကို ၁၀ မိနစ္ကေန ၁၅ မိနစ္ေလာက္အထိ အသားအေရကို ေနေရာင္နဲ႔ တိုက္ရိုုက္ထိေတြ႔ခြင့္ေပးမယ္ဆိုရင္ လံုေလာက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေနေရာင္ျခည္ထဲမွာ ပါဝင္တဲ့ ဗီတာမင္ ဒီ ဓာတ္ဟာ အသားအေရကို စိုေျပဝင္း လက္ေစဖို႔ မရွိမျဖစ္ ဗီတာမင္ ၄မ်ိဳးထဲမွာ ပါဝင္ေနလို႔ပါပဲ။

ဗီတာမင္ ဒီ အျပင္ ဗီတာမင္ စီ၊ ဗီတာမင္ အီး၊ ဗီတာမင္ ေက တို႔မွာ အေရျပားေပၚ က အမဲစက္ေတြ၊ ေနေလာင္ဒဏ္ေတြ၊ နီရဲယားယံတာ၊ အေရးအေၾကာင္းေတြ၊ အသားအေရ ၾကမ္းျပီး ေျခာက္လာတာကို ေလ်ာ့နည္းသက္သာေစႏိုင္တဲ့ ဂုဏ္သ တၱိေတြ ပါဝင္ပါတယ္။

ဒီေဆာင္းပါးေလးမွာေတာ့ ေႏြ၊ မိုး၊ ေဆာင္း ဥတုမေရြး အသားေလးလွျပီး စိုေနေစဖို႔ မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ ၄ မ်ိဳးနဲ႔ ဘယ္လိုရရွိႏိုင္မလဲဆိုတာကို အလွအပစိတ္ဝင္စားသူေတြအတြက္ ေျပာျပေပးခ်င္ပါတယ္။

၁။ ဗီတာမင္ ဒီ (Vitamin D)

အဓိက ေနေရာင္ျခည္ကေန အမ်ားဆံုး ရရွိျပီး အသားအေရနဲ႔ တုိက္ရိုက္ထိေတြ႔တဲ့ အခါ ကိုယ္ခႏၶာက ကိုလက္စထေရာဓာတ္ေတြကို ဗီတာမင္ဒီအျဖစ္ ေျပာင္းလဲ ေပးပါတယ္။ အသည္းနဲ႔ ေက်ာက္ကပ္မွာ ဗီတာမင္ ဒီ ကို သိုေလွာင္ထားျပီး ကိုယ္ခႏၶာအႏွံ႔ ဆဲလ္ေတြ က်န္းမာေစဖို႔ သယ္ယူပို႔ေဆာင္ေပးပါတယ္။

အေရျပားကို က်န္းမာေစျပီး အနီေရာင္ အဖုအပိမ့္ထတဲ့ အေရျပားေရာဂါေတြကို သက္သာေပ်ာက္ကင္းေစတဲ့ ေနရာမွာလည္း ဗီတာမင္ ဒီ ဓာတ္ဟာ အေရးပါပါ တယ္။

ဒါေၾကာင့္ လူသားတိုင္း ေန႔စဥ္ ေနေရာင္ျခည္နဲ႔ ၁၀ မိနစ္မွ ၁၅မိနစ္ထိ ထိေတြ႔ဖို႔ လိုအပ္ျပီး အသက္ၾကီးတဲ့သူေတြနဲ႔ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြမွာဆိုရင္ ပိုျပီးေတာင္ ဗီတာမင္ ဒီ ဓာတ္ကို ပိုမိုလိုအပ္ပါတယ္။

အျပင္မထြက္ခင္ ေနေလာင္ကာခရင္မ္ကို လိမ္းသြားဖုိ႔လည္း မေမ့သင့္ပါဘူးေနာ္။ အစားအစာအေနနဲ႔ ဒိန္ခ်ဥ္၊ အခ်ဥ္ဓာတ္မ်ားတဲ့ အသီးအႏွံ၊ ေဆာလ္မြန္ငါး၊ တူနာငါး၊ ငါးၾကီးဆီကေနလည္း ဗီတာမင္ ဒီ ဓာတ္ကို ရရွိႏိုင္ပါတယ္။

၂။ ဗီတာမင္ စီ (Vitamin C)

လူေတာ္ေတာ္မ်ားမ်ား သိထားၾကတဲ့ အခ်က္ကေတာ့ အေရျပားနဲ႔ အလွအပအ တြက္ ဗီတာမင္ စီ ဓာတ္ဟာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနတယ္ဆိုတာ ပါပဲ။ ဗီတာမင္စီ ဟာ အေရျပားအတြက္သာမက ခႏၶာကိုယ္အတြက္လည္း အက်ိဳး ေက်းဇူးမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစျပီး ခႏၶာကိုယ္ထဲ ဝင္လာမယ့္ ေရာဂါပိုးေတြကို တိုက္ထုတ္ေပးဖို႔ ကင္ဆာေရာဂါေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ ဓာတ္တိုးဆန္႔က်င္ ပစၥည္း၊ အသားအေရကို က်န္းမာစိုေျပေစတဲ့ ေကာ္လဂ်င္ဆဲလ္ (Collagen) အ သစ္ေတြ ထုတ္လုပ္မႈ ျမန္ေစဖို႔ ဗီတာမင္ စီဟာ ကူညီေပးပါတယ္။

အသားျဖဴေစတဲ့ အလွကုန္ပစၥည္းေတြရဲ႕ အာနိသင္ကိုလည္း ျမွင့္တင္ေပးႏိုင္ တယ္။ ခရမ္းလြန္ေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရ ပ်က္စီးျခင္းမွလည္း ကာ ကြယ္ေပးတယ္။ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္း လကၡဏာေတြကို ေႏွးေကြး ေစတယ္။

ပ်က္စီးေနတဲ့ ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ေပးျပီး အေရးအေၾကာင္းေတြကိုလည္း ေျပေလ်ာ့ေစတယ္။ ေျခာက္ေသြ႔ေနတဲ့ အသားအေရကို စိုစိုေျပေျပ ျဖစ္လာေစဖို႔ ကူညီေပးပါတယ္။

ဗီတာမင္ စီ ဓာတ္ကို ေန႔စဥ္စားသံုးေနတဲ့ အစားအစာမ်ိဳးစံုကေန ရရွိႏိုင္ျပီး အခ်ဥ္ ဓာတ္မ်ားတဲ့ အသီးအႏွံေတြ၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြ၊ ငါးၾကီးဆီကေန လည္း ရရွိႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႔ ေန႔စဥ္စားသံုးေနတဲ့ အစာအာဟာရထဲမွာ ဗီတာမင္ စီဓာတ္ေတြ ေတာ္ေတာ္မ်ားမ်ား ပါဝင္ေန တာေၾကာင့္ ျဖည့္စြက္အားေဆးအေနနဲ႔ ထပ္ျပီး ေသာက္ဖို႔ေတာ့ မလိုအပ္ပါဘူး။

၃။ ဗီတာမင္ အီး (Vitamin E)

အေရျပားဆဲလ္ထဲမွ ထြက္ရွိတဲ့ သဘာဝအဆီဓာတ္ (sebum) ထဲမွာ ဗီတာမင္ အီး ဓာတ္ေတြ ပါဝင္ပါတယ္။ အသားအေရေျခာက္ေသြ႔မႈကို ကာကြယ္ေပးျပီး ေန ေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရ ထိခိုက္ပ်က္စီးမႈကို ေလ်ာ့နည္းေစတယ္။ အမဲစက္ေတြ၊ အေရးအေၾကာင္း ထင္ေနတဲ့ အသားအေရကိုလည္း နဂိုအတိုင္း ျဖဴစင္ေတာက္ပလာေစတယ္။

ဗီတာမင္ အီး ဓာတ္ကို ေနၾကာေစ့၊ ကြာေစ့၊ ဖရံုေစ့ အစရွိတဲ့ အေစ့အဆန္ေတြ၊ ေအာ္လ္မြန္သီး၊ သစ္အယ္သီး အစရွိတဲ့ အခြံမာသီးေတြကေန အမ်ားဆံုး ရရွိႏိုင္ပါတယ္။ အလွကုန္ပစၥည္း အမ်ားစုမွာလည္း ဗီတာမင္ စီ နဲ႔ ဗီတာမင္ အီး အားျဖည့္အာဟာရေတြ ထည့္သြင္းထားပါတယ္။

၄။ ဗီတာမင္ ေက (Vitamin K)

အေရျပားေပၚက ထိခိုက္ပြန္းပဲ့ထားတဲ့ ဒဏ္ရာေတြ၊ အနာေတြ၊ ခြဲစိတ္ထားတဲ့ အမာရြတ္ေတြကို ေပ်ာက္ကင္းေစတယ္။ အသက္ၾကီးတဲ့ အမ်ိဳးသမီးေတြ ေပါင္နဲ႔ ေျခသလံုးမွာ ေတြ႔ရတတ္တဲ့ အေၾကာျပတ္ရာေတြ၊ လက္ျပတ္ရာေတြ၊ အမာရြတ္၊ အမည္းစက္၊ ပန္ဒါမ်က္လံုးလို႔ ေခၚတတ္္ၾကတဲ့ မ်က္ကြင္းညိဳတာေတြကိုလည္း သက္သာေစပါတယ္။

ကိုက္လန္၊ ဟင္းႏုႏြယ္၊ ဆလတ္ရြက္၊ ေဂၚဖီထုပ္၊ အစိမ္းေရာင္ ပဲေစ့ေတြမွာလည္း ဗီတာမင္ ေက ဓာတ္ေတြ ပါဝင္ပါတယ္။ ျဖည့္စြက္စာ၊ အားေဆး မီွဝဲမယ္ဆိုရင္ လည္း ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ျပီး ကိုယ္နဲ႔ အသင့္ေတာ္ဆံုးျဖစ္မယ့္ အားေဆး ကို ညႊန္ခိုင္းလို႔ ရပါတယ္။ မ်ားေသာအားျဖင့္ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြဆိုတာ အစာအာဟာရ မွ်တစြာ စားေပးရံုနဲ႔ လံုေလာက္စြာ ရရွိႏိုင္ပါတယ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျား လေးတွေပါ ကိုယ့်ရဲ့ အသားအရေကို အရင်ကထက် သေချာဂရုစိုက်ပြီး အလေးအ နက်ထားလာကြပါတယ်။

ကိုယ်ခန္ဓာကျန်းမာစေဖို့ အာဟာရဓာတ်တွေ လိုအပ်သလို အသားအရေ လှပစေဖို လည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ ရှိပါတယ်။ ဒီလိုအာဟာရဓာတ်တွေ ကို ပြီးပြည့်စုံအောင် ရရှိပါမှ ကိုယ့်အသားအရေက ကျန်းမာစိုပြေနေပြီး မြင်သူငေး ရလောက်အောင် လှနေမှာပေါ့။

လူတွေတော်တော်များများ သိထားကြတာ နေရောင်ခြည်ဒဏ်မှာ ပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည်ဟာ အသားအရေကို တော်တော်လေး ထိခိုက်ပျက်စီးစေနိုင်တယ် ဆိုတာပါပဲ။ တကယ်တော့ ဒီအချက်ဟာ လုံးဝမှန်တယ်လို့ မဆိုနိုင်ပါဘူး။

တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ အသားအရေကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ပေးမယ်ဆိုရင် လုံလောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ဗီတာမင် ဒီ ဓာတ်ဟာ အသားအရေကို စိုပြေဝင်း လက်စေဖို့ မရှိမဖြစ် ဗီတာမင် ၄မျိုးထဲမှာ ပါဝင်နေလို့ပါပဲ။

ဗီတာမင် ဒီ အပြင် ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ တို့မှာ အရေပြားပေါ် က အမဲစက်တွေ၊ နေလောင်ဒဏ်တွေ၊ နီရဲယားယံတာ၊ အရေးအကြောင်းတွေ၊ အသားအရေ ကြမ်းပြီး ခြောက်လာတာကို လျော့နည်းသက်သာစေနိုင်တဲ့ ဂုဏ်သ တ္တိတွေ ပါဝင်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ နွေ၊ မိုး၊ ဆောင်း ဥတုမရွေး အသားလေးလှပြီး စိုနေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ၄ မျိုးနဲ့ ဘယ်လိုရရှိနိုင်မလဲဆိုတာကို အလှအပစိတ်ဝင်စားသူတွေအတွက် ပြောပြပေးချင်ပါတယ်။

၁။ ဗီတာမင် ဒီ (Vitamin D)

အဓိက နေရောင်ခြည်ကနေ အများဆုံး ရရှိပြီး အသားအရေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အခါ ကိုယ်ခန္ဓာက ကိုလက်စထရောဓာတ်တွေကို ဗီတာမင်ဒီအဖြစ် ပြောင်းလဲ ပေးပါတယ်။ အသည်းနဲ့ ကျောက်ကပ်မှာ ဗီတာမင် ဒီ ကို သိုလှောင်ထားပြီး ကိုယ်ခန္ဓာအနှံ့ ဆဲလ်တွေ ကျန်းမာစေဖို့ သယ်ယူပို့ဆောင်ပေးပါတယ်။

အရေပြားကို ကျန်းမာစေပြီး အနီရောင် အဖုအပိမ့်ထတဲ့ အရေပြားရောဂါတွေကို သက်သာပျောက်ကင်းစေတဲ့ နေရာမှာလည်း ဗီတာမင် ဒီ ဓာတ်ဟာ အရေးပါပါ တယ်။

ဒါကြောင့် လူသားတိုင်း နေ့စဉ် နေရောင်ခြည်နဲ့ ၁၀ မိနစ်မှ ၁၅မိနစ်ထိ ထိတွေ့ဖို့ လိုအပ်ပြီး အသက်ကြီးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာဆိုရင် ပိုပြီးတောင် ဗီတာမင် ဒီ ဓာတ်ကို ပိုမိုလိုအပ်ပါတယ်။

အပြင်မထွက်ခင် နေလောင်ကာခရင်မ်ကို လိမ်းသွားဖို့လည်း မမေ့သင့်ပါဘူးနော်။ အစားအစာအနေနဲ့ ဒိန်ချဉ်၊ အချဉ်ဓာတ်များတဲ့ အသီးအနှံ၊ ဆောလ်မွန်ငါး၊ တူနာငါး၊ ငါးကြီးဆီကနေလည်း ဗီတာမင် ဒီ ဓာတ်ကို ရရှိနိုင်ပါတယ်။

၂။ ဗီတာမင် စီ (Vitamin C)

လူတော်တော်များများ သိထားကြတဲ့ အချက်ကတော့ အရေပြားနဲ့ အလှအပအ တွက် ဗီတာမင် စီ ဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်ဆိုတာ ပါပဲ။ ဗီတာမင်စီ ဟာ အရေပြားအတွက်သာမက ခန္ဓာကိုယ်အတွက်လည်း အကျိုး ကျေးဇူးများစွာ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါပိုးတွေကို တိုက်ထုတ်ပေးဖို့ ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း၊ အသားအရေကို ကျန်းမာစိုပြေစေတဲ့ ကော်လဂျင်ဆဲလ် (Collagen) အ သစ်တွေ ထုတ်လုပ်မှု မြန်စေဖို့ ဗီတာမင် စီဟာ ကူညီပေးပါတယ်။

အသားဖြူစေတဲ့ အလှကုန်ပစ္စည်းတွေရဲ့ အာနိသင်ကိုလည်း မြှင့်တင်ပေးနိုင် တယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာ ကွယ်ပေးတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို နှေးကွေး စေတယ်။

ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အရေးအကြောင်းတွေကိုလည်း ပြေလျော့စေတယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို စိုစိုပြေပြေ ဖြစ်လာစေဖို့ ကူညီပေးပါတယ်။

ဗီတာမင် စီ ဓာတ်ကို နေ့စဉ်စားသုံးနေတဲ့ အစားအစာမျိုးစုံကနေ ရရှိနိုင်ပြီး အချဉ် ဓာတ်များတဲ့ အသီးအနှံတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငါးကြီးဆီကနေ လည်း ရရှိနိုင်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရထဲမှာ ဗီတာမင် စီဓာတ်တွေ တော်တော်များများ ပါဝင်နေ တာကြောင့် ဖြည့်စွက်အားဆေးအနေနဲ့ ထပ်ပြီး သောက်ဖို့တော့ မလိုအပ်ပါဘူး။

၃။ ဗီတာမင် အီး (Vitamin E)

အရေပြားဆဲလ်ထဲမှ ထွက်ရှိတဲ့ သဘာဝအဆီဓာတ် (sebum) ထဲမှာ ဗီတာမင် အီး ဓာတ်တွေ ပါဝင်ပါတယ်။ အသားအရေခြောက်သွေ့မှုကို ကာကွယ်ပေးပြီး နေ ရောင်ခြည်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကို လျော့နည်းစေတယ်။ အမဲစက်တွေ၊ အရေးအကြောင်း ထင်နေတဲ့ အသားအရေကိုလည်း နဂိုအတိုင်း ဖြူစင်တောက်ပလာစေတယ်။

ဗီတာမင် အီး ဓာတ်ကို နေကြာစေ့၊ ကွာစေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေ၊ အော်လ်မွန်သီး၊ သစ်အယ်သီး အစရှိတဲ့ အခွံမာသီးတွေကနေ အများဆုံး ရရှိနိုင်ပါတယ်။ အလှကုန်ပစ္စည်း အများစုမှာလည်း ဗီတာမင် စီ နဲ့ ဗီတာမင် အီး အားဖြည့်အာဟာရတွေ ထည့်သွင်းထားပါတယ်။

၄။ ဗီတာမင် ကေ (Vitamin K)

အရေပြားပေါ်က ထိခိုက်ပွန်းပဲ့ထားတဲ့ ဒဏ်ရာတွေ၊ အနာတွေ၊ ခွဲစိတ်ထားတဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေ ပေါင်နဲ့ ခြေသလုံးမှာ တွေ့ရတတ်တဲ့ အကြောပြတ်ရာတွေ၊ လက်ပြတ်ရာတွေ၊ အမာရွတ်၊ အမည်းစက်၊ ပန်ဒါမျက်လုံးလို့ ခေါ်တတ်ကြတဲ့ မျက်ကွင်းညိုတာတွေကိုလည်း သက်သာစေပါတယ်။

ကိုက်လန်၊ ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပဲစေ့တွေမှာလည်း ဗီတာမင် ကေ ဓာတ်တွေ ပါဝင်ပါတယ်။ ဖြည့်စွက်စာ၊ အားဆေး မှီဝဲမယ်ဆိုရင် လည်း ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အားဆေး ကို ညွှန်ခိုင်းလို့ ရပါတယ်။ များသောအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေဆိုတာ အစာအာဟာရ မျှတစွာ စားပေးရုံနဲ့ လုံလောက်စွာ ရရှိနိုင်ပါတယ်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top