iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးဘဝ အဝလြန္ျဖစ္ျခင္းေၾကာင့္ ဘဝေႏွာင္းပုိင္းတြင္ ဆီခ်ိဳ၊ ႏွလံုး၊ ေလျဖတ္ျခင္းႏွင့္ ကင္ဆာေရာဂါအခ်ိဳ႕ အပါအဝင္ က်န္းမာေရးျပႆနာမ်ား ႀကံဳေတြ႕ႏိုင္သည့္ အႏၲရာယ္ျမင့္မား သည္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ ခႏၶာကိုယ္၏ ေတာင့္တ မႈအရ အရည္မ်ားပိုေသာက္ေလ့ရွိၿပီး သၾကားတုမ်ားပါဝင္သည့္ အခ်ိဳရည္မ်ားကို ေသာက္သံုးေလ့ရွိသည္။

ယင္းအခ်ိဳရည္မ်ားက ကိုယ္အေလးခ်ိန္ ပိုမ်ားလာေစႏိုင္ၿပီး ေမြးဖြားလာမည့္ ကေလး၏ ကိုယ္အေလးခ်ိန္အေပၚလည္း လႊမ္းမိုး မႈရွိႏိုင္သည္။

အခ်ိဳရည္အစား ေရေသာက္ေသာ အမ်ိဳးသမီးမ်ားမွ ေမြးဖြား လာေသာ ကေလးငယ္မ်ားသည္ ယင္းအႏၲရာယ္မရွိဟု သုေတသီ မ်ားကေျပာသည္။

ကိုယ္ဝန္ေဆာင္ခ်ိန္ ဆီးခ်ိိဳေရာဂါျဖစ္ၿပီး အခ်ိဳရည္ေသာက္ ေသာ အမ်ိဳးသမီးမ်ားမွ ေမြးလာေသာ ကေလးငယ္မ်ားသည္ အ သက္(၇)ႏွစ္အရြယ္တြင္ အဝလြန္ျဖစ္ႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္း ပိုမ်ား သည္။

ကိုယ္အေလးခ်ိန္ပိုမ်ားလာျခင္းေၾကာင့္ အစာေခ်ဖ်က္မႈဆိုင္ ရာ လမ္းေၾကာင္းထဲရွိ ပိုးမႊားမ်ား အေျပာင္းအလဲျဖစ္သြားႏိုင္ၿပီး အ ခ်ိဳရည္ေသာက္ျခင္းေၾကာင့္ အူမ်ားသည္ ေသြးထဲရွိ သၾကားဓာတ္ ကို စုပ္ယူႏိုင္စြမ္းပိုမ်ားလာႏိုင္သည္။

ထို႔အျပင္ အခ်ိဳရည္ေသာက္ျခင္းေၾကာင့္ အစာစားၿပီးေသာ္ လည္း ဗိုက္မဝသကဲ့သုိ႔ ခံစားရႏိုင္ေၾကာင္း အျခားေလ့လာမႈမ်ားက ေဖာ္ျပသည္။ ယင္းသို႔ ဗိုက္မဝသကဲ့သို႔ ခံစားရၿပီး ေနာက္ထပ္ အစာစားလိုစိတ္ျဖစ္ေပၚႏိုင္သည္။

Credit: MM

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကလေးဘဝ အဝလွန်ဖြစ်ခြင်းကြောင့် ဘဝနှောင်းပိုင်းတွင် ဆီချို၊ နှလုံး၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါအချို့ အပါအဝင် ကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်သည့် အန္တရာယ်မြင့်မား သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ခန္ဓာကိုယ်၏ တောင့်တ မှုအရ အရည်များပိုသောက်လေ့ရှိပြီး သကြားတုများပါဝင်သည့် အချိုရည်များကို သောက်သုံးလေ့ရှိသည်။

ယင်းအချိုရည်များက ကိုယ်အလေးချိန် ပိုများလာစေနိုင်ပြီး မွေးဖွားလာမည့် ကလေး၏ ကိုယ်အလေးချိန်အပေါ်လည်း လွှမ်းမိုး မှုရှိနိုင်သည်။

အချိုရည်အစား ရေသောက်သော အမျိုးသမီးများမှ မွေးဖွား လာသော ကလေးငယ်များသည် ယင်းအန္တရာယ်မရှိဟု သုတေသီ များကပြောသည်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ပြီး အချိုရည်သောက် သော အမျိုးသမီးများမှ မွေးလာသော ကလေးငယ်များသည် အ သက်(၇)နှစ်အရွယ်တွင် အဝလွန်ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများ သည်။

ကိုယ်အလေးချိန်ပိုများလာခြင်းကြောင့် အစာချေဖျက်မှုဆိုင် ရာ လမ်းကြောင်းထဲရှိ ပိုးမွှားများ အပြောင်းအလဲဖြစ်သွားနိုင်ပြီး အ ချိုရည်သောက်ခြင်းကြောင့် အူများသည် သွေးထဲရှိ သကြားဓာတ် ကို စုပ်ယူနိုင်စွမ်းပိုများလာနိုင်သည်။

ထို့အပြင် အချိုရည်သောက်ခြင်းကြောင့် အစာစားပြီးသော် လည်း ဗိုက်မဝသကဲ့သို့ ခံစားရနိုင်ကြောင်း အခြားလေ့လာမှုများက ဖော်ပြသည်။ ယင်းသို့ ဗိုက်မဝသကဲ့သို့ ခံစားရပြီး နောက်ထပ် အစာစားလိုစိတ်ဖြစ်ပေါ်နိုင်သည်။

Credit: MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top