iMyanmarHouse.com - Best Property Website for Myanmar
×


အ၀လြန္တဲ့သူေတာ္ေတာ္မ်ားမ်ားရဲ႕ အိပ္မက္ကေတာ့ ပိန္ခ်င္ၾကတာပါပဲ။ ဒီလိုပိန္ဖို႔အတြက္ အစားေတြကို ဆင္ျခင္ရတယ္။ ေန႔စဥ္ အစာအာဟာရကို ေသခ်ာဂရုစိုက္ျပီး မွ်တစြာစားသံုးၾကရပါတယ္။ ေလ့က်င့္ခန္းေတြ မွန္မွန္လုပ္ရတယ္။ ကိုယ္ခႏၶာနဲ႔ က်န္းမာေရးအတြက္ မေကာင္းတဲ့ ေနထိုင္မႈပံုစံ အကုန္လံုးကို ျပင္ရပါတယ္။

အစပိုင္းမွာေတာ့ အားတက္သေရာနဲ႔ ၾကိဳးစားပမ္းစား လုပ္တတ္ၾကေပမယ့္ ေနာက္ပိုင္းမွာ အဖ်ားရွဴးသြားတတ္တာ၊ ပင္ပန္းျပီး ရိုးသြားတာ၊ တြန္းအားမရွိေတာ့သလို ျဖစ္ျပီး ကိုယ္လုပ္ေနသမွ် အကုန္လံုးကို ရပ္လိုက္ၾကေတာ့တာပါပဲ။ အဲ့ေတာ့ ဘာျဖစ္မလဲ၊ ပင္ပန္းခဲ့သမွ် အခ်ိန္ေတြ၊ ခြန္အားေတြ အလဟႆျဖစ္ျပီး ကိုယ္စခဲ့ရတဲ့ ပံုစံအတိုင္း ျပန္ျဖစ္သြားမွာေပါ့။

ဒီလိုမ်ိဳး ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ တြန္းအားျဖစ္ေစဖို႔ မိမိကိုယ္ကိုယ္ သတ္မွတ္ခ်က္၊ အိပ္မက္၊ စံႏႈန္း၊ ရည္မွန္းခ်က္ အစရွိတဲ့အရာေတြကို ထားထားဖို႔ အေရးၾကီးတာေပါ့။

ဒီေတာ့ ကိုယ္အေလးခ်ိန္ခ်ဖို႔ ၾကိဳးစားေနရင္းနဲ႔မွ ရပ္ဖို႔ စဥ္းစားေနတဲ့ ပ်ိဳပ်ိဳ၊ ကိုကိုေတြအတြက္ တြန္းအားျဖစ္ေစမယ့္ နည္းလမ္း ၈ ခ်က္ ကို ဒီေဆာင္းပါးေလးကေန ေျပာျပေပးခ်င္ပါတယ္။

၁။ မိမိကိုယ္ကိုယ္ စိန္ေခၚပါ။

ကိုယ္က ဝိတ္ခ်ခ်င္တယ္မလား။ ဒီအေၾကာင္းကို လူတကာကို လိုက္ျပီး ေျပာေနတာထက္ ကိုယ့္စိတ္ထဲမွာ ထားထားပါ။ ဒီလို က်ဖို႔အတြက္ ကိုယ့္ဘက္က ဘာေတြ လုပ္ဖို႔လိုအပ္မလဲဆိုတာ ေတြးပါ။ မျဖစ္ႏိုင္ဘူးလို႔ ထင္ထားတဲ့ကိုယ့္စိတ္ကို စတင္စိန္ေခၚပါ။

၂။ ဘာေၾကာင့္ ကိုယ္အေလးခ်ိန္က်ခ်င္တာလဲ။

တစ္ခါတေလမွာ Gym ေတြ ပင္ပင္ပန္းပန္းေဆာ့ရင္း၊ အစားေတြ ေရွာင္ရင္း ကိုယ္ဘာလို႔ ဒီလိုလုပ္ေနရတာလဲ၊ ဘာေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ေနရတာလဲဆိုျပီး အေတြးေတြ ဝင္လာတတ္ပါတယ္။ ဒီလိုေတြးမိျပီဆိုရင္ စိန္ေခၚမႈကို စတင္ဖို႔ ျဖစ္လာေစခဲ့တဲ့ အေၾကာင္းရင္းေတြကို ျပန္စဥ္းစားၾကည့္လိုက္ပါ။

တျခားသူေတြ ကိုယ့္ကို ဝေနလို႔ဆိုျပီး ႏွိမ္လို႔လား၊ ကိုယ္ခ်စ္တဲ့သူက ကိုယ့္ရဲ႕ ပံုစံေၾကာင့္ ပစ္သြားတာလား၊ ဒါမွမဟုတ္ က်န္းမာသြယ္လ်တဲ့ ကိုယ္ခႏၶာအခ်ိဳးအစားကို ပိုင္ဆိုင္ခ်င္တာလား အစရွိသျဖင့္ ျပန္ေတြးပါ။

၃။ အိပ္မက္ဟာ လက္ေတြ႔နဲ႔ သိပ္ေဝးမကြာပါေစနဲ႔။

လူတိုင္းကေတာ့ အိပ္မက္ မက္ျပီဆိုရင္ အၾကီးၾကီးေတြ မက္တတ္ၾကတဲ့ စိတ္သဘာဝရွိတတ္ပါတယ္။ ကိုယ္မွန္းထားသေလာက္ ျဖစ္မလာတဲ့အခါ သိမ္ငယ္စိတ္ေတြျဖစ္မွာ၊ စိတ္ဓာတ္က်မွာ ကိုယ္တိုင္ပါပဲ။ ဒါေၾကာင့္ အစပိုင္းမွာ ကိုယ္တတ္ႏိုင္သေလာက္ ကိုယ္အေလးခ်ိန္ခ်ဖို႔ ၾကိဳးစားပါ။

တျဖည္းျဖည္းနဲ႔ ဒီအရာက ကိုယ္နဲ႔ အသားက်သြားျပီ၊ ကိုယ့္ကိုယ္ကိုယ္ ၾကိဳးစားလို႔ ျဖစ္ႏိုင္တယ္ဆိုတဲ့ ယံုၾကည္မႈေတြ ရလာရင္ အိပ္မက္ေတြကို တျဖည္းျဖည္းစီ ျမွင့္သြားပါ။

၄။ ကိုယ့္ရဲ႕ ၾကိဳးစားမႈ ရလဒ္ကို မွတ္တမ္းတင္ထားပါ။

ကိုယ္က အခုမွ စျပီး ကိုယ္အေလးခ်ိန္ခ်ဖို႔ ၾကိဳးစားတယ္။ စတင္ကာစမွာ က်သေလာက္ အေလးခ်ိန္ကို စာအုပ္ေလးထဲမွာ ေရးမွတ္ထားပါ။ ဒါမွ ေနာက္ပိုင္းမွာ ဒီ့ထက္ပိုက်ဖို႔ ကိုယ့္ဘက္က ဘာေတြ ျပင္ဆင္ထားဖို႔လိုလဲဆိုတာ အခ်ိန္ယူျပီး စဥ္းစားလို႔ရမွာေပါ့။

၅။ ၾကိဳးစားမႈအတြက္ ကိုယ့္ကိုယ္ကိုယ္ ဆုခ်ပါ။

ဒီလေတာ့ မွန္းထားသေလာက္ ကိုယ္အေလးခ်ိန္က်တယ္ဆိုရင္ တစ္ရက္ေလာက္အခ်ိန္ေပးျပီး ကိုယ့္စိတ္ကို အနားေပးျပီး ဆုခ်ပါ။ ဥပမာ – သူငယ္ခ်င္းေတြနဲ႔ အတူ ရုပ္ရွင္သြားၾကည့္တာ၊ မိသားစုနဲ႔ အတူေလွ်ာက္လည္တာ၊ ကိုယ္သေဘာက်တဲ့ ပစၥည္းတစ္ခုခု ဝယ္လိုက္တာမ်ိဳးေပါ့။

ဒီနည္းနဲ႔လည္း ကိုယ့္ကိုယ္ကိုယ္ ၾကိဳးစားခ်င္စိတ္ ျဖစ္လာေစဖို႔ ပံုသြင္းေပးလို႔ ရပါတယ္။

၆။ ကိုယ္လုပ္ႏိုင္တယ္လို႔ ယံုၾကည္ပါ၊ ၾကိဳးစားပါ။

ယံုၾကည္မႈသာ ရွိရင္ ဘယ္ေလာက္ခက္ခဲတဲ့အရာျဖစ္ပါေစ၊ ကိုယ္စြမ္းသေလာက္ အားသြန္ခြန္စိုက္ ၾကိဳးစားခ်င္စိတ္ရွိတာ လူေတြရဲ႕ သဘာဝပါပဲ။ ဒါေၾကာင့္ စိတ္အားငယ္ေန၊ စိတ္ညစ္ေနမယ့္အစား ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာ ၾကည့္ျပီး ငါလုပ္ႏိုင္တယ္လို႔ အျမဲေျပာပါ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ပါ။ ကိုယ္ေမွ်ာ္လင့္ထားသလို ျဖစ္ေျမာက္ေစဖို႔ အမွန္တကယ္ ၾကိဳးစားပါ။

၇။ ကိုယ့္အတြက္ကိုလည္း ျပန္ငဲ့ကြက္ပါ။

မွန္ပါတယ္၊ ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ အစားဆင္ျခင္ရတယ္၊ အေနအထိုင္ဆင္ျခင္ရတယ္၊ ေလ့က်င့္ခန္းကို ပံုမွန္မပ်က္မကြက္လုပ္ရတယ္။ ဒီစိတ္နဲ႔ပဲ ကိုယ့္ကိုယ္ကိုယ္ အျမဲႏွိပ္စက္ေနစရာ၊ စိတ္ကို အက်ဥ္းက်သလို ျဖစ္ေအာင္ လုပ္စရာေတာ့ မလုိပါဘူး။

ပံုမွန္အတိုင္းေလးပဲ ၾကိဳးစားပါ။ တစ္လမွာ တစ္ရက္ေလာက္ ကိုယ္ၾကိဳက္တဲ့ အရာေလးေတြ နည္းနည္းေလာက္ ျဖစ္ျဖစ္ စားေပးပါ။

၈။ မိမိကိုယ္ကိုယ္ ခ်စ္ပါ။

ကိုယ့္ကိုယ္ကိုယ္ ခ်စ္တဲ့၊ တန္ဖိုးထားတဲ့သူတစ္ေယာက္ဟာ အရာရာကို အေကာင္းျမင္စိတ္စြမ္းအားျဖစ္ေစတယ္။ ကိုယ္လုပ္ေနတဲ့ အရာတစ္ခုကို ဆက္ျပီး ၾကိဳးစားခ်င္စိတ္၊ ေအာင္ျမင္လိုစိတ္ အျမဲရွိပါတယ္။

ကိုယ္အေလးခ်ိန္က်ဖို႔ ၾကိဳးစားတယ္ဆိုတာ ကိုယ့္အတြက္ ေကာင္းေသာ ေျပာင္းလဲမႈတစ္ခုကို ဦးတည္ေနတဲ့ ကိစၥျဖစ္တာေၾကာင့္ မိမိကိုယ္ကိုယ္

အျမဲတန္ဖိုးထားစိတ္ ေမြးျမဴပါ။

တစ္ခဏတာအတြက္ မဟုတ္ဘဲ တစ္ဘဝစာအတြက္ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္တစ္ခုကို ထိန္းဖို႔ဆိုတာ အေရးၾကီးပါတယ္။ ဒါဟာ အလွအပအတြက္သာမက က်န္းမာေရးအတြက္ပါ ေကာင္းက်ိဳးမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီနည္းလမ္းေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ တြန္းအားေပးရင္း စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္လိုက္ဖို႔ အၾကံေပးလိုက္ပါတယ္။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အဝလွန်တဲ့သူတော်တော်များများရဲ့ အိပ်မက်ကတော့ ပိန်ချင်ကြတာပါပဲ။ ဒီလိုပိန်ဖို့အတွက် အစားတွေကို ဆင်ခြင်ရတယ်။ နေ့စဉ် အစာအာဟာရကို သေချာဂရုစိုက်ပြီး မျှတစွာစားသုံးကြရပါတယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ရတယ်။ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်မှုပုံစံ အကုန်လုံးကို ပြင်ရပါတယ်။

အစပိုင်းမှာတော့ အားတက်သရောနဲ့ ကြိုးစားပမ်းစား လုပ်တတ်ကြပေမယ့် နောက်ပိုင်းမှာ အဖျားရှူးသွားတတ်တာ၊ ပင်ပန်းပြီး ရိုးသွားတာ၊ တွန်းအားမရှိတော့သလို ဖြစ်ပြီး ကိုယ်လုပ်နေသမျှ အကုန်လုံးကို ရပ်လိုက်ကြတော့တာပါပဲ။ အဲ့တော့ ဘာဖြစ်မလဲ၊ ပင်ပန်းခဲ့သမျှ အချိန်တွေ၊ ခွန်အားတွေ အလဟဿဖြစ်ပြီး ကိုယ်စခဲ့ရတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပေါ့။

ဒီလိုမျိုး ကိုယ်အလေးချိန်ကျဖို့အတွက် တွန်းအားဖြစ်စေဖို့ မိမိကိုယ်ကိုယ် သတ်မှတ်ချက်၊ အိပ်မက်၊ စံနှုန်း၊ ရည်မှန်းချက် အစရှိတဲ့အရာတွေကို ထားထားဖို့ အရေးကြီးတာပေါ့။

ဒီတော့ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေရင်းနဲ့မှ ရပ်ဖို့ စဉ်းစားနေတဲ့ ပျိုပျို၊ ကိုကိုတွေအတွက် တွန်းအားဖြစ်စေမယ့် နည်းလမ်း ၈ ချက် ကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

၁။ မိမိကိုယ်ကိုယ် စိန်ခေါ်ပါ။

ကိုယ်က ဝိတ်ချချင်တယ်မလား။ ဒီအကြောင်းကို လူတကာကို လိုက်ပြီး ပြောနေတာထက် ကိုယ့်စိတ်ထဲမှာ ထားထားပါ။ ဒီလို ကျဖို့အတွက် ကိုယ့်ဘက်က ဘာတွေ လုပ်ဖို့လိုအပ်မလဲဆိုတာ တွေးပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ကိုယ့်စိတ်ကို စတင်စိန်ခေါ်ပါ။

၂။ ဘာကြောင့် ကိုယ်အလေးချိန်ကျချင်တာလဲ။

တစ်ခါတလေမှာ Gym တွေ ပင်ပင်ပန်းပန်းဆော့ရင်း၊ အစားတွေ ရှောင်ရင်း ကိုယ်ဘာလို့ ဒီလိုလုပ်နေရတာလဲ၊ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေရတာလဲဆိုပြီး အတွေးတွေ ဝင်လာတတ်ပါတယ်။ ဒီလိုတွေးမိပြီဆိုရင် စိန်ခေါ်မှုကို စတင်ဖို့ ဖြစ်လာစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်စဉ်းစားကြည့်လိုက်ပါ။

တခြားသူတွေ ကိုယ့်ကို ဝနေလို့ဆိုပြီး နှိမ်လို့လား၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ရဲ့ ပုံစံကြောင့် ပစ်သွားတာလား၊ ဒါမှမဟုတ် ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ချင်တာလား အစရှိသဖြင့် ပြန်တွေးပါ။

၃။ အိပ်မက်ဟာ လက်တွေ့နဲ့ သိပ်ဝေးမကွာပါစေနဲ့။

လူတိုင်းကတော့ အိပ်မက် မက်ပြီဆိုရင် အကြီးကြီးတွေ မက်တတ်ကြတဲ့ စိတ်သဘာဝရှိတတ်ပါတယ်။ ကိုယ်မှန်းထားသလောက် ဖြစ်မလာတဲ့အခါ သိမ်ငယ်စိတ်တွေဖြစ်မှာ၊ စိတ်ဓာတ်ကျမှာ ကိုယ်တိုင်ပါပဲ။ ဒါကြောင့် အစပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကိုယ်အလေးချိန်ချဖို့ ကြိုးစားပါ။

တဖြည်းဖြည်းနဲ့ ဒီအရာက ကိုယ်နဲ့ အသားကျသွားပြီ၊ ကိုယ့်ကိုယ်ကိုယ် ကြိုးစားလို့ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရလာရင် အိပ်မက်တွေကို တဖြည်းဖြည်းစီ မြှင့်သွားပါ။

၄။ ကိုယ့်ရဲ့ ကြိုးစားမှု ရလဒ်ကို မှတ်တမ်းတင်ထားပါ။

ကိုယ်က အခုမှ စပြီး ကိုယ်အလေးချိန်ချဖို့ ကြိုးစားတယ်။ စတင်ကာစမှာ ကျသလောက် အလေးချိန်ကို စာအုပ်လေးထဲမှာ ရေးမှတ်ထားပါ။ ဒါမှ နောက်ပိုင်းမှာ ဒီ့ထက်ပိုကျဖို့ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့လိုလဲဆိုတာ အချိန်ယူပြီး စဉ်းစားလို့ရမှာပေါ့။

၅။ ကြိုးစားမှုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုချပါ။

ဒီလတော့ မှန်းထားသလောက် ကိုယ်အလေးချိန်ကျတယ်ဆိုရင် တစ်ရက်လောက်အချိန်ပေးပြီး ကိုယ့်စိတ်ကို အနားပေးပြီး ဆုချပါ။ ဥပမာ – သူငယ်ချင်းတွေနဲ့ အတူ ရုပ်ရှင်သွားကြည့်တာ၊ မိသားစုနဲ့ အတူလျှောက်လည်တာ၊ ကိုယ်သဘောကျတဲ့ ပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးပေါ့။

ဒီနည်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ် ဖြစ်လာစေဖို့ ပုံသွင်းပေးလို့ ရပါတယ်။

၆။ ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်ပါ၊ ကြိုးစားပါ။

ယုံကြည်မှုသာ ရှိရင် ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ပါစေ၊ ကိုယ်စွမ်းသလောက် အားသွန်ခွန်စိုက် ကြိုးစားချင်စိတ်ရှိတာ လူတွေရဲ့ သဘာဝပါပဲ။ ဒါကြောင့် စိတ်အားငယ်နေ၊ စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ပြီး ငါလုပ်နိုင်တယ်လို့ အမြဲပြောပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မြောက်စေဖို့ အမှန်တကယ် ကြိုးစားပါ။

၇။ ကိုယ့်အတွက်ကိုလည်း ပြန်ငဲ့ကွက်ပါ။

မှန်ပါတယ်၊ ကိုယ်အလေးချိန်ကျဖို့အတွက် အစားဆင်ခြင်ရတယ်၊ အနေအထိုင်ဆင်ခြင်ရတယ်၊ လေ့ကျင့်ခန်းကို ပုံမှန်မပျက်မကွက်လုပ်ရတယ်။ ဒီစိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အမြဲနှိပ်စက်နေစရာ၊ စိတ်ကို အကျဉ်းကျသလို ဖြစ်အောင် လုပ်စရာတော့ မလိုပါဘူး။

ပုံမှန်အတိုင်းလေးပဲ ကြိုးစားပါ။ တစ်လမှာ တစ်ရက်လောက် ကိုယ်ကြိုက်တဲ့ အရာလေးတွေ နည်းနည်းလောက် ဖြစ်ဖြစ် စားပေးပါ။

၈။ မိမိကိုယ်ကိုယ် ချစ်ပါ။

ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့၊ တန်ဖိုးထားတဲ့သူတစ်ယောက်ဟာ အရာရာကို အကောင်းမြင်စိတ်စွမ်းအားဖြစ်စေတယ်။ ကိုယ်လုပ်နေတဲ့ အရာတစ်ခုကို ဆက်ပြီး ကြိုးစားချင်စိတ်၊ အောင်မြင်လိုစိတ် အမြဲရှိပါတယ်။

ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတယ်ဆိုတာ ကိုယ့်အတွက် ကောင်းသော ပြောင်းလဲမှုတစ်ခုကို ဦးတည်နေတဲ့ ကိစ္စဖြစ်တာကြောင့် မိမိကိုယ်ကိုယ်

အမြဲတန်ဖိုးထားစိတ် မွေးမြူပါ။

တစ်ခဏတာအတွက် မဟုတ်ဘဲ တစ်ဘဝစာအတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရင်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top