iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ျခံေတြဆိုတာကလည္းေလ။ ဒီတိုင္းေနေနရင္အေကာင္း။ သြားစရာ၊ လာစရာရွိၿပီး။ အေရးႀကီးတဲ့သူတစ္ေယာက္ေယာက္နဲ႔ေတြ႕ရၿပီဆိုတာနဲ႔ ဟိုတစ္မ်ိဳး၊ ဒီတစ္မ်ိဳးလွိမ့္ထြက္လာၾကေတာ့တာပါပဲ။ တစ္ခ်ိဳ႕က်ေတာ့လည္း ႏွစ္ရည္လမ်ားေပါက္ေနတတ္ၾကပါတယ္။

ဘယ္လိုပဲေပါက္ေပါက္ ဝက္ျခံေတြက အမ်ိဳးအစားအမ်ိဳးမ်ိဳးရွိၿပီး ကုသပံုခ်င္းမတူညီၾကပါဘူး။

၁။ ဆားဝက္ျခံ

ဆားဝက္ျခံမွာ အမဲေစ့နဲ႔ အျဖဴေစ့ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အဆီ၊ ဖုန္မႈန္႔၊ အညစ္အေၾကးနဲ႔ ဘက္တီးရီးယားေတြစုပံုလာၿပီး ေခၽြးေပါက္ပိတ္သြားတဲ့အခါမွာ ဆဲလ္သစ္ေတြျပန္မေမြးဖြားႏိုင္ေတာ့ဘဲ ဆားဝက္ျခံျဖစ္လာရတာပဲ ျဖစ္ပါတယ္။

ေရေႏြးေငြ႕နဲ႔ ပံုမွန္ေပါင္းတင္ေပးမယ္။ Exfoliate ပံုမွန္လုပ္ေပးမယ္။ မိတ္ကပ္ေန႔စဥ္ပံုမွန္ဖ်က္ေပးမယ္။ ေခၽြးေပါက္ေတြကိုသာ ပံုမွန္ဖြင့္ေပးေနမယ္ဆိုရင္ေတာ့ ဆားဝက္ျခံက ေပ်ာက္လြယ္ပါတယ္။

၂။ ဝက္ျခံႀကီး


ဒါကေတာ့ အျပည္တည္တဲ့ဝက္ျခံမ်ိဳးပါ။ အဝါေရာင္အလံုးႀကီးေတြေပါက္တတ္ပါတယ္။ မေပါက္ေသးခင္ အသားမွာျခင္ကိုက္သလို အနီစက္ေလးလိုလိုအရင္ ျဖစ္ၿပီးမွ နာေနတတ္ပါတယ္။ သူကေပါက္ၿပီးရင္လည္း အာမာရြတ္နည္းနည္းက်န္လြယ္လို႔ သတိထားရပါတယ္။

ဒီလိုျဖစ္တာကေတာ့ မ်က္ႏွာကိုသန္႔ရွင္းေအာင္မထားတာရယ္ အသားစားမ်ားတာရယ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ အဓိက အသီးအႏွံမ်ားမ်ားစားေပးၿပီး ခႏၲာကိုယ္အတြင္း အဆိပ္အေတာက္ကင္းေအာင္ထားမယ္။ ဝမ္းပံုမွန္သြားမယ္။ ေရဓာတ္လံုေလာက္ေအာင္ ျဖည့္ဆည္းေပးမယ္။ အဆီနဲ႔ အညစ္အေၾကးကို မကပ္ၿငိေအာင္ဂ႐ုတစိုက္ထိမ္းသိမ္းေပးမယ္ဆိုရင္ေတာ့ ေပ်ာက္ကင္းလာမွာပါ။

၃။ ဝက္ျခံေသး

ဒီဝက္ျခံေလးေတြကေတာ့ အျပည္လည္းမတည္၊ ညႇစ္ရလည္းမလြယ္ဘဲ နဖူးနဲ႔ ေမးေစ့လိုေနရာမ်ိဳးမွာ ေသးေသးေလးေတြ အမ်ားႀကီးရွိေနတတ္ပါတယ္။ ဒီလိုအခါမ်ိဳးက်ရင္ေတာ့ တိုနာကိုသာ ႏိုင္ႏိုင္သံုးေပးၿပီး သန္႔ရွင္းတဲ့မိတ္ကပ္ပစၥည္းေတြကိုသာ ျပန္လည္အသံုးျပဳေစခ်င္ပါတယ္။ သူလည္းဝက္ျခံႀကီးလိုပဲ ဂ႐ုစိုက္ရမယ့္အခ်က္ေတြမ်ားၿပီး စားေသာက္ေနထိုင္ပံုေတြ ဆင္ျခင္ဖို႔ လိုပါတယ္။ Cream type ထက္ ေရဓာတ္ပါဝင္မႈမ်ားတဲ့ Sheet mask ေလးေတြကို ညတိုင္းပံုမွန္ေသာက္ေပးၿပီး ရွင္းလင္းေပးလို႔ရပါတယ္။

Credit: mystylemyanmar

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင်အကောင်း။ သွားစရာ၊ လာစရာရှိပြီး။ အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုးလှိမ့်ထွက်လာကြတော့တာပါပဲ။ တစ်ချို့ကျတော့လည်း နှစ်ရည်လများပေါက်နေတတ်ကြပါတယ်။

ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစားအမျိုးမျိုးရှိပြီး ကုသပုံချင်းမတူညီကြပါဘူး။

၁။ ဆားဝက်ခြံ

ဆားဝက်ခြံမှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေစုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။

ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန်လုပ်ပေးမယ်။ မိတ်ကပ်နေ့စဉ်ပုံမှန်ဖျက်ပေးမယ်။ ချွေးပေါက်တွေကိုသာ ပုံမှန်ဖွင့်ပေးနေမယ်ဆိုရင်တော့ ဆားဝက်ခြံက ပျောက်လွယ်ပါတယ်။

၂။ ဝက်ခြံကြီး


ဒါကတော့ အပြည်တည်တဲ့ဝက်ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေပေါက်တတ်ပါတယ်။ မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ နာနေတတ်ပါတယ်။ သူကပေါက်ပြီးရင်လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ သတိထားရပါတယ်။

ဒီလိုဖြစ်တာကတော့ မျက်နှာကိုသန့်ရှင်းအောင်မထားတာရယ် အသားစားများတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဓိက အသီးအနှံများများစားပေးပြီး ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းအောင်ထားမယ်။ ဝမ်းပုံမှန်သွားမယ်။ ရေဓာတ်လုံလောက်အောင် ဖြည့်ဆည်းပေးမယ်။ အဆီနဲ့ အညစ်အကြေးကို မကပ်ငြိအောင်ဂရုတစိုက်ထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ပျောက်ကင်းလာမှာပါ။

၃။ ဝက်ခြံသေး


ဒီဝက်ခြံလေးတွေကတော့ အပြည်လည်းမတည်၊ ညှစ်ရလည်းမလွယ်ဘဲ နဖူးနဲ့ မေးစေ့လိုနေရာမျိုးမှာ သေးသေးလေးတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးကျရင်တော့ တိုနာကိုသာ နိုင်နိုင်သုံးပေးပြီး သန့်ရှင်းတဲ့မိတ်ကပ်ပစ္စည်းတွေကိုသာ ပြန်လည်အသုံးပြုစေချင်ပါတယ်။ သူလည်းဝက်ခြံကြီးလိုပဲ ဂရုစိုက်ရမယ့်အချက်တွေများပြီး စားသောက်နေထိုင်ပုံတွေ ဆင်ခြင်ဖို့ လိုပါတယ်။ Cream type ထက် ရေဓာတ်ပါဝင်မှုများတဲ့ Sheet mask လေးတွေကို ညတိုင်းပုံမှန်သောက်ပေးပြီး ရှင်းလင်းပေးလို့ရပါတယ်။

Credit: mystylemyanmar

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top