iMyanmarHouse.com - Best Property Website for Myanmar
×


ဒီ​ေန႔မွာ​ေတာ့ ျမန္​မာႏိုင္​ငံက အမ်ဳိးသမီးပရိတ္​သတ္​​ေတြ ​ေလးစားအားက်ရတဲ့ ​ေမာ္​ဒယ္​ သႏၱာလိႈင္​ရဲ႕ So what?အစီစဥ္​မွာ ပါဝင္​ျဖစ္​ပံုနဲ႔ အမ်ဳိးသမီး​ေတြ ဓမၼတာလာစဥ္​မွာ ျဖစ္​တတ္​တဲ့ စိတ္​အ​ေျခအ​ေန​ေတြကို ႐ွင္​းျပသြားပါတယ္​။

“So what? Campaign က အစ္​မကို မၾကာခင္​ International women’s day မွာ ထုတ္​လႊင္​့မယ္​့ ​ေမးခြန္​းနဲ႔ အ​ေျဖ စကားဝိုင္​း​ေလးမွာ အစ္​မရယ္​ ​ေအးျမတ္​သူရယ္​ ႏွစ္​​ေယာက္​ စကား​ေျပာထားတဲ့ စကားဝုိင္​း​ေလး​​ေပါ့ အမ်ဳိးသမီး​ေတြ ဓမၼတာလာတာနဲ႔ ပတ္​သတ္​ၿပီး ဘယ္​လိုမ်ဳိး ခံစားၾကမလဲ ဘယ္​လိုမ်ဳိး​အခက္​အခဲ​ေတြ ၾကံဳ​ေတြ႔ရတတ္​လဲ ဘယ္​လိုျဖစ္​သင္​့လဲ ဒါကဘာလဲဆိုတဲ့ အ​ေၾကာင္​းအရာ​ေတြကို ​ေသခ်ာ အ​ေသးစိတ္​ မိသားစု​ေတြ​ေ႐ွ႕မွာ ဘယ္​လိုျဖတ္​သန္​းရလဲ ဆိုတာကို ​ေဆြး​ေႏြးထားတဲ့ ​ေပ်ာ္​စရာလည္​း ​ေကာင္​းတဲ့ ရယ္​စရာလည္​း ​ေကာင္​းတဲ့ စကားဝိုင္​း​ေလး စၿပီးလုပ္​ထဲက ဒီ So what? Campaign နဲ႔ လုပ္​ခဲ့တာပါ

So what? Campaignရဲ႕ ရည္​ရြယ္​ခ်က္​က​ေတာ့ အမ်ဳိးသမီးဆိုတာ အမ်ဳိးသမီးျဖစ္​လာရင္​ ဒါဟာ ဂုဏ္​ယူစရာပါ အဲ့ဒါ​ေၾကာင္​့မလို႔ ဓမၼတာလာတာဟာ အမ်ဳိးသမီး​ေတြအတြက္​ က်န္​းမာ​ေရးညီၫြတ္​တဲ့ ဂုဏ္​ယူစရာတစ္​ခုပါ ႐ွက္​စရာ မဟုတ္​ပါဘူး ဆိုတာကို ျမန္​မာအမ်ဳိးသမီး​ေတြ ဂုဏ္​ယူတတ္​​ေအာင္​ ႐ွက္​စရာ​ေၾကာက္​စရာမလိုပဲ ကိုယ္​လုပ္​စရာ႐ွိတာ​ေတြကို ဒီအ႐ွက္​အ​ေၾကာက္​တရား​ေၾကာင္​့ အ​ေႏွာင္​့အယွက္​​ေတြျဖစ္​ၿပီး လုပ္​စရာ႐ွိတဲ့အရာ​ေတြကို မလုပ္​ႏိုင္​မွာ​ေတြကို အစ္​မတို႔က ကာကြယ္​တဲ့အ​ေနနဲ႔ ကာကြယ္​​ေပးၿပီး​ေတာ့ ကိုယ္​့ကိုယ္​ကိုယ္​ ယံုၾကည္​မႈ႐ွိ​ေအာင္​ ျမႇင္​့တင္​​ေပးတဲ့ အဓိက ရည္​ရြယ္​ခ်က္​ပါ


 ဒီ so what? Campaign ဘယ္​​ေလာက္​ သြားမလဲ အထိ အစ္​မက​ေနာက္​က​ေနႁပီး supportလုပ္​​ေပးဖို႔. ဆံုးျဖတ္​ထားပါတယ္​”လို႔ so what? Campaign အ​ေၾကာင္​းနဲ႔ပတ္​သတ္​ၿပီး Campaign ရဲ႕ ရည္​ရြယ္​ခ်က္​​ေတြကို ​ေျပာျပ​ေပးသြားပါတယ္​။ဆက္​လက္​ၿပီး ဓမၼတာလာ​ေနခ်ိန္​မွာ အိမ္​​ေထာင္​​ေရးအဆင္​​ေျပမႈ႐ွိဖို႔ အတြက္​ ဘယ္​လိုလုပ္​သင္​့လဲဆိုတာကို သူမအ​ေနနဲ႔ ” အဲ့ဒါက​ေတာ့ အမ်ိဳးသားၾကားရင္ေတာ့ စိတ္ဆိုးလိမ့္မယ္ အမ ဓမၼတာလာရင္ သူလည္​းလာတယ္၊အမစိတ္ေဖာက္ရင္ သူလည္းလိုက္ေဖာက္တယ္၊ အစ္​မက စိတ္​တိုရင္​ သူလည္​း အၿပိဳင္​တိုတယ္​

အခုအဲ့​ေတာ့ အစ္​မက ဘာလုပ္​လဲဆို​ေတာ့ ဒီ Campaignကို ျပၿပီး​ေတာ့ အစ္​မရဲ႕ အမ်ဳိးသားကို ဒါက တစ္​ကယ္​ႀကီးကို သူ႔စိတ္​ထဲမွာ ဒီအမ်ဳိးသမီး​ေတြက ရာသီလာတဲ့ အခ်ိန္​ စိတ္​တိုတာ စိတ္​​ေဖာက္​တာက အလကားအပို​ေတြ အခြင္​့​ေကာင္​း လိုခ်င္​လို႔ ဒါႀကီးကို အခြင္​့အ​ေရးတစ္​ခုအ​ေနနဲ႔ ယူၿပီး​ေတာ့ သက္​သက္​မဲ့ လုပ္​​ေနတာလို႔ သူက ထင္​​ေနပံုရတယ္​။

အဲ့​ေတာ့ အစ္​မက ဒီအမ်ဳိးသမီး ရာသီလာတာနဲ႔ ပတ္​သက္​ၿပီး တင္​လိုက္​တဲ့ အစ္​မရဲ႕ social influence page​ေလးမွာ တင္​လိုက္​တဲ့ အခါမွာ အမ်ဳိးသမီး​ေတြ အမ်ားႀကီး လာၿပီး​ေတာ့ ​ေရးၾကတယ္​ တစ္​ခါတစ္​​ေလ လူသတ္​ခ်င္​စိတ္​​ေပါက္​တယ္​တဲ့ အ​ေၾကာင္​းအရာမ႐ွိပဲ စိတ္​တိုတယ္​ ငိုခ်င္​တယ္​ တစ္​ခ်ဳိ့​ေတြက်​ေတာ့လည္​း အသိတရား႐ွိၿပီး ကိုယ္​ခ်င္​းမစာနာတဲ့ အ​ေမ ႏွမခ်င္​း မစာနာတဲ့သူ​ေတြက်​ေတာ့ လက္​ဖက္​​ေကြၽးပစ္​မယ္​တို႔ ဘာတို႔ ဒါ မသိလို႔​ေရးတာမဟုတ္​ဘူး သိသိႀကီးနဲ႔ သက္​သက္​မဲ့ အၾကင္​နာတရား မ႐ွိတဲ့လူ​ေတြ ​ေရးသြားတဲ့ Comment​ေတြ​ေတာ့႐ွိတယ္​ အဲ့ဒါမ်ဳိး​ေတြက်​ေတာ့ အစ္​မက လက္​မခံဘူး ဖ်က္​ပစ္​တယ္​ ဒါလည္​း တစ္​ခုႏွစ္​ခု​ေလာက္​ပါပဲ


ဒါ​ေပမယ္​့ တစ္​ကယ္​​ေရးသြားတဲ့သူအကုန္​လံုးက အၾကင္​နာကို နားလည္​မႈကို လိုခ်င္​လို႔ ​ေတာင္​းဆို​ေနၾကတဲ့ အမ်ဳိးသမီး​ေတြ အမ်ားႀကီး႐ွိ​ေနတာကို ​ေတြ႔ရတယ္​ အဲ့​ေတာ့ အစ္​မက အမ်ဳိးသားကို comment​ေတြ သြားဖတ္​ၾကည္​့ဆို​ေတာ့ သူမဖတ္​ရဲဘူး ရတယ္​တဲ့ ၿပီးရင္​ဖတ္​မယ္​ ၿပီးရင္​ဖတ္​မယ္​နဲ႔ အဲ့ဒီ​ေတာ့ ဒီဟာ​ေတြက ကိုယ္​တစ္​​ေယာက္​ထဲ မဟုတ္​ပဲ အမ်ဳိးသမီး​ေတြ အကုန္​လံုးက ​ေတာင္​းဆို​ေနတဲ့ အရာဆိုတာကို သူသိသြားတဲ့ အခ်ိန္​မွာ ဒါက​ေနာက္​ဆံုးျဖစ္​ခဲ့တဲ့ အျဖစ္​အပ်က္​​ေပါ့ ​ေနာက္​လက​ေနစၿပီး​ေတာ့ သူဘာျဖစ္​မလဲ အစ္​မ​ေစာင္​့ၾကည္​့​ေနမယ္​ မၾကင္​နာဘူးဆိုရင္​ ​ေနာက္​တစ္​ခါ ဒီလိုမ်ဳိး interview မွာ ထပ္​ၿပီး​ေျပာအံုးမွာပါ”လို႔ အမ်ဳိးသမီး​ေတြရဲ႕ ဓမၼတာလာခ်ိန္​ျဖစ္​တတ္​တဲ့ စိတ္​ကို ႐ွင္​းျပခဲ့ပါတယ္​

“ဒီလိုကိစၥကိုက မၾကံဳဖူးလို႔ နားမလည္​လို႔ ​ေျပာတာျဖစ္​တဲ့ အတြက္​ ယံုရလည္​း ခက္​မယ္​​ေလ ဘာျဖစ္​လို႔လဲဆို​ေတာ့ ကိုယ္​ကိုယ္​တိုင္​​ေတာင္​ ကိုယ္​့ဘာသာကို သိ​ေနတယ္​ ဘာမွ အ​ေၾကာင္​းအရာလည္​း မ႐ွိ ဝမ္​းနည္​းစရာလည္​း မ႐ွိပဲနဲ ငိုခ်င္​​ေနတယ္​ ဘာမွမဟုတ္​တဲ့ အျဖစ္​​ေသး​ေသး​ေလး စိတ္​တိုစရာမဟုတ္​တဲ့ဟာကို ​ေပါက္​ၿပီး​ေတာ့ ထုခြဲလိုက္​တဲ့ထိကို စိတ္​တိုသြားတဲ့ ကို္​ယ့္​ကိုယ္​ကိုလည္​း နားမလည္​ဘူးဆို​ေတာ့ ကိုယ္​့ကို္​ယ္​ကို္​​ေတာင္​ ဒီလို နားမလည္​​ေလာက္​​ေအာင္​ ဒီလိုမ်ဳိး စိတ္​​ေတြ​ေဖာက္​ျပန္​တာက ​ေဘးနားက တစ္​ခါမွ မၾကံဳဖူး မျဖစ္​ဖူးတဲ့ လူဆိုလို႔႐ွိရင္​ ဘယ္​လိုလုပ္​ၿပီး နားလည္​ႏိုင္​မွာလဲ ဆိုတာကို အစ္​မတို႔ ကို္​ယ္​ခ်င္​းစာၿပီး​ေတြး​ေပးလိုက္​ပါတယ္​ ဒါက​ေတာ့ ကိုယ္​ကို္​ယ္​တိုင္​လည္​း ၾကံဳတဲ့အတြက္​ ကိုယ္​ခ်င္​းလည္​းစာပါတယ္​

အစ္​မတို႔ Gymမွာ ဆိုလို႔႐ွိရင္​ အမ်ဳိးသမီး​ေတြအတြက္​ အမ်ဳိးသမီး ဓမၼတာ စက္​ဝိုင္​းကို တစ္​ခါထဲထည္​့​ေပးထား​ၿပီး​ေတာ့ အစ္​မတို႔ Gymမွာ fitness Diaryဆိုၿပီး​ေတာ့ ႐ွိတယ္​ ကိုယ္​တစ္​​ေန႔ တစ္​​ေန႔ ဘာ​ေတြစားလဲ ဘာ​ေတြ​ေသာက္​လဲ အိပ္​ခ်ိန္​က ဘယ္​​ေလာက္​လဲ ​ေရဘယ္​​ေလာက္​ ​ေသာက္​ထားလဲ ဘာ​ေတြ ဘာ​ေတြ workoutလုပ္​ထားလဲ အဲ့ဒါ​ေတြအကုန္​လံုး workoutလုပ္​ထားတဲ့ အစ္​မတို႔ရဲ႕ အမ်ဳိးသား trainer မ်ားတာ​ေပါ့​​ေနာ္​ ဒီအမ်ဳိးသားtrainer​ေတြနဲ႔ အားကစားလာလုပ္​တဲ့ အမ်ဳိးသမီး​ေတြနဲ႔ ​ေသခ်ာထိုင္​ၿပီး​ေတာ့ ​ေဆြး​ေႏြးရတယ္​ အဲ့အခ်ိန္​က်လို႔႐ွိရင္​ တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ ဒီဓမၼတာလာတဲ့ ကိစၥဘယ္​ရက္​ ဘယ္​ရက္​ ​ေရာက္​​ေနၿပီဆိုတဲ့ စက္​ဝိုင္​း​ေလးမွာ မ႐ွက္​မ​ေၾကာက္​နဲ႔ ​ေဆြး​ေႏြးၾကတယ္​


တစ္​ခါတစ္​​ေလက်​ေတာ့လည္​း အမ်ဳိးသမီး​ေတြက အခြင္​့​ေကာင္​းယူခ်င္​တာ​ေပါ့ ဒီ​ေန႔က​ေတာ့ ဟိုဟာလာမွာမလို႔ မလာ​ေတာ့ဘူး အလုပ္​မလုပ္​ခ်င္​ဘူး​ေပါ့ အဲ့က်​ေတာ့လည္​း အစ္​မတို႔ဆီက အမ်ဳိးသားtrainer​ေတြက အရမ္​းကို ​ေၾကာက္​ၿပီး​ေတာ့ ႐ွက္​ၿပီး​ေတာ့ ဒါက ျဖစ္​​ေနလည္​း လုပ္​လို႔ ရတယ္။အစ္​မကိုယ္​တိုင္​ ပ်င္​း​ေနလို႔ မလုပ္​ခ်င္​ဘူးဆိုလည္​း ဒီရက္​​ေတာ့ နား​ေပးလို႔ ရပါတယ္​ ဒါ​ေပမယ္​့ ဒီဟာကို အ​ေၾကာင္​းျပၿပီး​ေတာ့ အခြင္​့​ေရးယူခ်င္​လို႔ ​ေလ့က်င္​့ခန္​း မလုပ္​ခ်င္​ဘူးလို႔ ကိုယ္​့ကို္​ယ္​ကို မလိမ္​နဲ႔​ေပါ့

အဲ့လိုမ်ဳိး​ေလး​ေတြ​ေပါ့ အစ္​မတို႔က နားလည္​းလည္​​ေပးတယ္​ ပိုၿပီး​ေတာ့လည္​း supportလုပ္​​ေပးတယ္​ ၿပီး​ေတာ့ ကိုယ္​ကိုယ္​တိုင္​ ဆိုရင္​လည္​း တကယ္​မလုပ္​ႏိုင္​တဲ့ ​ေန႔​ေတြဆိုရင္​ အစ္​မ ရာသီလာ​ေနတဲ့ အခ်ိန္​ ​ေလ့က်င္​့ခန္​းလုပ္​လို႔ ရလား တို႔ဘာတို႔ ဆို အစ္​မအ​ေျဖက​ေတာ့ အျမဲတမ္​း တူတူပါပဲ ကို္​ယ္​လုပ္​ႏိုင္​သ​ေလာက္​​ေလးကို ရာသီလာတဲ့အခ်ိန္​ပဲျဖစ္​ျဖစ္​ မလာတဲ့အခ်ိန္​ပဲျဖစ္​ျဖစ္​ ကိုယ္​ႏိုင္​သ​ေလာက္​ကိုပဲ လုပ္​ပါ မႏိုင္​တာကို ဒီထက္​ပို မလုပ္​ပါနဲ႔လို႔ အဲ့​ေတာ့ ကိုယ္​နားခ်င္​တယ္​ဆိုရင္​ နားဖို႔အခြင္​့အ​ေရးက ​ေယာက္​်ား​ေလး​ေတြဆီမွာ မရတဲ့ အခြင္​့အ​ေရးမလို႔ ယူပါလို႔ ​ေျပာခ်င္​ပါတယ္​”ဆိုၿပီး သူမရဲ႕ Gymမွာ ​ေတြ႔ၾကံဳရတဲ့ လာကစားတဲ့သူ​ေတြအ​ေၾကာင္​းလည္​း ​ေျပာျပသြားခဲ့ပါတယ္​။

“က်န္​းမာ​ေရးအတြက္​ ဒီအသားအ​ေရၾကည္​လင္​ဖို႔ ခႏၶာကို္​ယ္​ အခ်ဳိးအစား ဒါ​ေတြအကုန္​လံုးက ခႏၶာကိုယ္​ထဲမွာ ႐ွိတဲ့ ​ေဟာ္​မုန္​း​ေတြက ထိန္​းခ်ဳပ္​ထားတာပါ အဲ့​ေတာ့ ဒီခႏၶာကို္​ယ္​ထဲမွာ ႐ွိတဲ့ ​ေဟာ္​မုန္​း​ေတြကို အျပင္​က Chemical ​ေဟာ္​မုန္​း​ေတြနဲ႔ မ​ေရာ​ေႏွာပါနဲ႔ မ​ေႏွာင္​့ယွက္​ပစ္​ပါနဲ႔ ခႏၶာကိုယ္​ထဲမွာ႐ွိတဲ့ ​ေဟာ္​မုန္​း​ေတြက ညီညီမ်ွမွ်နဲ႔ လိုသ​ေလာက္​ လည္​ပတ္​​ေနဖို႔အတြက္​ အဓိက အ​ေရးႀကီးတာက​ေတာ့ ​ေလ့က်င္​့ခန္​း လုပ္​ဖို႔ပါပဲ အသားအ​ေရၾကည္​လင္​ဖို႔ ဆိုတာလည္​း ဒီ​ေဟာ္​မုန္​း​ေတြက ထိန္​းခ်ဳပ္​ထားတဲ့ အတြက္​ ​ေလ့က်င္​့ခန္​း လုပ္​တာဟာ အသား​ေရအတြက္​​ေရာ ခႏၶာကိုယ္​အခ်ဳိးအစားအတြက္​​ေရာ က်န္​းမာ​ေရး ဒီခႏၶာကိုယ္​မွာ လိုအပ္​တဲ့က်န္​းမာ​ေရးအတြက္​ ႏုပ်ဳိဖို႔ ႀကီးထြားမႈ ဒါ​ေတြအကုန္​လံုးကို ထိန္​းခ်ဳပ္​ထားတာျဖစ္​တဲ့ အတြက္​ ​ေလ့က်င္​့ခန္​းလုပ္​ဖို႔ မ​ေမ့ပါနဲ႔ ​ေရမ်ားမ်ား​ေသာက္​ပါ


 အသားရည္​အတြက္​​ေရာ အ႐ိုး​ေတြ အတြက္​​ေရာ သန္​မာၿပီး စို​ေျပ​ေနဖို႔အတြက္​က ႏို႔စစ္​စစ္​ကို​ေသာက္​ပါ ဒီႏို႔စစ္​စစ္​ထဲမွာ ပါတဲ့ ​ေကာင္​းတဲ့ bacteria ​ေတြက လူရဲ႕ ႏုပ်ဳိမႈကို အရမ္​းအ​ေထာက္​အကူျပဳ​ေပးထားပါတယ္​ အဲ့​ေတာ့ ​ေရ​ေသာက္​ပါ ႏို႔​ေသာက္​ပါ stressမမ်ားပါ​ေစနဲ႔ အိပ္​​ေရးဝဝ အိပ္​ပါလို႔” က်န္​းမာ​ေရးနဲ႔ပတ္​သက္​ၿပီး အၾကံ​ေပးသြားခဲ့ပါတယ္

Credit: Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီနေ့မှာတော့ မြန်မာနိုင်ငံက အမျိုးသမီးပရိတ်သတ်တွေ လေးစားအားကျရတဲ့ မော်ဒယ် သန္တာလှိုင်ရဲ့ So what?အစီစဉ်မှာ ပါဝင်ဖြစ်ပုံနဲ့ အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ဖြစ်တတ်တဲ့ စိတ်အခြေအနေတွေကို ရှင်းပြသွားပါတယ်။

“So what? Campaign က အစ်မကို မကြာခင် International women’s day မှာ ထုတ်လွှင့်မယ့် မေးခွန်းနဲ့ အဖြေ စကားဝိုင်းလေးမှာ အစ်မရယ် အေးမြတ်သူရယ် နှစ်ယောက် စကားပြောထားတဲ့ စကားဝိုင်းလေးပေါ့ အမျိုးသမီးတွေ ဓမ္မတာလာတာနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုး ခံစားကြမလဲ ဘယ်လိုမျိုးအခက်အခဲတွေ ကြုံတွေ့ရတတ်လဲ ဘယ်လိုဖြစ်သင့်လဲ ဒါကဘာလဲဆိုတဲ့ အကြောင်းအရာတွေကို သေချာ အသေးစိတ် မိသားစုတွေရှေ့မှာ ဘယ်လိုဖြတ်သန်းရလဲ ဆိုတာကို ဆွေးနွေးထားတဲ့ ပျော်စရာလည်း ကောင်းတဲ့ ရယ်စရာလည်း ကောင်းတဲ့ စကားဝိုင်းလေး စပြီးလုပ်ထဲက ဒီ So what? Campaign နဲ့ လုပ်ခဲ့တာပါ


So what? Campaignရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးဆိုတာ အမျိုးသမီးဖြစ်လာရင် ဒါဟာ ဂုဏ်ယူစရာပါ အဲ့ဒါကြောင့်မလို့ ဓမ္မတာလာတာဟာ အမျိုးသမီးတွေအတွက် ကျန်းမာရေးညီညွတ်တဲ့ ဂုဏ်ယူစရာတစ်ခုပါ ရှက်စရာ မဟုတ်ပါဘူး ဆိုတာကို မြန်မာအမျိုးသမီးတွေ ဂုဏ်ယူတတ်အောင် ရှက်စရာကြောက်စရာမလိုပဲ ကိုယ်လုပ်စရာရှိတာတွေကို ဒီအရှက်အကြောက်တရားကြောင့် အနှောင့်အယှက်တွေဖြစ်ပြီး လုပ်စရာရှိတဲ့အရာတွေကို မလုပ်နိုင်မှာတွေကို အစ်မတို့က ကာကွယ်တဲ့အနေနဲ့ ကာကွယ်ပေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် မြှင့်တင်ပေးတဲ့ အဓိက ရည်ရွယ်ချက်ပါ

 ဒီ so what? Campaign ဘယ်လောက် သွားမလဲ အထိ အစ်မကနောက်ကနေပြီး supportလုပ်ပေးဖို့. ဆုံးဖြတ်ထားပါတယ်”လို့ so what? Campaign အကြောင်းနဲ့ပတ်သတ်ပြီး Campaign ရဲ့ ရည်ရွယ်ချက်တွေကို ပြောပြပေးသွားပါတယ်။ဆက်လက်ပြီး ဓမ္မတာလာနေချိန်မှာ အိမ်ထောင်ရေးအဆင်ပြေမှုရှိဖို့ အတွက် ဘယ်လိုလုပ်သင့်လဲဆိုတာကို သူမအနေနဲ့ ” အဲ့ဒါကတော့ အမျိုးသားကြားရင်တော့ စိတ်ဆိုးလိမ့်မယ် အမ ဓမ္မတာလာရင် သူလည်းလာတယ်၊အမစိတ်ဖောက်ရင် သူလည်းလိုက်ဖောက်တယ်၊ အစ်မက စိတ်တိုရင် သူလည်း အပြိုင်တိုတယ်

အခုအဲ့တော့ အစ်မက ဘာလုပ်လဲဆိုတော့ ဒီ Campaignကို ပြပြီးတော့ အစ်မရဲ့ အမျိုးသားကို ဒါက တစ်ကယ်ကြီးကို သူ့စိတ်ထဲမှာ ဒီအမျိုးသမီးတွေက ရာသီလာတဲ့ အချိန် စိတ်တိုတာ စိတ်ဖောက်တာက အလကားအပိုတွေ အခွင့်ကောင်း လိုချင်လို့ ဒါကြီးကို အခွင့်အရေးတစ်ခုအနေနဲ့ ယူပြီးတော့ သက်သက်မဲ့ လုပ်နေတာလို့ သူက ထင်နေပုံရတယ်။




အဲ့တော့ အစ်မက ဒီအမျိုးသမီး ရာသီလာတာနဲ့ ပတ်သက်ပြီး တင်လိုက်တဲ့ အစ်မရဲ့ social influence pageလေးမှာ တင်လိုက်တဲ့ အခါမှာ အမျိုးသမီးတွေ အများကြီး လာပြီးတော့ ရေးကြတယ် တစ်ခါတစ်လေ လူသတ်ချင်စိတ်ပေါက်တယ်တဲ့ အကြောင်းအရာမရှိပဲ စိတ်တိုတယ် ငိုချင်တယ် တစ်ချို့တွေကျတော့လည်း အသိတရားရှိပြီး ကိုယ်ချင်းမစာနာတဲ့ အမေ နှမချင်း မစာနာတဲ့သူတွေကျတော့ လက်ဖက်ကျွေးပစ်မယ်တို့ ဘာတို့ ဒါ မသိလို့ရေးတာမဟုတ်ဘူး သိသိကြီးနဲ့ သက်သက်မဲ့ အကြင်နာတရား မရှိတဲ့လူတွေ ရေးသွားတဲ့ Commentတွေတော့ရှိတယ် အဲ့ဒါမျိုးတွေကျတော့ အစ်မက လက်မခံဘူး ဖျက်ပစ်တယ် ဒါလည်း တစ်ခုနှစ်ခုလောက်ပါပဲ

ဒါပေမယ့် တစ်ကယ်ရေးသွားတဲ့သူအကုန်လုံးက အကြင်နာကို နားလည်မှုကို လိုချင်လို့ တောင်းဆိုနေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတာကို တွေ့ရတယ် အဲ့တော့ အစ်မက အမျိုးသားကို commentတွေ သွားဖတ်ကြည့်ဆိုတော့ သူမဖတ်ရဲဘူး ရတယ်တဲ့ ပြီးရင်ဖတ်မယ် ပြီးရင်ဖတ်မယ်နဲ့ အဲ့ဒီတော့ ဒီဟာတွေက ကိုယ်တစ်ယောက်ထဲ မဟုတ်ပဲ အမျိုးသမီးတွေ အကုန်လုံးက တောင်းဆိုနေတဲ့ အရာဆိုတာကို သူသိသွားတဲ့ အချိန်မှာ ဒါကနောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပေါ့ နောက်လကနေစပြီးတော့ သူဘာဖြစ်မလဲ အစ်မစောင့်ကြည့်နေမယ် မကြင်နာဘူးဆိုရင် နောက်တစ်ခါ ဒီလိုမျိုး interview မှာ ထပ်ပြီးပြောအုံးမှာပါ”လို့ အမျိုးသမီးတွေရဲ့ ဓမ္မတာလာချိန်ဖြစ်တတ်တဲ့ စိတ်ကို ရှင်းပြခဲ့ပါတယ်

“ဒီလိုကိစ္စကိုက မကြုံဖူးလို့ နားမလည်လို့ ပြောတာဖြစ်တဲ့ အတွက် ယုံရလည်း ခက်မယ်လေ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ဘာသာကို သိနေတယ် ဘာမှ အကြောင်းအရာလည်း မရှိ ဝမ်းနည်းစရာလည်း မရှိပဲနဲ ငိုချင်နေတယ် ဘာမှမဟုတ်တဲ့ အဖြစ်သေးသေးလေး စိတ်တိုစရာမဟုတ်တဲ့ဟာကို ပေါက်ပြီးတော့ ထုခွဲလိုက်တဲ့ထိကို စိတ်တိုသွားတဲ့ ကိုယ့်ကိုယ်ကိုလည်း နားမလည်ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုတောင် ဒီလို နားမလည်လောက်အောင် ဒီလိုမျိုး စိတ်တွေဖောက်ပြန်တာက ဘေးနားက တစ်ခါမှ မကြုံဖူး မဖြစ်ဖူးတဲ့ လူဆိုလို့ရှိရင် ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ ဆိုတာကို အစ်မတို့ ကိုယ်ချင်းစာပြီးတွေးပေးလိုက်ပါတယ် ဒါကတော့ ကိုယ်ကိုယ်တိုင်လည်း ကြုံတဲ့အတွက် ကိုယ်ချင်းလည်းစာပါတယ်


အစ်မတို့ Gymမှာ ဆိုလို့ရှိရင် အမျိုးသမီးတွေအတွက် အမျိုးသမီး ဓမ္မတာ စက်ဝိုင်းကို တစ်ခါထဲထည့်ပေးထားပြီးတော့ အစ်မတို့ Gymမှာ fitness Diaryဆိုပြီးတော့ ရှိတယ် ကိုယ်တစ်နေ့ တစ်နေ့ ဘာတွေစားလဲ ဘာတွေသောက်လဲ အိပ်ချိန်က ဘယ်လောက်လဲ ရေဘယ်လောက် သောက်ထားလဲ ဘာတွေ ဘာတွေ workoutလုပ်ထားလဲ အဲ့ဒါတွေအကုန်လုံး workoutလုပ်ထားတဲ့ အစ်မတို့ရဲ့ အမျိုးသား trainer များတာပေါ့နော် ဒီအမျိုးသားtrainerတွေနဲ့ အားကစားလာလုပ်တဲ့ အမျိုးသမီးတွေနဲ့ သေချာထိုင်ပြီးတော့ ဆွေးနွေးရတယ် အဲ့အချိန်ကျလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ဒီဓမ္မတာလာတဲ့ ကိစ္စဘယ်ရက် ဘယ်ရက် ရောက်နေပြီဆိုတဲ့ စက်ဝိုင်းလေးမှာ မရှက်မကြောက်နဲ့ ဆွေးနွေးကြတယ်

တစ်ခါတစ်လေကျတော့လည်း အမျိုးသမီးတွေက အခွင့်ကောင်းယူချင်တာပေါ့ ဒီနေ့ကတော့ ဟိုဟာလာမှာမလို့ မလာတော့ဘူး အလုပ်မလုပ်ချင်ဘူးပေါ့ အဲ့ကျတော့လည်း အစ်မတို့ဆီက အမျိုးသားtrainerတွေက အရမ်းကို ကြောက်ပြီးတော့ ရှက်ပြီးတော့ ဒါက ဖြစ်နေလည်း လုပ်လို့ ရတယ်။အစ်မကိုယ်တိုင် ပျင်းနေလို့ မလုပ်ချင်ဘူးဆိုလည်း ဒီရက်တော့ နားပေးလို့ ရပါတယ် ဒါပေမယ့် ဒီဟာကို အကြောင်းပြပြီးတော့ အခွင့်ရေးယူချင်လို့ လေ့ကျင့်ခန်း မလုပ်ချင်ဘူးလို့ ကိုယ့်ကိုယ်ကို မလိမ်နဲ့ပေါ့

အဲ့လိုမျိုးလေးတွေပေါ့ အစ်မတို့က နားလည်းလည်ပေးတယ် ပိုပြီးတော့လည်း supportလုပ်ပေးတယ် ပြီးတော့ ကိုယ်ကိုယ်တိုင် ဆိုရင်လည်း တကယ်မလုပ်နိုင်တဲ့ နေ့တွေဆိုရင် အစ်မ ရာသီလာနေတဲ့ အချိန် လေ့ကျင့်ခန်းလုပ်လို့ ရလား တို့ဘာတို့ ဆို အစ်မအဖြေကတော့ အမြဲတမ်း တူတူပါပဲ ကိုယ်လုပ်နိုင်သလောက်လေးကို ရာသီလာတဲ့အချိန်ပဲဖြစ်ဖြစ် မလာတဲ့အချိန်ပဲဖြစ်ဖြစ် ကိုယ်နိုင်သလောက်ကိုပဲ လုပ်ပါ မနိုင်တာကို ဒီထက်ပို မလုပ်ပါနဲ့လို့ အဲ့တော့ ကိုယ်နားချင်တယ်ဆိုရင် နားဖို့အခွင့်အရေးက ယောက်ျားလေးတွေဆီမှာ မရတဲ့ အခွင့်အရေးမလို့ ယူပါလို့ ပြောချင်ပါတယ်”ဆိုပြီး သူမရဲ့ Gymမှာ တွေ့ကြုံရတဲ့ လာကစားတဲ့သူတွေအကြောင်းလည်း ပြောပြသွားခဲ့ပါတယ်။


“ကျန်းမာရေးအတွက် ဒီအသားအရေကြည်လင်ဖို့ ခန္ဓာကိုယ် အချိုးအစား ဒါတွေအကုန်လုံးက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ထိန်းချုပ်ထားတာပါ အဲ့တော့ ဒီခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေကို အပြင်က Chemical ဟော်မုန်းတွေနဲ့ မရောနှောပါနဲ့ မနှောင့်ယှက်ပစ်ပါနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းတွေက ညီညီမျှမျှနဲ့ လိုသလောက် လည်ပတ်နေဖို့အတွက် အဓိက အရေးကြီးတာကတော့ လေ့ကျင့်ခန်း လုပ်ဖို့ပါပဲ အသားအရေကြည်လင်ဖို့ ဆိုတာလည်း ဒီဟော်မုန်းတွေက ထိန်းချုပ်ထားတဲ့ အတွက် လေ့ကျင့်ခန်း လုပ်တာဟာ အသားရေအတွက်ရော ခန္ဓာကိုယ်အချိုးအစားအတွက်ရော ကျန်းမာရေး ဒီခန္ဓာကိုယ်မှာ လိုအပ်တဲ့ကျန်းမာရေးအတွက် နုပျိုဖို့ ကြီးထွားမှု ဒါတွေအကုန်လုံးကို ထိန်းချုပ်ထားတာဖြစ်တဲ့ အတွက် လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့ ရေများများသောက်ပါ

 အသားရည်အတွက်ရော အရိုးတွေ အတွက်ရော သန်မာပြီး စိုပြေနေဖို့အတွက်က နို့စစ်စစ်ကိုသောက်ပါ ဒီနို့စစ်စစ်ထဲမှာ ပါတဲ့ ကောင်းတဲ့ bacteria တွေက လူရဲ့ နုပျိုမှုကို အရမ်းအထောက်အကူပြုပေးထားပါတယ် အဲ့တော့ ရေသောက်ပါ နို့သောက်ပါ stressမများပါစေနဲ့ အိပ်ရေးဝဝ အိပ်ပါလို့” ကျန်းမာရေးနဲ့ပတ်သက်ပြီး အကြံပေးသွားခဲ့ပါတယ်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top