iMyanmarHouse.com - Best Property Website for Myanmar
×


ေနေရာင္ျခည္ထဲမွာပါဝင္တဲ့ UV-A နဲ႔ UV-B ခရမ္းလြန္ေရာင္ျခည္ ၂မ်ိဳးဟာ အသား အေရကို မဲေျခာက္ျပီး ၾကမ္းတမ္းေစတယ္။ အေရးအေၾကာင္း ထြက္လာျပီး လူကို အိုမင္းရင့္ေရာ္ေစတယ္။ ဒါ့အျပင္ တျခား အေရျပားဆိုင္ရာ က်န္းမာေရးျပႆနာ ေတြ၊ အေရျပားကင္ဆာေတြပါ ျဖစ္လာႏိုင္သည္အထိ ဒုကၡေပးႏိုင္ပါတယ္။

ဒီလို ခရမ္းလြန္ေရာင္ျခည္ကို ထိေရာက္စြာ ကာကြယ္ေပးႏိုင္ဖို႔ ေနေလာင္ကာ လိမ္းေဆးကို အျပင္ထြက္တိုင္း လိမ္းေပးၾကပါတယ္။

ေနေလာင္ဒဏ္ကို ကာကြယ္ေပးႏိုင္တယ္ဆိုတိုင္းလည္း ေနေလာင္ကာလိမ္း ေဆးေတြရဲ႕ တျခား ေဘးထြက္ဆိုးက်ိဳးေတြ၊ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို လ်စ္လ်ဴ ရႈထားလို႔ မျဖစ္ပါဘူး။ ဒီေဆာင္းပါးေလးမွာေတာ့ ေနေလာင္ကာလိမ္းေဆးနဲ႔ ပတ္ သက္ျပီး သိထားသင့္တဲ့ အေၾကာင္းအရာေတြကို ဗဟုသုတအေနနဲ႔ ေျပာျပေပး သြားမွာ ျဖစ္ပါတယ္။

၁။ အလွကုန္ပစၥည္း၊ အသားအေရထိန္းသိမ္းတဲ့ ေဆးေတြ အသံုးမျပဳခင္ ကိုယ္နဲ႔ ဓာတ္တည့္၊ မတည့္ အရင္ဆံုး လက္မွာ စမ္းသပ္ၾကည့္ပါ။ မိနစ္အနည္းငယ္အ တြင္း ယားယံျပီး အသားအေရနီရဲလာတယ္။ အဖုအပိမ့္ေတြ ထလာတယ္။ အသား အေရာင္ ေျပာင္းသြားတယ္ဆိုရင္ သံုးစြဲဖို႔ မသင့္ပါဘူး။

၂။ ၆လ မျပည့္ေသးတဲ့ ကေလးေတြကို ေနေရာင္ျခည္နဲ႔ ေပးမထိသင့္သလို ေန ေလာင္ကာခရင္မ္ေတြလည္း မလိမ္းေပးသင့္ပါဘူ။ အဲ့ဒီအရြယ္ဟာ အသားအေရ အလြန္ ႏုနယ္ျပီး ထိခိုက္ပ်က္စီးဖို႔၊ ေဘးထြက္ဆိုးက်ိဳး ျဖစ္ေစဖို႔ ပိုမိုလြယ္ကူတာ ေၾကာင့္ ျဖစ္ပါတယ္။

၃။ အသက္ၾကီးလာတာေၾကာင့္ အိမ္ျပင္ သိပ္မထြက္ေတာ့တဲ့ လူၾကီးမိဘ၊ သက္ၾကီးရြယ္အိုေတြကို ေနေလာင္ကာခရင္မ္ မၾကာခဏ လိမ္းေပးတာမ်ိဳး မလုပ္သင့္ပါဘူး။ မနက္ေစာေစာ လမ္းေပးေလွ်ာက္တာမ်ိိဳး၊ အိမ္ပတ္ဝန္းက်င္မွာ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ဖို႔ ကူညီတိုက္တြန္းေပးပါ။

ဗီတာမင္ ဒီ ဓာတ္ ပါဝင္မႈ မ်ားတဲ့ ႏြားႏို႔၊ ငါး၊ ျဖည့္စြက္အားေဆးေတြကို ေသခ်ာ ေကၽြးေပးဖို႔လည္း လိုအပ္ပါတယ္။ အားေဆးအတြက္ကိုေတာ့ ျပသေနက် ဆရာ ဝန္နဲ႔ အရင္တိုင္ပင္ျပီးမွ တိုက္တာ အေကာင္းဆံုးပါပဲ။

၄။ ေနေလာင္ကာခရင္မ္ကို တျခား အေရျပားလိမ္းေဆးေတြနဲ႔ တြဲျပီး မလိမ္းသင့္ ပါဘူး။ မတူညီတဲ့ ေဆး ၂မ်ိဳး ေရာလိမ္းတဲ့အခါ အာနိသင္ျပယ္သြားတာ၊ ဓာတ္မ တည့္တာ၊ အေရျပား ထိခိုက္ပ်က္စီးေစတာ၊ ရွိျပီးသား အေရျပားျပႆနာက ပိုဆိုးလာတာမ်ိ်ဳး ျဖစ္ႏိုင္ပါတယ္။

၅။ ကိုယ္သြားမယ့္ ေနရာေဒသေပၚ မူတည္ျပီး ေနေလာင္ကာခရင္မ္ရဲ႕ SPF ပမာဏကို ညွိသင့္ပါတယ္။ ဥပမာ – ပံုမွန္ေျမျပန္႔ေတြမွာဆိုရင္ SPF 15 ပါဝင္တဲ့ ေနေလာင္ကာလိမ္းေဆးေလာက္နဲ႔ ရေပမဲ့ ေတာင္ေပၚေဒသ၊ ေနနဲ႔ ထိေတြ႔မႈပိုမ်ားတဲ့ေနရာေတြ၊ ပူလြန္းတဲ့ အရပ္ေဒသေတြကို သြားေတာ့မယ္ဆိုရင္ SPF 15 ထက္ ပိုမ်ားျပီး ေရစိုခံတဲ့ ေနေလာင္ကာခရင္မ္မ်ိဳး လိမ္းေပးသင့္ပါတယ္။

၆။ ေနေလာင္ဒဏ္ေၾကာင့္ အသားအေရထိခိုက္မႈကို မျဖစ္ေစဖို႔ UV-A နဲ႔ UV-B ၂မ်ိဳးလံုးကို ကာကြယ္ေပးႏိုင္တဲ့ ေနေလာင္ကာခရင္မ္မ်ိဳး ဝယ္ယူအသံုးျပဳေပးပါ။ လိမ္းတဲ့အခါမွာလည္း မ်က္ႏွာ၊ လည္ပင္း၊ ဂုတ္သားအျပင္ တျခားေနေရာင္ျခည္နဲ႔ ထိေတြ႔ႏိုင္တဲ့ ကိုယ္လက္အဂၤါအစိတ္အပိုင္းေတြကိုပါ လိမ္းေပးဖို႔ လိုပါတယ္။

၇။ ေနပူထဲ အျပင္မထြက္ခင္ မိနစ္ ၃၀ခန္႔ ၾကိဳတင္ျပီး ေနေလာင္ကာခရင္မ္ လိမ္းေပးရပါမယ္။ ေခၽြးအလြန္ထြက္တာမ်ိဳး၊ ေရကူးျပီးတဲ့အခါမ်ိဳးမွာ မ်က္ႏွာေပၚက ေနေလာင္ကာခရင္မ္ေတြ ပ်က္သြားႏိုင္တဲ့အတြက္ ထပ္ျပီး လိမ္းေပးဖို႔ လိုပါတယ္။

၈။ ခႏၶာကိုယ္ ျပင္ပအေရျပားအတြက္သာ အသံုးျပဳရမွာ ျဖစ္ျပီး မ်က္လံုးထဲ၊ ပါးစပ္ထဲ မဝင္ေစဖို႔ ေသခ်ာ ဂရုစိုက္ေပးပါ။ ကေလးငယ္ေလးေတြ အလြယ္တကူ လက္လွမ္းမမီေလာက္တဲ့ ေနရာမွာ သိမ္းထားပါ။ ပူလြန္းတဲ့ ေနရာေတြ၊ ေနေရာင္ျခည္ေအာက္ တည့္တည့္မွာ ထားရင္ အာနိသင္ပ်က္သြားႏိုင္လို႔ အခန္းအပူခ်ိန္မွာပဲ သိမ္းဆည္းေပးပါ။ သက္တမ္းကုန္ဆံုးသြားတဲ့ အလွကုန္ပစၥည္းေတြကို လႊင့္ပစ္လိုက္ပါ။

ေနေလာင္ကာလိမ္းေဆးေၾကာင့္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေစနိုင္လား။

ပံုမွန္အားျဖင့္ ေနေလာင္ကာလိမ္းေဆးေၾကာင့္ အသားအေရအတြက္ ျပႆနာ မျဖစ္ေစႏိုင္ေပမဲ့ ကိုယ္သံုးေနတဲ့ တံဆိပ္ေၾကာင့္ အေရျပားေပၚမွာ ဝက္ျခံ၊ အဖုအပိမ့္ေတြ၊ ပူစပ္ပူေလာင္၊ ယားယံတာ၊ အသားထဲက စူးတာ၊ နီရဲျပီး ေယာင္လာတာ၊ အနီကြက္ေတြ ထလာတာ၊ အေမြးအမွ်င္ရွိတဲ့ ေနရာေတြမွာ စပ္တာ၊ ေမြးညွင္းေပါက္ကေန ျပည္ေတြ ထြက္လာတာမ်ိဳးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

ဒီလိုလကၡဏာေတြဟာ သိပ္ျပီး စိုးရိမ္စရာမရွိဘဲ အနည္းငယ္ ကုသလိုက္ရံု၊ လိမ္းေဆးနဲ႔ အေရျပား အသားက်သြားရင္ ေပ်ာက္သြားမွာပါ။

Credit: hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


နေရောင်ခြည်ထဲမှာပါဝင်တဲ့ UV-A နဲ့ UV-B ခရမ်းလွန်ရောင်ခြည် ၂မျိုးဟာ အသား အရေကို မဲခြောက်ပြီး ကြမ်းတမ်းစေတယ်။ အရေးအကြောင်း ထွက်လာပြီး လူကို အိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် တခြား အရေပြားဆိုင်ရာ ကျန်းမာရေးပြဿနာ တွေ၊ အရေပြားကင်ဆာတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

ဒီလို ခရမ်းလွန်ရောင်ခြည်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နေလောင်ကာ လိမ်းဆေးကို အပြင်ထွက်တိုင်း လိမ်းပေးကြပါတယ်။

နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတိုင်းလည်း နေလောင်ကာလိမ်း ဆေးတွေရဲ့ တခြား ဘေးထွက်ဆိုးကျိုးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လျစ်လျူ ရှုထားလို့ မဖြစ်ပါဘူး။ ဒီဆောင်းပါးလေးမှာတော့ နေလောင်ကာလိမ်းဆေးနဲ့ ပတ် သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေး သွားမှာ ဖြစ်ပါတယ်။

၁။ အလှကုန်ပစ္စည်း၊ အသားအရေထိန်းသိမ်းတဲ့ ဆေးတွေ အသုံးမပြုခင် ကိုယ်နဲ့ ဓာတ်တည့်၊ မတည့် အရင်ဆုံး လက်မှာ စမ်းသပ်ကြည့်ပါ။ မိနစ်အနည်းငယ်အ တွင်း ယားယံပြီး အသားအရေနီရဲလာတယ်။ အဖုအပိမ့်တွေ ထလာတယ်။ အသား အရောင် ပြောင်းသွားတယ်ဆိုရင် သုံးစွဲဖို့ မသင့်ပါဘူး။

၂။ ၆လ မပြည့်သေးတဲ့ ကလေးတွေကို နေရောင်ခြည်နဲ့ ပေးမထိသင့်သလို နေ လောင်ကာခရင်မ်တွေလည်း မလိမ်းပေးသင့်ပါဘူ။ အဲ့ဒီအရွယ်ဟာ အသားအရေ အလွန် နုနယ်ပြီး ထိခိုက်ပျက်စီးဖို့၊ ဘေးထွက်ဆိုးကျိုး ဖြစ်စေဖို့ ပိုမိုလွယ်ကူတာ ကြောင့် ဖြစ်ပါတယ်။

၃။ အသက်ကြီးလာတာကြောင့် အိမ်ပြင် သိပ်မထွက်တော့တဲ့ လူကြီးမိဘ၊ သက်ကြီးရွယ်အိုတွေကို နေလောင်ကာခရင်မ် မကြာခဏ လိမ်းပေးတာမျိုး မလုပ်သင့်ပါဘူး။ မနက်စောစော လမ်းပေးလျှောက်တာမျိုး၊ အိမ်ပတ်ဝန်းကျင်မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ ကူညီတိုက်တွန်းပေးပါ။

ဗီတာမင် ဒီ ဓာတ် ပါဝင်မှု များတဲ့ နွားနို့၊ ငါး၊ ဖြည့်စွက်အားဆေးတွေကို သေချာ ကျွေးပေးဖို့လည်း လိုအပ်ပါတယ်။ အားဆေးအတွက်ကိုတော့ ပြသနေကျ ဆရာ ဝန်နဲ့ အရင်တိုင်ပင်ပြီးမှ တိုက်တာ အကောင်းဆုံးပါပဲ။

၄။ နေလောင်ကာခရင်မ်ကို တခြား အရေပြားလိမ်းဆေးတွေနဲ့ တွဲပြီး မလိမ်းသင့် ပါဘူး။ မတူညီတဲ့ ဆေး ၂မျိုး ရောလိမ်းတဲ့အခါ အာနိသင်ပြယ်သွားတာ၊ ဓာတ်မ တည့်တာ၊ အရေပြား ထိခိုက်ပျက်စီးစေတာ၊ ရှိပြီးသား အရေပြားပြဿနာက ပိုဆိုးလာတာမျျိုး ဖြစ်နိုင်ပါတယ်။

၅။ ကိုယ်သွားမယ့် နေရာဒေသပေါ် မူတည်ပြီး နေလောင်ကာခရင်မ်ရဲ့ SPF ပမာဏကို ညှိသင့်ပါတယ်။ ဥပမာ – ပုံမှန်မြေပြန့်တွေမှာဆိုရင် SPF 15 ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးလောက်နဲ့ ရပေမဲ့ တောင်ပေါ်ဒေသ၊ နေနဲ့ ထိတွေ့မှုပိုများတဲ့နေရာတွေ၊ ပူလွန်းတဲ့ အရပ်ဒေသတွေကို သွားတော့မယ်ဆိုရင် SPF 15 ထက် ပိုများပြီး ရေစိုခံတဲ့ နေလောင်ကာခရင်မ်မျိုး လိမ်းပေးသင့်ပါတယ်။

၆။ နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်မှုကို မဖြစ်စေဖို့ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေလောင်ကာခရင်မ်မျိုး ဝယ်ယူအသုံးပြုပေးပါ။ လိမ်းတဲ့အခါမှာလည်း မျက်နှာ၊ လည်ပင်း၊ ဂုတ်သားအပြင် တခြားနေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ လိမ်းပေးဖို့ လိုပါတယ်။

၇။ နေပူထဲ အပြင်မထွက်ခင် မိနစ် ၃၀ခန့် ကြိုတင်ပြီး နေလောင်ကာခရင်မ် လိမ်းပေးရပါမယ်။ ချွေးအလွန်ထွက်တာမျိုး၊ ရေကူးပြီးတဲ့အခါမျိုးမှာ မျက်နှာပေါ်က နေလောင်ကာခရင်မ်တွေ ပျက်သွားနိုင်တဲ့အတွက် ထပ်ပြီး လိမ်းပေးဖို့ လိုပါတယ်။

၈။ ခန္ဓာကိုယ် ပြင်ပအရေပြားအတွက်သာ အသုံးပြုရမှာ ဖြစ်ပြီး မျက်လုံးထဲ၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာ ဂရုစိုက်ပေးပါ။ ကလေးငယ်လေးတွေ အလွယ်တကူ လက်လှမ်းမမီလောက်တဲ့ နေရာမှာ သိမ်းထားပါ။ ပူလွန်းတဲ့ နေရာတွေ၊ နေရောင်ခြည်အောက် တည့်တည့်မှာ ထားရင် အာနိသင်ပျက်သွားနိုင်လို့ အခန်းအပူချိန်မှာပဲ သိမ်းဆည်းပေးပါ။ သက်တမ်းကုန်ဆုံးသွားတဲ့ အလှကုန်ပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ။

နေလောင်ကာလိမ်းဆေးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လား။

ပုံမှန်အားဖြင့် နေလောင်ကာလိမ်းဆေးကြောင့် အသားအရေအတွက် ပြဿနာ မဖြစ်စေနိုင်ပေမဲ့ ကိုယ်သုံးနေတဲ့ တံဆိပ်ကြောင့် အရေပြားပေါ်မှာ ဝက်ခြံ၊ အဖုအပိမ့်တွေ၊ ပူစပ်ပူလောင်၊ ယားယံတာ၊ အသားထဲက စူးတာ၊ နီရဲပြီး ယောင်လာတာ၊ အနီကွက်တွေ ထလာတာ၊ အမွေးအမျှင်ရှိတဲ့ နေရာတွေမှာ စပ်တာ၊ မွေးညှင်းပေါက်ကနေ ပြည်တွေ ထွက်လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဒီလိုလက္ခဏာတွေဟာ သိပ်ပြီး စိုးရိမ်စရာမရှိဘဲ အနည်းငယ် ကုသလိုက်ရုံ၊ လိမ်းဆေးနဲ့ အရေပြား အသားကျသွားရင် ပျောက်သွားမှာပါ။

Credit: hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top