iMyanmarHouse.com - Best Property Website for Myanmar
×


အားလံုး ဝမ္းမခ်ဳပ္ဘူးတဲ့သူ မရွိဘူးလို႔ထင္ပါတယ္။ ဝမ္းခ်ဳပ္တဲ့ျပႆနာဟာ တ ကယ္ကို စိတ္ရႈပ္ရတဲ့ ျပႆနာတစ္ခုပါ။ ဝမ္းထဲေသြးပါရင္ ပိုလို႕ေတာင္ အထိတ္ တလန္႔ ျဖစ္ရပါေသးတယ္။ ဘာမ်ားျဖစ္ေနျပီလဲ စုိးရိမ္ရလားဆိုျပီးေတာ့ေပါ့။ ဒါ ေၾကာင့္ ဒီေဆာင္းပါးေလးထဲမွာ ဝမ္းထဲ ေသြးပါျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရာ ေတြ ေျပာျပေပးေတာ့မွာပဲ ျဖစ္ပါတယ္ ။ ။

ဝမ္းထဲေသြးပါတာ ႏွစ္မ်ိဳးရွိပါတယ္။

    လတ္လတ္ဆတ္ဆတ္ ေသြးအနီေရာင္ေတြ ဝမ္းထဲပါတာ၊
    ေသြးဝမ္းလို႕ေခၚၾကတဲ့ ဝမ္းမဲမဲေတြ ဆိုျပီး ႏွစ္မ်ိဳးရွိပါတယ္။

ဒီလို ၂ ခုကြဲသြားရျခင္းရဲ႕  အေၾကာင္းအရင္းကေတာ့ ေရာဂါ ျဖစ္တဲ့ေနရာ မတူလုိ႔ပဲ ျဖစ္ပါတယ္။ အူသိမ္အေပၚပိုင္းအစာေျခလမ္းေၾကာင္းကထြက္တဲ့ ေသြးေတြဟာ အစာအိမ္ထဲက အက္ဆစ္နဲ႔ဓာတ္ျပဳျပီး ဝမ္းမဲမဲေတြျဖစ္ သြားေလ့ရွိပါတယ္။

ေသြးအနီေရာင္ လတ္လတ္ဆတ္ဆတ္ကက်ေတာ့ အူသိမ္ေအာက္ပိုင္းအစာေျခ စနစ္မွာ ျပႆနာတစ္ခုခုရွိေနတာေၾကာင့္ ထြက္လာတဲ့ ေသြးေတြပါ။ ဒီေတာ့ ဘယ္လို ျပႆာနာေတြျဖစ္ႏုိင္လဲ ။ ။

ဝမ္းထဲေသြးပါရျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား ။ ။
ဝမ္းထဲ ေသြးနီနီရဲရဲပါရျခင္း အေၾကာင္းမ်ား ။ ။

လိပ္ေခါင္းေရာဂါ – ဝမ္းသြားျပီးေနာက္ပိုင္း ေသြးနီနီရဲရဲေတြ ဆင္းလာတာ၊ ဝမ္းခ်ဳပ္ တာ၊ စအိုနားတစ္ဝိုက္တင္းျပီး ယားယံေနတာမ်ိဳး၊ စမ္းလိုက္ရင္ အလံုးေလးစမ္းမိ တာမ်ိဳးေတြ ရွိျပီဆို လိပ္ေခါင္းေရာဂါျဖစ္ေနပါျပီ။

စအိုဝကြဲျခင္း – ေသြးစေလးေတြ ဝမ္းထဲကပ္ပါေနတာ၊ ဝမ္းသြားျပီး စအိုဝစပ္တာ၊ ဝမ္းခ်ဳပ္လို႕ အရမ္းညွစ္သြားရတာမ်ိဳးေတြရွိရင္ စအိုဝကြဲတာေနတာ ျဖစ္ႏို္င္ပါတယ္။

Diverticulitis ( အူမၾကီး လမ္းေၾကာင္းတစ္ေလွ်ာက္အိတ္ကေလးမ်ား ျဖစ္ျခင္း) –

Diverticulosis လို႕ေခၚတဲ့ အိတ္ထဲက ေသြးေၾကာမွ်င္ေလးေတြ ေဖာင္းျပီး ေပါက္သြားရာမွ ဝမ္းထဲေသြးပါျခင္းျဖစ္ႏုိ္င္ပါတယ္။

Inflammatory Bowel Disease (အူလမ္းေၾကာင္းေရာင္ရမ္းျခင္း )

 IBD ထဲမွာ ulcerative colitis နဲ႔ Crohn’s Disease ဆိုျပီး ႏွစ္မ်ိဳးပါပါတယ္။ အဲဒီအထဲမွာ ulcerative colitis က အူမၾကီးကိုထိတာျဖစ္ျပီး Crohn’s Disease ကေတာ့ အူလမ္းေၾကာင္းတစ္ေလွ်ာက္ ၾကိဳက္တဲ့ေနရာမွာ ျဖစ္ႏုိင္ပါတယ္။ ဒီ ၂ မ်ိဳးလံုးဟာ အူမၾကီးကို သြားထိေစတတ္တာေၾကာင့္ ဝမ္းထဲေသြးပါျခင္းကိုျဖစ္ ေစတတ္ပါတယ္။

အူမၾကီးကင္ဆာ – အူမၾကီးကင္ဆာေၾကာင့္ ဝမ္းထဲေသြးပါတာမ်ိဳးျဖစ္တတ္ ပါတယ္။ သူ႕ရဲ႕လကၡဏာေတြကေတာ့ အရင္တုန္းက ဝမ္းခ်ဳပ္ေပမယ့္ ခုက်ေတာ့ မနက္ပိုင္း ေသြးဝမ္းေပ်ာ့ေပ်ာ့ေတြသြားတာ၊ ဝမ္းသြားျပီး ဝမ္းက်န္သလိုခံစားေနရ တာနဲ႕၊ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္းတာေတြ ပဲ ျဖစ္ပါတယ္။

ဝမ္းမဲမဲသြားရျခင္း အေၾကာင္းအရင္းမ်ား ။ ။

ဝမ္းမဲမဲသြားရျခင္းဟာ အူသိမ္အေပၚပိုင္း အစာေျခစနစ္မွာ ျဖစ္ေနတဲ့ ျပႆနာေတြ ေၾကာင့္ဆိုတာ အေပၚမွာ ေျပာခဲ့ျပီး ျဖစ္ပါတယ္။ ဒီေတာ့ ဝမ္းမဲမဲသြားေစတဲ့ အေၾကာင္းအရင္းေတြက ဘာမ်ားလဲ ။ ။

အစာအိမ္အနာမွ ေသြးယိုျခင္း- အစာအိမ္ေရာင္တဲ့ အဆင့္တင္မဟုတ္ဘဲ အနာပါျဖစ္သြားတဲ့အခါက် အစာတစ္ခါဝင္တုိင္း အနာကို ပြတ္မိျပီး ေသြးထြက္တတ္ပါတယ္။ ဒီေသြးေတြက အစာအိမ္ထဲက အက္ဆစ္နဲ႔ ဓာတ္ျပဳတဲ့အခါက် အနံ႔နံတဲ့ ဝမ္းမဲမဲေတြ အျဖစ္ ဆင္းလာပါေတာ့တယ္။

အစာေရျမိဳျပြန္မွ ေသြးေၾကာထံုးမ်ား – အသည္းေရာဂါရဲ႕ ေနာက္ဆက္တြဲ ျဖစ္တဲ့ အစာေရျမိဳျပြန္မွ ေသြးေၾကာထံုးေတြေပါက္သြားရာမွ တစ္ဆင့္ ဝမ္းမဲမဲေတြ သြားတတ္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆးမ်ားေၾကာင့္ အစာအိမ္ေသြးယိုျခင္း – အကိုက္အခဲ ေပ်ာက္ေဆးအျပင္းစားကို အစာမစားဘဲ ေသာက္လုိက္တဲ့အခါ အစာအိမ္နံရံ ေသြးယုိျပီး ဝမ္းမဲမဲေတြ သြားတတ္ပါတယ္။

ဒါေတြကေတာ့ ဝမ္းထဲေသြးပါျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ ပဲ ျဖစ္ပါ တယ္။ ဝမ္းထဲ ေသြးပါတယ္ဆိုတာက အခ်ိန္ၾကာလာရင္ ေသြးအားနည္းျပီး ေသခ်ာ ေဆးကုသမႈ မခံယူရင္ ပိုဆိုးလာတတ္တာေၾကာင့္  မေပါ့ဆဘဲ ဆရာဝန္ဆီသြား တာ အေကာင္းဆံုးပါ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ပြဿနာဟာ တ ကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါရင် ပိုလို့တောင် အထိတ် တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါ ကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာ တွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။

ဝမ်းထဲသွေးပါတာ နှစ်မျိုးရှိပါတယ်။

    လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊
    သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမဲမဲတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒီလို ၂ ခုကွဲသွားရခြင်းရဲ့  အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်းအစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ဓာတ်ပြုပြီး ဝမ်းမဲမဲတွေဖြစ် သွားလေ့ရှိပါတယ်။

သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်းအစာခြေ စနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ ။ ။

ဝမ်းထဲသွေးပါရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။
ဝမ်းထဲ သွေးနီနီရဲရဲပါရခြင်း အကြောင်းများ ။ ။

လိပ်ခေါင်းရောဂါ – ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ် တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင် အလုံးလေးစမ်းမိ တာမျိုးတွေ ရှိပြီဆို လိပ်ခေါင်းရောဂါဖြစ်နေပါပြီ။

စအိုဝကွဲခြင်း – သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝစပ်တာ၊ ဝမ်းချုပ်လို့ အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နိုင်ပါတယ်။

Diverticulitis ( အူမကြီး လမ်းကြောင်းတစ်လျှောက်အိတ်ကလေးများ ဖြစ်ခြင်း) –

Diverticulosis လို့ခေါ်တဲ့ အိတ်ထဲက သွေးကြောမျှင်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။

Inflammatory Bowel Disease (အူလမ်းကြောင်းရောင်ရမ်းခြင်း )

 IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။ အဲဒီအထဲမှာ ulcerative colitis က အူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့ အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာ အူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ် စေတတ်ပါတယ်။

အူမကြီးကင်ဆာ – အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုးဖြစ်တတ် ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရ တာနဲ့၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေ ပဲ ဖြစ်ပါတယ်။

ဝမ်းမဲမဲသွားရခြင်း အကြောင်းအရင်းများ ။ ။

ဝမ်းမဲမဲသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမဲမဲသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ ။ ။

အစာအိမ်အနာမှ သွေးယိုခြင်း- အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမဲမဲတွေ အဖြစ် ဆင်းလာပါတော့တယ်။

အစာရေမြိုပြွန်မှ သွေးကြောထုံးများ – အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေပေါက်သွားရာမှ တစ်ဆင့် ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။

အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်သွေးယိုခြင်း – အကိုက်အခဲ ပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမဲမဲတွေ သွားတတ်ပါတယ်။

ဒါတွေကတော့ ဝမ်းထဲသွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါ တယ်။ ဝမ်းထဲ သွေးပါတယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာ ဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့်  မပေါ့ဆဘဲ ဆရာဝန်ဆီသွား တာ အကောင်းဆုံးပါ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top