iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲမဂၤလာပါေနာ္။ ခရီးသြားတဲ့အခါ ကိုယ္အရင္က မျမင္ဖူးတာ၊ မေတြ႕ဖူးတာ၊ မထိေတြ႕ဖူးတဲ့အရာေတြ၊ အေတြ႕အႀကံဳသစ္ေတြအမ်ားႀကီးရရွိၿပီး သင့္ကို ပိုၿပီးေပ်ာ္ရႊင္လာေစတယ္။ ပိုၿပီးလည္း ေက်နပ္လာေစပါတယ္။ လူျဖစ္ရတာတန္တယ္လုိ႔လည္း ထင္လာပါတယ္။

ခရီးသြားတဲ့အခါ အမ်ားအားျဖင့္ ဝမ္းခ်ဳပ္တာမ်ိဳး၊ အိပ္လို႔မရတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုမၿဖစ္ေအာင္ ခရီးသြားတဲ့အခါ က်န္းမာေအာင္ဘယ္လိုေနမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္ေနာ္။

၁။ အိပ္ေရးဝေအာင္အိပ္ပါ

စိတ္ကိုေလွ်ာ့ထားလိုက္ပါ။ စိုးရိမ္စရာ ပူပန္စရာေတြကို ေမ့ထားလိုက္ပါ။ စိတ္ကိုသက္ေသာင့္သက္သာထားၿပီး အိပ္ေရးဝဝအိပ္သင့္ပါတယ္။ သင့္ခႏၶာကိုယ္ကလည္း တစ္ေနကုန္ေလွ်ာက္သြားထားလို႔ ပင္ပန္းေနပါၿပီ။ ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ပါ။

၂။ အခ်ိန္ရရင္ လမ္းေလွ်ာက္ပါ

တကူးတက အခ်ိန္ေပးၿပီးလမ္းမေလွ်ာက္ရင္ေတာင္ ကိုယ္မေရာက္ဖူးတဲ့ေနရာေတြကို လမ္းေလွ်ာက္ၿပီးသြားပါ။ စူးစမ္းေလ့လာၿပီး ေလွ်ာက္ၾကည့္ပါ။ ခရီးသြားရင္ ႀကိဳက္တဲ့အစားအစာေတြ အမ်ားႀကီးစားတတ္တယ္မလား။ ဆိုေတာ့ ဝလာလိမ့္မယ္ေနာ္။ ဒါ့ေၾကာင့္ အခ်ိန္ရရင္လမ္းေလွ်ာက္ၿပီးသြားပါ။

၃။ မနက္စာ ျပည့္ျပည့္ဝဝစားပါ

မနက္စာဟာ သိပ္ကိုအေရးႀကီးပါတယ္။ သင္တစ္ေန႔တာလံုး ေလွ်ာက္သြားမယ္။ လာမယ္။ ဒါ့ေၾကာင့္ အားအင္ျပည့္ေနဖို႔လိုအပ္တယ္။ ဆိုေတာ့ မနက္စာကို ျပည္ျပည့္ဝဝစားပါ။ အိပ္ယာထေနာက္က်ရင္ေတာ့ ေပါ့ေပါ့ပါးပါးပဲစားပါ။ ေန႔လည္စာကို အရမ္းေနာက္မက်ေအာင္ဂရုစိုက္ပါ။

၄။ အသီးအရြက္မ်ားမ်ား အသားနည္းနည္းစားပါ

အသီးအရြက္ေတြမ်ားမ်ားစားပါ။ ခရီးသြားတဲ့အခ်ိန္မွာ ေငြကိုပိုသံုးတတ္ေလ့ရွိၾကပါတယ္။ ဒါ့ေၾကာင့္ အသားဟင္းေတြ၊ ေစ်းပိုႀကီးတဲ့ ဟင္းလ်ာေတြ စားသံုးေလ့ရွိၾကပါတယ္။ အဲဒီထက္ အသီးအရြက္ေတြ မ်ားမ်ားပိုစားပါ။ ထမင္းစားၿပီးရင္ အသီးစားပါ။

၅။ ေရေသာက္ဖို႔မေမ့ပါနဲ႔

ခရီးသြားေနရင္း အေပါ့သြားမွာစိုးလို႔ ေရမေသာက္ဘဲမေနပါနဲ႔ေနာ္။ တကယ္လို႔ ေစ်းေတြ ဆိုင္ေတြ နဲ႔ မနီးတဲ့ေနရာသြားရမယ္ဆိုရင္ ေရဘူးသယ္သြားပါ။ ေရမ်ားမ်ားေသာက္ပါ။ ကိုယ္မေရာက္ဖူးတဲ့ေဒသက အစားအစာေတြဟာ ကိုယ္နဲ႔တည့္မတည္၊ အဆင္ေျပမေျပမသိႏိုင္ပါဘူး။ အခန္႔မသင့္ရင္ ဝမ္းသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ အညစ္အေၾကးေတြ၊ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ဖို႔ ေရေသာက္ေပးဖို႔လိုမယ္ေနာ္။

၆။ အသားအေရကုိကာကြယ္မယ္

သင့္အသားအေရကိုကာကြယ္ပါ။ ေနေလာင္ကာခရင္မ္လိမ္းေပးပါ။ SPF အနည္းဆံုး ၁၅ ပါတဲ့ Body Lotion လိမ္းေပးပါ။

ေပ်ာ္ရႊင္ဖြယ္ရာ ခရီးစဥ္ေလးျဖစ္ၿပီး အၿမဲတမ္းက်န္းမာပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္ေနာ္။

Credit:mystylemyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲမင်္ဂလာပါနော်။ ခရီးသွားတဲ့အခါ ကိုယ်အရင်က မမြင်ဖူးတာ၊ မတွေ့ဖူးတာ၊ မထိတွေ့ဖူးတဲ့အရာတွေ၊ အတွေ့အကြုံသစ်တွေအများကြီးရရှိပြီး သင့်ကို ပိုပြီးပျော်ရွှင်လာစေတယ်။ ပိုပြီးလည်း ကျေနပ်လာစေပါတယ်။ လူဖြစ်ရတာတန်တယ်လို့လည်း ထင်လာပါတယ်။

ခရီးသွားတဲ့အခါ အများအားဖြင့် ဝမ်းချုပ်တာမျိုး၊ အိပ်လို့မရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ခရီးသွားတဲ့အခါ ကျန်းမာအောင်ဘယ်လိုနေမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ အိပ်ရေးဝအောင်အိပ်ပါ

စိတ်ကိုလျှော့ထားလိုက်ပါ။ စိုးရိမ်စရာ ပူပန်စရာတွေကို မေ့ထားလိုက်ပါ။ စိတ်ကိုသက်သောင့်သက်သာထားပြီး အိပ်ရေးဝဝအိပ်သင့်ပါတယ်။ သင့်ခန္ဓာကိုယ်ကလည်း တစ်နေကုန်လျှောက်သွားထားလို့ ပင်ပန်းနေပါပြီ။ ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပါ။

၂။ အချိန်ရရင် လမ်းလျှောက်ပါ

တကူးတက အချိန်ပေးပြီးလမ်းမလျှောက်ရင်တောင် ကိုယ်မရောက်ဖူးတဲ့နေရာတွေကို လမ်းလျှောက်ပြီးသွားပါ။ စူးစမ်းလေ့လာပြီး လျှောက်ကြည့်ပါ။ ခရီးသွားရင် ကြိုက်တဲ့အစားအစာတွေ အများကြီးစားတတ်တယ်မလား။ ဆိုတော့ ဝလာလိမ့်မယ်နော်။ ဒါ့ကြောင့် အချိန်ရရင်လမ်းလျှောက်ပြီးသွားပါ။

၃။ မနက်စာ ပြည့်ပြည့်ဝဝစားပါ

မနက်စာဟာ သိပ်ကိုအရေးကြီးပါတယ်။ သင်တစ်နေ့တာလုံး လျှောက်သွားမယ်။ လာမယ်။ ဒါ့ကြောင့် အားအင်ပြည့်နေဖို့လိုအပ်တယ်။ ဆိုတော့ မနက်စာကို ပြည်ပြည့်ဝဝစားပါ။ အိပ်ယာထနောက်ကျရင်တော့ ပေါ့ပေါ့ပါးပါးပဲစားပါ။ နေ့လည်စာကို အရမ်းနောက်မကျအောင်ဂရုစိုက်ပါ။

၄။ အသီးအရွက်များများ အသားနည်းနည်းစားပါ

အသီးအရွက်တွေများများစားပါ။ ခရီးသွားတဲ့အချိန်မှာ ငွေကိုပိုသုံးတတ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် အသားဟင်းတွေ၊ ဈေးပိုကြီးတဲ့ ဟင်းလျာတွေ စားသုံးလေ့ရှိကြပါတယ်။ အဲဒီထက် အသီးအရွက်တွေ များများပိုစားပါ။ ထမင်းစားပြီးရင် အသီးစားပါ။

၅။ ရေသောက်ဖို့မမေ့ပါနဲ့

ခရီးသွားနေရင်း အပေါ့သွားမှာစိုးလို့ ရေမသောက်ဘဲမနေပါနဲ့နော်။ တကယ်လို့ ဈေးတွေ ဆိုင်တွေ နဲ့ မနီးတဲ့နေရာသွားရမယ်ဆိုရင် ရေဘူးသယ်သွားပါ။ ရေများများသောက်ပါ။ ကိုယ်မရောက်ဖူးတဲ့ဒေသက အစားအစာတွေဟာ ကိုယ်နဲ့တည့်မတည်၊ အဆင်ပြေမပြေမသိနိုင်ပါဘူး။ အခန့်မသင့်ရင် ဝမ်းသွားတတ်ပါတယ်။ ဒါ့ကြောင့် အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ ရေသောက်ပေးဖို့လိုမယ်နော်။

၆။ အသားအရေကိုကာကွယ်မယ်

သင့်အသားအရေကိုကာကွယ်ပါ။ နေလောင်ကာခရင်မ်လိမ်းပေးပါ။ SPF အနည်းဆုံး ၁၅ ပါတဲ့ Body Lotion လိမ်းပေးပါ။

ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်လေးဖြစ်ပြီး အမြဲတမ်းကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

Credit:mystylemyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top