iMyanmarHouse.com - Best Property Website for Myanmar
×




စိတ်ရှုပ်လာခြင်း








Credit:MM

ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ကျွန်ုပ်တို့ ဗိုက်ဆာတဲ့အခါ တစ်ယောက်နှင့် တစ်ယောက်အပြုအမူတွေ မတူညီကြပါတယ်။ တချို့က ဗိုက်ဆာရင်ဒေါသထွက်တတ်ကြပြီး တချို့က ဘာမှပြောချင်စိတ်မရှိဘဲ ခေါင်းမူးတတ်ကြပါတယ်။ ဗိုက်ဆာရင် ဒေါသထွက်တဲ့သူကို အများဆုံးတွေ့ဖူးပါတယ်။ ဗိုက်ဆာခြင်းက အရွယ်ရောက်တဲ့သူများရဲ့ စိတ်အခြေအနေကို သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ဆာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပရိသတ်တွေ သိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

သွေးထဲမှ ဂလူကို့ဓာတ်များ လျော့နည်းသွားခြင်း

သင် ဗိုက်ဆာလာတဲ့အခါ ပထမဆုံးဖြစ်လာမည့် အရာက အရင်စားခဲ့တဲ့ အာဟာရဓာတ်များက ကုန်လုနီးပါးဖြစ်လာပါတယ်။ သင့်ခန္ဓာကိုယ်က အရေးပေါ်အခြေအနအတွက် အာဟာရဓာတ်သိုလှောင်ထားပေမဲ့လဲ မလုံလောက်တဲ့အတွက် ထပ်စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။ ဂလူကို့ဓာတ်က သင့်ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် စွမ်းအင်ဖြစ်ပါတယ်။ သွေးအတွင်းမှ သကြားဓာတ်များ အရမ်းနည်းသွားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များနှေးကွေးလာမှာဖြစ်ပါတယ်။ အာရုံစူးစိုက်ချင်စိတ်မရှိဘဲ ဒေါသထွက်လာမှာဖြစ်ပါတယ်။

စိတ်ရှုပ်လာခြင်း


သိုလှောင်ထားတဲ့ ကလူးကို့ဓာတ်များ ကန့်သတ်လိုက်တဲ့အခါ သင့်ဦးနှောက်က စိတ်ဖိစီးစေတဲ့ ဟော်မုန်းများ ထုတ်လွှင့်ဖို့ အချက်ပြလာပါလိမ့်မယ်။ ဒီဟော်မုန်းများက အီပင်ဖရင်းနှင့် ကောတီဆို တို့ဖြစ်ပါတယ်။ ဒီဟော်မုန်းများက သင်ကို အပြင်ထွက်ပြီး အစားအစာသွားဝယ်အောင် လှုပ်ဆော်ပေးပါလိမ့်မယ်။ ဒါအပြင့် သင်ကို စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ရှုပ်လာပါလိမ့်မယ်။

အစားအစာကို အဆက်မပြတ်စားချင်လာခြင်း


Dietလုပ်ဖို့ကြိုးစားတဲ့အခါ၊ ကယ်လိုရီကို ဖြတ်တောက်လိုက်တဲ့အခါ လူတော်တော်များများက ဗိုက်ဆာတဲ့အခြေအနေကို ရောက်သွားကြပါတယ်။ သင်ဗိုက်ဆာလာလို့ အစားအစာတစ်ခုစားတဲ့အခါ အဆက်မပြတ်စားချင်စိတ် ဖြစ်ပေါ်လာာပါလိမ့်မယ်။ သင့် ခန္ဓာကိုယ်တွင် အစာ စားချင်စိတ်ဖြစ်ပေါ်စေတဲ့ စနစ်များစွာရှိတဲ့အတွက် ဝိတ်ချနေတာကိုလဲ ဂရုမစိုက်နိုင်တော့ဘဲ ခဏခဏအစားကို စားမိသွားနိုင်ပါတယ်။

လူတိုင်းအပေါ် အမြင်မကြည်ဘဲ ဒေါသထွက်လာခြင်း

တစ်စုံတစ်ယောက်ဗိုက်ဆာလာတဲ့အခါ အစာ စားချင်စိတ်က များနေတဲ့အတွက် အမြင်မကြည်တော့ဘဲ ဒေါသထွက်လာတတ်ပါတယ်။ သွေးအတွင်းမှ သကြားဓာတ်များလျော့နည်းသွားပြီး ဒေါသထွက်လာရတာဖြစ်ပါတယ်။

Credit:MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top