iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုင္ငံေက်ာ္ ရုပ္ရွင္သရုပ္ေဆာင္ ဘုဏ္းသိုက္ ဟာဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားေပးရတဲ့ အႏုပညာရွင္ တစ္ဦးပါ။ ဘုဏ္းသိုက္က အမ်ားနဲ႔မတူ တဲ့ လူအမ်ားသြားလာရ ခက္ခဲတဲ့ ေနရာေတြထိ သြားေရာက္ ရိုက္ကူး ၿပီး အရည္အေသြးျမင့္ တဲ့ကားေတြကိုသာ ရိုက္ကူးပံုေဖာ္သူ ျဖစ္သလို ဒါရိုက္တာ တစ္ဦးအေနနဲ႔လည္း ရပ္တည္ေနသူပါ။ အႏုပညာကိုႀကိဳးစားလုပ္ရင္း ခ်စ္ရတဲ့ သမီးေလးနဲ႔ အတူဘဝကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ မိုမိုေလးပရိသတ္ႀကီးကို ဘုဏ္းသိုက္ ေရးထားတဲ့ ခံစားခ်က္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ဘုဏ္းသိုက္က ” အျမဲတမ္းကိုယ့္ရင္ထဲက ခံစားခ်က္ေတြဆိုလူမသိ သူမသိေအာင္ေနရင္း…လ်ိႈ့ဝွက္ရင္း..ထိန္းသိမ္းရင္းနဲ႔ပဲ ေနရ ဖန္မ်ားလာေတာ့တစ္ခါတစ္ေလဆိုတစ္ခ်ိဳ႕ေတြကိုေတာင္ အားက်လာသလိုပဲ..။စိတ္ထဲ႐ွိတဲ့အတိုင္း ေရးလိုက္တာမ်ိဳး…။ေျပာခ်လိုက္တာမ်ိဳး…။ဟုတ္တာ မဟုတ္တာ အပထား..။
သူ႔အတြက္ရယ္ ဘာရယ္ ငဲ့ေပးမေနဘဲ ရင္ထဲမွာ ျဖစ္တဲ့ အနာကို မယင္းခင္Public ေ႐ွ႕ ေနထုတ္လွမ္းလိုက္ေတာ့လည္း …။အင္း….ဒါလည္း ဒဏ္ရာ အက်က္ျမန္တဲ့ နည္းမ်ားလားေပါ့..မေတြးစဖူး ကိုယ့္မွာ အဲ့လိုေတြေတာင္ ေတြးလို႔…။ဒါ ေပ မယ့္ လည္း …..
အေတြးကမဆုံးေသးဘူး ကိုယ္က ေခါင္းတရမ္းရမ္းနဲ႔…။အဲ့ဒီလို ဆိုလည္း သူ႔အတြက္ မျဖစ္ေသးပါဘူးေပါ့…။

”ခ်စ္ျခင္းေမတၱာ…စာနာနားလည္မႈ…အျပန္အလွန္ ေလးစားမႈ…အေရးပါ အရာသြင္းတတ္မႈ..ဒါေတြက အႏုပညာစိတ္ကေလးနဲ႔ ခပ္ပါးပါးေလး ခ်ဥ္းကပ္ရင္ေတာင္ …..ရပါၿပီ…။ဒီအရာေလးေတြ ကို မွန္ကန္တဲ့ သေဘာထားေလး တစ္ခုနဲ႔ သူကိုယ္တိုင္က အလိုက္တသိေလး ေပးတာကို လိုခ်င္လို ့ တစိုက္မတ္မတ္ ပူဆာခဲ့တယ္။ ဒီ သေဘာထားေလးေတြကိုပဲ
ေပးဖို ့ ခက္ေနသူ ….။”

“ရင္ေတာ့လည္း နာရပါတယ္ကြယ္..။တစ္ကယ္ေတာ့အထူႀကီးေတြ မလိုပါဘူး..တစ္ကယ္ကို မလိုပါဘူး…..။ခပ္ပါးပါးေလး နဲ႔ ခပ္မွန္မွန္ေလး…။
ကိုယ္ အျမဲေျပာဖူးတဲ့ စကားေလးေလ..ကိုယ့္ကို နည္းနည္းပဲ ခ်စ္ပါ။ဒါေပမယ့္ ၾကာၾကာ ခ်စ္ပါ…
ဆိုတာေလ…။မင္းက မ်ားမ်ား ခ်စ္ခ်င္ေယာင္ ျပတယ္ဒါေပမယ့္ ခဏေလးပဲ ျပႏိုင္တယ္။အဲဒီလိုေပါ့
ဘဝမွာလိုခ်င္ခဲ့တဲ့ အရာေတြ မရခဲ့ျခင္းက ဒဏ္ရာဆိုရင္…အေသအခ်ာ ရခဲ့တယ္လို႔ ကိုယ္ထင္ခဲ့တဲ့ အရာကကိုယ့္အေပၚမွာ တစ္ကယ္ ႐ွိမေနခဲ့တာမ်ိဳး….။
အဲဒီလို ဒဏ္ရာမ်ိဳးကပို နာက်င္ရတယ္ မဟုတ္လား…”

“ငါ နဲ႔ ငါ့ဒဏ္ရာနဲ႔ေတာ့လည္း ကုရ ခက္ၿပီ ငါေရ….ေနာက္ဆုံးေတာ့ကိုယ့္ကိုကိုယ္ မႏွစ္သက္တာကမွ ဒဏ္ရာမဟုတ္ဘူးကိုယ့္ကိုကိုယ္ သနားလာတာကလည္း ဒဏ္ရာတစ္မ်ိဳးပါလား လို ့ကိုယ့္ဒဏ္ရာကိုယ္ ပထမဦးဆုံးအႀကိမ္ အသိအမွတ္ျပဳလိုက္မိတခဏ …..ငါ့နားမွာ ငါ ေပ်ာက္သြားတယ္..။”

သရုပ္ေဆာင္ေျပာျပထားတဲ့ ခံစားခ်က္ ေတြကို ပရိသတ္ေတြ သိရေလာက္ၿပီ ထင္ပါတယ္။ ၾကည့္ရူေပးၾကတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္၊၊

Credit:Moekalay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဘုဏ်းသိုက် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ ဘုဏ်းသိုက်က အများနဲ့မတူ တဲ့ လူအများသွားလာရ ခက်ခဲတဲ့ နေရာတွေထိ သွားရောက် ရိုက်ကူး ပြီး အရည်အသွေးမြင့် တဲ့ကားတွေကိုသာ ရိုက်ကူးပုံဖော်သူ ဖြစ်သလို ဒါရိုက်တာ တစ်ဦးအနေနဲ့လည်း ရပ်တည်နေသူပါ။ အနုပညာကိုကြိုးစားလုပ်ရင်း ချစ်ရတဲ့ သမီးလေးနဲ့ အတူဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးပရိသတ်ကြီးကို ဘုဏ်းသိုက် ရေးထားတဲ့ ခံစားချက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဘုဏ်းသိုက်က ” အမြဲတမ်းကိုယ့်ရင်ထဲက ခံစားချက်တွေဆိုလူမသိ သူမသိအောင်နေရင်း…လျှို့ဝှက်ရင်း..ထိန်းသိမ်းရင်းနဲ့ပဲ နေရ ဖန်များလာတော့တစ်ခါတစ်လေဆိုတစ်ချို့တွေကိုတောင် အားကျလာသလိုပဲ..။စိတ်ထဲရှိတဲ့အတိုင်း ရေးလိုက်တာမျိုး…။ပြောချလိုက်တာမျိုး…။ဟုတ်တာ မဟုတ်တာ အပထား..။
သူ့အတွက်ရယ် ဘာရယ် ငဲ့ပေးမနေဘဲ ရင်ထဲမှာ ဖြစ်တဲ့ အနာကို မယင်းခင်Public ရှေ့ နေထုတ်လှမ်းလိုက်တော့လည်း …။အင်း….ဒါလည်း ဒဏ်ရာ အကျက်မြန်တဲ့ နည်းများလားပေါ့..မတွေးစဖူး ကိုယ့်မှာ အဲ့လိုတွေတောင် တွေးလို့…။ဒါ ပေ မယ့် လည်း …..
အတွေးကမဆုံးသေးဘူး ကိုယ်က ခေါင်းတရမ်းရမ်းနဲ့…။အဲ့ဒီလို ဆိုလည်း သူ့အတွက် မဖြစ်သေးပါဘူးပေါ့…။

”ချစ်ခြင်းမေတ္တာ…စာနာနားလည်မှု…အပြန်အလှန် လေးစားမှု…အရေးပါ အရာသွင်းတတ်မှု..ဒါတွေက အနုပညာစိတ်ကလေးနဲ့ ခပ်ပါးပါးလေး ချဉ်းကပ်ရင်တောင် …..ရပါပြီ…။ဒီအရာလေးတွေ ကို မှန်ကန်တဲ့ သဘောထားလေး တစ်ခုနဲ့ သူကိုယ်တိုင်က အလိုက်တသိလေး ပေးတာကို လိုချင်လို့ တစိုက်မတ်မတ် ပူဆာခဲ့တယ်။ ဒီ သဘောထားလေးတွေကိုပဲ
ပေးဖို့ ခက်နေသူ ….။”

“ရင်တော့လည်း နာရပါတယ်ကွယ်..။တစ်ကယ်တော့အထူကြီးတွေ မလိုပါဘူး..တစ်ကယ်ကို မလိုပါဘူး…..။ခပ်ပါးပါးလေး နဲ့ ခပ်မှန်မှန်လေး…။
ကိုယ် အမြဲပြောဖူးတဲ့ စကားလေးလေ..ကိုယ့်ကို နည်းနည်းပဲ ချစ်ပါ။ဒါပေမယ့် ကြာကြာ ချစ်ပါ…
ဆိုတာလေ…။မင်းက များများ ချစ်ချင်ယောင် ပြတယ်ဒါပေမယ့် ခဏလေးပဲ ပြနိုင်တယ်။အဲဒီလိုပေါ့
ဘဝမှာလိုချင်ခဲ့တဲ့ အရာတွေ မရခဲ့ခြင်းက ဒဏ်ရာဆိုရင်…အသေအချာ ရခဲ့တယ်လို့ ကိုယ်ထင်ခဲ့တဲ့ အရာကကိုယ့်အပေါ်မှာ တစ်ကယ် ရှိမနေခဲ့တာမျိုး….။
အဲဒီလို ဒဏ်ရာမျိုးကပို နာကျင်ရတယ် မဟုတ်လား…”

“ငါ နဲ့ ငါ့ဒဏ်ရာနဲ့တော့လည်း ကုရ ခက်ပြီ ငါရေ….နောက်ဆုံးတော့ကိုယ့်ကိုကိုယ် မနှစ်သက်တာကမှ ဒဏ်ရာမဟုတ်ဘူးကိုယ့်ကိုကိုယ် သနားလာတာကလည်း ဒဏ်ရာတစ်မျိုးပါလား လို့ကိုယ့်ဒဏ်ရာကိုယ် ပထမဦးဆုံးအကြိမ် အသိအမှတ်ပြုလိုက်မိတခဏ …..ငါ့နားမှာ ငါ ပျောက်သွားတယ်..။”

သရုပ်ဆောင်ပြောပြထားတဲ့ ခံစားချက် တွေကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်၊၊

Credit:Moekalay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top