iMyanmarHouse.com - Best Property Website for Myanmar
×
ပဲနို့ရည်
Credit: MM
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ဟောက်ခြင်းက စိတ်ပျက်ဖို့ကောင်းတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက ကျန်းမာရေးလက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါကို သင်က နားလည်မှာမဟုတ်ပါဘူး။ သင့်ဟောက်သံက သင့်လက်တွဲဖက်ရဲ့အိပ်စက်ခြင်းကို ဖျက်စီးနိုင်ပြီး ပင်ပန်းနွမ်းလျမှုတွေဖြစ်လာနိုင်ပါတယ်။
National Sleep Foundationရဲ့လေ့လာချက်အရ အမျိုးသားသုံးယောက်မှာ တစ်ယောက်နဲ့ အမျိုးသမီးလေးယောက်မှာ တစ်ယောက်တို့က ညတိုင်းဟောက်ကြပါတယ်။ ဟောက်ခြင်းက များစွာသောအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပြီး ကိုယ်အလေးချိန်များခြင်းက အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဟောက်ခြင်းကနှလုံးရောဂါဖြစ်ပွားမှုနဲ့ အများဆုံးဆက်စပ်မှုရှိပြီး ချက်ခြင်း ဆေးကုသမှုတွေလိုအပ်ပါတယ်။
Sleep apneaက ဟောက်ခြင်းကို ဖြစ်စေတဲ့အခြားအကြောင်းအရင်းဖြစ်ပါတယ်။ Sleep apneaက လူတစ်ယောက်ရဲ့အသက်ရှုခြင်းက ထပ်ခါထပ်ခါ ရပ်သွားလိုက်၊ ပြန်စလိုက်ဖြစ်တဲ့ ပြင်းထန်တဲ့ Sleep disorderဖြစ်ပါတယ်။ တစ်ညလုံးအိပ်စက်ထားတာတောင် သင်ဟာ ပင်ပန်းသလိုခံစားနေရင် Sleep apneaကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ဒေတာတွေအရ လူသန်းပေါင်း၁၀၀ကျော်က sleep apneaကို ခံစားနေရပါတယ်။
ဒါကြောင့် သင်ဟာ ဟောက်တတ်တဲ့အကျင့်ရှိတယ်ဆိုရင် သဘာဝအိမ်တွင်းနည်းလမ်းများနဲ့ ဟောက်သံလျော့သွားအောင် ပြုလုပ်လို့ရပါတယ်။
ဂျင်းနဲ့ပျားရည်ရေနွေးကြမ်း
ဂျင်းက မီးဖိုချောင်မှာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ များစွာသော ကျန်းမာရေးပြဿနာတွေကို ကုသပေးနိုင်တဲ့အစွမ်းထက်အစားအစာဖြစ်ပါတယ်။ ဂျင်းက ရောင်ရမ်းခြင်းနဲ့ ဘတ်တီးရီးယားပိုးတွေကို တိုက်ဖျက်ပေးပြီး ဟောက်ခြင်းကိုလဲ ပြေလျော့စေပါတယ်။ ဂျင်းနဲ့ပျားရည်ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ်သောက်ပေးခြင်းက ဟောက်ခြင်းပြဿနာကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သင်္ဘောဒန့်သလွန်
ကြက်သွန်ဖြူ၊ကြက်သွန်နီနဲ့သင်္ဘောဒန့်သလွန်ကဲ့သို့အစားအစာတွေက နှာခေါင်းခြောက်ခြင်းကို ကာကွယ်ပေးပြီး ပြည့်ကျပ်မှုကို လျော့ချပေးပါတယ်။ဒီအစားအစာတွေက အာသီးရောင်ခြင်းကို လျော့ချပေးပြီး sleep apneaဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အိပ်ယာမဝင်ခင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သဘောၤဒန့်သလွန်တို့ကို ဝါးစားနိုင်သလို ထမင်းထဲ ထည့်စားနိုင်ပါတယ်။
နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး
ဟောက်တာကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိပ်စက်ခြင်းကို ဂရုစိုက်ဖို့ပါပဲ။ ခန္ဓာကိုယ်ကထုတ်လွှတ်တဲ့melatoninပမာဏကို တိုးလာအောင်လုပ်ရမှာဖြစ်ပါတယ်။ Melatoninက ကျွနု်ပ်တို့ကို အိပ်ပျော်အောင် လုပ်ပေးတဲ့ဟော်မုန်းဓာတ်ဖြစ်ပြီး ဒါကို ပြုလုပ်ဖို့ထိရောက်တဲ့နည်းက melatoninမမာဏများတဲ့အစားအစာကို စားပေးဖို့ပါပဲ။ နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတို့က melatoninပမာဏပါဝင်မှုများပြီး ဟောက်ခြင်ကို ရပ်တန့်စေဖို့ ဒီအသီးတွေကို စားပေးလို့ရပါတယ်။
ပဲနို့ရည်
နို့ထွက်ပစ္စည်းတွေကလဲ ဟောက်ခြင်းကို ဖြစ်စေနိုင်တာကို သိမယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ နွားနို့ရဲ့ပရိုတိန်းဓာတ်တချို့က ပြင်းထန်တဲ့ အာလဂျစ်ကို ဖြစ်စေနိုင်ပြီး နှာခေါင်းကို ပိတ်စေတဲ့အတွက် ဟောက်သံတိုးလာစေပါတယ်။ ဒါကြောင့်ဟောက်ခြင်းကို ပြေလျော့စေဖို့နွားနို့ချည်းမသောက်ဘဲ ပဲနို့နဲ့ရောသောက်ပေးရမှာဖြစ်ပါတယ်။
Credit: MM
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top