iMyanmarHouse.com - Best Property Website for Myanmar
×





ရေခဲမုန့်


အာလူးကြော်


ချောကလက်


ကွတ်ကီး


တို့ဖူး

ပီဇာ


ပေါင်မုန့်


ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

လူတိုင်းကတော့ မျက်နှာအသားအရေလေးချောမွေ့နူးညံ့နေတာကိုပဲ ပိုင်ဆိုင်ချင်ကြတာပါ။ သစ်သီးဝလံစားသုံးခြင်းက အသားအရေအလှအပအတွက် အထောက်အကူဖြစ်တယ်ဆိုတာကိုတော့ အားလုံးအသိပဲဖြစ်ပါတယ်။ အသားအရေလှစေတဲ့ အစားအသောက်တွေလည်းရှိသလို ဝက်ခြံပေါက်ပြီး အသားအရေပျက်စီးစေတဲ့ အစားအစာတွေလည်းရှိပါတယ်။

ဘယ်လိုအစားအစာမျိုးတွေဖြစ်မလဲ။ ပျိုမေလေးတို့ရော တကယ်ပဲ ရှောင်ကြဉ်နိုင်ပါ့မလားဆိုတာကို အတူတူဆက်ဖတ်ကြည့်ရင်း အဖြေရှာကြည့်လိုက်ကြစို့နော်။

မလိုင်ထုတ်ထားသည့် နွားနို့

နွားနို့ မှန်မှန်သောက်သုံးတဲ့သူတွေက နွားနို့မသောက်တဲ့သူတွေထက် ဝက်ခြံပေါက်ဖို့ လေးဆဖြစ်နိုင်ချေရှိပါတယ်။ အထူးသဖြင့် မလိုင်ထုတ်ထားတဲ့နွားနို့က အဆီမပါတဲ့နွားနို့၊ ဒါမှမဟုတ် အဆီနည်းတဲ့နွားနို့ထက် ပိုဆိုးပါတယ်။

ရေခဲမုန့်

ရေခဲမုန့်ကြိုက်တဲ့သူများအနေနဲ့ကတော့ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုပါပဲ။ ရေခဲမုန့်ထဲမှာ ပါဝင်တဲ့ အချိုဓာတ်က အသားအရေရောင်ရမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

အာလူးကြော်

အာလူးကြော် ကြိုက်တဲ့ Foodies လေးတွေလည်း အသည်းဟက်တတ်ကွဲချင်စရာပါပဲ။ အာလူးကြော်က ဝက်ခြံတွေ ပေါက်စေပါတယ်တဲ့။ တကယ်လို့ အာလူးကြော်မဖြတ်နိုင်ဘူးဆိုရင်တော့ အရင်ကထက်တော့ လျော့စားပေးပေါ့နော်။ တကယ်လို့ ဝက်ခြံတွေက ကြည့်ရဆိုးအောင် ပေါက်နေရင်တော့ လုံးဝမစားတာက အကောင်းဆုံးပါပဲ။

ချောကလက်

ဝက်ခြံပေါက်စေတဲ့ တရားခံထဲမှာလည်း ချောကလက်လည်း ပါဝင်ပါတယ်။

ကွတ်ကီး

ကွတ်ကီးကို အချိုဓာတ်၊ ကာဗိုဟိုက်ဒြိုက်အပြင် နို့ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် ကွက်ကီးတွေကိုလည်း တာ့တာ ဘိုင်းဘိုင်လို့ နှုတ်ဆက်လိုက်ပါ။

တို့ဖူး

ပီဇာ

ပီဇာပြားလေးတစ်ချပ်မှာ ကာဗိုဟိုက်ဒြိုက်ဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။ ချိစ်ပီဇာဆိုရင် နို့ထွက်ပစ္စည်းနဲ့ ပြုလုပ်ထားတာကြောင့် ပိုဆိုးပါတယ်။

ပေါင်မုန့်
ပေါင်မုန့်အဖြူရောင်အသားထဲမှာ ဟော်မုန်းအပြောင်းအလဲဖြစ်စေတဲ့ဓာတ်တွေ ပါဝင်နေတာကြောင့် ဝက်ခြံပေါက်စေမှာပါ။

Credit: mystylemyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top