iMyanmarHouse.com - Best Property Website for Myanmar
×

အေႀကာျပတ္ရာေတြက မ်ားေသာအားျဖင့္ ကိုယ္၀န္ေဆာင္သည္မ်ားနဲ႕ ဆက္စပ္ေနေပမယ့္လည္း ကိုယ္အေလးခ်ိန္အတက္အက်၊ အေလးခ်ိန္မျခင္း သို႕မဟုတ္ ေဟာ္မုန္းမညီမမွ်ျဖစ္ျခင္း၊ အခ်ိဳ႕ေသာေရာဂါမ်ား စတဲ့ ကိစၥအေျခအေနမ်ား ေပၚလာၿပီဆိုရင္ေတာ့ ျဖစ္ပြားလာႏိုင္ပါတယ္။ ဒီလိုအရာေတြက သူ႕ဘာသာ ေပ်ာက္ကင္းသြားဖို႕ လံုး၀မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္လည္း ထုိအေႀကာျပတ္ရာေတြကို ျမန္ျမန္ေမွးမွိန္သြားေစမယ့္ နည္းလမ္းေကာင္းေလးေတြေတာ့ ရွိသည့္အတြက္ အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္အျပည့္ရွိေနဖို႕က အလြန္အေရးႀကီးပါတယ္။ ေရလံုလံုေလာက္ေလာက္ေသာက္မယ္ဆိုရင္ အသားအေရက ႏူးညံ့အိစက္ၿပီး တင္းတင္းရင္းရင္းရွိေနမွာပါ။ ေရက အသားအေရကိုစိုေျပမႈရွိေစတာေႀကာင့္ အေႀကာျပတ္ရာေတြ၊ အမာရြတ္ေတြ၊ အေရးေႀကာင္းေတြ ေပၚေပါက္လာမႈကို တားဆီးႏိုင္ပါတယ္။

၂။ သံပုယိုရည္လိမ္းေပးပါ

ဗီတာမင္စီက Collagen ေပါက္ဖြားမႈကို ျမွင့္တင္ေပးတာေႀကာင့္ အသားအေရကို တင္းတင္းရင္းရင္းရွိေစပါတယ္။ အက္စစ္ဓာတ္လည္းပါ၀င္သည့္အတြက္ အသားအေရရွိဆဲလ္ေသမ်ားကိုလည္း ျမန္ျမန္ဆန္ဆန္ဖယ္ရွားေပးႏိုင္ပါတယ္။

သံပုယိုရည္ကို အေႀကာျပတ္ရာမ်ားေပၚတြင္ လိမ္းေပးၿပီး ၁၀မိနစ္ထားကာ ေရေႏြးေႏြးနဲ႕ သန္႕စင္ေပးပါ။

၃။ ရွားေစာင္းလက္ပတ္အသံုးျပဳပါ

သဘာ၀ေဆးစြမ္းေကာင္းတစ္ခုျဖစ္တဲ့ ရွားေစာင္းလက္ပတ္ကလည္း အသားအေရရွိ ဆဲလ္ေသမ်ားကို ျပဳျပင္ေပးၿပီး အသားအေရတစ္သွ်ဴးမ်ားကို ျပန္လည္စုစည္းေပးပါ။ Collagen လည္းႀကြယ္၀ေသာေႀကာင့္ အသားအေရကို ႏူးညံ့မႈရွိေစကာ တင္းတင္းရင္းရင္းေလးရွိေနေစမွာပါ။

ရွားေစာင္းလက္ပတ္အႏွစ္အနည္းငယ္ကို အေႀကာျပတ္ရာမ်ားအေပၚလိမ္းျခယ္ကာ ၁၀-၁၅ မိနစ္ထားေပးၿပီး ေရေႏြးေႏြးေလးနဲ႕ ေဆးေႀကာပစ္ပါ။

၄။ ႀကက္ဆူဆီပြတ္လိမ္းပါ

ဖက္တီးအက္စစ္ အလြန္ႀကြယ္၀တာေႀကာင့္ အစိုဓာတ္ထိန္းသိမ္းေပးသည့္ အေကာင္းဆံုးအရာတစ္ခုအျဖစ္ စြမ္းေဆာင္ႏိုင္ပါတယ္။

ႀကက္ဆူဆီနဲ႕ အေႀကာျပတ္ရာမ်ားေပၚ သုတ္လိမ္းကာ ႏွိပ္နယ္ေပးပါ။ ပလတ္စတစ္အရြက္ ဖံုးအုပ္ကာ မိနစ္ ၂၀-၃၀ ထားၿပီးရင္ အေပၚမွ ေရပူထည့္ထားသည့္ တစ္ခုခုကပ္ေပးပါ။ တပတ္ႀကာၿပဳလုပ္ၿပီးရင္ သိသာတဲ့ရလဒ္ေကာင္းေတြကို ေတြ႕ျမင္ႏိုင္မွာပါ။

၅။ သႀကားနဲ႕ ဂ်ီးခၽြတ္ပါ

သႀကား ခြက္တစ္ခြက္ရဲ႕ ႏွစ္ပံုတစ္ပံုကို ေရနဲ႕ေရာၿပီး ပ်စ္ေအာင္ေမႊေပးပါ။ ႏွိပ္နယ္သလို ပံုစံမ်ိဳးျဖင့္ အေႀကာျပတ္ရာမ်ားရွိသည့္အေပၚမွာ ပြတ္လိမ္းေပးပါ။ ၂-၃ မိနစ္ထားၿပီးရင္ ေရနဲ႕သန္႕စင္ပါ။ တပတ္လွ်င္ ၂ ႀကိမ္ သို႕မဟုတ္ သံုးႀကိမ္လုပ္ေဆာင္ပါ။

Credit:myhealthmyanmar
Source: BrightSide
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 အကြောပြတ်ရာတွေက များသောအားဖြင့် ကိုယ်ဝန်ဆောင်သည်များနဲ့ ဆက်စပ်နေပေမယ့်လည်း ကိုယ်အလေးချိန်အတက်အကျ၊ အလေးချိန်မခြင်း သို့မဟုတ် ဟော်မုန်းမညီမမျှဖြစ်ခြင်း၊ အချို့သောရောဂါများ စတဲ့ ကိစ္စအခြေအနေများ ပေါ်လာပြီဆိုရင်တော့ ဖြစ်ပွားလာနိုင်ပါတယ်။ ဒီလိုအရာတွေက သူ့ဘာသာ ပျောက်ကင်းသွားဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ထိုအကြောပြတ်ရာတွေကို မြန်မြန်မှေးမှိန်သွားစေမယ့် နည်းလမ်းကောင်းလေးတွေတော့ ရှိသည့်အတွက် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ ရေများများသောက်ပါ

ရေဓာတ်အပြည့်ရှိနေဖို့က အလွန်အရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်သောက်မယ်ဆိုရင် အသားအရေက နူးညံ့အိစက်ပြီး တင်းတင်းရင်းရင်းရှိနေမှာပါ။ ရေက အသားအရေကိုစိုပြေမှုရှိစေတာကြောင့် အကြောပြတ်ရာတွေ၊ အမာရွတ်တွေ၊ အရေးကြောင်းတွေ ပေါ်ပေါက်လာမှုကို တားဆီးနိုင်ပါတယ်။

၂။ သံပုယိုရည်လိမ်းပေးပါ

ဗီတာမင်စီက Collagen ပေါက်ဖွားမှုကို မြှင့်တင်ပေးတာကြောင့် အသားအရေကို တင်းတင်းရင်းရင်းရှိစေပါတယ်။ အက်စစ်ဓာတ်လည်းပါဝင်သည့်အတွက် အသားအရေရှိဆဲလ်သေများကိုလည်း မြန်မြန်ဆန်ဆန်ဖယ်ရှားပေးနိုင်ပါတယ်။

သံပုယိုရည်ကို အကြောပြတ်ရာများပေါ်တွင် လိမ်းပေးပြီး ၁၀မိနစ်ထားကာ ရေနွေးနွေးနဲ့ သန့်စင်ပေးပါ။

၃။ ရှားစောင်းလက်ပတ်အသုံးပြုပါ

သဘာဝဆေးစွမ်းကောင်းတစ်ခုဖြစ်တဲ့ ရှားစောင်းလက်ပတ်ကလည်း အသားအရေရှိ ဆဲလ်သေများကို ပြုပြင်ပေးပြီး အသားအရေတစ်သျှူးများကို ပြန်လည်စုစည်းပေးပါ။ Collagen လည်းကြွယ်ဝသောကြောင့် အသားအရေကို နူးညံ့မှုရှိစေကာ တင်းတင်းရင်းရင်းလေးရှိနေစေမှာပါ။

ရှားစောင်းလက်ပတ်အနှစ်အနည်းငယ်ကို အကြောပြတ်ရာများအပေါ်လိမ်းခြယ်ကာ ၁၀-၁၅ မိနစ်ထားပေးပြီး ရေနွေးနွေးလေးနဲ့ ဆေးကြောပစ်ပါ။

၄။ ကြက်ဆူဆီပွတ်လိမ်းပါ

ဖက်တီးအက်စစ် အလွန်ကြွယ်ဝတာကြောင့် အစိုဓာတ်ထိန်းသိမ်းပေးသည့် အကောင်းဆုံးအရာတစ်ခုအဖြစ် စွမ်းဆောင်နိုင်ပါတယ်။

ကြက်ဆူဆီနဲ့ အကြောပြတ်ရာများပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးပါ။ ပလတ်စတစ်အရွက် ဖုံးအုပ်ကာ မိနစ် ၂၀-၃၀ ထားပြီးရင် အပေါ်မှ ရေပူထည့်ထားသည့် တစ်ခုခုကပ်ပေးပါ။ တပတ်ကြာပြုလုပ်ပြီးရင် သိသာတဲ့ရလဒ်ကောင်းတွေကို တွေ့မြင်နိုင်မှာပါ။

၅။ သကြားနဲ့ ဂျီးချွတ်ပါ

သကြား ခွက်တစ်ခွက်ရဲ့ နှစ်ပုံတစ်ပုံကို ရေနဲ့ရောပြီး ပျစ်အောင်မွှေပေးပါ။ နှိပ်နယ်သလို ပုံစံမျိုးဖြင့် အကြောပြတ်ရာများရှိသည့်အပေါ်မှာ ပွတ်လိမ်းပေးပါ။ ၂-၃ မိနစ်ထားပြီးရင် ရေနဲ့သန့်စင်ပါ။ တပတ်လျှင် ၂ ကြိမ် သို့မဟုတ် သုံးကြိမ်လုပ်ဆောင်ပါ။

Credit:myhealthmyanmar
Source: BrightSide

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top