iMyanmarHouse.com - Best Property Website for Myanmar
×


ဓာတ္ပံု႐ိုက္ဖို႔ ပိုစ့္ေပးတာ မဟုတ္တဲ့ ဒီလို အမွတ္တမဲ့ အခိုက္အတန္႔ေလးေတြ မွတ္ တမ္းတင္ထားရင္ ပံုေလးေတြကို ျပန္ၾကည့္တိုင္း ၾကည္ႏူးရမွာပါ။

မဂၤလာပြဲက်င္းပေနတဲ့ အခ်ိန္မွတ္တမ္းတင္တဲ့ ပံုေတြထဲမွာ ဓာတ္ပံု႐ိုက္ဖို႕ ပိုစ့္ေပးထားတဲ့ ပံုစံေတြခ်ည္းပဲ ဆိုရင္ သိပ္မမိုက္ဘူးေနာ္။ အမွတ္တမဲ့ Snap Shot လွလွေလးေတြ ပါေနမွ မဂၤလာ ဓာတ္ပံုေလးေတြက ျပန္ၾကည့္လိုက္တိုင္း ေပ်ာ္စရာ၊ အမွတ္ရစရာေတြ ျဖစ္ေနမွာပါ။ ဒီေတာ့ ပြဲခ်ိန္အတြင္း ဘယ္လိုပံုေလးေတြ အမိအရ မွတ္တမ္းတင္ထားသင့္သလဲ ဆိုတာ ေျပာျပေပးမယ္ေနာ္။

အဆင့္ဆင့္ Snap Shot ေလးေတြ



မဂၤလာေလွ်ာက္လွမ္းထက္မွာ ၿပံဳးၿပံဳးရႊင္ရႊင္ လမ္းေလွ်ာက္လာတဲ့ သတို႔သား၊ သတို႔ သမီးေလးတို႔ရဲ႕ ေပ်ာ္ရႊင္ၾကည္ႏူးမႈေတြနဲ႔၊ သူတို႔ ဓာတ္ပံုဝိုင္း႐ိုက္ၿပီး မွတ္တမ္းတင္ေနတဲ့ ဧည့္ပရိတ္သတ္ေတြရဲ႕ လႈပ္ရွားမႈေတြကို အမိအရ မွတ္တမ္းတင္ထားရပါမယ္ေနာ္။

သတို႔သမီးနဲ႔ သတို႔သား ရွန္ပိန္ပုလင္းကို အတူတူကိုင္ၿပီး ငွဲ႔ေနတဲ့ပံုကလည္း ဓာတ္ပံုအေနနဲ႔ သိမ္းဆည္းထားရမယ့္ အမွတ္တရ အျပဳအမူတစ္ခုပါေနာ္။ မဂၤလာကိတ္မုန္႔အတူတူခြဲေနတဲ့ အလိုက္အတန္႔ေလးကိုလည္း ဓာတ္ပံု႐ိုက္ထားရမယ္ေနာ္။

ဒီပံုေလး႐ိုက္တဲ့အခါ သတိျပဳရမွာက အေရွ႕တည့္တည့္က ႐ိုက္ရင္ သတို႔သမီးနဲ႔ သတို႔သား ကို ကြယ္ေနမွာမို႔ အခုပံုေလးထဲကလို ေဘးတိုက္႐ိုက္ပါေနာ္။ လက္ထပ္လက္စြပ္ စြပ္ေပး လိုက္တဲ့အခ်ိန္ မဂၤလာေမာင္ႏွံႏွစ္ဦးရဲ႕ ေပ်ာ္ရႊင္ၾကည္ႏူးမႈေလးေတြကိုလည္း  အမိအရ မွတ္တမ္းတင္ဖို႔ မေမ့နဲ႔ေနာ္။ ဒီအခ်ိနေ္လးက မဂၤလာေမာင္ႏွံေလးေတြရဲ႕ တန္ဖိုးမျဖတ္ႏိုင္တဲ့ အမွတ္တရ အခ်ိန္အခါေလးပါေနာ္။

ပြဲခ်ိန္အတြင္းမွာ သတို႔သမီးနဲ႔ သတို႔သားေလးတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ အမွတ္တမဲ့ အျပဳအမူေလးေတြကိုလည္း ဓာတ္ပံု႐ိုက္ၿပီး မွတ္တမ္းတင္ထားပါေနာ္။ အခုဓာတ္ပံုေလး ထဲက အတိုင္း ပြဲက်င္းပေနတဲ့ အခ်ိန္တြင္းမွာ သတို႔သားေလးက သတို႕သမီးေလးရဲ႕ လက္ေလးကို လွမ္းကိုင္ထားတဲ့ လႈပ္ရွားမႈေလးကိုပဲ အဓိက မွတ္တမ္းတင္ထားတာပါ။



ဒါေၾကာင့္ မ်က္ႏွာေတြ မပါဘဲနဲ႔ေတာင္ ဓာတ္ပံုေလးက ခ်စ္စရာေကာင္းေနတာပါ။
မဂၤလာ အခမ္းနားၿပီးလို႔ ျပန္ထြက္လာတဲ့ အခ်ိန္ေလးကလည္း  အမိအရ မွတ္တမ္း တင္ထားရမယ့္ အခိုက္အတန္႔ေလးပါေနာ္။ ဒီပံုေလးကေတာ့ ဓာတ္ပံုထုတ္တဲ့အခါ Album စာအုပ္ရဲ႕ေနာက္ဆံုးမွာ ေနရာေပးရမယ့္ ပံုေလးပါေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္..

# Unicode Version # ျဖင့္ ဖတ္ပါ #


ဓာတ်ပုံရိုက်ဖို့ ပိုစ့်ပေးတာ မဟုတ်တဲ့ ဒီလို အမှတ်တမဲ့ အခိုက်အတန့်လေးတွေ မှတ် တမ်းတင်ထားရင် ပုံလေးတွေကို ပြန်ကြည့်တိုင်း ကြည်နူးရမှာပါ။

မင်္ဂလာပွဲကျင်းပနေတဲ့ အချိန်မှတ်တမ်းတင်တဲ့ ပုံတွေထဲမှာ ဓာတ်ပုံရိုက်ဖို့ ပိုစ့်ပေးထားတဲ့ ပုံစံတွေချည်းပဲ ဆိုရင် သိပ်မမိုက်ဘူးနော်။ အမှတ်တမဲ့ Snap Shot လှလှလေးတွေ ပါနေမှ မင်္ဂလာ ဓာတ်ပုံလေးတွေက ပြန်ကြည့်လိုက်တိုင်း ပျော်စရာ၊ အမှတ်ရစရာတွေ ဖြစ်နေမှာပါ။ ဒီတော့ ပွဲချိန်အတွင်း ဘယ်လိုပုံလေးတွေ အမိအရ မှတ်တမ်းတင်ထားသင့်သလဲ ဆိုတာ ပြောပြပေးမယ်နော်။

အဆင့်ဆင့် Snap Shot လေးတွေ

မင်္ဂလာလျှောက်လှမ်းထက်မှာ ပြုံးပြုံးရွှင်ရွှင် လမ်းလျှောက်လာတဲ့ သတို့သား၊ သတို့ သမီးလေးတို့ရဲ့ ပျော်ရွှင်ကြည်နူးမှုတွေနဲ့၊ သူတို့ ဓာတ်ပုံဝိုင်းရိုက်ပြီး မှတ်တမ်းတင်နေတဲ့ ဧည့်ပရိတ်သတ်တွေရဲ့ လှုပ်ရှားမှုတွေကို အမိအရ မှတ်တမ်းတင်ထားရပါမယ်နော်။

သတို့သမီးနဲ့ သတို့သား ရှန်ပိန်ပုလင်းကို အတူတူကိုင်ပြီး ငှဲ့နေတဲ့ပုံကလည်း ဓာတ်ပုံအနေနဲ့ သိမ်းဆည်းထားရမယ့် အမှတ်တရ အပြုအမူတစ်ခုပါနော်။ မင်္ဂလာကိတ်မုန့်အတူတူခွဲနေတဲ့ အလိုက်အတန့်လေးကိုလည်း ဓာတ်ပုံရိုက်ထားရမယ်နော်။

ဒီပုံလေးရိုက်တဲ့အခါ သတိပြုရမှာက အရှေ့တည့်တည့်က ရိုက်ရင် သတို့သမီးနဲ့ သတို့သား ကို ကွယ်နေမှာမို့ အခုပုံလေးထဲကလို ဘေးတိုက်ရိုက်ပါနော်။ လက်ထပ်လက်စွပ် စွပ်ပေး လိုက်တဲ့အချိန် မင်္ဂလာမောင်နှံနှစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးမှုလေးတွေကိုလည်း  အမိအရ မှတ်တမ်းတင်ဖို့ မမေ့နဲ့နော်။ ဒီအချိနေ်လးက မင်္ဂလာမောင်နှံလေးတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ အချိန်အခါလေးပါနော်။

ပွဲချိန်အတွင်းမှာ သတို့သမီးနဲ့ သတို့သားလေးတို့ရဲ့ ချစ်စရာကောင်းတဲ့ အမှတ်တမဲ့ အပြုအမူလေးတွေကိုလည်း ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားပါနော်။ အခုဓာတ်ပုံလေး ထဲက အတိုင်း ပွဲကျင်းပနေတဲ့ အချိန်တွင်းမှာ သတို့သားလေးက သတို့သမီးလေးရဲ့ လက်လေးကို လှမ်းကိုင်ထားတဲ့ လှုပ်ရှားမှုလေးကိုပဲ အဓိက မှတ်တမ်းတင်ထားတာပါ။

ဒါကြောင့် မျက်နှာတွေ မပါဘဲနဲ့တောင် ဓာတ်ပုံလေးက ချစ်စရာကောင်းနေတာပါ။
မင်္ဂလာ အခမ်းနားပြီးလို့ ပြန်ထွက်လာတဲ့ အချိန်လေးကလည်း  အမိအရ မှတ်တမ်း တင်ထားရမယ့် အခိုက်အတန့်လေးပါနော်။ ဒီပုံလေးကတော့ ဓာတ်ပုံထုတ်တဲ့အခါ Album စာအုပ်ရဲ့နောက်ဆုံးမှာ နေရာပေးရမယ့် ပုံလေးပါနော်။

Credit:marry
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်..
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top