iMyanmarHouse.com - Best Property Website for Myanmar
×


၀မ္းဗိုက္နဲ႔ ခါးနားကအဆီခ်ခ်င္ရင္ အပ်င္းႀကီးေနလုိ႔မရဘူးဆိုတာ လူတိုင္းလက္ခံလာၾကပါၿပီ။ အဓိကအေရးႀကီးဆံုးကေတာ့ အာဟာရဓာတ္သင့္တင့္မွ်တေအာင္စားသံုးၿပီး စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ေပးဖို႔လိုအပ္ပါတယ္။ ခါးေလးမွာအဆီပိုေတြရွိတဲ့ျပႆနာဟာ ကမၻာေပၚကလူဦးေရ တစ္၀က္ေက်ာ္ေက်ာ္ေလာက္ ႀကံဳေတြ႕ေနရတဲ့ ျပႆနာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါန႔ဲ။ ေလ့က်င့္ခန္းေတြကိုမွ်ေ၀ေပးသြားပါမယ္။


၁။ အရင္ဆံုး အခုပံုမွာျပထားသလို ေျခေထာက္ႏွစ္ဖက္ကို နည္းနည္းမထားၿပီး လက္ႏွစ္ဖက္ကိုစုကာအေရွ႕ဖက္ထားထားပါ။ ၿပီးရင္ ေဘးတစ္ဖက္ဆီကို ေရႊ႕ေပးပါ။ ၁၀ ႀကိမ္ ၄ ေၾကာ့လုပ္ေပးပါ။


၂။ အရင္ဆံုးမတ္မတ္ရပ္ၿပီး ေျခေထာက္ႏွစ္ဖက္ကို နည္းနည္းကားေပးပါ။ လက္တစ္ဖက္ကို ေဘးခ်ၿပီးတစ္ဖက္ကို ေခါင္းေပၚကာ၀ိုက္ ခ်ထားတဲ့ဖက္ကို ေစာင္းေပးရပါမယ္။ အဲဒီလိုလုပ္တဲ့အခါမွာ တင္ကိုမတ္မတ္ပဲထားရပါမယ္။ ခါးန႔ဲခႏၶာကိုယ္အေပၚပိုင္းကိုပဲ ေစာင္းေပးရမွာပါ။ ၁၀ ႀကိမ္ ၄ ေၾကာ့ျဖစ္ပါတယ္။


၃။ အရင္ဆံုး ေက်ာလွဲေနပါ။ လက္ႏွစ္ဖက္ကို အေနာက္ဖက္တန္းတန္းဆန္႔ထားပါ။ေျခေထာက္ႏွစ္ဖက္ကိုလည္း တန္းတန္းဆန္႔ထားပါ။ ၿပီးရင္ ေျခေထာက္ႏွစ္ဖက္ကိုအေပၚေျမာက္ၿပီး ခႏၶာကိုယ္အေပၚပိုင္းကိုလည္းတၿပိဳင္တည္း ၾကြေပးပါ။ ကိုယ္ကိုၾကြႏိုင္သေလာက္ ၾကြေပးရပါမယ္။ ၁၀ ႀကိမ္ ၄ ေၾကာ့လုပ္ေပးပါ။


၄။ အခုပံုမွာျပထားသလို ရင္ဆံုးလက္ႏွစ္ဖက္နဲ႔ ဒူးႏွစ္ဖက္ကိုေထာက္ထားပါ။ ၿပီးရင္ ေျခေထာက္တစ္ဖက္ကို တန္းတန္းဆန္႔ၿပီး လက္ႏွစ္ဖက္ကို ေကြးလိုက္ပါ။ ဘယ္နဲ႔ညာ တစ္ဖက္ကို ၁၀ ႀကိမ္ ၄ ေၾကာ့လုပ္ေပးရပါမယ္။


၅။ အရင္ဆံုး ပက္လက္လွဲေနပါ။ ၿပီးရင္လက္ႏွစ္ဖက္ကို ေခါင္းေနာက္ကပ္ထားပါ။ ေျခေထာက္ႏွစ္ဖက္ကို နည္းနည္းေျမာက္ၿပီး ကားလိုက္ ၾကက္ေျခခတ္ပံုလုပ္လိုက္လုပ္ပါ။ ၁၀ ႀကိမ္ ၄ ေၾကာ့လုပ္ေပးရပါမယ္။


၆။ အရင္ဆံုး ဒူးႏွစ္ဖက္ေထာင္ၿပီး ေက်ာလဲေနပါ။ လက္ႏွစ္ဖက္ကို ၾကမ္းျပင္မွာခ်ထားပါ။ ၿပီးရင္ ခႏၶာကိုယ္ကို ၾကြေပးပါ။ အသက္ရွဴၿပီး ၾကြေပးရပါမယ္။ ၿပီးရင္ အသက္ေအာင့္ထားပါ။ ၁၅ စကၠန္႔ေလာက္ေအာင့္ထားရပါမယ္။ ၁၅ ႀကိမ္ကို ၃ ေၾကာ့လုပ္ေပးပါ။

အခုေဖာ္ျပခဲ့တဲ့ ေလ့က်င့္ခန္းေတြကို အကုန္လံုးလုပ္ေပးရမွာပါေနာ္။ ၃ ရက္ လုပ္ တစ္ရက္နားႏိုင္ပါတယ္။ မနက္ေစာေစာလုပ္ေပးတာပဲျဖစ္ျဖစ္၊ ညအိပ္ယာမ၀င္ခင္လုပ္ေပးတာပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္ေနာ္။

Credit: MystyleMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

၀မ်းဗိုက်နဲ့ ခါးနားကအဆီချချင်ရင် အပျင်းကြီးနေလို့မရဘူးဆိုတာ လူတိုင်းလက်ခံလာကြပါပြီ။ အဓိကအရေးကြီးဆုံးကတော့ အာဟာရဓာတ်သင့်တင့်မျှတအောင်စားသုံးပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးဖို့လိုအပ်ပါတယ်။ ခါးလေးမှာအဆီပိုတွေရှိတဲ့ပြဿနာဟာ ကမ္ဘာပေါ်ကလူဦးရေ တစ်ဝက်ကျော်ကျော်လောက် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ လေ့ကျင့်ခန်းတွေကိုမျှဝေပေးသွားပါမယ်။

၁။ အရင်ဆုံး အခုပုံမှာပြထားသလို ခြေထောက်နှစ်ဖက်ကို နည်းနည်းမထားပြီး လက်နှစ်ဖက်ကိုစုကာအရှေ့ဖက်ထားထားပါ။ ပြီးရင် ဘေးတစ်ဖက်ဆီကို ရွှေ့ပေးပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၂။ အရင်ဆုံးမတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို နည်းနည်းကားပေးပါ။ လက်တစ်ဖက်ကို ဘေးချပြီးတစ်ဖက်ကို ခေါင်းပေါ်ကာဝိုက် ချထားတဲ့ဖက်ကို စောင်းပေးရပါမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တင်ကိုမတ်မတ်ပဲထားရပါမယ်။ ခါးနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုပဲ စောင်းပေးရမှာပါ။ ၁၀ ကြိမ် ၄ ကြော့ဖြစ်ပါတယ်။

၃။ အရင်ဆုံး ကျောလှဲနေပါ။ လက်နှစ်ဖက်ကို အနောက်ဖက်တန်းတန်းဆန့်ထားပါ။ခြေထောက်နှစ်ဖက်ကိုလည်း တန်းတန်းဆန့်ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကိုအပေါ်မြောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းတပြိုင်တည်း ကြွပေးပါ။ ကိုယ်ကိုကြွနိုင်သလောက် ကြွပေးရပါမယ်။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးပါ။

၄။ အခုပုံမှာပြထားသလို ရင်ဆုံးလက်နှစ်ဖက်နဲ့ ဒူးနှစ်ဖက်ကိုထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို တန်းတန်းဆန့်ပြီး လက်နှစ်ဖက်ကို ကွေးလိုက်ပါ။ ဘယ်နဲ့ညာ တစ်ဖက်ကို ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၅။ အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင်လက်နှစ်ဖက်ကို ခေါင်းနောက်ကပ်ထားပါ။ ခြေထောက်နှစ်ဖက်ကို နည်းနည်းမြောက်ပြီး ကားလိုက် ကြက်ခြေခတ်ပုံလုပ်လိုက်လုပ်ပါ။ ၁၀ ကြိမ် ၄ ကြော့လုပ်ပေးရပါမယ်။

၆။ အရင်ဆုံး ဒူးနှစ်ဖက်ထောင်ပြီး ကျောလဲနေပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်မှာချထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို ကြွပေးပါ။ အသက်ရှူပြီး ကြွပေးရပါမယ်။ ပြီးရင် အသက်အောင့်ထားပါ။ ၁၅ စက္ကန့်လောက်အောင့်ထားရပါမယ်။ ၁၅ ကြိမ်ကို ၃ ကြော့လုပ်ပေးပါ။

အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကို အကုန်လုံးလုပ်ပေးရမှာပါနော်။ ၃ ရက် လုပ် တစ်ရက်နားနိုင်ပါတယ်။ မနက်စောစောလုပ်ပေးတာပဲဖြစ်ဖြစ်၊ ညအိပ်ယာမဝင်ခင်လုပ်ပေးတာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top