iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းမကိုယ္ယားယံျခင္းဟာ အမ်ိဳးသမီး ႀကီး၊ ငယ္မေ႐ြး ၾကံဳရေလ့႐ွိပါတယ္။ လူၾကားထဲမွာ ေနမထိထိုင္မသာ ျဖစ္ရလြန္းလို႔လည္း ေတာ္ေတာ္ခံရခက္တယ္။ ဘာေၾကာင့္ မိန္းမကိုယ္တဝိုက္ ယားယံရသလဲဆုိတဲ့အေၾကာင္းရင္းေတြထဲမွာေတာ့ ဒီအခ်က္ေတြက ထိပ္ဆံုးကျဖစ္ပါတယ္။

၁။ ေနထိုင္မႈပံုစံေၾကာင့္

ရိတ္ထားတဲ့အေမြးေတြ ျပန္ထြက္စမွာ ေနလို႔ထုိင္လို႔မရေလာက္ေအာင္ ယားတယ္။ အတြင္းခံေဘာင္းဘီ တင္းတင္းက်ပ္က်ပ္ ဝတ္လြန္းရင္၊ ေခၽြးစိုအဝတ္ေတြကို ဝတ္ထားရင္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈျဖစ္ေစပါတယ္။ Gym မွာ ေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခါ အတြင္းခံကို လဲဝတ္လိုက္ပါ။ အေမြးရိတ္တဲ့ဓားကိုလည္း အမ်ားဆံုး ၅ ႀကိမ္ပဲ သံုးၿပီး အသစ္လဲလွယ္သင့္တယ္။

၂။ ခ်စ္တင္းေႏွာျခင္းေၾကာင့္

ခ်စ္တင္းေႏွာျခင္း (လိင္ဆက္ဆံျခင္း)ေၾကာင့္ ယားယံတာကေတာ့ သံုးတဲ့ ေခ်ာဆီ (lubricant) ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေခ်ာဆီမွာပါတဲ့ အယ္လ္ကိုေဟာေၾကာင့္ မိန္းမကိုယ္အတြင္းပိုင္း ယားယံမႈျဖစ္တတ္ပါတယ္။

၃။ ေသြးဆံုးကိုင္ျခင္း

အမ်ိဳးသမီးေတြ ေသြးဆံုးခ်ိန္ေရာက္ရင္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈကို ခံဏားရေလ့႐ွိပါတယ္။ ေျခာက္ေသြ႕မႈေၾကာင့္ ယားယံမႈခံစားရတာပါ။ အီစထ႐ိုဂ်င္ေဟာ္မုန္း (estrogen) ေလ်ာ့နည္းလာတာနဲ႔အမွ် ယားယံမႈေတြ ျဖစ္ေစပါတယ္။

၄။ သန္႔ေဆးရည္

မိန္းမကိုယ္သန္႔ေဆးရည္တိုင္းကလည္း ကိုယ္နဲ႔ အဆင္ေျပခ်င္မွ ေျပဦးမွာကိုး။ တခ်ိဳ႕က်ေတာ့လည္း ဆပ္ျပာနဲ႔ မတည့္ဘူး။ သံုးလိုက္တိုင္း ယားယံမႈျဖစ္တယ္ဆုိရင္ ဆပ္ျပာပဲျဖစ္ျဖစ္ သန္႔ေဆးရည္ပဲျဖစ္ျဖစ္ ေျပာင္းသံုးဖုိ႔ အၾကံေပးပါရေစ။ ေယဘုယ်အားျဖင့္ေတာ့ မိန္းမကိုယ္တဝိုက္သံုးတဲ့အရာ (ေဆးရည္၊ ဆပ္ျပာ)တို႔ဟာ အနံ႔မပါတာမ်ိဳးကိုေရြးတာ အေကာင္းဆံုးပါပဲ။

၅။ ပိုးဝင္ျခင္း

ဘက္တီးရီးယားေၾကာင့္လည္း မိန္းမကိုယ္တဝိုက္ ယားယံမႈျဖစ္ရပါတယ္။ သားအိမ္လမ္းေၾကာင္းကို ပိုးမဝင္ေအာင္လို႔ သန္႔သန္႔ရွင္းရွင္းထားဖုိ႔ လိုပါတယ္။ ရာသီလာေနခ်ိန္မွာဆုိလည္း ဂြမ္းထုပ္၊ tampon တို႔ကို ၄ နာရီတစ္ႀကိမ္ အသစ္လဲလွယ္ေပးသင့္တယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းမကိုယ်ယားယံခြင်းဟာ အမျိုးသမီး ကြီး၊ ငယ်မရွေး ကြုံရလေ့ရှိပါတယ်။ လူကြားထဲမှာ နေမထိထိုင်မသာ ဖြစ်ရလွန်းလို့လည်း တော်တော်ခံရခက်တယ်။ ဘာကြောင့် မိန်းမကိုယ်တဝိုက် ယားယံရသလဲဆိုတဲ့အကြောင်းရင်းတွေထဲမှာတော့ ဒီအချက်တွေက ထိပ်ဆုံးကဖြစ်ပါတယ်။

၁။ နေထိုင်မှုပုံစံကြောင့်

ရိတ်ထားတဲ့အမွေးတွေ ပြန်ထွက်စမှာ နေလို့ထိုင်လို့မရလောက်အောင် ယားတယ်။ အတွင်းခံဘောင်းဘီ တင်းတင်းကျပ်ကျပ် ဝတ်လွန်းရင်၊ ချွေးစိုအဝတ်တွေကို ဝတ်ထားရင်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုဖြစ်စေပါတယ်။ Gym မှာ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အတွင်းခံကို လဲဝတ်လိုက်ပါ။ အမွေးရိတ်တဲ့ဓားကိုလည်း အများဆုံး ၅ ကြိမ်ပဲ သုံးပြီး အသစ်လဲလှယ်သင့်တယ်။

၂။ ချစ်တင်းနှောခြင်းကြောင့်

ချစ်တင်းနှောခြင်း (လိင်ဆက်ဆံခြင်း)ကြောင့် ယားယံတာကတော့ သုံးတဲ့ ချောဆီ (lubricant) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောဆီမှာပါတဲ့ အယ်လ်ကိုဟောကြောင့် မိန်းမကိုယ်အတွင်းပိုင်း ယားယံမှုဖြစ်တတ်ပါတယ်။

၃။ သွေးဆုံးကိုင်ခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်ရင်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုကို ခံဏားရလေ့ရှိပါတယ်။ ခြောက်သွေ့မှုကြောင့် ယားယံမှုခံစားရတာပါ။ အီစထရိုဂျင်ဟော်မုန်း (estrogen) လျော့နည်းလာတာနဲ့အမျှ ယားယံမှုတွေ ဖြစ်စေပါတယ်။

၄။ သန့်ဆေးရည်

မိန်းမကိုယ်သန့်ဆေးရည်တိုင်းကလည်း ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေဦးမှာကိုး။ တချို့ကျတော့လည်း ဆပ်ပြာနဲ့ မတည့်ဘူး။ သုံးလိုက်တိုင်း ယားယံမှုဖြစ်တယ်ဆိုရင် ဆပ်ပြာပဲဖြစ်ဖြစ် သန့်ဆေးရည်ပဲဖြစ်ဖြစ် ပြောင်းသုံးဖို့ အကြံပေးပါရစေ။ ယေဘုယျအားဖြင့်တော့ မိန်းမကိုယ်တဝိုက်သုံးတဲ့အရာ (ဆေးရည်၊ ဆပ်ပြာ)တို့ဟာ အနံ့မပါတာမျိုးကိုရွေးတာ အကောင်းဆုံးပါပဲ။

၅။ ပိုးဝင်ခြင်း

ဘက်တီးရီးယားကြောင့်လည်း မိန်းမကိုယ်တဝိုက် ယားယံမှုဖြစ်ရပါတယ်။ သားအိမ်လမ်းကြောင်းကို ပိုးမဝင်အောင်လို့ သန့်သန့်ရှင်းရှင်းထားဖို့ လိုပါတယ်။ ရာသီလာနေချိန်မှာဆိုလည်း ဂွမ်းထုပ်၊ tampon တို့ကို ၄ နာရီတစ်ကြိမ် အသစ်လဲလှယ်ပေးသင့်တယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top