iMyanmarHouse.com - Best Property Website for Myanmar
×
” မိန်းမဆိုတာ “…
ဘယ်လောက်ပဲ အသဲမာပြီး……
ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
” မိန်းမဆိုတာ “…
မိန်းမတစ်ယောက်ရဲ့ ဆူညံစွာပြောဆိုနေမှုထက်……
တိတ်ဆိတ်နေခြင်းက ပိုကြောက်ဖို့ကောင်းပါတယ်။
အမုန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒေါသတွေထက်……
သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ရဲ့……
နှလုံးသားအေးစက်မှုက ပိုကြောက်ဖို့ကောင်းတယ်။
ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့ မာန်မာနထက်……
နူးညံ့တဲ့ မိန်းမတစ်ယောက်ရဲ့ ပြတ်သားမှုက……
ပိုကြောက်ဖို့ ကောင်းပါတယ်။
မိန်းမသားဆိုတာ ခံစားချက်ကိုရှေ့တန်းတင်ပြီး…
နှလုံးသားကို ဦးစားပေးတတ်ကြတဲ့ လူမျိုးတွေပါ။
ဘယ်လောက်ပဲ အသဲမာပြီး……
တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါစေ……
ဥပေက္ခာထက် ကြင်နာမှုကိုသာ မက်မောကြတာပါ။
မိန်းမဆိုတာ အပြောင်းအလဲ မြန်ပါတယ်။
အချစ်နဲ့ပတ်သက်ပြီး မိန်းမတွေရဲ့ပြောင်းလဲမှုဆိုတာ……
သူ့ချစ်သူရဲ့ ဂရုတစိုက်ရှိမှုနဲ့……
အကြင်နာတရားပေါ်မှာသာ မူတည်နေတာပါ။
နောက်တစ်ခုရှိသေးတာက အချစ်မှာ ပေးသလောက်ပြန်မရရင်
ရသလောက်ပဲ ပြန်ပေးတတ်ကြတာလည်း မိန်းမသားတွေပါပဲ။
ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပြီး……
သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါစေဦးတော့……
ကိုယ်ခံစားရသလောက် ပြန်ခံစားစေချင်တဲ့……
လက်တုံ့ပြန်တတ်တဲ့ စိတ်ဆိုတာ………
မိန်းမသားတိုင်းမှာ ရှိနေတတ်ပါတယ်။
Credit: Myanmar News Team
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top