iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္ကိုတြင္တြင္က်ယ္က်ယ္လိမ္းလာၾကတဲ့အခ်ိန္မွာ မိန္းကေလးတစ္ေယာက္အေနနဲ႔ မိတ္ကပ္နဲ႔ပတ္သက္ၿပီး သိထားသင့္တာေတြေတာ္ေတာ္မ်ားမ်ားကို သိထားဖို႔အေရးႀကီးပါတယ္။ မ်က္ႏွာေပၚမွာ လွပတဲ့မိတ္ကပ္မ်ိဳးကို လိမ္းျခယ္ႏိုင္ဖို႔ဆိုတာ Foundation ကိုပဲေသခ်ာလိမ္းတတ္႐ံုနဲ႔မရပါဘူး။ မ်က္ႏွာေပၚမွာရွိေနတဲ့ အျပစ္နာဆာေတြကို ေကာင္းေကာင္းဖံုးေပးႏိုင္ဖို႔အတြက္ Comcealer ကိုလည္းသံုးတတ္ဖို႔လိုတယ္ေနာ္။

အေရာင္ေလးေတြနဲ႔ထြက္ရွိလာတဲ့ Concealer ေလးေတြဆိုရင္ မ်က္ႏွာေပၚမွာရွိေနတဲ့ အျပစ္အနာဆာေတြကို သူ႔ေနရာနဲ႔သူတိတိက်က် ျပင္ဆင္ေပးႏိုင္လာေတာ့ မိန္းကေလးတိုင္းအတြက္ဝမ္းသာစရာပဲေပါ႔။ ဒါေပမယ့္ ဘယ္လိုအေရာင္ေတြကို ဘယ္လိုေနရာမ်ိဳးေတြမွာ သံုးေပးရမယ္ဆိုတာကို မွန္ကန္စြာသိရွိေစႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Yellow Concealer

အဝါေရာင္ရွိတဲ့ concealer ေလးဟာဆိုရင္ေတာ့ မ်က္ႏွာေပၚမွာ ဝက္ၿခံျဖစ္တာေၾကာင့္က်န္ေနတဲ့ ေရာင္ရမ္းမႈေတြ၊ နီရဲေနတာေတြကို ဖံုးကြယ္ေပးႏိုင္ဖို႔အတြက္ အသံုးျပဳလို႔ရမယ့္ အေရာင္ပဲျဖစ္ပါတယ္။ တျခား Concealer ေတြကိုသံုးတာထက္ အဝါေရာင္ Concealer ကပိုၿပီးတိက်တဲ့ဖံုးကြယ္မႈေတြကို ေပးစြမ္းႏိုင္မွာပါ။

Green Concealer

အစိမ္းေရာင္ Concealer ေလးကေတာ့ မ်က္ႏွာေပၚမွာျဖစ္တတ္တဲ့ နီရဲေနတာေတြ၊ ဝက္ၿခံျဖစ္ေနတာေတြကို ဖံုးအုပ္ေပးႏိုင္တဲ့ အေကာင္းဆံုး concealer ေလးလို႔လည္း ေျပာလို႔ရပါတယ္။ ပ်ိဳေမတို႔မွတ္ထားရမွာက ကိုယ္ကဝက္ၿခံထြက္တတ္တဲ့သူဆိုရင္ မိတ္ကပ္လွလွေလးျဖစ္ေနေစဖို႔အတြက္ Green Concealer ေလးကိုသံုးသင့္တယ္ေနာ္။

Pink Concealer

ပန္းေရာင္ Concealer ေလးကေတာ့ မ်က္ႏွာအသားအေရေပၚမွာျဖစ္ေနတဲ့ အမည္းစက္ေတြကို ဖံုးအုပ္ေပးဖို႔အတြက္ အသံုးျပဳလို႔ရပါတယ္။ မိတ္ကပ္လိမ္းတဲ့အခါမွာ အမည္းစက္ေတြကေကာင္းေကာင္းမေပ်ာက္သြားတတ္တာေၾကာင့္ ဒီ ပန္းေရာင္ Concealer ေလးက အသင့္ေတာ္ဆံုးျဖစ္မွာပါ။

Peach Concealer

လိေမၼာ္ေရာင္ဘက္သြားတဲ့ Concealer ကေတာ့ အိပ္ေရးပ်က္တာေတြေၾကာင့္ျဖစ္တဲ့ မ်က္ကြင္းညိဳတာေတြ၊ အသားအေရအေရာင္မညီတာေတြျဖစ္ေနတာေတြကို ေျဖရွင္းေပးႏိုင္မယ့္ Concealer ေလးပါ။

ကဲပ်ိဳေမတို႔လည္း Concealer ေလးေတြကို အေရာင္အလိုက္ သံုးရမယ့္ေနရာေလးေတြနဲ႔ တြဲဖက္ၿပီးသိၿပီဆုိေတာ့ လွပၿပီးသပ္ရပ္တဲ့ မိတ္ကပ္ျပင္ဆင္မႈေလးေတြနဲ႔ လွလွပပျဖတ္သန္းႏိုင္ၿပီေပါ႔။

Credit: mystylemyanmar

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိတ်ကပ်ကိုတွင်တွင်ကျယ်ကျယ်လိမ်းလာကြတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ မိတ်ကပ်နဲ့ပတ်သက်ပြီး သိထားသင့်တာတွေတော်တော်များများကို သိထားဖို့အရေးကြီးပါတယ်။ မျက်နှာပေါ်မှာ လှပတဲ့မိတ်ကပ်မျိုးကို လိမ်းခြယ်နိုင်ဖို့ဆိုတာ Foundation ကိုပဲသေချာလိမ်းတတ်ရုံနဲ့မရပါဘူး။ မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်နာဆာတွေကို ကောင်းကောင်းဖုံးပေးနိုင်ဖို့အတွက် Comcealer ကိုလည်းသုံးတတ်ဖို့လိုတယ်နော်။

အရောင်လေးတွေနဲ့ထွက်ရှိလာတဲ့ Concealer လေးတွေဆိုရင် မျက်နှာပေါ်မှာရှိနေတဲ့ အပြစ်အနာဆာတွေကို သူ့နေရာနဲ့သူတိတိကျကျ ပြင်ဆင်ပေးနိုင်လာတော့ မိန်းကလေးတိုင်းအတွက်ဝမ်းသာစရာပဲပေါ့။ ဒါပေမယ့် ဘယ်လိုအရောင်တွေကို ဘယ်လိုနေရာမျိုးတွေမှာ သုံးပေးရမယ်ဆိုတာကို မှန်ကန်စွာသိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Yellow Concealer

အဝါရောင်ရှိတဲ့ concealer လေးဟာဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံဖြစ်တာကြောင့်ကျန်နေတဲ့ ရောင်ရမ်းမှုတွေ၊ နီရဲနေတာတွေကို ဖုံးကွယ်ပေးနိုင်ဖို့အတွက် အသုံးပြုလို့ရမယ့် အရောင်ပဲဖြစ်ပါတယ်။ တခြား Concealer တွေကိုသုံးတာထက် အဝါရောင် Concealer ကပိုပြီးတိကျတဲ့ဖုံးကွယ်မှုတွေကို ပေးစွမ်းနိုင်မှာပါ။

Green Concealer

အစိမ်းရောင် Concealer လေးကတော့ မျက်နှာပေါ်မှာဖြစ်တတ်တဲ့ နီရဲနေတာတွေ၊ ဝက်ခြံဖြစ်နေတာတွေကို ဖုံးအုပ်ပေးနိုင်တဲ့ အကောင်းဆုံး concealer လေးလို့လည်း ပြောလို့ရပါတယ်။ ပျိုမေတို့မှတ်ထားရမှာက ကိုယ်ကဝက်ခြံထွက်တတ်တဲ့သူဆိုရင် မိတ်ကပ်လှလှလေးဖြစ်နေစေဖို့အတွက် Green Concealer လေးကိုသုံးသင့်တယ်နော်။

Pink Concealer

ပန်းရောင် Concealer လေးကတော့ မျက်နှာအသားအရေပေါ်မှာဖြစ်နေတဲ့ အမည်းစက်တွေကို ဖုံးအုပ်ပေးဖို့အတွက် အသုံးပြုလို့ရပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာ အမည်းစက်တွေကကောင်းကောင်းမပျောက်သွားတတ်တာကြောင့် ဒီ ပန်းရောင် Concealer လေးက အသင့်တော်ဆုံးဖြစ်မှာပါ။

Peach Concealer

လိမ္မော်ရောင်ဘက်သွားတဲ့ Concealer ကတော့ အိပ်ရေးပျက်တာတွေကြောင့်ဖြစ်တဲ့ မျက်ကွင်းညိုတာတွေ၊ အသားအရေအရောင်မညီတာတွေဖြစ်နေတာတွေကို ဖြေရှင်းပေးနိုင်မယ့် Concealer လေးပါ။

ကဲပျိုမေတို့လည်း Concealer လေးတွေကို အရောင်အလိုက် သုံးရမယ့်နေရာလေးတွေနဲ့ တွဲဖက်ပြီးသိပြီဆိုတော့ လှပပြီးသပ်ရပ်တဲ့ မိတ်ကပ်ပြင်ဆင်မှုလေးတွေနဲ့ လှလှပပဖြတ်သန်းနိုင်ပြီပေါ့။

Credit: mystylemyanmar

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top