iMyanmarHouse.com - Best Property Website for Myanmar
×


ပထမဆံုးအေနနဲ႔ Hydrogenated Vegetable Oil ဆိုတာ တစ္နည္းအားျဖင့္ Trans Fat အုပ္စုဝင္တစ္မ်ိဳးျဖစ္တယ္ဆိုတာ အရင္ဆံုးသိဖို႔လိုအပ္ပါတယ္။ Trans Fat ဆိုတာ ျမန္မာ လိုအသြင္ေျပာင္းဆီလို႔ အလြယ္ဆံုး အဓိပၸါယ္ဖြင့္ဆိုလို႔ရပါတယ္။

ဘယ္လို အစားအစာေတြ မွာ Trans Fat ေတြ ပါလဲ

    အမဲသား၊ ဆိတ္သား၊ သိုးသား၊ အနီေရာင္ အသား၊ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား
    အသင့္စား အစားအစာမ်ား၊ ဘီစကြတ္၊ ကြတ္ကီး၊ အသင့္ေသာက္ ေကာ္ဖီမႈန္႔၊ လက္ဖက္ရည္မႈန္႔၊ Creamer ဆီေၾကာ္အစားအစာမ်ား၊ ထပ္ခါ ထပ္ခါ ေၾကာ္ထားေသာ ဆီမ်ား၊ အစားအစာ မ်ား။

Trans Fat အသြင္ေျပာင္းဆီေတြ စားပါမ်ားရင္ ဘာျဖစ္ လာမလဲ

 ေကာင္းတဲ့ ကိုလက္စထေရာ HDL ကို ေလ်ာ့က်ေစၿပီး မေကာင္းတဲ့ ကိုလက္စထေရာ LDL ကို တက္ လာေစတဲ့ အတြက္ ေသြးတြင္း ကိုလက္စထေရာ တက္လာေစပါတယ္။
    TG (Triglycerides) ကိုလည္း တက္ေစပါတယ္။
    ေနာက္ဆက္တြဲ ဆိုးက်ိဳး အေနနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးတိုးေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါ အထိ ျဖစ္ေစႏိုင္ပါတယ္။
    တခ်ိဳ႕ေသာ သုေသသနေတြမွာေတာ့ ကင္ဆာေရာဂါ အထိ ျဖစ္တတ္တယ္ ေျပာၾကေပမယ့္ ေနာက္ထပ္ စူးစမ္းေလ့လာမွႈေတြ ထပ္လိုေသးတယ္ လို႔လဲ ဆိုထားပါတယ္။

Trans Fat ကို ဘယ္လို ေရွာင္ရွားၾကမလဲ
အသင့္စား အစားအစာေတြ စားသံုးမႈကို ေလွ်ာ့ခ်ပါ။ အသင့္စား အစား အစာ ေတြ စားရင္ အာဟာရတန္ဖိုးျပဇယား (Nutrition Label) ကို ဖတ္ၾကည့္ပါ။ Trans Fat ပါေနရင္ မစားသင့္ပါဘူး။

ကမာၻတစ္ဝွမ္းမွာ Trans Fat ကို Nutrition Label ထဲမွာေဖာ္ျပရင္ တစ္ခါစား ပမာဏ မွာ 0.5 gram ထက္နည္းေနတယ္ ဆိုရင္ label မွာ 0 gram ဆိုၿပီး ေဖာ္ျပခြင့္ေပးထားတဲ့ အ တြက္ Trans Fat ၀ ဂရမ္ ဆိုတိုင္း Trans Fat လံုးဝ မပါတာ မဟုတ္တဲ့ အတြက္ Trans Fat ၀ ဂရမ္ ပဲ ပါတယ္ ဆိုတဲ့ အသင့္စား အစားအစာေတာင္မွက်န္းမာေရး အတြက္ အဆင္ေျပတယ္ ဆိုၿပီး အလြန္အကၽြံ မစားသင့္ပါဘူး။



သဘာဝ အတိုင္း Trans Fat ပါတဲ့ အစားအစာဂေတြ ျဖစ္တဲ့ အနီေရာင္အသားေတြ ကေတာ့ တစ္ပတ္ ကို ႏွစ္ႀကိမ္ထက္ ပိုမစားသင့္ပါဘူး။ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းေတြကေတာ့ ေသခ်ာက်ိဳ ခ်က္ၿပီး မလိုင္ဖယ္ၿပီးစားေပးျခင္း ျဖင့္ Trans Fat ကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
   
ဆီႏွစ္ၿပီး ေၾကာ္စားရတဲ့ အစားအစာေတြကို တတ္ႏိုင္သမွ်ေလွ်ာ့စားေပးဖို႔လိုအပ္ပါတယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပထမဆုံးအနေနဲ့ Hydrogenated Vegetable Oil ဆိုတာ တစ်နည်းအားဖြင့် Trans Fat အုပ်စုဝင်တစ်မျိုးဖြစ်တယ်ဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ Trans Fat ဆိုတာ မြန်မာ လိုအသွင်ပြောင်းဆီလို့ အလွယ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။

ဘယ်လို အစားအစာတွေ မှာ Trans Fat တွေ ပါလဲ

    အမဲသား၊ ဆိတ်သား၊ သိုးသား၊ အနီရောင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ
    အသင့်စား အစားအစာများ၊ ဘီစကွတ်၊ ကွတ်ကီး၊ အသင့်သောက် ကော်ဖီမှုန့်၊ လက်ဖက်ရည်မှုန့်၊ Creamer ဆီကြော်အစားအစာများ၊ ထပ်ခါ ထပ်ခါ ကြော်ထားသော ဆီများ၊ အစားအစာ များ။

Trans Fat အသွင်ပြောင်းဆီတွေ စားပါများရင် ဘာဖြစ် လာမလဲ

    ကောင်းတဲ့ ကိုလက်စထရော HDL ကို လျော့ကျစေပြီး မကောင်းတဲ့ ကိုလက်စထရော LDL ကို တက် လာစေတဲ့ အတွက် သွေးတွင်း ကိုလက်စထရော တက်လာစေပါတယ်။
    TG (Triglycerides) ကိုလည်း တက်စေပါတယ်။
    နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ အထိ ဖြစ်စေနိုင်ပါတယ်။
    တချို့သော သုသေသနတွေမှာတော့ ကင်ဆာရောဂါ အထိ ဖြစ်တတ်တယ် ပြောကြပေမယ့် နောက်ထပ် စူးစမ်းလေ့လာမှှုတွေ ထပ်လိုသေးတယ် လို့လဲ ဆိုထားပါတယ်။

Trans Fat ကို ဘယ်လို ရှောင်ရှားကြမလဲ
အသင့်စား အစားအစာတွေ စားသုံးမှုကို လျှော့ချပါ။ အသင့်စား အစား အစာ တွေ စားရင် အာဟာရတန်ဖိုးပြဇယား (Nutrition Label) ကို ဖတ်ကြည့်ပါ။ Trans Fat ပါနေရင် မစားသင့်ပါဘူး။

ကမ္ဘာတစ်ဝှမ်းမှာ Trans Fat ကို Nutrition Label ထဲမှာဖော်ပြရင် တစ်ခါစား ပမာဏ မှာ 0.5 gram ထက်နည်းနေတယ် ဆိုရင် label မှာ 0 gram ဆိုပြီး ဖော်ပြခွင့်ပေးထားတဲ့ အ တွက် Trans Fat ၀ ဂရမ် ဆိုတိုင်း Trans Fat လုံးဝ မပါတာ မဟုတ်တဲ့ အတွက် Trans Fat ၀ ဂရမ် ပဲ ပါတယ် ဆိုတဲ့ အသင့်စား အစားအစာတောင်မှကျန်းမာရေး အတွက် အဆင်ပြေတယ် ဆိုပြီး အလွန်အကျွံ မစားသင့်ပါဘူး။

သဘာဝ အတိုင်း Trans Fat ပါတဲ့ အစားအစာဂတွေ ဖြစ်တဲ့ အနီရောင်အသားတွေ ကတော့ တစ်ပတ် ကို နှစ်ကြိမ်ထက် ပိုမစားသင့်ပါဘူး။ နို့နှင့် နို့ထွက်ပစ္စည်းတွေကတော့ သေချာကျို ချက်ပြီး မလိုင်ဖယ်ပြီးစားပေးခြင်း ဖြင့် Trans Fat ကိုလျှော့ချပေးနိုင်ပါတယ်။
   
ဆီနှစ်ပြီး ကြော်စားရတဲ့ အစားအစာတွေကို တတ်နိုင်သမျှလျှော့စားပေးဖို့လိုအပ်ပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top