iMyanmarHouse.com - Best Property Website for Myanmar
×



တခ်ိန္က ဗြီဒီယိုကားေတြ၊ VCDေခြေတြမွာ ျမန္မာဆန္တဲ့အလွနဲ႔ ကာလသားပရိ သတ္ႏွလံုးသားကိ္ုဖမ္းစားႏိုင္ခဲ့သူ။အခုအြန္လိုင္းေခတ္ေရာက္လာေတာ့လည္း ျမန္မာဆန္တဲ့ အလွေတြ ႏုပ်ိဳမႈေတြနဲ႔ ေမာင္ေလးေတြရဲ႕ ဂႏၱဝင္မမျဖစ္ေနတဲ့ မေအးေသာင္းကေတာ့ 8Daysမီဒီယာနဲ႔အင္တာဗ်ဴးတစ္ခုမွာ ေျပာျပသြားတဲ့အေၾကာင္းေတြ႐ိွပါတယ္။

သူဘာေတြမ်ားေျပာသြားမလဲဆိုတာကိုေျပာခ်င္လြန္းလို႔မေအးေသာင္းကိုခ်စ္ၾကတဲ့ မိတ္ေဆြေတြအတြက္ျပန္လည္ေျပာျပေပးလိုက္ပါတယ္။

႐ုပ္႐ွင္ေတြ႐ိုက္ဖို႔႐ိွေနတဲ့အေၾကာင္းကို “႐ုပ္ရွင္ကားအေနနဲ႔ကေပါက္စီကို ငါးလပိုင္းတစ္ ကားေျပာထားတယ္။ ခုႏွစ္လပိုင္းတစ္ကားေျပာထားတယ္။ အဲ့ႏွစ္ခုကေတာ့ေပါက္စီ ေလာေလာဆယ္ ဇာတ္ညႊန္းေလးဖတ္ေနတယ္ ဖတ္ၾကည့္ၿပီးလို႔ေပါက္စီလုပ္ႏိုင္တယ္။

 ေပါက္စိီလုပ္ႏိုင္တဲ့ ကာ႐ိုက္တာလည္းျဖစ္တယ္။ ကို္ယ္နဲ႔လည္းလိုက္တယ္ဆိုရင္ေတာ့ ႐ိုက္ျဖစ္မွာပါ ။”ဆိုၿပီးေျပာျပသြားၿပီး သ႐ုပ္ေဆာင္ရမယ့္ဇာတ္ေကာင္စ႐ိုက္ေတြကိုလည္း “ ဒီတစ္ခါေတာ့ ေပါက္စီကခ်စ္တတ္တဲ့မိန္းမတစ္ေယာက္လို႔ျမင္တယ္။



တစ္ကားကက်ေတာ့ေပါက္စီက တစ္ဖက္သက္ခ်စ္ရတာေပါ့။ ဒါကေတာ့နည္း နည္းေလးေျပာင္းသြားမယ္ထင္တယ္၊ အရမ္းလိုက္ခ်စ္ရတာေတာ့ဆိုေတာ့ခ်စ္ရတာခ်င္းေတာ့ အတူတူပါ။ ေနာက္တစ္ကားကက်ေတာ့Horror ပါ။သရဲကားလိုပံုစံမ်ိဳးျဖစ္မယ္ထင္တယ္။ အဲ့တာကေတာ့ ပံုစံတစ္မ်ိဳးေျပာင္းသြားမွာပါ။”လို႔ေျပာျပသြားပါတယ္။

အျပင္ကပံုစံနဲ႔ကိုက္ညီမႈ႐ိ္ွလားဆိုေတာ့ “ (ရယ္လ်က္) ေပါက္စီကခ်စ္တတ္တယ္။ အျပင္မွာလည္းေပါက္စီကခ်စ္တဲ့သူဆိုရင္ တန္ဘိုးထားၿပီးေတာ့ခ်စ္တတ္တယ္။”ဆိုၿပီးေျဖပါ တယ္။

ေနာက္ထပ္ေမးခြန္းျဖစ္တဲ့ခ်စ္သူနဲ႔ကဘာသာအတူတူပဲလားဆိုတဲ့ေမးခြန္းကိုအတူူတူပါပဲလို႔ေျပာၿပီး ခရစ္ယာန္တစ္ေယာက္ျဖစ္ေပမယ္ ျမန္မာဘုရား႐ိွခိုးတာ၊ဘုရားစား ဖတ္တာေတြဇာတ္ကားေတြမွာေတြ႔ေနရတာကဆိုေတာ့ “ေပါက္စီကေလ ဘာသာေရးအ စြဲအလန္းႀကီး Strong ျဖစ္တဲ့ (စဥ္းစားလ်က္) ခရစ္ယာန္ေတာ့ခရစ္ယာန္ေပါ့ေနာ္ ဒါေပမယ့္ေပါက္စီက ဒါကိုမွမွန္တယ္ဆိ္ုၿပီးေတာ့ေပါက္စီမွာအရမ္းအစြဲအလန္းမ႐ိွပါဘူး ။

ဘာသာတိုင္းက ေကာင္းတာပဲဆံုးမတာ ဘာျဖစ္လို႔လဲဆိုေတာ့ ငယ္ငယ္ကတည္း ကေနရတ့ဲအသိုင္းအဝိုင္းက ဗုဒၶဘာသာေတြနဲ႔ေလ။ ေက်ာင္းမွာဆိုလိို႔႐ိွရင္လည္း တတန္းလံုးဘုရားစာဆိုေနရင္ကိုယ္ကလည္းမဆိုဘူးဆိုေပမယ့္ၾကားနရတာ ။ေနာက္ပို္င္းက် ေပါက္စီကသူငယ္တန္းကေနဆယ္တန္းထိေနာ္ၾသကာသၾသကာသဆိုတာေတြအကုန္လံုးေပါက္စီနားထဲမွာၾကားေနရေတာ့ အဲ့ဒီစားေတြအကုန္လံုး ကိုယ္က သူမ်ားေတြထက္ေတာင္ အလြတ္ရေနေသးတယ္။



ဘုရားစာနဲ႔ပတ္သတ္တာလည္းေပါက္စီရေနတယ္။ေပါက္စီရဲ႕အေမ့ဘက္အမ်ိဳးေတြအကုန္လံုးကလည္းဗုဒၶဘာသာဝင္ေတြပဲဆိုေတာ့ေပါက္စီအတြက္က မစိမ္းေနဘူး။ ဒီလိုမ်ိဳးေတြ ဘုရားမွာေနရလို႔တို႔ပုတီးစိပ္ရတာတို႔ ဒီဘုရားကိုကန္ေတာ့တဲ့ သ႐ုပ္ေဆာင္ရတဲ့ဟာမ်ိဳး ကေပါက္စီအတြက္အဲ့တာႀကီးကဝန္ထုပ္ဝန္ပိုးမျဖစ္သလိုေပါက္စီအတြက္တအားႀကီးအခက္အခဲလည္းမ႐ိွဘူး အဲ့ဒီအတြက္ေၾကာင့္မို႔လို႔ေပါက္စီကအဆင္ေျပတယ္။

အစတုန္းကအဲ့ဒီလိုသီတင္းကၽြတ္ေတြဘာေတြဆိုၿပီးလူႀကီးေတြေလာက္ကန္ေတာ့ၿပီးမုန္႔ဖိုးေတြေတာင္းတာပဲ။ဝါဆိုသကၤန္းဆိုလည္းကပ္လိုက္ၾကတာပဲဆိုေတာ့ေလ ေပါက္စီအတြက္ ဒီဘာသာေရးကအရမ္းႀကီးေပါက္စီအတြက္ အရမ္းႀကီးအတားအစီးျဖစ္မေနဘူး”ဆိုၿပီးေျပာျပ သြားခဲ့ပါတယ္။

Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တချိန်က ဗွီဒီယိုကားတွေ၊ VCDခွေတွေမှာ မြန်မာဆန်တဲ့အလှနဲ့ ကာလသားပရိ သတ်နှလုံးသားကိုဖမ်းစားနိုင်ခဲ့သူ။အခုအွန်လိုင်းခေတ်ရောက်လာတော့လည်း မြန်မာဆန်တဲ့ အလှတွေ နုပျိုမှုတွေနဲ့ မောင်လေးတွေရဲ့ ဂန္တဝင်မမဖြစ်နေတဲ့ မအေးသောင်းကတော့ 8Daysမီဒီယာနဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။

သူဘာတွေများပြောသွားမလဲဆိုတာကိုပြောချင်လွန်းလို့မအေးသောင်းကိုချစ်ကြတဲ့ မိတ်ဆွေတွေအတွက်ပြန်လည်ပြောပြပေးလိုက်ပါတယ်။

ရုပ်ရှင်တွေရိုက်ဖို့ရှိနေတဲ့အကြောင်းကို “ရုပ်ရှင်ကားအနေနဲ့ကပေါက်စီကို ငါးလပိုင်းတစ် ကားပြောထားတယ်။ ခုနှစ်လပိုင်းတစ်ကားပြောထားတယ်။ အဲ့နှစ်ခုကတော့ပေါက်စီ လောလောဆယ် ဇာတ်ညွှန်းလေးဖတ်နေတယ် ဖတ်ကြည့်ပြီးလို့ပေါက်စီလုပ်နိုင်တယ်။

 ပေါက်စီလုပ်နိုင်တဲ့ ကာရိုက်တာလည်းဖြစ်တယ်။ ကိုယ်နဲ့လည်းလိုက်တယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ ။”ဆိုပြီးပြောပြသွားပြီး သရုပ်ဆောင်ရမယ့်ဇာတ်ကောင်စရိုက်တွေကိုလည်း “ ဒီတစ်ခါတော့ ပေါက်စီကချစ်တတ်တဲ့မိန်းမတစ်ယောက်လို့မြင်တယ်။

တစ်ကားကကျတော့ပေါက်စီက တစ်ဖက်သက်ချစ်ရတာပေါ့။ ဒါကတော့နည်း နည်းလေးပြောင်းသွားမယ်ထင်တယ်၊ အရမ်းလိုက်ချစ်ရတာတော့ဆိုတော့ချစ်ရတာချင်းတော့ အတူတူပါ။ နောက်တစ်ကားကကျတော့Horror ပါ။သရဲကားလိုပုံစံမျိုးဖြစ်မယ်ထင်တယ်။ အဲ့တာကတော့ ပုံစံတစ်မျိုးပြောင်းသွားမှာပါ။”လို့ပြောပြသွားပါတယ်။

အပြင်ကပုံစံနဲ့ကိုက်ညီမှုရိှလားဆိုတော့ “ (ရယ်လျက်) ပေါက်စီကချစ်တတ်တယ်။ အပြင်မှာလည်းပေါက်စီကချစ်တဲ့သူဆိုရင် တန်ဘိုးထားပြီးတော့ချစ်တတ်တယ်။”ဆိုပြီးဖြေပါ တယ်။

နောက်ထပ်မေးခွန်းဖြစ်တဲ့ချစ်သူနဲ့ကဘာသာအတူတူပဲလားဆိုတဲ့မေးခွန်းကိုအတူူတူပါပဲလို့ပြောပြီး ခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ် မြန်မာဘုရားရှိခိုးတာ၊ဘုရားစား ဖတ်တာတွေဇာတ်ကားတွေမှာတွေ့နေရတာကဆိုတော့ “ပေါက်စီကလေ ဘာသာရေးအ စွဲအလန်းကြီး Strong ဖြစ်တဲ့ (စဉ်းစားလျက်) ခရစ်ယာန်တော့ခရစ်ယာန်ပေါ့နော် ဒါပေမယ့်ပေါက်စီက ဒါကိုမှမှန်တယ်ဆိုပြီးတော့ပေါက်စီမှာအရမ်းအစွဲအလန်းမရှိပါဘူး ။

ဘာသာတိုင်းက ကောင်းတာပဲဆုံးမတာ ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်ကတည်း ကနေရတဲ့အသိုင်းအဝိုင်းက ဗုဒ္ဓဘာသာတွေနဲ့လေ။ ကျောင်းမှာဆိုလို့ရှိရင်လည်း တတန်းလုံးဘုရားစာဆိုနေရင်ကိုယ်ကလည်းမဆိုဘူးဆိုပေမယ့်ကြားနရတာ ။နောက်ပိုင်းကျ ပေါက်စီကသူငယ်တန်းကနေဆယ်တန်းထိနော်သြကာသသြကာသဆိုတာတွေအကုန်လုံးပေါက်စီနားထဲမှာကြားနေရတော့ အဲ့ဒီစားတွေအကုန်လုံး ကိုယ်က သူများတွေထက်တောင် အလွတ်ရနေသေးတယ်။

ဘုရားစာနဲ့ပတ်သတ်တာလည်းပေါက်စီရနေတယ်။ပေါက်စီရဲ့အမေ့ဘက်အမျိုးတွေအကုန်လုံးကလည်းဗုဒ္ဓဘာသာဝင်တွေပဲဆိုတော့ပေါက်စီအတွက်က မစိမ်းနေဘူး။ ဒီလိုမျိုးတွေ ဘုရားမှာနေရလို့တို့ပုတီးစိပ်ရတာတို့ ဒီဘုရားကိုကန်တော့တဲ့ သရုပ်ဆောင်ရတဲ့ဟာမျိုး ကပေါက်စီအတွက်အဲ့တာကြီးကဝန်ထုပ်ဝန်ပိုးမဖြစ်သလိုပေါက်စီအတွက်တအားကြီးအခက်အခဲလည်းမရှိဘူး အဲ့ဒီအတွက်ကြောင့်မို့လို့ပေါက်စီကအဆင်ပြေတယ်။

အစတုန်းကအဲ့ဒီလိုသီတင်းကျွတ်တွေဘာတွေဆိုပြီးလူကြီးတွေလောက်ကန်တော့ပြီးမုန့်ဖိုးတွေတောင်းတာပဲ။ဝါဆိုသင်္ကန်းဆိုလည်းကပ်လိုက်ကြတာပဲဆိုတော့လေ ပေါက်စီအတွက် ဒီဘာသာရေးကအရမ်းကြီးပေါက်စီအတွက် အရမ်းကြီးအတားအစီးဖြစ်မနေဘူး”ဆိုပြီးပြောပြ သွားခဲ့ပါတယ်။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top