iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေနျခည္ဦးက ခ်စ္သူေအာင္ေႏြဦးရဲ႕ ေမြးေန႕မွာ Surprise လုပ္ခဲ့တာပါ။ ခ်စ္သူေအာင္ေႏြဦးရဲ႕ အသ္(၂၄)ႏွစ္ျပည့္ေမြးေန ႕ေလးမွာ ခ်စ္သူရွိတဲ့ မႏၱေလးကို သြားၿပီး ခ်စ္သူအတြက္ အခ်ိန္ေပးခဲ့ပါတယ္။

ေနျခည္ဦးက ခ်စ္သူရဲ႕ ေမြးေန႕ေလးမွာ သူကိုယ္တိုင္ ဖန္တီးထားတဲ့ Hand Made ပစၥည္းေလးေတြနဲ႕ ခ်စ္သူကို ေမြးေန႕ Surprise လုပ္ခဲ့ပါတယ္။  ခ်စ္သူနဲ႕ ပတ္သက္တဲ့ ပံုေလးေတြ အမွတ္တရေလးေတြကို စာအုပ္ေလးသဖြယ္ ဖန္တီးၿပီး ခ်စ္သူအတြက္ လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ခ်စ္သူအတြက္ ေမြးေန႕ဆုေတာင္းေလးကိုလည္း ယခုလို ေျပာထားပါေသးတယ္။

“Happy 24th Birthday အားေဝတစ္ေယာက္တစ္နယ္ဆီဘဝကေန အၿမဲဆံုးမခြဲအတူရွိခ်င္တယ္။ ေမွ်ာ္လင့္ၿပီး ႀကိဳးစားသမွ်အရာရာ ေအာင္ျမင္ပါေစ။ ငါနင့္ကို ခ်စ္တယ္ အဲ့ဒါဘဲ ေျပာတတ္တယ္” ဆိုၿပီး မတ္လ(၁၉) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

ေနျခည္ဦးရဲ႕ ခ်စ္သူေအာင္ေႏြဦးရဲ႕ ေမြးေန႕က မတ္လ(၁၉) ရက္ေန႕ပါ။ ခ်စ္သူရဲ႕ ေမြးေန႕မွာေနျခည္ဦးက မႏၱေလးအထိ သြားၿပီး ခ်စ္သူရဲ႕ ေမြးေန႕ေလးကို အတူတူျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။ ေနျခည္ဦးရဲ႕ အခ်စ္ေရးေလးက ပရိသတ္ေတြ အားက်ရတဲ့ အခ်စ္ေရးတစ္ခု ျဖစ္ပါတယ္။ ေနျခည္ဦးရဲ႕ ေမြးေန႕တုန္းကလည္း သူရဲ႕ ခ်စ္သူက တန္ဖိုးၾကီးလက္ကိုင္အိတ္ေတြနဲ႕အတူ ေနျခည္ဦးအတြက္ ေမြးေန႕ Surprise လုပ္ေပးခဲ့ပါေသးတယ္။ေနျခည္ဦးက လက္ရွိမွာ အႏုပညာအလုပ္ေတြ ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနသူ တစ္ဦးပါ။



ေနျခည္ဦးဟာ မၾကာခင္မွာ သရုပ္ေဆာင္ အကယ္ဒမီေနတုိးနဲ႔ အတူ ‘’အခမ္းနားဆုံး ေမတၱာ’’ ဆုိတဲ့ရုပ္ရွင္ကားႀကီးကုိ ရုိက္ကူးသြားမွာျဖစ္ပါတယ္။ ဒါဟာ သူမအတြက္ေတာ့ ေနတုိးနဲ႔အတူ ပထမဆုံး သရုပ္ေဆာင္ရမယ့္ ရုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ ေနတုိး၊ ဇင္ဝုိင္း၊တုိင္ရြန္၊သူရိယ၊ စုိးျမတ္သူဇာ၊ ေနျခည္ဦးနဲ႔ ခင္သဇင္တုိ႔က အဓိက သရုပ္ေဆာင္ေတြအျဖစ္ ပါဝင္သြားမယ္လုိ႔ သိရပါတယ္။

ေနျခည္ဦး ပါဝင္သရုပ္ေဆာင္ထားတဲ့ ‘’ရန္သူ’’ ရုပ္ရွင္ကားႀကီးဟာ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခၽြန္ဆုေပးပြဲ ရဲ႕ ဆန္ခါတင္ရုပ္ရွင္ဇာတ္ကား ၂၅ ကားထဲမွာ ပါဝင္ေနတာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ေနျခည္ဦးအတြက္ ပထမဆုံး ရုိက္ကူးခဲ့တဲ့ ရုပ္ရွင္ကားႀကီးလည္းျဖစ္ပါတယ္။ သူမကုိယ္တုိင္ကေတာ့ အကယ္ဒမီနဲ႔ ပတ္သက္တဲ့ ရင္ခုန္သံေတြ ဖြင့္ေျပာလာတာမ်ဳိး မရွိေသးပါဘူး။  

ေနျခည္ဦးကုိေတာ့ Beauty Blogger မေလးတစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သရုပ္ေဆာင္ေလာကထဲကုိ ဝင္ေရာက္လာခ်ိန္မွာ ‘’ရန္သူ’’ ၊ ‘’ဧည့္သည္’’၊ ‘’ေအာက္ဖဲမလွန္ေၾကး’’ စတဲ့ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးထားၿပီးျဖစ္ပါတယ္။ ‘’ရန္သူ’’ ရုပ္ရွင္ကားႀကီးကလည္း ၂၀၁၈ ခုႏွစ္အတြင္းမွာ ပရိသတ္အေရွ႕ကုိ ေရာက္ရွိခဲ့ၿပီးျဖစ္ပါတယ္။



Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးက ချစ်သူအောင်နွေဦးရဲ့ မွေးနေ့မှာ Surprise လုပ်ခဲ့တာပါ။ ချစ်သူအောင်နွေဦးရဲ့ အသ်(၂၄)နှစ်ပြည့်မွေးနေ့လေးမှာ ချစ်သူရှိတဲ့ မန္တလေးကို သွားပြီး ချစ်သူအတွက် အချိန်ပေးခဲ့ပါတယ်။

နေခြည်ဦးက ချစ်သူရဲ့ မွေးနေ့လေးမှာ သူကိုယ်တိုင် ဖန်တီးထားတဲ့ Hand Made ပစ္စည်းလေးတွေနဲ့ ချစ်သူကို မွေးနေ့ Surprise လုပ်ခဲ့ပါတယ်။  ချစ်သူနဲ့ ပတ်သက်တဲ့ ပုံလေးတွေ အမှတ်တရလေးတွေကို စာအုပ်လေးသဖွယ် ဖန်တီးပြီး ချစ်သူအတွက် လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူအတွက် မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလို ပြောထားပါသေးတယ်။

“Happy 24th Birthday အားဝေတစ်ယောက်တစ်နယ်ဆီဘဝကနေ အမြဲဆုံးမခွဲအတူရှိချင်တယ်။ မျှော်လင့်ပြီး ကြိုးစားသမျှအရာရာ အောင်မြင်ပါစေ။ ငါနင့်ကို ချစ်တယ် အဲ့ဒါဘဲ ပြောတတ်တယ်” ဆိုပြီး မတ်လ(၁၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

နေခြည်ဦးရဲ့ ချစ်သူအောင်နွေဦးရဲ့ မွေးနေ့က မတ်လ(၁၉) ရက်နေ့ပါ။ ချစ်သူရဲ့ မွေးနေ့မှာနေခြည်ဦးက မန္တလေးအထိ သွားပြီး ချစ်သူရဲ့ မွေးနေ့လေးကို အတူတူဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အချစ်ရေးလေးက ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခု ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ မွေးနေ့တုန်းကလည်း သူရဲ့ ချစ်သူက တန်ဖိုးကြီးလက်ကိုင်အိတ်တွေနဲ့အတူ နေခြည်ဦးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့ပါသေးတယ်။နေခြည်ဦးက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေသူ တစ်ဦးပါ။

နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ ရဲ့ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နေခြည်ဦးအတွက် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ သူမကိုယ်တိုင်ကတော့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေ ဖွင့်ပြောလာတာမျိုး မရှိသေးပါဘူး။  

နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။


Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top