iMyanmarHouse.com - Best Property Website for Myanmar
×

 ေခါင္းစဥ္ကို ၾကည့္ျပီး Hello ဆရာ၀န္က ဘာေတြေပါက္ကရ ေရးမွာလဲလို႕ ေတြးေနျပီလား။ကြၽန္ေတာ္တို႕ႏိုင္ငံမွာက မာဆတ္ဆိုတဲ့ စာလုံးျမင္တာနဲ႕ မေကာင္းတဲ့အရာၾကီးတခုလို ရုတ္တရက္ ျမင္သြားတတ္ၾကပါတယ္။ဒါေပမယ့္ အခုေဆာင္းပါးေလးမွာေတာ့ အႏွိပ္ခံျခင္းရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို မွ်ေဝေပးသြားမွာပါ။

(၁) ကိုယ္စိတ္ေျဖေလွ်ာ့မႈ ရွိေစျခင္း

သင့္စိတ္နဲ႕ခႏၶာမွာ တင္းၾကပ္မႈ၊ဖိစီးမႈေတြရွိေနျပီ၊ႏြမ္းနယ္ေနျပီဆိုရင္ ေကာ္တီေဇာလို႕ေခၚတဲ့ ေဟာ္မုန္းတမ်ိဳးကို ခႏၶာကိုယ္ကေန ထုတ္ေပးပါတယ္။ဒီေဟာ္မုန္းထြက္ရွိလာျခင္းရဲ့ အက်ိဳးဆက္ေတြအေနနဲ႕ ကိုယ္အေလးခ်ိန္တက္ျခင္း၊အိပ္မေပ်ာ္ျခင္း၊အစာမေၾကျခင္း၊ေခါင္းကိုက္ျခင္း အစရွိတဲ့ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္ကို ဦးတည္လာေစပါတယ္။အႏွိပ္ခံျခင္းဟာ သင့္ခႏၶာကိုယ္ထဲမွာရွိတဲ့ ေကာ္တီေဇာေဟာ္မုန္းပမာဏကို ေလွ်ာ့ခ်ေပးတယ္လို႕ ေလ့လာသုေတသနျပဳခ်က္ေတြအရ သိရွိရပါတယ္။ဒါေၾကာင့္ သင့္ခႏၶာကိုယ္အေနနဲ႕ ဖိစီးမႈမ်ိဳးစံုကေန အနားရသြားမွာျဖစ္တဲ့အတြက္ စိတ္နဲ႕ခႏၶာကို ျပန္လည္လန္းဆန္းေစပါလိမ့္မယ္။

(၂) အႏွိပ္ခံျခင္းဟာ လတ္တေလာ စိတ္နဲ႕ခႏၶာဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္႐ံုသာမက ကာလၾကာရွည္စြာ ပံုမွန္အႏွိပ္ခံေပးျခင္းအားျဖင့္ သင့္ခႏၶာကိုယ္ရဲ့ လႈပ္ရွားသြားလာလုပ္ေဆာင္ႏိုင္စြမ္းကို ျမႇင့္တင္ေပးတဲ့အျပင္ စိတ္ခံစားမႈကိုလည္း ၾကည္လင္ေကာင္းမြန္ေစတယ္လို႕ ဆိုပါတယ္။

(၃) ပံုမွန္အႏွိပ္ခံျခင္းအားျဖင့္ ေသြးေပါင္က်ေစတာကို ေတြ႕ရွိရပါတယ္ (အေပၚေသြးေရာ၊ေအာက္ေသြးေရာကိုပါ က်ေစတာပါ)။ဒါ့အျပင္ အထက္မွာေျပာခဲ့တဲ့အတိုင္း အႏွိပ္ခံျခင္းဟာ ေကာ္တီေဇာေဟာ္မုန္းပမာဏကိုလည္း က်ဆင္းေစတဲ့အတြက္ ေသြးေပါင္ခ်ိန္ကို က်ေစျပန္ပါတယ္ (ေကာ္တီေဇာက ေသြးေပါင္တက္ေစပါတယ္)။ပံုမွန္အႏွိပ္ခံျခင္းဟာ စိတ္ဖိစီးမႈေတြ၊စိုးရိမ္ပူပန္မႈေတြ၊ရန္လိုေဒါသထြက္မႈေတြ၊တင္းၾကပ္မႈေတြ၊စိတ္ဓာတ္က်ဆင္းမႈေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ေသြးေပါင္ကို ပံုမွန္အတိုင္းအတာထဲမွာ ထိန္းေပးထားျခင္းအားျဖင့္ ႏွလုံးေရာဂါ၊ေက်ာက္ကပ္ျပႆနာနဲ႕ ေလျဖတ္ျခင္းအပါအဝင္ အျခားေသာက်န္းမာေရးျပႆနာေတြကိုလည္း သြယ္ဝိုက္ေသာနည္းနဲ႕ ေလွ်ာ့ခ်ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

(၄) အႏွိပ္ခံျခင္းဟာ သင့္ခႏၶာကိုယ္က ႂကြက္သားေတြကို ေပ်ာ့ေျပာင္းေစပါတယ္။ႏွိပ္နယ္ေပးျခင္းေၾကာင့္ မာေတာင့္ေနတဲ့ ႂကြက္သားေတြကို ေျပေလ်ာ့သြားေစျပီး ခႏၶာကိုယ္တခုလုံးလည္း ပိုမိုေပါ့ပါးလန္းဆန္းျပီး လႈပ္လို႕ရွားလို႕ ပိုေကာင္းလာမွာျဖစ္ပါတယ္။ႏွိပ္နယ္ျခင္းဟာ ႂကြက္သားေတြဆီ ေသြးအသြားအလာကိုလည္း ပိုမိုေကာင္းမြန္ေစတဲ့အတြက္ အာဟာရဓာတ္နဲ႕ ေအာက္ဆီဂ်င္လံုေလာက္စြာရရွိတဲ့ ႂကြက္သားေတြဟာ သက္ဆိုင္ရာတာဝန္ေတြကို ထိထိမိမိ ေပါ့ေပါ့ပါးပါး လုပ္ေဆာင္လာႏိုင္မွာပါ။အဆစ္အျမစ္နာက်င္ေရာင္ရမ္းကိုက္ခဲေနသူေတြအဖို႕လည္း အဆစ္ေတြေပ်ာ့ေျပာင္းျပီး လႈပ္ရွားရလြယ္ကူလာတဲ့အတြက္ နာက်င္ျခင္းေဝဒနာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ဒါ့အျပင္ မာဆတ္လုပ္ေပးျခင္းအားျဖင့္ အန္ေဒါဖင္း လို႕ေခၚတဲ့ ေဟာ္မုန္းတမ်ိဳးကို သင့္ခႏၶာကိုယ္ထဲကေန ထြက္လာေစျပီး အဆိုပါေဟာ္မုန္းဟာ ခႏၶာကိုယ္ထဲမွာရွိတဲ့ ဒိုပါမင္းနဲ႕ ဆီရိုတိုနင္ ေဟာ္မုန္းေတြရဲ့ ပမာဏကို မ်ားေစျပန္ပါတယ္။ဒိုပါမင္းနဲ႕ ဆီရိုတိုနင္ ေဟာ္မုန္းေတြဟာ သင့္ရဲ့စိတ္နဲ႕ခႏၶာကို လန္းဆန္းေကာင္းမြန္ေစဖို႕ အေထာက္အကူျပဳပါတယ္။

(၅) ႏွိပ္နယ္ျခင္းဟာ ေသြးအသြားအလာကို ေကာင္းေစပါတယ္။ႏွိပ္နယ္ျခင္းဖိအားေၾကာင့္ ခႏၶာကိုယ္ရဲ့ အခ်ိဳ႕ေသာ တစ္႐ႉးေနရာေတြမွာ ဆို႕ေနတဲ့ အေၾကာေတြ၊ေသြးေၾကာေတြကို ပြင့္သြားေစျပီး ေသြးအသြားအလာကို ပိုမိုေကာင္းမြန္ေစပါတယ္။ဒါဆိုရင္ ႂကြက္သားေတြထဲက မလိုလားအပ္တဲ့ အညစ္အေၾကးဓာတ္ပစၥည္းေတြကို အျမန္ဖယ္ရွားပစ္ႏိုင္ျပီး အာဟာရဓာတ္ေတြ၊ေအာက္ဆီဂ်င္ဓာတ္ေတြကို ပိုမိုရရွိလာမွာျဖစ္တဲ့အတြက္ အလြန္အက်ိဳးထူးလွပါတယ္။

(၆) ကြၽန္ေတာ္တို႕တေတြဟာ ကြန္ျပဴတာအၾကည့္မ်ားၾကတယ္၊ဖုန္းအသုံးမ်ားၾကတယ္၊တီဗြီဆိုလည္း ၾကည့္လိုက္ၾကတာပါပဲ။ဒီေတာ့ ရုံးမွာပဲျဖစ္ျဖစ္၊အိမ္မွာပဲျဖစ္ျဖစ္ အာ႐ံုစူးစိုက္မႈေတြ မ်ားလာတဲ့အခါ ဇက္ေၾကာတက္တာ၊မ်က္႐ိုးကိုက္တာ အစရွိတဲ့ ျပႆနာေတြကို ရင္ဆိုင္လာရပါေတာ့တယ္။ဒါ့အျပင္ ကြန္ျပဴတာေရွ႕ထိုင္တဲ့အခါ ထိုင္တဲ့အေနအထားမမွန္တာ၊ထိုင္ခံုနဲ႕စားပြဲအေနအထားမမွန္တာေတြေၾကာင့္ ေက်ာေတာင့္တာ၊နာတာမ်ိဳးေတြလည္း ျဖစ္ေပၚလာတတ္ပါတယ္။ၾကာလာရင္ ႂကြက္သားေတြမွာ ဒါဏ္ျဖစ္လာျပီး ေတာင့္တင္းလာ၊နာက်င္လာပါေတာ့တယ္။ႏွိပ္နယ္ျခင္းဟာ ႂကြက္သားေတြကို ေျပေလ်ာ့ေစတဲ့အတြက္ သင့္႐ံုးနဲ႕အိမ္မွာ ခံစားခဲ့ရသမွ် ႂကြက္သား၊အဆစ္အျမစ္နဲ႕ အေၾကာအျခင္ ေတာင့္တင္းမာေက်ာမႈေတြကို သက္သာေစပါလိမ့္မယ္။

အထက္မွာေဖာ္ျပခဲ့တဲ့ အခ်က္ေတြကေတာ့ အႏွိပ္ခံျခင္းအားျဖင့္ ရရွိလာႏိုင္တဲ့ ေကာင္းက်ိဳးေတြပဲျဖစ္ပါတယ္။ဒါေပမယ့္ ဒီအက်ိဳးေက်းဇူးေတြကို သိသာထင္ရွားစြာရရွိဖို႕နဲ႕ ဆိုးက်ိဳးေတြျဖစ္ေပၚမလာေစဖို႕အတြက္ အမွန္တကယ္ တတ္ကြၽမ္းနားလည္တဲ့ အႏွိပ္ပညာရွင္ေတြထံမွာ အႏွိပ္ခံဖို႕ေတာ့ အထူးပဲလိုအပ္လွပါတယ္။ဒီလိုမွ မဟုတ္ရင္ ‘ေပါ့ေစလိုလို႕ ေၾကာင္႐ုပ္ထိုး၊ေဆးအတြက္ေလး’ ဆိုသလို ျဖစ္လာႏိုင္ပါတယ္။ဒါ့အျပင္ ဘယ္အရာမဆို အခုလုပ္၊အခုအက်ိဳးျဖစ္ထြန္းတာမ်ိဳးမဟုတ္တဲ့အတြက္ စိတ္ရွည္ရွည္ထားျပီး ပံုမွန္ေလး အႏွိပ္ခံဖို႕လည္း လိုအပ္ပါေသးတယ္။သင့္အားလပ္ရက္ေတြ ဒါမွမဟုတ္ စိတ္ဖိစီးေနတဲ့အခ်ိန္ေတြမွာ သာယာျငိမ့္ေညာင္းတဲ့ေတးသံေလးနားဆင္ရင္း အႏွိပ္ခံကာ အပန္းေျဖျခင္းအားျဖင့္ စိတ္ေရာကိုယ္ပါ ေျဖေလွ်ာ့လိုက္ပါ။


#Unicode Version#

ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့ အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။

(၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း

သင့်စိတ်နဲ့ခန္ဓာမှာ တင်းကြပ်မှု၊ဖိစီးမှုတွေရှိနေပြီ၊နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓာကိုယ်ကနေ ထုတ်ပေးပါတယ်။ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊အိပ်မပျော်ခြင်း၊အစာမကြေခြင်း၊ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ခန္ဓာကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။

(၂) အနှိပ်ခံခြင်းဟာ လတ်တလော စိတ်နဲ့ခန္ဓာဖိစီးမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ကာလကြာရှည်စွာ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားသွားလာလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် စိတ်ခံစားမှုကိုလည်း ကြည်လင်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

(၃) ပုံမှန်အနှိပ်ခံခြင်းအားဖြင့် သွေးပေါင်ကျစေတာကို တွေ့ရှိရပါတယ် (အပေါ်သွေးရော၊အောက်သွေးရောကိုပါ ကျစေတာပါ)။ဒါ့အပြင် အထက်မှာပြောခဲ့တဲ့အတိုင်း အနှိပ်ခံခြင်းဟာ ကော်တီဇောဟော်မုန်းပမာဏကိုလည်း ကျဆင်းစေတဲ့အတွက် သွေးပေါင်ချိန်ကို ကျစေပြန်ပါတယ် (ကော်တီဇောက သွေးပေါင်တက်စေပါတယ်)။ပုံမှန်အနှိပ်ခံခြင်းဟာ စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေ၊ရန်လိုဒေါသထွက်မှုတွေ၊တင်းကြပ်မှုတွေ၊စိတ်ဓာတ်ကျဆင်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။သွေးပေါင်ကို ပုံမှန်အတိုင်းအတာထဲမှာ ထိန်းပေးထားခြင်းအားဖြင့် နှလုံးရောဂါ၊ကျောက်ကပ်ပြဿနာနဲ့ လေဖြတ်ခြင်းအပါအဝင် အခြားသောကျန်းမာရေးပြဿနာတွေကိုလည်း သွယ်ဝိုက်သောနည်းနဲ့ လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်က ကြွက်သားတွေကို ပျော့ပြောင်းစေပါတယ်။နှိပ်နယ်ပေးခြင်းကြောင့် မာတောင့်နေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပြီး ခန္ဓာကိုယ်တခုလုံးလည်း ပိုမိုပေါ့ပါးလန်းဆန်းပြီး လှုပ်လို့ရှားလို့ ပိုကောင်းလာမှာဖြစ်ပါတယ်။နှိပ်နယ်ခြင်းဟာ ကြွက်သားတွေဆီ သွေးအသွားအလာကိုလည်း ပိုမိုကောင်းမွန်စေတဲ့အတွက် အာဟာရဓာတ်နဲ့ အောက်ဆီဂျင်လုံလောက်စွာရရှိတဲ့ ကြွက်သားတွေဟာ သက်ဆိုင်ရာတာဝန်တွေကို ထိထိမိမိ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လာနိုင်မှာပါ။အဆစ်အမြစ်နာကျင်ရောင်ရမ်းကိုက်ခဲနေသူတွေအဖို့လည်း အဆစ်တွေပျော့ပြောင်းပြီး လှုပ်ရှားရလွယ်ကူလာတဲ့အတွက် နာကျင်ခြင်းဝေဒနာတွေကို လျှော့ချပေးနိုင်ပါတယ်။ဒါ့အပြင် မာဆတ်လုပ်ပေးခြင်းအားဖြင့် အန်ဒေါဖင်း လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို သင့်ခန္ဓာကိုယ်ထဲကနေ ထွက်လာစေပြီး အဆိုပါဟော်မုန်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေရဲ့ ပမာဏကို များစေပြန်ပါတယ်။ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေဟာ သင့်ရဲ့စိတ်နဲ့ခန္ဓာကို လန်းဆန်းကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

(၅) နှိပ်နယ်ခြင်းဟာ သွေးအသွားအလာကို ကောင်းစေပါတယ်။နှိပ်နယ်ခြင်းဖိအားကြောင့် ခန္ဓာကိုယ်ရဲ့ အချို့သော တစ်ရှူးနေရာတွေမှာ ဆို့နေတဲ့ အကြောတွေ၊သွေးကြောတွေကို ပွင့်သွားစေပြီး သွေးအသွားအလာကို ပိုမိုကောင်းမွန်စေပါတယ်။ဒါဆိုရင် ကြွက်သားတွေထဲက မလိုလားအပ်တဲ့ အညစ်အကြေးဓာတ်ပစ္စည်းတွေကို အမြန်ဖယ်ရှားပစ်နိုင်ပြီး အာဟာရဓာတ်တွေ၊အောက်ဆီဂျင်ဓာတ်တွေကို ပိုမိုရရှိလာမှာဖြစ်တဲ့အတွက် အလွန်အကျိုးထူးလှပါတယ်။

(၆) ကျွန်တော်တို့တတွေဟာ ကွန်ပြူတာအကြည့်များကြတယ်၊ဖုန်းအသုံးများကြတယ်၊တီဗွီဆိုလည်း ကြည့်လိုက်ကြတာပါပဲ။ဒီတော့ ရုံးမှာပဲဖြစ်ဖြစ်၊အိမ်မှာပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုတွေ များလာတဲ့အခါ ဇက်ကြောတက်တာ၊မျက်ရိုးကိုက်တာ အစရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတော့တယ်။ဒါ့အပြင် ကွန်ပြူတာရှေ့ထိုင်တဲ့အခါ ထိုင်တဲ့အနေအထားမမှန်တာ၊ထိုင်ခုံနဲ့စားပွဲအနေအထားမမှန်တာတွေကြောင့် ကျောတောင့်တာ၊နာတာမျိုးတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ကြာလာရင် ကြွက်သားတွေမှာ ဒါဏ်ဖြစ်လာပြီး တောင့်တင်းလာ၊နာကျင်လာပါတော့တယ်။နှိပ်နယ်ခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် သင့်ရုံးနဲ့အိမ်မှာ ခံစားခဲ့ရသမျှ ကြွက်သား၊အဆစ်အမြစ်နဲ့ အကြောအခြင် တောင့်တင်းမာကျောမှုတွေကို သက်သာစေပါလိမ့်မယ်။

အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကတော့ အနှိပ်ခံခြင်းအားဖြင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ဒါပေမယ့် ဒီအကျိုးကျေးဇူးတွေကို သိသာထင်ရှားစွာရရှိဖို့နဲ့ ဆိုးကျိုးတွေဖြစ်ပေါ်မလာစေဖို့အတွက် အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ အနှိပ်ပညာရှင်တွေထံမှာ အနှိပ်ခံဖို့တော့ အထူးပဲလိုအပ်လှပါတယ်။ဒီလိုမှ မဟုတ်ရင် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ဆေးအတွက်လေး’ ဆိုသလို ဖြစ်လာနိုင်ပါတယ်။ဒါ့အပြင် ဘယ်အရာမဆို အခုလုပ်၊အခုအကျိုးဖြစ်ထွန်းတာမျိုးမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး ပုံမှန်လေး အနှိပ်ခံဖို့လည်း လိုအပ်ပါသေးတယ်။သင့်အားလပ်ရက်တွေ ဒါမှမဟုတ် စိတ်ဖိစီးနေတဲ့အချိန်တွေမှာ သာယာငြိမ့်ညောင်းတဲ့တေးသံလေးနားဆင်ရင်း အနှိပ်ခံကာ အပန်းဖြေခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top