iMyanmarHouse.com - Best Property Website for Myanmar
×


တီဘီေရာဂါကို ကုသမႈေပးတဲ့ ေနရာမွာ ေဆးအမ်ိဳးအစားတစ္ခု တည္းနဲ႔ မလံုေလာက္ပဲ ေလးငါးမ်ိဳး ခန္႔ ေပါင္းစပ္ၿပီးေတာ့ ကုသၾကရပါ တယ္။ အဆိုပါေဆးအုပ္စုေတြထဲမွာ Fluoroquinolones ဆိုတဲ့ ပဋိဇီ၀ ေဆးအုပ္စုလည္း ပါ၀င္ပါတယ္။

Moxifloxacim လို႔ေခၚတဲ့ Fluoroquinolone ဟာ အျခား အသံုးမ်ားတဲ့ Fluoroquinolone ေဆးႏွစ္မ်ိဳးနဲ႔ ယွဥ္ရင္ ပိုမိုထိေရာက္ မႈ႐ွိတယ္လို႔ သုေတသီေတြက ဆုိပါ တယ္။ TB ေရာဂါဟာ ကမၻာနဲ႔အ၀ွမ္း တစ္ႏွစ္ကို လူသန္းခ်ီၿပီးျဖစ္ပြားကူးစက္ခံေနရတဲ့ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ကုသရာမွာလည္း ေဆး၀ါးေတြ ေပါင္းစပ္ကာ အနည္းဆံုး (၆) လ ခန္႔ ကုသမႈေပးရတဲ့ ေရာဂါျဖစ္ပါ တယ္။

အဆိုပါကုသမႈေတြမွာ Moxifloxacin, Levofloxacin, Gatifloxacin လို႔ေခၚတဲ့ Fluoroquinolone သံုးခုထဲက တစ္ခုပါ၀င္ပါတယ္။ သို႔ေသာ္လည္း အဆိုပါေဆးသံုးမ်ိဳးလံုးဟာ ညီမွ်ေန မယ္ဆိုရင္ ဘယ္ေဆးကအေကာင္း ဆံုးျဖစ္မလဲဆိုတာ ေ႐ြးခ်ယ္ဖို႔ ခက္ခဲ ခဲ့ၾကပါတယ္။

 ေလ့လာမႈအသစ္မွာ ေတာ့ မီခ်ီဂန္တကၠသိုလ္မွ သုေတသီ ေတြဟာ အဆိုပါေဆးသံုးမ်ိဳးရဲ႕ Granuloma အေပၚ သက္ေရာက္ မႈကို ဆန္းစစ္ခဲ့ၾကပါတယ္။ Granuloma ဆိုတာ တီဘီေရာဂါ သည္ လူနာေတြရဲ႕ အဆုတ္ထဲမွာ ျဖစ္ေပၚ လာတဲ့ လက္ခံဆဲလ္နဲ႔ ဘက္တီးရီး ယားေပါင္းစပ္ထားတဲ့ အစုအေ၀း ျဖစ္ပါတယ္။

ေတြ႕႐ွိခ်က္ေတြ အရေတာ့ Moxifloxacin ဟာ Levofloxacin နဲ႔ Gatifloxacin တို႔နဲ႔ ယွဥ္ရင္ ပိုမို ထိေရာက္မႈ႐ွိၿပီးေတာ့ Granuloma အတြင္းမွာ႐ွိတဲ့ ဘက္တီးရီးယားေတြကို လ်င္ျမန္စြာနဲ႔ ဖ်က္စီးပစ္ႏိုင္တာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ တီဘီေရာဂါလူနာေတြ ေဆးေသာက္ဖို႔ ေမ့ေလ်ာ့တာမ်ိဳးနဲ႔ ႀကံဳရတဲ့ အေျခအေနမ်ိဳးေတြမွာ ပိုမိုထိေရာက္တာကို ေတြ႕ရပါတယ္။

Levofloxacin ဟာ Gatifloxacin ထက္ပိုၿပီးေတာ့ ဘက္တီးရီးယား ေတြကို ဖ်က္စီးႏိုင္စြမ္း ပိုေကာင္းတာ ကို ေတြ႕ရပါတယ္။ သို႔ေသာ္လည္း အဆိုပါေဆး သံုးမ်ိဳးစလံုးဟာ Granuloma ရဲ႕ အလယ္တည့္တည့္ မွာ႐ွိတဲ့ ဘက္တီးရီးယားေတြ ကိုေတာ့ ဖ်က္စီးႏိုင္စြမ္းမ႐ွိတာကိုလည္း ေတြ႕ ႐ွိခဲ့ရပါတယ္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တီဘီရောဂါကို ကုသမှုပေးတဲ့ နေရာမှာ ဆေးအမျိုးအစားတစ်ခု တည်းနဲ့ မလုံလောက်ပဲ လေးငါးမျိုး ခန့် ပေါင်းစပ်ပြီးတော့ ကုသကြရပါ တယ်။ အဆိုပါဆေးအုပ်စုတွေထဲမှာ Fluoroquinolones ဆိုတဲ့ ပဋိဇီ၀ ဆေးအုပ်စုလည်း ပါဝင်ပါတယ်။

Moxifloxacim လို့ခေါ်တဲ့ Fluoroquinolone ဟာ အခြား အသုံးများတဲ့ Fluoroquinolone ဆေးနှစ်မျိုးနဲ့ ယှဉ်ရင် ပိုမိုထိရောက် မှုရှိတယ်လို့ သုတေသီတွေက ဆိုပါ တယ်။ TB ရောဂါဟာ ကမ္ဘာနဲ့အဝှမ်း တစ်နှစ်ကို လူသန်းချီပြီးဖြစ်ပွားကူးစက်ခံနေရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကုသရာမှာလည်း ဆေးဝါးတွေ ပေါင်းစပ်ကာ အနည်းဆုံး (၆) လ ခန့် ကုသမှုပေးရတဲ့ ရောဂါဖြစ်ပါ တယ်။

အဆိုပါကုသမှုတွေမှာ Moxifloxacin, Levofloxacin, Gatifloxacin လို့ခေါ်တဲ့ Fluoroquinolone သုံးခုထဲက တစ်ခုပါဝင်ပါတယ်။ သို့သော်လည်း အဆိုပါဆေးသုံးမျိုးလုံးဟာ ညီမျှနေ မယ်ဆိုရင် ဘယ်ဆေးကအကောင်း ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဖို့ ခက်ခဲ ခဲ့ကြပါတယ်။

 လေ့လာမှုအသစ်မှာ တော့ မီချီဂန်တက္ကသိုလ်မှ သုတေသီ တွေဟာ အဆိုပါဆေးသုံးမျိုးရဲ့ Granuloma အပေါ် သက်ရောက် မှုကို ဆန်းစစ်ခဲ့ကြပါတယ်။ Granuloma ဆိုတာ တီဘီရောဂါ သည် လူနာတွေရဲ့ အဆုတ်ထဲမှာ ဖြစ်ပေါ် လာတဲ့ လက်ခံဆဲလ်နဲ့ ဘက်တီးရီး ယားပေါင်းစပ်ထားတဲ့ အစုအဝေး ဖြစ်ပါတယ်။

တွေ့ရှိချက်တွေ အရတော့ Moxifloxacin ဟာ Levofloxacin နဲ့ Gatifloxacin တို့နဲ့ ယှဉ်ရင် ပိုမို ထိရောက်မှုရှိပြီးတော့ Granuloma အတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာနဲ့ ဖျက်စီးပစ်နိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် တီဘီရောဂါလူနာတွေ ဆေးသောက်ဖို့ မေ့လျော့တာမျိုးနဲ့ ကြုံရတဲ့ အခြေအနေမျိုးတွေမှာ ပိုမိုထိရောက်တာကို တွေ့ရပါတယ်။

Levofloxacin ဟာ Gatifloxacin ထက်ပိုပြီးတော့ ဘက်တီးရီးယား တွေကို ဖျက်စီးနိုင်စွမ်း ပိုကောင်းတာ ကို တွေ့ရပါတယ်။ သို့သော်လည်း အဆိုပါဆေး သုံးမျိုးစလုံးဟာ Granuloma ရဲ့ အလယ်တည့်တည့် မှာရှိတဲ့ ဘက်တီးရီးယားတွေ ကိုတော့ ဖျက်စီးနိုင်စွမ်းမရှိတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top