iMyanmarHouse.com - Best Property Website for Myanmar
×


ကၽြဲေကာသီးဟာ Citrus အႏႊယ္ဝင္ျဖစ္ၿပီး ေအာက္ပါ အာဟာရတန္ဖိုးနဲ႔ က်န္းမာေရးဆိုင္ရာ အက်ဳိးေက်းဇူးေတြ ပါဝင္ေနပါတယ္။ ကၽြဲေကာသီး တစ္ခြက္စာ (၁၉၀ ဂရမ္) မွာ ပါဝင္တဲ့ က်န္းမာေရး တန္ဖိုးေတြက ဗီတာမင္စီ (တစ္ေန႔တာ လိုအပ္တဲ့ ပမာဏရဲ႕ ၁၉၃ ရာခိုင္ႏႈန္း)၊ ပိုတက္စီယမ္ (တစ္ေန႔တာ လိုအပ္တဲ့ ပမာဏရဲ႕ ၁၂ ရာခိုင္ႏႈန္း)၊ အမွ်င္ဓာတ္ (တစ္ေန႔တာ လိုအပ္တဲ့ ပမာဏရဲ႕ ၈ ရာခိုင္ႏႈန္း) တို႔ ျဖစ္ၾကပါတယ္။

(၁) ဆီးလမ္းေၾကာင္း ပိုးဝင္မႈကို သက္သာေစပါတယ္

ေရအမ်ားအျပား ေသာက္တာနဲ႔ ခရင္မ္ဘယ္ရီ ေဖ်ာ္ရည္ေသာက္တာေတြက ဆီးလမ္းေၾကာင္း ပိုးဝင္မႈကို တြန္းလွန္ႏိုင္ေအာင္ ကူညီႏိုင္တဲ့ ထိေရာက္တဲ့ နည္းေတြပဲ ျဖစ္ပါတယ္။ ဗီတာမင္စီ အမ်ားအျပား ပါဝင္တဲ့ ကၽြဲေကာသီးဟာ ကိုယ္ဝန္ေဆာင္ခ်ိန္ အေတာအတြင္း ေရာင္ရမ္းမႈကို တြန္းလွန္ႏိုင္ပါတယ္။

ဗီတာမင္စီက ဆီးလမ္းေၾကာင္းရွိ ဘက္တီးရီးယား ႀကီးထြားျပန္႔ပြားမႈကို ေလ်ာ့က်ေစၿပီး ဆီးထဲက အက္စစ္ ဂုဏ္သတၱိကို ျမင့္တက္ေစပါတယ္။

(၂) အနာကို ျမန္ျမန္က်က္ေစပါတယ္

ခြဲစိတ္ကုသမႈ ခံယူထားတဲ့အခါ ဗီတာမင္စီ မ်ားမ်ားပါဝင္တဲ့ ကၽြဲေကာသီးနဲ႔ တျခား အခ်ဥ္အရသာရွိတဲ့ သစ္သီးဝလံေတြကို စားသင့္ပါတယ္။ ဗီတာမင္စီဟာ အေရျပား တင္းရင္းေစတဲ့ ေကာ္လာဂ်င္ ျဖစ္ေပၚမႈမွာ ပါဝင္တဲ့ အင္ဇိုင္းအကူ ျဖစ္သလို အေရျပားရဲ႕ ဆြဲဆန္႔အားကို ေကာင္းမြန္ေစကာ အနာက်က္ ျမန္ေစပါတယ္။

(၃) သြားႏွင့္ ခံတြင္းကို က်န္းမာေစပါတယ္

သြားဖံုး ေသြးထြက္တာနဲ႔ သြားဆံုး႐ႈံးတာက ဗီတာမင္စီ ခ်ဳိ႕တဲ့လို႔ ျဖစ္ရတဲ့ လကၡဏာတစ္ရပ္ ျဖစ္ႏိုင္ပါတယ္။ ေကာ္လာဂ်င္က အေရျပား ျဖစ္ေပၚေရးအတြက္ အေရးပါ႐ံုသာမက သြားနဲ႔ သြားဖံုးေတြ က်န္းမာေစဖို႔လည္း တည္ေဆာက္ေပးပါတယ္။

(၄) ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

ဗီတာမင္စီဟာ ခႏၶာကိုယ္ထဲမွာ သံဓာတ္ စုပ္ယူေရးကို ေကာင္းမြန္ေစတယ္လို႔ သိပၸံနည္းက် ေလ့လာမႈေတြအရ သိရပါတယ္။ ဒါေၾကာင့္ သံဓာတ္ ျဖည့္စြက္ေဆး မွီဝဲေနရင္ လိေမၼာ္ရည္ ေသာက္ေပးပါ၊ ဒါမွမဟုတ္ အသားနဲ႔အတူ ဗီတာမင္စီ မ်ားစြာပါဝင္တဲ့ ဟင္းသီးဟင္းရြက္ေတြကို စားေပးပါ။ ဒီအာဟာရဓာတ္ ႏွစ္ခုစလံုးဟာ အူထဲကို တစ္ခ်ိန္တည္း အတူတူ ေရာက္ရွိႏိုင္ပါတယ္။

(၅) အေအးမိတာနဲ႔ တုပ္ေကြး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

ဗီတာမင္စီက ပဋိပစၥည္းရဲ႕ လုပ္ငန္းေဆာင္တာကို လႈံ႔ေဆာ္ေပးရာမွာ အလြန္အေရးပါသလို ခႏၶာကိုယ္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္ပိုးေတြလို ျပင္ပရန္သူေတြကို တြန္းလွန္ေပးႏိုင္တဲ့ ကိုယ္ခံအား ဆဲလ္ေတြကိုလည္း လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္႐ွဴစနစ္ဆိုင္ရာ ျပႆနာေတြ မရေအာင္ ကာကြယ္ေပးႏိုင္တာပါ။

(၆) ေသြးဖိအားကို ထိန္းခ်ဳပ္ေပးပါတယ္

ကၽြဲေကာသီးကို စားသင့္တဲ့ ေနာက္ထပ္ အေၾကာင္းရင္းတစ္ခုက ပိုတက္စီယမ္ ပါဝင္မႈ ျမင့္မားလို႔ပဲ ျဖစ္ပါတယ္။ ပိုတက္စီယမ္ဟာ ေသြးတိုးတာကို ေလ်ာ့က်ေစပါတယ္။ ေထာပတ္သီး၊ ငွက္ေပ်ာသီးနဲ႔ မာလကာသီးတို႔ဟာ ပိုတက္စီယမ္ ေပါမ်ားစြာ ပါဝင္တဲ့ သစ္သီးတခ်ဳိ႕ ျဖစ္ပါတယ္။

(၇) အ႐ိုးပါးေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

ေလ့လာမႈအရ အစားအေသာက္ကေန ပိုတက္စီယမ္ မ်ားမ်ားရရင္ အ႐ိုးသိပ္သည္းဆကို ေကာင္းမြန္ေစတယ္လို႔ သိရပါတယ္။

(၈) ေျခေထာက္ႂကြက္တက္မႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္

သင္က မၾကာခဏ ေျခေထာက္ ႂကြက္တက္တဲ့ ေဝဒနာ ျဖစ္တယ္ဆိုရင္ သင့္ခႏၶာကိုယ္က ပိုတက္စီယမ္ကို ပိုမို လိုအပ္တယ္ဆိုတဲ့ သေဘာပဲ ျဖစ္ပါတယ္။ ပိုတက္စီယမ္ဟာ ႂကြက္သား ဆြဲဆန္႔မႈနဲ႔ နာ့ဗ္ေၾကာအခ်င္းခ်င္း ဆက္သြယ္မႈမွာ မရွိမျဖစ္ အေရးပါေနပါတယ္။

(၉) အူမႀကီးရဲ ့ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္

ကၽြဲေကာသီးမွာ အမွ်င္ဓာတ္ အမ်ားအျပား ပါဝင္ၿပီး အူလႈပ္ရွားမႈကို ပံုမွန္ ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ လိပ္ေခါင္းနဲ႔ အူမႀကီးကင္ဆာ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

(၁၀) ကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္

ကၽြဲေကာသီးမွာ ပါတဲ့ အမွ်င္ဓာတ္ဟာ ကိုယ္အေလးခ်ိန္ ထိန္းခ်ဳပ္ေရးမွာ အေရးပါတယ္ဆိုတာ သင္ သိပါရဲ႕လား။ အမွ်င္ဓာတ္ မ်ားမ်ားပါတဲ့ အစာေတြက အစာအိမ္ထဲမွာ ခပ္ၾကာၾကာ ရွိေနၿပီး ဗိုက္ျပည့္တဲ့ ခံစားခ်က္ကို ရရွိေစတယ္လို႔ ကၽြမ္းက်င္သူေတြက ယံုၾကည္ၾကပါတယ္။

အစာကို ၾကာၾကာ ဝါးစားရေလေလ၊ ဗိုက္ျပည့္တဲ့ ခံစားခ်က္ကို ရရွိေလေလ ျဖစ္ၿပီး အစာကို အလြန္အၾကဴး မစားမိေအာင္ ေရွာင္ရွားႏိုင္ေလေလ ျဖစ္ပါတယ္။ ကၽြဲေကာသီးဟာ ကယ္လ္စီယမ္နဲ႔ ပ႐ိုတင္းပါတဲ့ အသီးလည္း ျဖစ္ပါတယ္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကျွဲကောသီးဟာ Citrus အနွှယ်ဝင်ဖြစ်ပြီး အောက်ပါ အာဟာရတန်ဖိုးနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။ ကျွဲကောသီး တစ်ခွက်စာ (၁၉၀ ဂရမ်) မှာ ပါဝင်တဲ့ ကျန်းမာရေး တန်ဖိုးတွေက ဗီတာမင်စီ (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၁၉၃ ရာခိုင်နှုန်း)၊ ပိုတက်စီယမ် (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၁၂ ရာခိုင်နှုန်း)၊ အမျှင်ဓာတ် (တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ ၈ ရာခိုင်နှုန်း) တို့ ဖြစ်ကြပါတယ်။

(၁) ဆီးလမ်းကြောင်း ပိုးဝင်မှုကို သက်သာစေပါတယ်

ရေအများအပြား သောက်တာနဲ့ ခရင်မ်ဘယ်ရီ ဖျော်ရည်သောက်တာတွေက ဆီးလမ်းကြောင်း ပိုးဝင်မှုကို တွန်းလှန်နိုင်အောင် ကူညီနိုင်တဲ့ ထိရောက်တဲ့ နည်းတွေပဲ ဖြစ်ပါတယ်။ ဗီတာမင်စီ အများအပြား ပါဝင်တဲ့ ကျွဲကောသီးဟာ ကိုယ်ဝန်ဆောင်ချိန် အတောအတွင်း ရောင်ရမ်းမှုကို တွန်းလှန်နိုင်ပါတယ်။

ဗီတာမင်စီက ဆီးလမ်းကြောင်းရှိ ဘက်တီးရီးယား ကြီးထွားပြန့်ပွားမှုကို လျော့ကျစေပြီး ဆီးထဲက အက်စစ် ဂုဏ်သတ္တိကို မြင့်တက်စေပါတယ်။

(၂) အနာကို မြန်မြန်ကျက်စေပါတယ်

ခွဲစိတ်ကုသမှု ခံယူထားတဲ့အခါ ဗီတာမင်စီ များများပါဝင်တဲ့ ကျွဲကောသီးနဲ့ တခြား အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေကို စားသင့်ပါတယ်။ ဗီတာမင်စီဟာ အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင် ဖြစ်ပေါ်မှုမှာ ပါဝင်တဲ့ အင်ဇိုင်းအကူ ဖြစ်သလို အရေပြားရဲ့ ဆွဲဆန့်အားကို ကောင်းမွန်စေကာ အနာကျက် မြန်စေပါတယ်။

(၃) သွားနှင့် ခံတွင်းကို ကျန်းမာစေပါတယ်

သွားဖုံး သွေးထွက်တာနဲ့ သွားဆုံးရှုံးတာက ဗီတာမင်စီ ချို့တဲ့လို့ ဖြစ်ရတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကော်လာဂျင်က အရေပြား ဖြစ်ပေါ်ရေးအတွက် အရေးပါရုံသာမက သွားနဲ့ သွားဖုံးတွေ ကျန်းမာစေဖို့လည်း တည်ဆောက်ပေးပါတယ်။

(၄) သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဗီတာမင်စီဟာ ခန္ဓာကိုယ်ထဲမှာ သံဓာတ် စုပ်ယူရေးကို ကောင်းမွန်စေတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ သိရပါတယ်။ ဒါကြောင့် သံဓာတ် ဖြည့်စွက်ဆေး မှီဝဲနေရင် လိမ္မော်ရည် သောက်ပေးပါ၊ ဒါမှမဟုတ် အသားနဲ့အတူ ဗီတာမင်စီ များစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ ဒီအာဟာရဓာတ် နှစ်ခုစလုံးဟာ အူထဲကို တစ်ချိန်တည်း အတူတူ ရောက်ရှိနိုင်ပါတယ်။

(၅) အအေးမိတာနဲ့ တုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးပါတယ်

ဗီတာမင်စီက ပဋိပစ္စည်းရဲ့ လုပ်ငန်းဆောင်တာကို လှုံ့ဆော်ပေးရာမှာ အလွန်အရေးပါသလို ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေလို ပြင်ပရန်သူတွေကို တွန်းလှန်ပေးနိုင်တဲ့ ကိုယ်ခံအား ဆဲလ်တွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူစနစ်ဆိုင်ရာ ပြဿနာတွေ မရအောင် ကာကွယ်ပေးနိုင်တာပါ။

(၆) သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်

ကျွဲကောသီးကို စားသင့်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုက ပိုတက်စီယမ် ပါဝင်မှု မြင့်မားလို့ပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ သွေးတိုးတာကို လျော့ကျစေပါတယ်။ ထောပတ်သီး၊ ငှက်ပျောသီးနဲ့ မာလကာသီးတို့ဟာ ပိုတက်စီယမ် ပေါများစွာ ပါဝင်တဲ့ သစ်သီးတချို့ ဖြစ်ပါတယ်။

(၇) အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်

လေ့လာမှုအရ အစားအသောက်ကနေ ပိုတက်စီယမ် များများရရင် အရိုးသိပ်သည်းဆကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

(၈) ခြေထောက်ကြွက်တက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သင်က မကြာခဏ ခြေထောက် ကြွက်တက်တဲ့ ဝေဒနာ ဖြစ်တယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပိုတက်စီယမ်ကို ပိုမို လိုအပ်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဟာ ကြွက်သား ဆွဲဆန့်မှုနဲ့ နာ့ဗ်ကြောအချင်းချင်း ဆက်သွယ်မှုမှာ မရှိမဖြစ် အရေးပါနေပါတယ်။

(၉) အူမကြီးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်

ကျွဲကောသီးမှာ အမျှင်ဓာတ် အများအပြား ပါဝင်ပြီး အူလှုပ်ရှားမှုကို ပုံမှန် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်

ကျွဲကောသီးမှာ ပါတဲ့ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရေးမှာ အရေးပါတယ်ဆိုတာ သင် သိပါရဲ့လား။ အမျှင်ဓာတ် များများပါတဲ့ အစာတွေက အစာအိမ်ထဲမှာ ခပ်ကြာကြာ ရှိနေပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။

အစာကို ကြာကြာ ဝါးစားရလေလေ၊ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရရှိလေလေ ဖြစ်ပြီး အစာကို အလွန်အကြူး မစားမိအောင် ရှောင်ရှားနိုင်လေလေ ဖြစ်ပါတယ်။ ကျွဲကောသီးဟာ ကယ်လ်စီယမ်နဲ့ ပရိုတင်းပါတဲ့ အသီးလည်း ဖြစ်ပါတယ်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top