iMyanmarHouse.com - Best Property Website for Myanmar
×

(ဓာတ္ဆားဆိုတာ ဘာလဲ…ဘာအတြက္သံုးတာလဲ)…

ဓာတ္ဆားမႈန္႕(Oral Rehydration Salts)ဆိုတာ…ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႕အေၾကာင္းအမ်ိဴ းမ်ိဴ းေၾကာင့္ ခႏၶာကိုယ္မွာရွိတဲ့ ေရဓာတ္နဲ႕ဓာတ္ဆားမ်ား ေလ်ာ႕နည္းျခင္းအတြက္ေရနဲ႕ေဖ်ာ္ေသာက္တာပါ…ယခုလို အလြန္ပူျပင္းတဲ့အခ်ိန္မွာ ေခြ်းထြက္လို႔ဆံုးရံႈးသြားတဲ့ ေရနဲ႕ဆားဓာတ္ေတြျပန္လည္ျဖည္႔တင္းဖို႕အေကာင္းဆံုးေဆးမႈံ႕ေပါ့…

(ဘယ္လိုဓာတ္ဆားေသာက္ရင္အေကာင္းဆံုးလဲ)…

ျမန္မာႏိုင္ငံေဆးဝါးလုပ္ငန္းစက္ရံုကထုတ္လုပ္တဲ့ဓာတ္ဆား…

ႏိုင္ငံတကာမွတင္သြင္းေရာင္းခ်တဲ့ဓာတ္ဆားမ်ိဴ းစံု…အျပင္ေစ်းကြက္ထဲမွာ ရိုးရိုးဓာတ္ဆားမ်ား/သစ္သီးစံုဓာတ္ဆားမ်ား…

အမ်ားအျပားေရာင္းခ်ေနၿပီး တမ်ိဴ းနဲ႕တမ်ိဴ း အာနိသင္သိသာစြာကြာျခားျခင္းမရွိပဲ…အားလံုးေကာင္းၾကပါတယ္…

အရည္အေသြးျပည္႕ဝၿပီး ၾကာရွည္အထားခံတာကေတာ့…ျမန္မာႏိုင္ငံေဆးဝါးစက္ရံု(MPF)ကထုတ္တဲ့ ဓာတ္ဆားပါ…

(ဓာတ္ဆားထုတ္ဝယ္ရင္ ဘာေတြသိထားသင့္လဲ)…

ဓာတ္တားထုတ္ဝယ္တဲ့အခါပထမဆံုးၾကည္႕သင့္တာက သက္

တမ္းကုန္ဆံုးရက္(Expiry date)ပါ…Date ေကာင္းတာနဲ႕တင္မၿပီးပါဘူး…လတ္ဆပ္မႈ႕ရွိ/မရွိ လႈပ္ၾကည္႕ရပါမယ္…

ကပ္ေနရင္(သို႕)အထဲကအမႈံ႕အေရာင္ေျပာင္းေနရင္ လံုးဝမေသာက္သင့္ပါဘူး…

(ဓာတ္ဆားထုတ္ကို ဘယ္လိုထားသိုရမလဲ…ဘယ္ေရနဲ႕ေဖ်ာ္ရမလဲ)…

ဓာတ္ဆားတထုတ္ကို ေရက်က္ေအး(သို႔)ေရတစ္လီတာ/ေရသန္႕တဗူးနဲ႕ေဖ်ာ္ရမွာပါ…သတိထားရမွာက ေရေႏြးနဲ႕မေဖ်ာ္ရသလို…ေရခဲေသတၱာထဲကေရေအးနဲ႕လဲမေဖ်ာ္သင့္ပါဘူး…

ဓာတ္ပ်ယ္သြားတတ္လို႕ပါ…

ဓာတ္ဆားထုတ္ကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ ထားသိုရမွာျဖစ္ၿပီး…ေနေရာင္ျခည္တိုက္ရိုက္ထိေတြ႕တဲ့ေနရာေတြမွာမထားသင့္ပါဘူူး…

ဓာတ္ဆားရည္ကို ေဖ်ာ္ၿပီး ၂၄ နာရီအတြင္းကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ…

(တစ္ေန႕ဘယ္ႏွစ္ထုတ္ေသာက္ရမလဲ…ဘယ္လိုလူေတြမေသာက္ရဘူူးလဲ)…

ပံုမွန္အားျဖင့္ဓာတ္ဆားကို တစ္ရက္အမ်ားဆံုး ၂ ထုတ္သာသံုးသင့္ပါတယ္…၂ ထုတ္ထက္ပိုေသာက္မိရင္ ခႏၶာကိုယ္ကပိုေနမဲ့ ဆားဓာတ္ကိုမစြန္႕ထုတ္ႏိုင္ပဲေသြးတိုးေရာဂါျဖစ္တတ္လို႕ပါ

ဓာတ္ဆားထုတ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ညႊန္ၾကားခ်က္နဲ႕မွေသာက္သင့္ပါတယ္…

(ဒါေၾကာင့္)တန္ေဆး လြန္ေဘးဆိုသလို ေခြ်းထြက္အလြန္မ်ားတဲ့ ယခုလိုေႏြရာသီမွာ ဓာတ္ဆားထုတ္ေသာက္တဲ့အခါ…ဆင္ျခင္စရာေလးေတြကို က်န္းမာေရးဗဟုသုတအေနနဲ႕ တင္ျပလိုက္ရပါတယ္…

ဒီ post ကို share ေပးျခင္းနဲ႕ ကုသိုလ္ယူၾကေစလိုပါတယ္ခင္ဗ်ား…

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

(ဓာတ်ဆားဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)…

ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိူ းမျိူ းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့…

(ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ)…

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…

နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိူ းစုံ…အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…

အများအပြားရောင်းချနေပြီး တမျိူ းနဲ့တမျိူ း အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…

အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ…

(ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)…

ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်

တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…

ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး…

(ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ)…

ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…

ဓာတ်ပျယ်သွားတတ်လို့ပါ…

ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူူး…

ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…

(တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူူးလဲ)…

ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂ ထုတ်ထက်ပိုသောက်မိရင် ခန္ဓာကိုယ်ကပိုနေမဲ့ ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ

ဓာတ်ဆားထုတ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်…

(ဒါကြောင့်)တန်ဆေး လွန်ဘေးဆိုသလို ချွေးထွက်အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်…

ဒီ post ကို share ပေးခြင်းနဲ့ ကုသိုလ်ယူကြစေလိုပါတယ်ခင်ဗျား…

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top