iMyanmarHouse.com - Best Property Website for Myanmar
×


ေသြးတိုးတာက ေရပန္းစားလာတဲ့ ေရာဂါတစ္ခုေပါ့။ လူေတာ္ေတ္ာမ်ားမ်ား အရြယ္မေရြးေသြးတိုးျဖစ္ၾကတယ္ေနာ္။ အရင္တုန္းကဆိုရင္ အသက္ေတာ္ေတ္ာၾကီးတဲ့ သူေတြမွာမွျဖစ္တာေနာ္။ အခုေတာ့ ေသြးတိုးက လူငယ္ေတြမွာေတာင္ျဖစ္လာၾကတယ္ေနာ္။

 ေသြးတိုးနဲ႔ ပတ္သက္လို႔ ငယ္ငယ္ကတည္းက ၾကားလာႏုိင္တာတစ္ခုရွိပါတယ္။ ဒါကေတာ့ အငန္ေတြေလွ်ာ႔စားေလ ေသါးတိုးမယ္ဆိုတာေပါ့။ေသြးတိုးတာက အငန္စားလို႔ျဖစ္တာဆိုေပမယ့္ အျပည့္အဝမွန္လားဆိုေတာ့ မဟုတ္ျပန္ပါဘူးေနာ္။ေသြးတိုးေစတဲ့အျခားအေၾကာင္းအရာေတြရွိေနပါေသးတယ္ေနာ္။

ေသြးတိုးဆိုတာက

ေသြးေပါင္ခ်ိန္က က်န္းမာေရးထိခိုက္ႏိုင္ေလာက္တဲ့ အေနအထားထိျမင့္တက္သြားတာကို ေသြးတိုးတယ္လို႔ေခၚၾကတာပါ။ ေသြးတိုးကေနာက္ဆက္တြဲေရာဂါ အေနနဲ႔ ဝင္လာႏိုင္သလို ေရွ႕ကေန ဦးေဆာင္သူအေနနဲ႔လည္း ဝင္လာႏိုင္ပါတယ္။

ေသြးတိုးတယ္ဆိုတာက ေသြးေပါင္ခ်ိန္ ပံုမွန္ထက္ျမင့္တက္တဲ့အေျခအေနေပါ့။ အရမ္းျပင္းထန္မယ္ဆိုရင္ ေလျဖတ္တာအထိျဖစ္ႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္အရမ္းျမင့္သြားမယ္ အေပၚေသြး ၁၈၀ mm Hg၊ ေအာက္ေသြး ၁၂၀ mm Hg ျဖစ္ေနမယ္။

ဒါမွမဟုတ္ အေပၚေသြးက ၁၈၀ mm Hg ေက်ာ္ေနမယ္၊ ေအာက္ေသြးက ၁၂၀ mm Hg ထက္မ်ားေနမယ္ဆိုရင္ ေသြးေပါင္ခ်ိန္အရမ္းျမင့္ေနျပီလို႔ဆိုရပါမယ္။ ေသြးအရမ္းတိုးတာက ေသြးေၾကာေတြကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ ေသြးေၾကာေတြေရာင္ရမ္းလာျပီး ေသြးယိုစိမ့္တာ ဒါမွမဟုတ္ ေသြးရည္ၾကည္လိုမ်ိဳး အရည္ေတြယိုစိမ့္တာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ရလဒ္အေနနဲ႔ကေတာ့  ႏွလံုးက ေသြးေတြကိုထိထိေရာက္ေရာက္ ညွစ္မထုတ္ႏိုင္ေတာ့ပါပဲ။
ေသြးတိုးကို အသံတိတ္လူသတ္သမားလို႔ေျပာရတဲ့အေၾကာင္းအရင္း

ေသြးတိုးကို အသံတိတ္လူသတ္သမားလို႔ေျပာၾကရတာက အခ်ိဳ႕ဆိုရင္ ၾကီးၾကီးမားမားလကၡဏာမျပမခ်င္း သူတို႔မွာ ေသြးတိုးရွိေနလို႔ရွိေနမွန္းမသိၾကပါဘူး။ ေသြးတိုကို မသိလို႔ မကုသဘဲထားမိတယ္။ ေသြးတိုးကို မကုသဘဲ အခ်ိန္ၾကာျမင့္စြာထားရင္း ကဘာျဖစ္လာလဲဆိုေတာ့ မလိုလားအပ္တဲ့ေနာက္ဆက္တြဲက်န္းမာေရးျပႆနာေတြျဖစ္လာတာေပါ့။

    အျမင္အာရံုထိခိုက္ခၽြတ္ယြင္းတာ
    ရုတ္တရက္ႏွလံုးရပ္တာ
    ေလျဖတ္တာ
    ေက်ာက္ကပ္ထိခိုက္ပ်က္စီးတာ
    ႏွလံုးေရာဂါေတြကိုခံစားရႏိုင္ပါတယ္။

ေသြးတိုးတာက အငန္စားလို႔လား

အမ်ားလက္ခံထားတဲ့ အယူအဆက အငန္မ်ားတာေတြ စားလို႔ေသြးတိုးတယ္ေပါ႔။ တကယ္ေတာ့ ဒီယူဆခ်က္က အျပည့္အဝေတာ့မမွန္ပါဘူးေနာ္။ ေသြးတိုးေစတဲ့ အျခားအေၾကာင္းအရင္းေတြရွိပါေသးတယ္ေနာ္။ ဒါေၾကာင့္ အငန္မွမစားတာ ေသြးတိုးမျဖစ္ႏုိင္ဘူးလိုပ မယူဆေစခ်င္ပါဘူး။ ေသြးတိုးမျဖစ္ေစဖို႔ ဒီအခ်က္ေလးေတြကိုလည္း သတိထားေစခ်င္ပါတယ္ေနာ္။

    ကဖင္း အေသာက္မ်ားတာ
    အခ်ိဳ႕ေသာေဆးဝါးေတြေသာက္သံုးေနရတာ
    နာတာရွည္ေက်ာက္ကပ္ေရာဂါရွိေနတာ
    ကိုကင္းသံုးတာ
    အက္ဒရီနယ္လင္ဂလင္းေတြ အရမ္းအလုပ္လုပ္လြန္းေနတာ
    ကိုယ္ဝန္ရွိေနတာေၾကာင့္ေသြးေပါင္ခ်ိန္တက္လာတာ
    ေဆးလိပ္ေသာက္တာ
    စိတ္ဖိစီးတာ
    သိုင္းရိြဳက္ျပႆနာရွိေနတာ
    အဝလြန္ေနတာ
    ဆီးခ်ိဳရွိေနတာ
    ေသြးတြင္းမွာ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္ နဲ႔ မဂၢနီဆီယမ္ ပမာဏနည္းေနတာ
    ကိုယ္လက္လႈပ္ရွားမႈနည္းတာ
    အယ္လ္ကိုေဟာအေသာက္မ်ားတာ
    အမ်ိဳးသမီးေတြမွာဆိုရင္ သေႏၶတားေဆးေတြေၾကာင့္ ေဟာ္မုန္းအေျပာင္းအလဲျဖစ္ျပီး ေသြးတိုးႏိုင္ပါတယ္။

အငန္သိပ္မစားေတာင္ အခုေျပာခဲ့တဲ့ အမူအက်င့္တစ္ခုခုရွိလည္း ေသြးတိုးႏိုင္တာေၾကာင့္ သတိထားဆင္ျခင္ဖို႔လိုပါမယ္။ ကိုယ့္ကိုကိုယ္ အသံတိတ္လူသတ္သမားလက္ကေန ကယ္တင္ဖို႔ ေန႔စဉ္ အာဟာရမွ်တအာင္စားျပီး က်န္းမာတဲ့ ဘဝေနထိုင္မႈပံုစံကို ေမြးျမဴလိုက္ပါေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သွေးတိုးတာက ရေပန်းစားလာတဲ့ ရောဂါတစ်ခုပေါ့။ လူတော်တေ်ာများများ အရွယ်မရွေးသွေးတိုးဖြစ်ကြတယ်နော်။ အရင်တုန်းကဆိုရင် အသက်တော်တေ်ာကြီးတဲ့ သူတွေမှာမှဖြစ်တာနော်။ အခုတော့ သွေးတိုးက လူငယ်တွေမှာတောင်ဖြစ်လာကြတယ်နော်။

 သွေးတိုးနဲ့ ပတ်သက်လို့ ငယ်ငယ်ကတည်းက ကြားလာနိုင်တာတစ်ခုရှိပါတယ်။ ဒါကတော့ အငန်တွေလျှော့စားလေ သေါးတိုးမယ်ဆိုတာပေါ့။သွေးတိုးတာက အငန်စားလို့ဖြစ်တာဆိုပေမယ့် အပြည့်အဝမှန်လားဆိုတော့ မဟုတ်ပြန်ပါဘူးနော်။သွေးတိုးစေတဲ့အခြားအကြောင်းအရာတွေရှိနေပါသေးတယ်နော်။

သွေးတိုးဆိုတာက

သွေးပေါင်ချိန်က ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ အနေအထားထိမြင့်တက်သွားတာကို သွေးတိုးတယ်လို့ခေါ်ကြတာပါ။ သွေးတိုးကနောက်ဆက်တွဲရောဂါ အနေနဲ့ ဝင်လာနိုင်သလို ရှေ့ကနေ ဦးဆောင်သူအနေနဲ့လည်း ဝင်လာနိုင်ပါတယ်။

သွေးတိုးတယ်ဆိုတာက သွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင် လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hg ဖြစ်နေမယ်။

ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hg ကျော်နေမယ်၊ အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင် သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။ သွေးအရမ်းတိုးတာက သွေးကြောတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သွေးကြောတွေရောင်ရမ်းလာပြီး သွေးယိုစိမ့်တာ ဒါမှမဟုတ် သွေးရည်ကြည်လိုမျိုး အရည်တွေယိုစိမ့်တာမျိုးဖြစ်နိုင်ပါတယ်။

ရလဒ်အနေနဲ့ကတော့  နှလုံးက သွေးတွေကိုထိထိရောက်ရောက် ညှစ်မထုတ်နိုင်တော့ပါပဲ။
သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောရတဲ့အကြောင်းအရင်း

သွေးတိုးကို အသံတိတ်လူသတ်သမားလို့ပြောကြရတာက အချို့ဆိုရင် ကြီးကြီးမားမားလက္ခဏာမပြမချင်း သူတို့မှာ သွေးတိုးရှိနေလို့ရှိနေမှန်းမသိကြပါဘူး။ သွေးတိုကို မသိလို့ မကုသဘဲထားမိတယ်။ သွေးတိုးကို မကုသဘဲ အချိန်ကြာမြင့်စွာထားရင်း ကဘာဖြစ်လာလဲဆိုတော့ မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်လာတာပေါ့။

    အမြင်အာရုံထိခိုက်ချွတ်ယွင်းတာ
    ရုတ်တရက်နှလုံးရပ်တာ
    လေဖြတ်တာ
    ကျောက်ကပ်ထိခိုက်ပျက်စီးတာ
    နှလုံးရောဂါတွေကိုခံစားရနိုင်ပါတယ်။

သွေးတိုးတာက အငန်စားလို့လား

အများလက်ခံထားတဲ့ အယူအဆက အငန်များတာတွေ စားလို့သွေးတိုးတယ်ပေါ့။ တကယ်တော့ ဒီယူဆချက်က အပြည့်အဝတော့မမှန်ပါဘူးနော်။ သွေးတိုးစေတဲ့ အခြားအကြောင်းအရင်းတွေရှိပါသေးတယ်နော်။ ဒါကြောင့် အငန်မှမစားတာ သွေးတိုးမဖြစ်နိုင်ဘူးလိုပ မယူဆစေချင်ပါဘူး။ သွေးတိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကိုလည်း သတိထားစေချင်ပါတယ်နော်။

    ကဖင်း အသောက်များတာ
    အချို့သောဆေးဝါးတွေသောက်သုံးနေရတာ
    နာတာရှည်ကျောက်ကပ်ရောဂါရှိနေတာ
    ကိုကင်းသုံးတာ
    အက်ဒရီနယ်လင်ဂလင်းတွေ အရမ်းအလုပ်လုပ်လွန်းနေတာ
    ကိုယ်ဝန်ရှိနေတာကြောင့်သွေးပေါင်ချိန်တက်လာတာ
    ဆေးလိပ်သောက်တာ
    စိတ်ဖိစီးတာ
    သိုင်းရွိုက်ပြဿနာရှိနေတာ
    အဝလွန်နေတာ
    ဆီးချိုရှိနေတာ
    သွေးတွင်းမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ပမာဏနည်းနေတာ
    ကိုယ်လက်လှုပ်ရှားမှုနည်းတာ
    အယ်လ်ကိုဟောအသောက်များတာ
    အမျိုးသမီးတွေမှာဆိုရင် သန္ဓေတားဆေးတွေကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး သွေးတိုးနိုင်ပါတယ်။

အငန်သိပ်မစားတောင် အခုပြောခဲ့တဲ့ အမူအကျင့်တစ်ခုခုရှိလည်း သွေးတိုးနိုင်တာကြောင့် သတိထားဆင်ခြင်ဖို့လိုပါမယ်။ ကိုယ့်ကိုကိုယ် အသံတိတ်လူသတ်သမားလက်ကနေ ကယ်တင်ဖို့ နေ့စဉ် အာဟာရမျှတအာင်စားပြီး ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို မွေးမြူလိုက်ပါနော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top