iMyanmarHouse.com - Best Property Website for Myanmar
×

ဦးေႏွာက္ထဲတြင္ သံေကာင္ဥဝင္ေရာက္ျခင္းႏွင့္ အသက္အႏၱရာယ္ (Cysticercosis)

ဟိုတစ္ေန႔က ကၽြန္ေတာ္ Webmd website ကေန သတင္းတစ္ခု ဖတ္လိုက္ရတယ္။ အိႏၵိယႏိုင္ငံမွာ အသက္ ၁၈ ႏွစ္ အရြယ္လူငယ္ေလးတစ္ဦးဟာ ဝက္တုပ္ျပားေကာင္ (tapeworm) ရဲ႔ ဥကို စားသံုးမိတာေၾကာင့္ ယင္းသံေကာင္ဥက ဦးေႏွာက္ကို ကူးစက္ျပီး ေသဆံုးခဲ႔ပါတယ္။ သတင္း အက်ဥ္းကို ေျပာရမယ္ဆိုရင္ တာဝန္ခံဆရာဝန္ရဲ႔ ေျဖၾကားခ်က္အရ “ဒီလူငယ္ေလးရဲ႔ မိဘေတြဟာ ေဆးရံုရဲ႔ အေရးေပၚေဆးကုသခန္း (emergency resuscitation centre) ထဲကို ေရးၾကီးသုတ္ျပာနဲ႔ ေျပးဝင္လာၾကပါတယ္။ လူငယ္ကို ၾကည့္လိုက္ေတာ့ တစ္ကိုယ္လံုး တက္ေနတယ္ ( tonic clonic seizure)၊ history ကိုေမးၾကည့္ေတာ လူငယ္ေလးက သူရဲ႔ ေပါင္ျခံနားက နာေနတယ္လို႔ ေျပာတာ တစ္ပတ္ေလာက္ေတာ့ ၾကာျပီ လို႔ ေျပာတယ္။ ဆရာဝန္ေတြစမ္းသပ္ၾကည့္လိုက္ေတာ့ လူငယ္ေလးရဲ႔ ညာဘက္မ်က္လံုးအေပၚဖက္မွာ ေရာင္ရမ္းေနျပီး သူ႔ရဲ႔ ညာဘက္ေဝွးေစ့ က နာက်င္မႈရွိတယ္” လို႔ တာဝန္ခံဆရာဝန္က ေျပာပါတယ္။

ဒါနဲ႔ လူငယ္ကို ခ်က္ခ်င္းပဲ MRI ရိုက္လိုက္တဲ႔အခါမွာ ဦးေနွာက္ဗဟို (Brainstem)၊ ဦးေႏွာက္ၾကီးအျခမ္း ( cerebrum) နဲ႔ ဦးေႏွာက္တစ္ေလွ်ာက္မွာ ထိခိုက္မႈေတြ အမ်ားၾကီး ေတြ႔ရတယ္၊ မ်က္လံုးအေပၚဖက္နဲ႔ ညာေဝွးေစ့ေတြမွာ အရည္အိတ္ေတြ ေတြ႔ရတယ္။ ဒီေရာဂါကိုေတာ့ cysticercosis လို႔ေခၚျပီး taenia solium လို႔ေခၚတဲ႔ ဝက္တုတ္ျပားေကာင္ရဲ႔ ဥကို စားသံုးမိတာေၾကာင့္ ဒီသားေလာင္းေတြဟာ ဦးေႏွာက္၊ ၾကြက္သားနဲ႔ အျခားတစ္ရွဴးေတြကို ျပန္ႏွံ႔ ကူးစက္ျပီး တက္ျခင္း (seizure) ကို ျဖစ္ေစတယ္လို႔ သံုးသပ္ပါတယ္။

ဦးေႏွာက္အတြင္း သံေကာင္ကူးစက္ေရာဂါျဖစ္ပြားတဲ႔ လူငယ္ေလးကို ဆရာဝန္မ်ားဟာ ပိုးသတ္ေဆး (antiparasitic) ေပးလိုက္ရင္ ဦးေႏွာက္ ေရာင္ရမ္းမႈေတြ ပိုဆိုးလာျပီး မ်က္စိကြယ္သြားမွာ စိုးရိမ္တဲ႔အတြက္ ပိုးသတ္ေဆး မေပးခဲ႔ၾကပါဘူး။ သူကို အတက္က်ေစရန္ အတက္က်ေဆး ( anti-seizure) နဲ႔ steroid မ်ားသာ ေပးခဲ႔ပါတယ္။ သို႔ေသာ္လည္း ဒီလူငယ္ေလးဟာ ေနာက္ ၂ ပတ္အၾကာမွာ ကြယ္လြန္ခဲ႔ပါတယ္။

ဒီသတင္းဖတ္ျပီးေတာ့ ကၽြန္ေတာ္လဲ ကၽြန္ေတာ့္ရဲ႔စာဖတ္သူေတြကို Cysticercosis ဆိုတဲ႔ ဒီေရာဂါ အေၾကာင္းေလး နည္းနည္း ေျပာျပခ်င္တယ္။ အျဖစ္နည္းပါတယ္၊ ၾကိဳတင္သာကာကြယ္ လိုက္ရင္ လံုးဝ မျဖစ္ႏိုင္သေလာက္ရွိတယ္၊ ဒါေပမယ့္ မသိလို႔ မကာကြယ္၊ မကာကြယ္လို႔ ေရာဂါျဖစ္၊ ေရာဂါျဖစ္ရင္ေတာ့ အသက္အႏၱရာယ္အထိ ျဖစ္ႏိုင္တဲ႔ အေျခအေနပါ။

(၁) Cysticercosis ဆိုတာဘာလဲ။

ကပ္ပါးေကာင္ကူးစက္မႈ ေရာဂါတစ္မ်ိဳး (parasitic infestation) ျဖစ္ျပီး ဝက္တုပ္ျပားေကာင္🐍🐍🐍ရဲ႔ ဥ (egg of Taenia solium) ကိုစားသံုးမႈေၾကာင့္ ဒီဥေတြဟာ ဗဟိုအာရံုေၾကာစနစ္၊ ၾကြက္သား၊ မ်က္လံုးနဲ႔ အေရျပားေတြမွာ အိတ္ငယ္ေလးေတြအျဖစ္ ကူးစက္ျပန္႔ႏွံတာပါ။ အမ်ားစုမွာေတာ့ လံုးဝ လကၡဏာျပေလ့မရွိပါဘူး။
ျပႆနာရဲ႔ အေျခခံကေတာ့ ဝက္ရဲ႔အူထဲမွာရွိတဲ႔ ဝက္တုပ္ျပားေကာင္ (tapeworm) ဟာ ယင္းဝက္ရဲ႔ အူထဲမွာ ပြားမ်ားရံုသာမက ဝက္ရဲ႔ အသားစုိင္ေတြထဲမွာပါ ကူးစက္ကာ နစ္ျမဳပ္ေနပါတယ္။ ဒီလို ကူးစက္ခံထားရတဲ႔ ဝက္ရဲ႔အသားကို မက်က္တက်က္ျဖစ္ေစ၊ အစိမ္းျဖစ္ေစ စားသံုးတဲ႔ လူေတြကို ကူးစက္ျပီး လူေတြရဲ႔ အူထဲမွာ စတင္ပြားမ်ားတာပါ။ ဒီလို ပြားေနရင္းနဲ႔ အူနံရံကို ထိုးေဖာက္ျပီး ေသြးစီးေၾကာင္းထဲေရာက္ကာ ဦးေႏွာက္၊ ၾကြက္သား၊ မ်က္လံုးေတြမွာ သြားျပီး ဒုကၡေပးတာ ျဖစ္ပါတယ္။ ဒီတုပ္ျပားေကာင္ေတြနဲ႔ ဥေတြဟာ ကူးစက္ခံထားရတဲ႔ သူေတြရဲ႔ မစင္ထဲမွာ မ်ားစြာပါဝင္ႏိုင္ျပီး ယင္းမစင္ကေနတစ္ဆင့္ အျခားသူမ်ားကိုပါ ျပန္႔ပြားႏိုင္ပါတယ္။

(၂) Cysticercosis ရဲ႔ေရာဂါလကၡဏာေတြက ဘာေတြလဲ။

ေရာဂါလကၡဏာကေတာ့ cysticerci လို႔ေခၚတဲ႔ သန္ေကာင္ဥမ်ားရဲ႔ တည္ေနရာနဲ႔ အေရအတြက္ ေပၚမွာ မူတည္ေနျပီး အမ်ားစုကေတာ့ ေရာဂါလကၡဏာ မျပတတ္ၾကပါဘူး။ ဦးေႏွာက္ထဲကို သန္ေကာင္ဥမ်ား ကူးစက္ျပန္႔ႏွံ႔မွသာ လကၡဏာျပတတ္ပါတယ္။ ဗိုက္နာျခင္း၊ ပ်ိဳ႔အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ တက္ျခင္း၊ အျမင္အာရံုမ်ား ေဝဝါးျခင္း၊ ဟန္ခ်က္မညီေတာ့ျခင္း၊ ၾကြက္သားမ်ားအားနည္းျခင္း၊ ထံုက်ဥ္ျခင္း စတာေတြကို ခံစားရမွာျဖစ္ပါတယ္။

(၃) ေရာဂါမျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ။

– မက်က္တက်က္ခ်က္ထားေသာ ဝက္သားမ်ားကို ေရွာင္ၾကဥ္ပါ။ စားလွ်င္လဲ ေသခ်ာစြာ က်က္ေအာင္ ခ်က္ျပီးမွ စားပါ။
– မစင္မွတစ္္ဆင့္ ကူးစက္တတ္ေသာ ေရာဂါျဖစ္တာေၾကာင့္ လက္ကိုေသခ်ာစြာေဆးေၾကာျခင္း၊ တစ္ကိုယ္ရည္သန္႔ရွင္းမႈရွိျခင္း၊ အစားအစာမ်ားကို သန္႔ရွင္းစြာျပင္ဆင္ျခင္းတို႔က အထိေရာက္ဆံုး ကာကြယ္ႏိုင္ပါလိမ့္မယ္။
– ယင္လံုအိမ္သာမ်ား၊ သန္႔ရွင္းေသာ မစင္စြန္႔နည္းျဖင့္သာ မစင္စြန္႔သင့္ပါတယ္။
– ၆ လတစ္ၾကိမ္သန္ပံုမွန္ခ် ရန္လိုအပ္ပါတယ္။

Credit: Dr.Zaw Htet Aung
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဦးနှောက်ထဲတွင် သံကောင်ဥဝင်ရောက်ခြင်းနှင့် အသက်အန္တရာယ် (Cysticercosis)

ဟိုတစ်နေ့က ကျွန်တော် Webmd website ကနေ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ် အရွယ်လူငယ်လေးတစ်ဦးဟာ ဝက်တုပ်ပြားကောင် (tapeworm) ရဲ့ ဥကို စားသုံးမိတာကြောင့် ယင်းသံကောင်ဥက ဦးနှောက်ကို ကူးစက်ပြီး သေဆုံးခဲ့ပါတယ်။ သတင်း အကျဉ်းကို ပြောရမယ်ဆိုရင် တာဝန်ခံဆရာဝန်ရဲ့ ဖြေကြားချက်အရ “ဒီလူငယ်လေးရဲ့ မိဘတွေဟာ ဆေးရုံရဲ့ အရေးပေါ်ဆေးကုသခန်း (emergency resuscitation centre) ထဲကို ရေးကြီးသုတ်ပြာနဲ့ ပြေးဝင်လာကြပါတယ်။ လူငယ်ကို ကြည့်လိုက်တော့ တစ်ကိုယ်လုံး တက်နေတယ် ( tonic clonic seizure)၊ history ကိုမေးကြည့်တော လူငယ်လေးက သူရဲ့ ပေါင်ခြံနားက နာနေတယ်လို့ ပြောတာ တစ်ပတ်လောက်တော့ ကြာပြီ လို့ ပြောတယ်။ ဆရာဝန်တွေစမ်းသပ်ကြည့်လိုက်တော့ လူငယ်လေးရဲ့ ညာဘက်မျက်လုံးအပေါ်ဖက်မှာ ရောင်ရမ်းနေပြီး သူ့ရဲ့ ညာဘက်ဝှေးစေ့ က နာကျင်မှုရှိတယ်” လို့ တာဝန်ခံဆရာဝန်က ပြောပါတယ်။

ဒါနဲ့ လူငယ်ကို ချက်ချင်းပဲ MRI ရိုက်လိုက်တဲ့အခါမှာ ဦးနှောက်ဗဟို (Brainstem)၊ ဦးနှောက်ကြီးအခြမ်း ( cerebrum) နဲ့ ဦးနှောက်တစ်လျှောက်မှာ ထိခိုက်မှုတွေ အများကြီး တွေ့ရတယ်၊ မျက်လုံးအပေါ်ဖက်နဲ့ ညာဝှေးစေ့တွေမှာ အရည်အိတ်တွေ တွေ့ရတယ်။ ဒီရောဂါကိုတော့ cysticercosis လို့ခေါ်ပြီး taenia solium လို့ခေါ်တဲ့ ဝက်တုတ်ပြားကောင်ရဲ့ ဥကို စားသုံးမိတာကြောင့် ဒီသားလောင်းတွေဟာ ဦးနှောက်၊ ကြွက်သားနဲ့ အခြားတစ်ရှူးတွေကို ပြန်နှံ့ ကူးစက်ပြီး တက်ခြင်း (seizure) ကို ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

ဦးနှောက်အတွင်း သံကောင်ကူးစက်ရောဂါဖြစ်ပွားတဲ့ လူငယ်လေးကို ဆရာဝန်များဟာ ပိုးသတ်ဆေး (antiparasitic) ပေးလိုက်ရင် ဦးနှောက် ရောင်ရမ်းမှုတွေ ပိုဆိုးလာပြီး မျက်စိကွယ်သွားမှာ စိုးရိမ်တဲ့အတွက် ပိုးသတ်ဆေး မပေးခဲ့ကြပါဘူး။ သူကို အတက်ကျစေရန် အတက်ကျဆေး ( anti-seizure) နဲ့ steroid များသာ ပေးခဲ့ပါတယ်။ သို့သော်လည်း ဒီလူငယ်လေးဟာ နောက် ၂ ပတ်အကြာမှာ ကွယ်လွန်ခဲ့ပါတယ်။

ဒီသတင်းဖတ်ပြီးတော့ ကျွန်တော်လဲ ကျွန်တော့်ရဲ့စာဖတ်သူတွေကို Cysticercosis ဆိုတဲ့ ဒီရောဂါ အကြောင်းလေး နည်းနည်း ပြောပြချင်တယ်။ အဖြစ်နည်းပါတယ်၊ ကြိုတင်သာကာကွယ် လိုက်ရင် လုံးဝ မဖြစ်နိုင်သလောက်ရှိတယ်၊ ဒါပေမယ့် မသိလို့ မကာကွယ်၊ မကာကွယ်လို့ ရောဂါဖြစ်၊ ရောဂါဖြစ်ရင်တော့ အသက်အန္တရာယ်အထိ ဖြစ်နိုင်တဲ့ အခြေအနေပါ။

(၁) Cysticercosis ဆိုတာဘာလဲ။

ကပ်ပါးကောင်ကူးစက်မှု ရောဂါတစ်မျိုး (parasitic infestation) ဖြစ်ပြီး ဝက်တုပ်ပြားကောင်🐍🐍🐍ရဲ့ ဥ (egg of Taenia solium) ကိုစားသုံးမှုကြောင့် ဒီဥတွေဟာ ဗဟိုအာရုံကြောစနစ်၊ ကြွက်သား၊ မျက်လုံးနဲ့ အရေပြားတွေမှာ အိတ်ငယ်လေးတွေအဖြစ် ကူးစက်ပြန့်နှံတာပါ။ အများစုမှာတော့ လုံးဝ လက္ခဏာပြလေ့မရှိပါဘူး။
ပြဿနာရဲ့ အခြေခံကတော့ ဝက်ရဲ့အူထဲမှာရှိတဲ့ ဝက်တုပ်ပြားကောင် (tapeworm) ဟာ ယင်းဝက်ရဲ့ အူထဲမှာ ပွားများရုံသာမက ဝက်ရဲ့ အသားစိုင်တွေထဲမှာပါ ကူးစက်ကာ နစ်မြုပ်နေပါတယ်။ ဒီလို ကူးစက်ခံထားရတဲ့ ဝက်ရဲ့အသားကို မကျက်တကျက်ဖြစ်စေ၊ အစိမ်းဖြစ်စေ စားသုံးတဲ့ လူတွေကို ကူးစက်ပြီး လူတွေရဲ့ အူထဲမှာ စတင်ပွားများတာပါ။ ဒီလို ပွားနေရင်းနဲ့ အူနံရံကို ထိုးဖောက်ပြီး သွေးစီးကြောင်းထဲရောက်ကာ ဦးနှောက်၊ ကြွက်သား၊ မျက်လုံးတွေမှာ သွားပြီး ဒုက္ခပေးတာ ဖြစ်ပါတယ်။ ဒီတုပ်ပြားကောင်တွေနဲ့ ဥတွေဟာ ကူးစက်ခံထားရတဲ့ သူတွေရဲ့ မစင်ထဲမှာ များစွာပါဝင်နိုင်ပြီး ယင်းမစင်ကနေတစ်ဆင့် အခြားသူများကိုပါ ပြန့်ပွားနိုင်ပါတယ်။

(၂) Cysticercosis ရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ရောဂါလက္ခဏာကတော့ cysticerci လို့ခေါ်တဲ့ သန်ကောင်ဥများရဲ့ တည်နေရာနဲ့ အရေအတွက် ပေါ်မှာ မူတည်နေပြီး အများစုကတော့ ရောဂါလက္ခဏာ မပြတတ်ကြပါဘူး။ ဦးနှောက်ထဲကို သန်ကောင်ဥများ ကူးစက်ပြန့်နှံ့မှသာ လက္ခဏာပြတတ်ပါတယ်။ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အမြင်အာရုံများ ဝေဝါးခြင်း၊ ဟန်ချက်မညီတော့ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ ထုံကျဉ်ခြင်း စတာတွေကို ခံစားရမှာဖြစ်ပါတယ်။

(၃) ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

– မကျက်တကျက်ချက်ထားသော ဝက်သားများကို ရှောင်ကြဉ်ပါ။ စားလျှင်လဲ သေချာစွာ ကျက်အောင် ချက်ပြီးမှ စားပါ။
– မစင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်တာကြောင့် လက်ကိုသေချာစွာဆေးကြောခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အစားအစာများကို သန့်ရှင်းစွာပြင်ဆင်ခြင်းတို့က အထိရောက်ဆုံး ကာကွယ်နိုင်ပါလိမ့်မယ်။
– ယင်လုံအိမ်သာများ၊ သန့်ရှင်းသော မစင်စွန့်နည်းဖြင့်သာ မစင်စွန့်သင့်ပါတယ်။
– ၆ လတစ်ကြိမ်သန်ပုံမှန်ချ ရန်လိုအပ်ပါတယ်။

Credit: Dr.Zaw Htet Aung
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top