iMyanmarHouse.com - Best Property Website for Myanmar
×


လူတုိင္း ေခၽြးထြက္တတ္ၾကပါတယ္။ အဆိုးေနရာကေတာ့ ခ်ိဳင္းေပါ့။ နည္းနည္းေလး မပူလုိက္နဲ႔သူ ကေခၽြးထြက္တာအရင္။ ျပီးေတာ ့လက္ေျမာက္လိုက္ရင္ အက်ႌမ်ာ ေခၽြးေတြ အကြက္လိုက္ေပျပီး ရုပ္ဆုိးေစေသးတယ္။

 ေသခ်ာမ်ား မေလွ်ာ္မိလိုက္လို႕ကေတာ့ ေနာက္တစ္ခါ ျပန္ဝတ္တဲ့အခါ ေခၽြးေလးစို႕လာတာနဲ႔ ခ်ိဳင္းေခၽြးနံ႕နံတာ လူၾကားထဲမသြားရဲေလာက္ေအာင္ကုိ စိတ္ဆင္းရဲေနရတဲ့ Hello ပရိသတ္ၾကီးရွိလား ။ ဒါဆုိရင္ေတာ့ ဒီေဆာင္းပါးကို လက္လႊတ္မခံသင့္ဘူးေနာ္ ။
ခ်ိဳင္းေခၽြးနံ႔ကုိ သဘာဝအတုိင္း ေပ်ာက္ေအာင္လုပ္ေပးမယ့္ နည္းလမ္းမ်ား ။ ။

( ၁ )မုန္႔ဖုတ္ေဆာ္ဒါ ။ ။

အနံ႕အသက္ဆိုးေတြကို စုပ္ယူေပးတဲ့ေနရာမွာ မုန္႔ဖုတ္ေဆာ္ဒါေလာက္ ေကာင္းတဲ့အရာေတြမရွိေတာ့ပါဘူး။ ဒါ့အျပင္ မုန္႔ဖုတ္ဆိုဒါဟာ ဘက္တီးရီးယားေတြ ေပါက္ဖြားမႈနဲ႔ အေရျပား pH ကိုလည္း ထိန္းညွိေပးတာေၾကာင့္ ခ်ိဳင္းေခၽြးနံ႔ နံေနတဲ့သူေတြအဖုိ႕ မုန္႔ဖုတ္ေဆာ္ဒါက အားကိုးစရာျဖစ္မွာပါ။

လုပ္နည္း – မုန္႕ဖုတ္ေဆာ္ဒါ စားပြဲတင္ဇြန္း၂ ဇြန္းေလာက္ကို ေရနဲ႔ေရာေဖ်ာ္ျပီး သံပရာသီးတစ္ျခမ္းေလာက္ညွစ္ခ်လိုက္ပါ။ ဒီ အေရာအစပ္ကို ခ်ိဳင္းၾကားထဲ သုတ္လိမ္းျပီး ၁၅ မိနစ္ ခန္႕ထားလိုက္ပါ။ ျပီးရင္ေရျပန္ေဆးခ်ပါ။

( ၂ )ပန္းသီးရွာလကာရည္ ။ ။

ဒီ အက္ဆစ္ဓာတ္ရွိတဲ့ ပန္းသီးရွာလကာရည္ဟာ အေရျပားရဲ႕ pH ကို အေျပာင္းအလဲျဖစ္ေစျပီး ဘက္တီးရီးယားေတြေနလို႔ မရေအာင္ လုပ္လိုက္တာေၾကာင့္ ခ်ိဳင္းနံ႔ဆုိးေတြကို ကင္းေဝးေစမွာပါ။

လုပ္နည္း – ပန္းသီးရွာလကာရည္ကို ေရနဲ႔ေရာလိုက္ပါ။ ဒါမွ အက္ဆစ္ျပင္းအားေလ်ာ့သြားပါလိမ့္မယ္။ ရွာလကာရည္ အနံ႕စူးစူးက ျပင္းတာေၾကာင့္ ေရခ်ိဳးခါနီး ၁၅ မိနစ္ေလာက္အလုိမွာ ခ်ိဳင္းေအာက္မွာ သုတ္လိမ္းထားပါ။ျပီးမွ ေရခ်ိဳးပါ။

( ၃ ) အရက္ျပန္။ ။

အရက္ျပန္ဟာ ဘက္တီးရီးယားပိုးေတြကိုေသေစျပီး ေခၽြးေပါက္ကိုက်ဥ္းေစတဲ့ အာနိသင္ရွိတာေၾကာင့္ ခ်ိဳင္းေခၽြးထြက္မ်ားျခင္းနဲ႔ ေခၽြးနံ႕နံျခင္းကို သက္သာေစမွာပါ။ ဒါ့ေၾကာင့္ ခ်ိဳင္းကို အရက္ျပန္ေလးသုတ္လိမ္းေပးလည္းရပါတယ္။

( ၄ ) သံပရာသီး  ။

သံပရာသီးရဲ႕ အခ်ဥ္အက္ဆစ္ဓာတ္က ဘက္တီးရီးယားပိုးေတြကိုေသေစျပီး သူ႕ရဲ႕ ေမႊးပ်ံ႕တဲ့အနံ႕က ခ်ိဳင္းေခၽြးနံ႕ နံတာကုိ သက္သာေစဦးမွာပါ။ ဒါ့အျပင္ သံပရာသီးရဲ႕ အစြန္းအထင္းေတြကို ခၽြတ္ေပးႏုိင္တဲ့ အာနိသင္ေၾကာင့္ ခ်ိဳင္းၾကားမဲေနတာလည္း သက္သာေစဦးမွာပါ။

လုပ္နည္း – လီွးထားတဲ့ သံပရာသီး တစ္ဝက္ကုိ ခ်ိဳင္းမွာ ပြတ္တိုက္ေပးပါ။ ၁၅ မိနစ္ေလာက္ထား ျပီးရင္ ေရျပန္ေဆးခ်ပါ။

( ၅ ) ခ်ိဳင္းေမႊးေတြကို ဖယ္ရွားေပးပါ ။

ခ်ိဳင္းေမႊးေတြ အမ်ားၾကီးရွိေနရင္ ဘက္တီးရီးယားပိုးေတြပိုခုိေအာင္လို႔ေကာင္းျပီး ေခၽြးထြက္လည္းမ်ားေစတတ္လို႕ ခ်ိဳင္းေခၽြးနံ႔ကို ပုိျပင္းေစပါတယ္။ ဒါ့့ေၾကာင့္ ခ်ိဳင္းေမႊးေတြကို မွန္မွန္ဖယ္ရွားေပးဖုိ႕လိုတာပါ ။ ။

ကဲ ဒီလို အကုန္အက်လည္းသက္သာ အာနိသင္လည္းစြမ္းတဲ့ သဘာဝနည္းေတြအတုိင္း လိုက္လုပ္ၾကည့္မယ္ဆုိရင္ေတာ့ အျပင္သြားခါနီးတိုင္း ေခၽြးထြက္မွာစိုးရိမ္ေနရတဲ့ ေသာကေတြက ကင္းေဝးသြားမွာ အေသအခ်ာပါ ။  ။

Credit:hellosayarwon

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့သူ ကချွေးထွက်တာအရင်။ ပြီးတော့လက်မြောက်လိုက်ရင် အင်္ကျီမျာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။

 သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့နံတာ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။
ချိုင်းချွေးနံ့ကို သဘာဝအတိုင်း ပျောက်အောင်လုပ်ပေးမယ့် နည်းလမ်းများ ။ ။

( ၁ )မုန့်ဖုတ်ဆော်ဒါ ။ ။

အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာတွေမရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား pH ကိုလည်း ထိန်းညှိပေးတာကြောင့် ချိုင်းချွေးနံ့ နံနေတဲ့သူတွေအဖို့ မုန့်ဖုတ်ဆော်ဒါက အားကိုးစရာဖြစ်မှာပါ။

လုပ်နည်း – မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း၂ ဇွန်းလောက်ကို ရေနဲ့ရောဖျော်ပြီး သံပရာသီးတစ်ခြမ်းလောက်ညှစ်ချလိုက်ပါ။ ဒီ အရောအစပ်ကို ချိုင်းကြားထဲ သုတ်လိမ်းပြီး ၁၅ မိနစ် ခန့်ထားလိုက်ပါ။ ပြီးရင်ရေပြန်ဆေးချပါ။

( ၂ )ပန်းသီးရှာလကာရည် ။ ။

ဒီ အက်ဆစ်ဓာတ်ရှိတဲ့ ပန်းသီးရှာလကာရည်ဟာ အရေပြားရဲ့ pH ကို အပြောင်းအလဲဖြစ်စေပြီး ဘက်တီးရီးယားတွေနေလို့ မရအောင် လုပ်လိုက်တာကြောင့် ချိုင်းနံ့ဆိုးတွေကို ကင်းဝေးစေမှာပါ။

လုပ်နည်း – ပန်းသီးရှာလကာရည်ကို ရေနဲ့ရောလိုက်ပါ။ ဒါမှ အက်ဆစ်ပြင်းအားလျော့သွားပါလိမ့်မယ်။ ရှာလကာရည် အနံ့စူးစူးက ပြင်းတာကြောင့် ရေချိုးခါနီး ၁၅ မိနစ်လောက်အလိုမှာ ချိုင်းအောက်မှာ သုတ်လိမ်းထားပါ။ပြီးမှ ရေချိုးပါ။

( ၃ ) အရက်ပြန်။ ။

အရက်ပြန်ဟာ ဘက်တီးရီးယားပိုးတွေကိုသေစေပြီး ချွေးပေါက်ကိုကျဉ်းစေတဲ့ အာနိသင်ရှိတာကြောင့် ချိုင်းချွေးထွက်များခြင်းနဲ့ ချွေးနံ့နံခြင်းကို သက်သာစေမှာပါ။ ဒါ့ကြောင့် ချိုင်းကို အရက်ပြန်လေးသုတ်လိမ်းပေးလည်းရပါတယ်။

( ၄ ) သံပရာသီး  ။

သံပရာသီးရဲ့ အချဉ်အက်ဆစ်ဓာတ်က ဘက်တီးရီးယားပိုးတွေကိုသေစေပြီး သူ့ရဲ့ မွှေးပျံ့တဲ့အနံ့က ချိုင်းချွေးနံ့ နံတာကို သက်သာစေဦးမှာပါ။ ဒါ့အပြင် သံပရာသီးရဲ့ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ အာနိသင်ကြောင့် ချိုင်းကြားမဲနေတာလည်း သက်သာစေဦးမှာပါ။

လုပ်နည်း – လှီးထားတဲ့ သံပရာသီး တစ်ဝက်ကို ချိုင်းမှာ ပွတ်တိုက်ပေးပါ။ ၁၅ မိနစ်လောက်ထား ပြီးရင် ရေပြန်ဆေးချပါ။

( ၅ ) ချိုင်းမွှေးတွေကို ဖယ်ရှားပေးပါ ။

ချိုင်းမွှေးတွေ အများကြီးရှိနေရင် ဘက်တီးရီးယားပိုးတွေပိုခိုအောင်လို့ကောင်းပြီး ချွေးထွက်လည်းများစေတတ်လို့ ချိုင်းချွေးနံ့ကို ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွှေးတွေကို မှန်မှန်ဖယ်ရှားပေးဖို့လိုတာပါ ။ ။

ကဲ ဒီလို အကုန်အကျလည်းသက်သာ အာနိသင်လည်းစွမ်းတဲ့ သဘာဝနည်းတွေအတိုင်း လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အပြင်သွားခါနီးတိုင်း ချွေးထွက်မှာစိုးရိမ်နေရတဲ့ သောကတွေက ကင်းဝေးသွားမှာ အသေအချာပါ ။  ။

Credit:hellosayarwon

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top