iMyanmarHouse.com - Best Property Website for Myanmar
×
(၂) ခဏခဏ သဝန်မတိုပါနဲ့
Credit:marry
ချစ်ရေးချစ်ရာ
# Unicode Version # ဖြင့် ဖတ်ပါ #
ချစ်သူသက်တမ်း ရှည်တဲ့စုံတွဲတွေဆိုတာ တွေ့ခဲပါတယ်။ တစ်ယောက်အကြောင်းမသိတာတို့ အကျင့်စရိုက် မကိုက်ညီတာတို့ကြောင့် သက်တမ်းခဏသာ ခံတဲ့ ချစ်သူစုံတွဲတွေအများကြီးပါ။
ချစ်သူသက်တမ်း ရှည်တဲ့စုံတွဲတွေဆိုတာ တွေ့ခဲပါတယ်။ တစ်ယောက် အကြောင်းမသိတာတို့ အကျင့်စရိုက် မကိုက်ညီတာတို့ကြောင့် သက်တမ်း ခဏသာ ခံတဲ့ ချစ်သူစုံတွဲတွေအများကြီးပါ။
ကိုယ်အရမ်းချစ်တဲ့သူနဲ့ လက်ထပ်ပြီး သက်ဆုံးတိုင် နေချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာဖို့ လိုမယ်နော်။
(၁) ချစ်သူကိုတတ်နိုင်သမျှယုံကြည်ပေးပါ
ယုံကြည်မူဆိုတာ လူနှစ်ဦးပျော်ရွှင်စွာပေါင်းဖက်နိုင်ဖို့ အတွက် ခိုင်မြဲတဲ့ကြိုးတစ်ချောင်းပဲ မဟုတ်လား။ ဒီတော့ ကိုယ်ချစ်လို့ မှ ချစ်သူတော်ထားတဲ့သူကို ယုံကြည်မှုလေးတွေ ပေးထားသင့်တာပေါ့။
(၂) ခဏခဏ သဝန်မတိုပါနဲ့
ချစ်လို့ သဝန်တိုတာတော့ ဟုတ်ပါပြီ။ သဝန်တိုလွန်းတဲ့အခါမှာ ချစ်သူက သူ့ကို နားမလည်ဘူး မယုံကြည်ဘူး ဆိုပြီး အတွေးလွဲသွားနိုင်ပါတယ်လေ။ ပြီးတော့ စိတ်ကျဉ်းကြပ်မှုတွေ အာရုံနောက်တာတွေ ဖြစ်လာနိုင်ပြီး ရည်းစားထားရတာကို စိတ်ကုန်သွားနိုင်တယ်လေ။
(၃) ချစ်သူရဲ့ ဂရုစိုက်မှုတွေကို အသိမှတ်ပြုပေးပါ
ချစ်သူ့စိတ်ထဲမှာ ဘာပူပင်သောကတွေရှိနေမလဲ ပျော်နေလား ဝမ်းနည်းနေလား အမြဲဂရုစိုက်နေတတ်တဲ့ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုလေးတွေကို အာရုံနောက်စရာလို့ မထင်ပါနဲ့။
 နေရာတကာသိချင်နေတယ် လို့လည်း မတွေးပါနဲ့။ ချစ်လွန်းလို့ ကိုယ့်အကြောင်းးကို သူ့ခေါင်းထဲ နေရာအရှုပ်ခံပြီး ထည့်ထားပေးတဲ့ သူမဟုတ်လား။ ကြင်နာပါ။ ဂရုစိုက်ပါ။ အသိအမှတ်ပြုပေးပါနော်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top