iMyanmarHouse.com - Best Property Website for Myanmar
×


အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘယ္အသက္အရြယ္ဟာ ကေလးယူဖို႔အေကာင္းဆံုးလဲဆိုတာ ေျပာျပေပးထားတယ္ေနာ္

လက္ထပ္ထိမ္းျမားျခင္းဆိုတဲ့ ပန္းတိုင္ကိုေက်ာ္လြန္ျပီးတာနဲ႔တျပိဳင္နက္ ခ်စ္သူႏွစ္ဦးဟာ အိမ္ေထာင္ တစ္ခုကို ႏွစ္ေယာက္တစ္ဘ၀ထူေထာင္လိုုက္ျပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ေလးကို ဖန္တီးရေတာ့မွာပဲျဖစ္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ စဥ္းစားသင့္တာက ကိုယ့္အိမ္ကိုစိုေျပသာယာေစမယ့္ ဆည္းလည္းေလးေတြကို ဘ၀ထဲေခၚေဆာင္ဖို႔ပါပဲ။

ဒီလိုေခၚေဆာင္ဖို႔ရာမွာလည္း အေၾကာင္းျပခ်က္ ေတြ အမ်ားျပားရွိေနမွာပါပဲ။ အသက္ၾကီးမွ ေရႊလက္တြဲၾကတဲ့စံုတြဲေတြအတြက္ကေတာ့ ဆည္းလည္း ေလးေတြကို အျမန္ဆံုးယူသင့္ေပမယ့္ အသက္အရြယ္သိပ္မၾကီးေသးတဲ့ အိမ္ေထာင္ရွင္ေတြအဖို႔က ေတာ့ ခ်က္ခ်င္းမယူသင့္ေသးပါဘူး။

ကေလးယူတယ္ဆုိတာမွာလည္း အခ်ိန္အခါရွိပါတယ္။ မိန္းကေလးတစ္ေယာက္ ဟာ အသက္ ၂၇ ႏွစ္အရြယ္ဆိုရင္ ကေလးတစ္ေယာက္ယူဖို႔သင့္ေတာ္တဲ့ အရြယ္ပါ။

၂၇ ေအာက္ဆိုရင္လည္း ငယ္ေသး တာျဖစ္ျပီး ၂၇ ႏွစ္အထက္ဆိုရင္လည္း အရြယ္လြန္သြားမယ့္အေျခအေနတစ္ခုမွာ ရွိပါတယ္။ အသက္ ၾကီးလာတဲ့အ ခါေတြမွာ အမ်ိဳးသမီးေတြဟာ ကေလးေမြးဖြားဖို႔ရာမလြယ္ကူေတာ့ပါဘူး။ အသက္ ၂၇ ဆိုတာ လူလတ္ပိုင္းမေရာက္တစ္ေရာက္အခ်ိန္မို႔ ကေလးယူဖို႔အေကာင္းဆံုး အသက္အရြယ္ပါပဲ။

ဒီလို အရြယ္မွာ ကေလးယူလိုက္ျခင္းအားျဖင့္ ကေလးနဲ႔ကိုယ္နဲ႔လည္း အသက္ အရမ္းမကြာဟေတာ့ပါဘူး။ ကိုယ္တိုင္ကလည္း ရင့္က်က္တဲ့အရြယ္ တစ္ခု မွာေရာက္ေနျပီျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕ရင္ေသြးငယ္ကိုလည္း အေကာင္း ဆံုးေျပာျပလမ္းညႊန္ႏိုင္မယ့္ ေမေမေကာင္းတစ္ဦးျဖစ္မွာ အေသအခ်ာပါပဲ။

အိမ္ဆည္းလည္းေလးရွိေနေတာ့ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္လည္းအိမ္ပိုျမဲတာ ေပါ့ေနာ္။ တစ္ခ်က္ခုတ္ ရင္ အခ်က္ေပါင္းမ်ားစြာျပတ္တယ္ဆိုတာ ဒါကိုေျပာ တာေနာ္။ ကေလးယူဖို႔အသက္အရြယ္ဟာ ၃၀ ေက်ာ္သြားရင္ သိပ္အဆင္မေျပေတာ့ပါဘူး။

အဆင္ေျပေျပေမြးႏိုင္သူေတြရွိေပမယ့္ အမ်ိဳးသမီးတစ္ ေယာက္အတြက္ အသက္ ၃၀ ဆိုတာ အနည္းငယ္ၾကီးရင့္တဲ့အရြယ္တစ္ခုျဖစ္ေနပါျပီ။ ကိုယ္ဟာ ခ်စ္စရာေကာင္းတဲ့ ကေလးေလးေတြကို ယူသင့္တဲ့အသက္အရြယ္ေရာက္ရွိေနျပီ ဆိုရင္ အိမ္ဆည္းလည္းေလးေတြကို အျမန္ခ်ိတ္ႏိုင္ဖို႔ ၾကိဳးစားလိုက္ေတာ့ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


အမျိုးသမီးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်ဟာ ကလေးယူဖို့အကောင်းဆုံးလဲဆိုတာ ပြောပြပေးထားတယ်နော်

လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ ပန်းတိုင်ကိုကျော်လွန်ပြီးတာနဲ့တပြိုင်နက် ချစ်သူနှစ်ဦးဟာ အိမ်ထောင် တစ်ခုကို နှစ်ယောက်တစ်ဘဝထူထောင်လိုက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးရတော့မှာပဲဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ စဉ်းစားသင့်တာက ကိုယ့်အိမ်ကိုစိုပြေသာယာစေမယ့် ဆည်းလည်းလေးတွေကို ဘဝထဲခေါ်ဆောင်ဖို့ပါပဲ။

ဒီလိုခေါ်ဆောင်ဖို့ရာမှာလည်း အကြောင်းပြချက် တွေ အများပြားရှိနေမှာပါပဲ။ အသက်ကြီးမှ ရွှေလက်တွဲကြတဲ့စုံတွဲတွေအတွက်ကတော့ ဆည်းလည်း လေးတွေကို အမြန်ဆုံးယူသင့်ပေမယ့် အသက်အရွယ်သိပ်မကြီးသေးတဲ့ အိမ်ထောင်ရှင်တွေအဖို့က တော့ ချက်ချင်းမယူသင့်သေးပါဘူး။

ကလေးယူတယ်ဆိုတာမှာလည်း အချိန်အခါရှိပါတယ်။ မိန်းကလေးတစ်ယောက် ဟာ အသက် ၂၇ နှစ်အရွယ်ဆိုရင် ကလေးတစ်ယောက်ယူဖို့သင့်တော်တဲ့ အရွယ်ပါ။

၂၇ အောက်ဆိုရင်လည်း ငယ်သေး တာဖြစ်ပြီး ၂၇ နှစ်အထက်ဆိုရင်လည်း အရွယ်လွန်သွားမယ့်အခြေအနေတစ်ခုမှာ ရှိပါတယ်။ အသက် ကြီးလာတဲ့အ ခါတွေမှာ အမျိုးသမီးတွေဟာ ကလေးမွေးဖွားဖို့ရာမလွယ်ကူတော့ပါဘူး။ အသက် ၂၇ ဆိုတာ လူလတ်ပိုင်းမရောက်တစ်ရောက်အချိန်မို့ ကလေးယူဖို့အကောင်းဆုံး အသက်အရွယ်ပါပဲ။

ဒီလို အရွယ်မှာ ကလေးယူလိုက်ခြင်းအားဖြင့် ကလေးနဲ့ကိုယ်နဲ့လည်း အသက် အရမ်းမကွာဟတော့ပါဘူး။ ကိုယ်တိုင်ကလည်း ရင့်ကျက်တဲ့အရွယ် တစ်ခု မှာရောက်နေပြီဖြစ်တာကြောင့် ကိုယ့်ရဲ့ရင်သွေးငယ်ကိုလည်း အကောင်း ဆုံးပြောပြလမ်းညွှန်နိုင်မယ့် မေမေကောင်းတစ်ဦးဖြစ်မှာ အသေအချာပါပဲ။

အိမ်ဆည်းလည်းလေးရှိနေတော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်လည်းအိမ်ပိုမြဲတာ ပေါ့နော်။ တစ်ချက်ခုတ် ရင် အချက်ပေါင်းများစွာပြတ်တယ်ဆိုတာ ဒါကိုပြော တာနော်။ ကလေးယူဖို့အသက်အရွယ်ဟာ ၃၀ ကျော်သွားရင် သိပ်အဆင်မပြေတော့ပါဘူး။

အဆင်ပြေပြေမွေးနိုင်သူတွေရှိပေမယ့် အမျိုးသမီးတစ် ယောက်အတွက် အသက် ၃၀ ဆိုတာ အနည်းငယ်ကြီးရင့်တဲ့အရွယ်တစ်ခုဖြစ်နေပါပြီ။ ကိုယ်ဟာ ချစ်စရာကောင်းတဲ့ ကလေးလေးတွေကို ယူသင့်တဲ့အသက်အရွယ်ရောက်ရှိနေပြီ ဆိုရင် အိမ်ဆည်းလည်းလေးတွေကို အမြန်ချိတ်နိုင်ဖို့ ကြိုးစားလိုက်တော့နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top