iMyanmarHouse.com - Best Property Website for Myanmar
×
ပါဝင်ပစ္စည်းများ
၂။ ကြက်ဆူဆီ
၃။ ဗီတာမင်အီးဆေးတောင့်
ပြုလုပ်ပုံ
အလှအပ
#Unicode Version# ဖြင့်ဖတ်ပါ ။
မျက်တောင်မျက်ခုံးကောင်းကောင်းနဲ့ ကောင်မလေးတွေက ဘယ်လောက်ထိ ကြည့်ကောင်းလဲဆိုတာ အားလုံးသိကြမှာပါ။ ဒီလိုကောင်မလေးတွေကတော့ ကံထူးရှင်တွေပေါ့။ ကံဆိုးတဲ့သူတွေကတော့ မျက်တောင် မျက်ခုံးမရှိတဲ့သူတွေပါ။
မျက်ခုံးမွှေးထူဖို့ မျက်ခုံးခြယ်ရ မျက်ခုံးတက်တူးထိုးရ မျက်တောင်ရှည်ဖို့ မျက်တောင်ကော့ဆေးနဲ့ မျက်တောင်ကော့ရ Eyelash Extension လုပ်ရနဲ့  အလုပ်ရှုပ်လှပါတယ်။ အလှပြင်ပစ္စည်းအကူအညီမပါဘဲနဲ့လည်း သင့်မျက်ခုံးမွှေးထူပြီး မျက်တောင်ရှည်လျားအောင် ပြုလုပ်နိုင်ပါတယ်။ ဒါကတော့-
ပါဝင်ပစ္စည်းများ
၁။ ရှားစောင်းလတ်ပတ်ဂျယ်
၂။ ကြက်ဆူဆီ
၃။ ဗီတာမင်အီးဆေးတောင့်
ပြုလုပ်ပုံ
၁။ ခွက်တစ်ခွက်ယူပြီး ဒီခွက်ထဲကို ရှားစောင်းလတ်ပတ်လဘရည်ဇွန်း တစ်ဇွန်းလောင်းထည့်ပါ။ ရှားစောင်းလတ်ပတ်မှာ မျက်ခုံးထူပြီး မျက်တောင်ရှည်လျားခြင်းကို မြန်ဆန်စေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။
၂။ ဒီခွက်ထဲကို ကြက်ဆူဆီ လဘရည်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ကြက်ဆူဆီက အမွှေးအမှင် ရှည်လျားအောင်ပြုလုပ်ပေးတဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ ဆီတစ်မျိုးပါ။ ဒီဆီက ရှည်လျားမှုကို အဟန့်အတားလုပ်တတ်တဲ့ ပိုးမွှားလေးတွေကို တိုက်ထုတ်ပေးပါတယ်။
၃။ နောက်ဆုံးမှာတော့ ဗီတာမင်အီးဆေးတောင့်နှစ်လုံးကို အဆိုပါခွက်ထဲထည့်လိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သေချာမွှေပေးပါ။ ဗီတာမင်အီးက မျက်ခုံးမွှေးထူစေပါတယ်။
၄။ ဒီအရည်ကြည်ကို အလုံပိတ်ထားတဲ့ ခွက်တစ်ခွက်ထဲထည့်ပေးပါ။
အိပ်ယာမဝင်ခင် မျက်တောင်ကော့တဲ့ဘရပ်ရှ်ဟောင်း ဒါမှမဟုတ် သင့်လက်နဲ့ ဒီအရည်ကို မျက်ခုံးနဲ့ မျက်တောင်ပေါ်လိမ်းပေးပါ။ နောက်နေ့မနက်မှာတော့ ရေနဲ့ဆေးချပါ။ ရက်အနည်းငယ်အတွင်းမှာပဲ သင့်မျက်ခုံးထူထဲပြီး မျက်တောင်ရှည်လာတာကို သတိပြုမိပါလိမ့်မယ်။
Credit:mystylemyanmar
အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top