iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ႏွစ္မွာတစ္ခါပဲက်တဲ့ သၾကၤန္မွာ ဘာလုပ္မယ္လို႔ စဉ္းစားထားလဲ …..Hello ဆရာဝန္ရဲ႕ ခ်စ္ပရိသတ္ၾကီးေရ…. လူငယ္ပီပီ သၾကၤန္လည္မွာလား။ ဒါမွမဟုတ္ တည္ျငိမ္ရင့္က်က္သူတစ္ေယာက္လိုမ်ိဳး တရားစခန္းပဲဝင္မွာလား။ ပထမအေျဖကိုေရြးခဲ့သူေတြ ဒီေဆာင္းပါးကို ဆက္ဖတ္လို႔ရျပီေနာ္။ တရားစခန္းဝင္မယ့္သူေတြကိုေတာ့ ခ်ီးက်ဴးေလးစားပါတယ္ေနာ္။ သာဓုလည္းလည္းေခၚရင္းေပါ့။
သၾကၤန္လည္မွာလား

သၾကၤန္ကို အၾကိဳကေနစလို႔ အတက္ေန႔အထိလည္လို႔မဝၾကဘူးေနာ္။ ေႏြပူပူမွာ ေရပက္ခံရင္ပဲျဖစ္ျဖစ္ ေရပက္ရင္ပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ေရနဲ႔ထိမယ္၊ေနနဲ႔ထိမယ္ေပါ့ေနာ္။ တစ္ခ်က္တစ္ခ်က္တိုက္ခတ္တဲ့ေလကေတာင္ အသားအေရကို အစစ္လာထိဦးမွာေနာ္။ ဒီလိုဆိုေတာ့ အသားအေရထိခိုက္မယ္ဆိုတာကလည္း ေျပာေနစရာေတာင္မလိုေအာင္ပါေနာ္။ ဒီတာ့ သၾကၤန္လည္းျပီး အသားလည္း မဲက်န္ခဲ့တာမ်ိဳးျဖစ္နိုင္တာေပါ့။ ဒီလိုဆိုေတာ့ သၾကၤန္ကို လည္လို႔ျဖစ္ပါမလားလို႔ေတြးေနလား။ လည္ပါ ဒါေပမယ့္ ညအိမ္ျပန္ေရာက္ရင္ အသားအေရထိန္းသိမ္းမႈေလးလုပ္ေပါ့။
သၾကၤန္ေရေၾကာင့္ အသားအေရမထိခိုက္ေစဖို႔

သၾကၤန္လည္တဲ့အခါ အသားအေရကို မထိခိုက္ေစဖို႔ အခုေျပာျပမယ့္နည္းလမး္ေလးေတြကို ဂရုစိုက္ေပးပါေနာ္။

ေရမ်ားမ်ားေသာက္ပါ – သၾကၤန္လည္ရင္း ေပ်ာ္လြန္းလုိ႔ ေမ့တတ္တာတစ္ခုက ေရေသာက္ဖို႔ပါ။ အခ်ိဳရည္ေလးေသာက္လိုက္၊ မုန္႔ေလးစားလိုက္၊ ေပ်ာ္လို႔ သီခ်င္းေလးဆိုလိုက္ ေရပက္လိုက္၊ ေရပက္ခံလိုက္လုပ္ေနရင္းနဲ႔ ေရမေသာက္မိတာမ်ိဳးျဖစ္နိုင္ပါတယ္။ ေရေသာက္နည္းတာက အသားအေရကုိ ေတာ္ေတာ္ေလးထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သၾကၤန္ထြက္လည္ရင္ျဖစ္ျဖစ္၊ မ႑ပ္ထိုင္ရင္ျဖစ္ျဖစ္ ေရဗူးေလးယူသြားေနာ္။ ေရေသာက္ျဖစ္ေအာင္ေသာက္ပါ။

အကႌ်လက္ရွည္ဝတ္ပါ – လွခ်င္လို႔ အတိုအျပတ္ေလးေတြဝတ္ခ်င္မွာ သိေပမယ့္ ဂ်င္းေဘာင္းဘီရွည္ေလးနဲ႔ raincoat ေလးထပ္ဝတ္တာကလည္း စမတ္က်ပါတယ္ေနာ္။ အသားအေရကို ေရ၊ေလနဲ႔ ေနေရာင္ေၾကာင့္ထိခိုက္မႈနည္းႏိုင္သမွ်နည္းေစဖို႔ တတ္ႏိုင္သမွ် လံုလံုျခံဳျခံဳဝတ္ပါ။

ေနေလာင္ကာခရင္မ္လူးပါ – သၾကၤန္လည္ရင္ေမ့ထားလို႔မျဖစ္တဲ့ အသားအေရထိန္းသိမ္းမႈက ေနေလာင္ကာခရင္မ္လူးတာပါေနာ္။ အျပင္မထြက္ခင္ နာရီဝက္အလိုေလာက္မွာ ေနေလာင္ကာခရင္မ္ကို ၾကိဳလူးေပးပါ။ ဒါမွ ေနေရာင္ေၾကာင့္ အသားအေရပ်က္စီးမႈကို ကာကြယ္ေပးႏိုင္မွာပါ။

ဦးထုပ္ေဆာင္းပါ – ဦးထုပ္ေလးေဆာင္းေပးတာက မ်က္ႏွာအသားအေရကို ေနေလာင္ဒဏ္ကေန ကာကြယ္ေပးႏိုင္မွာပါ။ ဒါေၾကာင့္ သၾက္န္ထြက္လည္ရင္ပဲျဖစ္ျဖစ္ ေရပက္မယ္ဆိုရင္ပဲျဖစ္ျဖစ္ ဦးထုပ္ေလးေတာ့ေဆာင္းပါေနာ္။

မိတ္ကပ္ဖ်က္ေဆးသံုးပါ – သၾကၤန္လည္ျပီးျပန္ေရာက္လာျပီဆိုရင္ ပင္ပန္းေနမယ္ဆိုရင္ေတာင္မွ မ်က္ႏွာေပၚက မိတ္ကပ္ေတြကို သန္႔စင္ဖယ္ရွားေပးပါေနာ္။ မိတ္ကပ္ဖ်က္ေဆးသံုးလို႔  မ်က္လံုးအတြက္အသံုးျပဳထားတဲ့ မိတ္ကပ္ေတြ၊ ႏႈတ္ခမ္းနီေတြပါမက်န္ မ်က္ႏွာေပၚက မိတ္ကပ္ေတြကို သန္႔စင္သြားေအာင္လုပ္ပါ။

ေရခ်ိဳးသန္႔စင္ပါ – တစ္ေနကုန္ထိေတြ႔မိလာတဲ့ေရေတြက သန္႔ရဲ႕လားဆိုတာ ကိုယ္တိုင္လည္း မသိႏိုင္တာမို႔ အိမ္ျပန္ေရာက္လာျပီဆိုရင္  တစ္ကိုယ္လံုးကို သန္႔စင္သြားေအာင္ေရခ်ိဳးလိုက္ပါေနာ္။ ဆပ္ျပာေသခ်ာသံုးဖို႔လည္း မေမ့ပါနဲ႔။ ေျခေခ်ာင္းလက္ေခ်ာင္းၾကားေလးေတြပါမက်န္ ေသခ်ာတိုက္ခၽြတ္သန္႔စင္ေပးပါေနာ္။

Body lotion လူးပါ – တစ္ေန႔တာမွာ ပင္ပန္းလာတဲ့ အသားအေရကို အစိုဓာတ္ထိန္းျပီး အာဟာရျဖည့္ေပးတဲ့ Body lotion ေလးလူးလို႔ သက္ေတာင့္သက္သာေနခြင့္ေပးလိုက္ပါ။ ခ်ည္သားအကႌ်ေလးဝတ္ေပးထားရင္ ပိုအဆင္ေျပပါတယ္ေနာ္။

မ်က္ႏွာကို အစိုဓာတ္ထိန္းေပးပါ – မ်က္ႏွာကို အိပ္ရာမဝင္ခင္မွာ အစိုဓာတ္ထိန္းတဲ့ခရင္မ္ေလးလူးေပးတာ night cream ေလးလူးေပးတာမ်ိဳးလုပ္ေပးပါ။ တစ္ေနကုန္ပင္ပန္းလာတဲ့ မ်က္ႏွာကို အိပ္စက္ခ်ိန္မွာ လိုအပ္တဲ့ အာဟာရဓာတ္ေလးေတြစုပ္ယူႏိုင္ေစဖို႔ အစိုဓာတ္ထိန္းခရင္မ္ေလးလူးေပးလိုက္ပါ။

ေပါင္းတင္ပါ – အဆင္ေျပမယ္ဆိုရင္ မ်က္ႏွာကို သခြားသီးကပ္ေပးတာျဖစ္ျဖစ္၊ ရွာေစာင္းလက္ပပ္လိမ္းေပးတာျဖစ္ျဖစ္၊ ၾကက္ဥအကာနဲ႔ ေပါင္းတင္တာမ်ိဳးျဖစ္ျဖစ္ လုပ္ေပးပါ။ အသားအေရပ်က္စီးမႈကိုေလွ်ာ႔ခ်တဲ့သေဘာေပါ့။

သၾကၤန္ျပီးသြားျပီဆိုရင္ေတာ့ အေရျပားေပၚကဆဲလ္ေသေတြကိုဖယ္ရွားတာ၊ ေခ်းခၽြတ္သန္႔စင္တာေတြလုပ္ျပီး အသားအေရကို ေပါင္းတင္တာေတြလုပ္လို႔ ျပန္ထိန္းသိမ္းပါေနာ္။ အခုေျပာခဲ့တဲ့နည္းေလးေတြကို သၾကၤန္လည္ျပီး ျပန္လာတိုင္းလုပ္ေပးမယ္ဆိုရင္ သၾကၤန္ေရေၾကာင့္ အသားအေရပ်က္စီးတာမ်ိဳးျဖစ္နိုင္ေျခနည္းသြားမွာျဖစ္ျပီး သၾကၤန္ျပီးလို႔ အသားမဲက်န္ခဲ့တာမ်ိဳးလည္း မျဖစ္ဘဲ ႏွစ္ဆန္းတစ္ရက္ေန႔မွာ လွလွပပနဲ႔ ဘုရားတက္နိုင္ဦးမွာပါေနာ္။

Hello Health Group သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ေပးပါ။

Credit: hellosayarwon
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်နှစ်မှာတစ်ခါပဲကျတဲ့ သြင်္ကန်မှာ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ …..Hello ဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးရေ…. လူငယ်ပီပီ သြင်္ကန်လည်မှာလား။ ဒါမှမဟုတ် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လိုမျိုး တရားစခန်းပဲဝင်မှာလား။ ပထမအဖြေကိုရွေးခဲ့သူတွေ ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပြီနော်။ တရားစခန်းဝင်မယ့်သူတွေကိုတော့ ချီးကျူးလေးစားပါတယ်နော်။ သာဓုလည်းလည်းခေါ်ရင်းပေါ့။
သြင်္ကန်လည်မှာလား

သြင်္ကန်ကို အကြိုကနေစလို့ အတက်နေ့အထိလည်လို့မဝကြဘူးနော်။ နွေပူပူမှာ ရေပက်ခံရင်ပဲဖြစ်ဖြစ် ရေပက်ရင်ပဲဖြစ်ဖြစ် သေချာတာကတော့ ရေနဲ့ထိမယ်၊နေနဲ့ထိမယ်ပေါ့နော်။ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေကတောင် အသားအရေကို အစစ်လာထိဦးမှာနော်။ ဒီလိုဆိုတော့ အသားအရေထိခိုက်မယ်ဆိုတာကလည်း ပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီတာ့ သြင်္ကန်လည်းပြီး အသားလည်း မဲကျန်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုဆိုတော့ သြင်္ကန်ကို လည်လို့ဖြစ်ပါမလားလို့တွေးနေလား။ လည်ပါ ဒါပေမယ့် ညအိမ်ပြန်ရောက်ရင် အသားအရေထိန်းသိမ်းမှုလေးလုပ်ပေါ့။
သြင်္ကန်ရေကြောင့် အသားအရေမထိခိုက်စေဖို့

သြင်္ကန်လည်တဲ့အခါ အသားအရေကို မထိခိုက်စေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို ဂရုစိုက်ပေးပါနော်။

ရေများများသောက်ပါ – သြင်္ကန်လည်ရင်း ပျော်လွန်းလို့ မေ့တတ်တာတစ်ခုက ရေသောက်ဖို့ပါ။ အချိုရည်လေးသောက်လိုက်၊ မုန့်လေးစားလိုက်၊ ပျော်လို့ သီချင်းလေးဆိုလိုက် ရေပက်လိုက်၊ ရေပက်ခံလိုက်လုပ်နေရင်းနဲ့ ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ရေသောက်နည်းတာက အသားအရေကို တော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သြင်္ကန်ထွက်လည်ရင်ဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ် ရေဗူးလေးယူသွားနော်။ ရေသောက်ဖြစ်အောင်သောက်ပါ။

အင်္ကျီလက်ရှည်ဝတ်ပါ – လှချင်လို့ အတိုအပြတ်လေးတွေဝတ်ချင်မှာ သိပေမယ့် ဂျင်းဘောင်းဘီရှည်လေးနဲ့ raincoat လေးထပ်ဝတ်တာကလည်း စမတ်ကျပါတယ်နော်။ အသားအရေကို ရေ၊လေနဲ့ နေရောင်ကြောင့်ထိခိုက်မှုနည်းနိုင်သမျှနည်းစေဖို့ တတ်နိုင်သမျှ လုံလုံခြုံခြုံဝတ်ပါ။

နေလောင်ကာခရင်မ်လူးပါ – သြင်္ကန်လည်ရင်မေ့ထားလို့မဖြစ်တဲ့ အသားအရေထိန်းသိမ်းမှုက နေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုလောက်မှာ နေလောင်ကာခရင်မ်ကို ကြိုလူးပေးပါ။ ဒါမှ နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်မှာပါ။

ဦးထုပ်ဆောင်းပါ – ဦးထုပ်လေးဆောင်းပေးတာက မျက်နှာအသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သြက်န်ထွက်လည်ရင်ပဲဖြစ်ဖြစ် ရေပက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဦးထုပ်လေးတော့ဆောင်းပါနော်။

မိတ်ကပ်ဖျက်ဆေးသုံးပါ – သြင်္ကန်လည်ပြီးပြန်ရောက်လာပြီဆိုရင် ပင်ပန်းနေမယ်ဆိုရင်တောင်မှ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပေးပါနော်။ မိတ်ကပ်ဖျက်ဆေးသုံးလို့  မျက်လုံးအတွက်အသုံးပြုထားတဲ့ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေပါမကျန် မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်သွားအောင်လုပ်ပါ။

ရေချိုးသန့်စင်ပါ – တစ်နေကုန်ထိတွေ့မိလာတဲ့ရေတွေက သန့်ရဲ့လားဆိုတာ ကိုယ်တိုင်လည်း မသိနိုင်တာမို့ အိမ်ပြန်ရောက်လာပြီဆိုရင်  တစ်ကိုယ်လုံးကို သန့်စင်သွားအောင်ရေချိုးလိုက်ပါနော်။ ဆပ်ပြာသေချာသုံးဖို့လည်း မမေ့ပါနဲ့။ ခြေချောင်းလက်ချောင်းကြားလေးတွေပါမကျန် သေချာတိုက်ချွတ်သန့်စင်ပေးပါနော်။

Body lotion လူးပါ – တစ်နေ့တာမှာ ပင်ပန်းလာတဲ့ အသားအရေကို အစိုဓာတ်ထိန်းပြီး အာဟာရဖြည့်ပေးတဲ့ Body lotion လေးလူးလို့ သက်တောင့်သက်သာနေခွင့်ပေးလိုက်ပါ။ ချည်သားအင်္ကျီလေးဝတ်ပေးထားရင် ပိုအဆင်ပြေပါတယ်နော်။

မျက်နှာကို အစိုဓာတ်ထိန်းပေးပါ – မျက်နှာကို အိပ်ရာမဝင်ခင်မှာ အစိုဓာတ်ထိန်းတဲ့ခရင်မ်လေးလူးပေးတာ night cream လေးလူးပေးတာမျိုးလုပ်ပေးပါ။ တစ်နေကုန်ပင်ပန်းလာတဲ့ မျက်နှာကို အိပ်စက်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်လေးတွေစုပ်ယူနိုင်စေဖို့ အစိုဓာတ်ထိန်းခရင်မ်လေးလူးပေးလိုက်ပါ။

ပေါင်းတင်ပါ – အဆင်ပြေမယ်ဆိုရင် မျက်နှာကို သခွားသီးကပ်ပေးတာဖြစ်ဖြစ်၊ ရှာစောင်းလက်ပပ်လိမ်းပေးတာဖြစ်ဖြစ်၊ ကြက်ဥအကာနဲ့ ပေါင်းတင်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အသားအရေပျက်စီးမှုကိုလျှော့ချတဲ့သဘောပေါ့။

သြင်္ကန်ပြီးသွားပြီဆိုရင်တော့ အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားတာ၊ ချေးချွတ်သန့်စင်တာတွေလုပ်ပြီး အသားအရေကို ပေါင်းတင်တာတွေလုပ်လို့ ပြန်ထိန်းသိမ်းပါနော်။ အခုပြောခဲ့တဲ့နည်းလေးတွေကို သြင်္ကန်လည်ပြီး ပြန်လာတိုင်းလုပ်ပေးမယ်ဆိုရင် သြင်္ကန်ရေကြောင့် အသားအရေပျက်စီးတာမျိုးဖြစ်နိုင်ခြေနည်းသွားမှာဖြစ်ပြီး သြင်္ကန်ပြီးလို့ အသားမဲကျန်ခဲ့တာမျိုးလည်း မဖြစ်ဘဲ နှစ်ဆန်းတစ်ရက်နေ့မှာ လှလှပပနဲ့ ဘုရားတက်နိုင်ဦးမှာပါနော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Credit: hellosayarwon
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top