iMyanmarHouse.com - Best Property Website for Myanmar
×
ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကိုမျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။
သင်္ကြန်လည်မယ်ဆို ဘာတွေသတိထားရမလဲ
သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ် ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာ ဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။
    မသန့်တဲ့ရေ
    တားမြစ်ဆေးဝါးတွေ
သင်္ကြန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ
    နားထိခိုက်နိုင်တယ်
သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ
သင်္ကြန်ကို ပျော်စရာအတိပြည့်နေတဲ့ ကာလလေးအဖြစ်ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တပါတည်းယူသွားပါနော်။
    ရေမလိုလက်သန့်ဆေးရည်
    ရေစိုခံပလာစတာ
    ဦးထုပ်
    နေကာမျက်မှန်
    တဘက်အသေးတစ်ထည်
    အဝတ်အစားအပိုတစ်စုံ
    နေလောင်ကာခရင်မ်
Credit: hellosayarwon
အလှအပ၊ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သြင်္ကန်ကိုမျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သြင်္ကန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သြင်္ကန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။
သြင်္ကန်လည်မယ်ဆို ဘာတွေသတိထားရမလဲ
သြင်္ကန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ် ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ ပျော်စရာကောင်းတဲ့ သြင်္ကန်ကာလမှာ ဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။
သြင်္ကန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓာကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့  ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေ သောက်မိနိုင်ခြေတော်တေ်ာလေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။
    သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ
    မသန့်တဲ့ရေ
    အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ
    တားမြစ်ဆေးဝါးတွေ
    အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ
သြင်္ကန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ
သြင်္ကန်မှာ ထိခိုက်စေမယ့်အရာတွေက ရေတစ်ခုတည်းမကပါဘူး။ နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သြင်္ကန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။
    အရေပြားထိခိုက်နိုင်တယ်
    မျက်လုံးထိခိုက်နိုင်တယ်
    နားထိခိုက်နိုင်တယ်
    ဆံသားထိခိုက်နိုင်တယ်
    ခြေသည်းလက်သည်းတွေထိခိုက်နိုင်တယ်
    မတော်တဆထိခိုက်မိတာမျိုးတွေဖြစ်နိုင်တယ်
    ဆီးအောင့်ထားတာကြောင့် ဆီး နဲ့ဆိုင်တဲ့ပြဿနာတွေတက်နိုင်တယ်
    သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။
သြင်္ကန်လည်ရင် ဘာတွေယူသွားမလဲ
သြင်္ကန်ကို ပျော်စရာအတိပြည့်နေတဲ့ ကာလလေးအဖြစ်ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တပါတည်းယူသွားပါနော်။
    ရေသန့်ဗူး ရေပါအောင်သယ်ပါနော်
    ဓာတ်ဆားထုပ် ဒါမှမဟုတ် အလွယ်တကူသောက်လို့ရတဲ့ ဓာတ်ဆားရည်ဗူးတွေ
    အသင့်စားလို့ရတဲ့ မုန့်တွေ
    အရက်ပြန်စွတ်ထားတဲ့ ဂွမ်း
    ရေမလိုလက်သန့်ဆေးရည်
    ရေစိုခံပလာစတာ
    ဦးထုပ်
    နေကာမျက်မှန်
    တဘက်အသေးတစ်ထည်
    အဝတ်အစားအပိုတစ်စုံ
    နေလောင်ကာခရင်မ်
    နားထဲကိုရေမဝင်အောင်ကာကွယ်ပေးဖို့ နားကြပ် ဒါမှမဟုတ် ဂွမ်း
    သောက်နေကျဆေးတွေရှိခဲ့ရင် သောက်နေကျဆေးတွေကို ရေလုံတဲ့အိတ်လေးနဲ့ထည့်ပြီး ယူသွားပါ။
သြင်္ကန်လည်တဲ့အခါမှာ တွေ့ကရာတွေမစားဖို့ မသောက်ဖို့ကိုလည်း သတိထားပါ။ ရေလုံလောက်အောင်သောက်ပါ။ အပေါ်မှာပြောတဲ့ပစ္စည်းလေးတွေကိုပါအောင်ယူလို့ သြင်္ကန်ကာလကိုပျော်ရွှင်စွာဖြတ်သန်းလို့ ပျော်ရွှင်စရာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးတို့ရေ………………………
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Credit: hellosayarwon
အလှအပ၊ကျန်းမာရေး
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top