iMyanmarHouse.com - Best Property Website for Myanmar
×
ချစ်ပြပါ
နားလည်ပေးပါ
တိုင်ပင်ပါ
ငွေကြေး
ထမင်းအတူစားပါ
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
အိမ်ထောင်ရေးမှာ ကိုယ့်ယောကျာ်းရဲ့ အချစ်တွေ စုပုံပြီး ရဖို့ဆိုရင် Marry က ပြောပြထားတဲ့ အချက်လေးတွေ လုပ်ကြည့်ပေးနော်။ ဒါဆိုရင် အဆင်ပြေလာနိုင်မှာပါ။
ကြင်သူဇနီးသက်ထားလေးတို့ရေ ကိုယ့်ယောကျ်ားရဲ့ အချစ်တွေအားလုံး ကိုယ်တစ်ယောက်တည်း အကြာကြီး လိုချင်တယ်မလား၊ အချစ်တွေ လိုချင်တယ်ဆိုရင်တော့ ကြိုးစားရမှာပါနော်။ အိမ်ထောင်ရှင်မလေးတို့အနေနဲ့ ကိုယ့်ယောကျာ်းရဲ့ အချစ်တွေ တိုးပွားလာစေဖို့ ကြိုးစားလို့ ရမယ့်အချက်လေးတွေ ပြောပြမယ်နော်။ ဒါမှ အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်တဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ရမှာပါ။
ချစ်ပြပါ
ကိုယ့်ယောက်ျားရဲ့ အချစ်တွေကို ရဖို့ဆိုရင် ကိုယ်တိုင်ကလည်း ချစ်ပေးဖို့ လိုပါတယ်။ ချစ်ပေးဖို့အပြင် ချစ်ပြတတ်ဖို့လည်း လိုပါတယ်။ တချို့အိမ်ထောင်ရှင်မလေးတွေက ကိုယ့်ယောကျ်ားကို ချစ်ကြပေမယ့် ထုတ်ပြီး မချစ်ပြတတ်ကြပါဘူး။ အိမ်ထောင်ရှင်မလေးတို့ ချစ်ပြပေးမှသာ သူ့အချစ်တွေကိုလည်း ကိုယ်ကပြန်ရမှာပါနော်။ ဒါကြောင့် ကိုယ်က အရင်ဆုံး ချစ်ပြပေးပါ။
နားလည်ပေးပါ
ကိုယ့်ယောကျာ်းရဲ့ အချစ်တွေ ရဖို့အတွက် နားလည်မှုကလည်း အရေးကြီးပါတယ်။ နားလည်ပေးမှုတွေ အပြန်အလှန် ရှိမှသာ ကိုယ့်ယောကျ်ားရဲ့ အချစ်ခံရမှာပါ။ နားလည်မှု ထားတဲ့ အိမ်ထောင်ရေးက ပိုပြီးတော့လည်း ခိုင်မာတည်မြဲတယ်လေနော်။ ဒီတော့ အိမ်ထောင်ရှင်မလေးတို့အနေနဲ့ နားလည်မှု ထားပေးနော်။
တိုင်ပင်ပါ
လင်နဲ့မယားရယ်လို့ ဖြစ်လာပြီဆိုရင် တိုင်တိုင်ပင်ပင်ရှိမှ လေးစားတာပါ။ လေးလေးစားစား ရှိမှလည်း ချစ်မှာပေါ့။ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ခြင်းဟာ လေးစားခြင်းနဲ့လည်း သက်ဆိုင်တယ်လေ။ ဒီတော့ ကိုယ့်ယောကျ်ားကို တိုင်ပင်တာမျိုး လုပ်ပါ။
ငွေကြေး
အိမ်ထောင်တစ်ခု တည်ဆောက်တော့မယ်ဆိုရင် ငွေကြေးကလည်း အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါဝင်ပါတယ်။ လင်မယားနှစ်ယောက်စလုံးရဲ့ ဝင်ငွေ ထွက်ငွေ စနစ်တကျ ရှိမှ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာမှာလေနော်။ နေ့စဉ်ဘဝ ရပ်တည်ဖို့အတွက် ငွေကြေး မဖြစ်မနေ လိုအပ်တာမို့ ကြိုတင် စုဆောင်း ပြင်ဆင်တာတွေ ရှိထားရပါမယ်။ ငွေကြေး စီမံခန့်ခွဲမှု ကောင်းတဲ့ အိမ်သူသက်ထားလေးဆို ပိုချစ်မှာပါနော်။
ထမင်းအတူစားပါ
အိမ်ထောင်သည်လို့ ဖြစ်လာပြီဆိုရင်  အချိန်တော်တော်များများကို အိမ်ထောင်ဘက်နဲ့ ကုန်ဆုံးရမှာပါ။ ကိုယ့်ရဲ့ အလုပ်ချိန်ပြီးရင် အိမ်ထောင်ဘက်ကို အချိန်ပေးပါ။ အဓိက အနေနဲ့တော့ ညစာကို မိသားစုနဲ့ အတူ စားပါ။ ချက်ကျွေးပါ။ ကိုယ်က အလုပ်တစ်ဖက်နဲ့ဆိုရင်တောင် နိုင်သမျှလေး ချက်ကျွေးပါ။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top