iMyanmarHouse.com - Best Property Website for Myanmar
×

ေျပာခ်င္လြန္းလို႔ တုိ႔အတြက္ေတာ့ သတင္းေကာင္းတစ္ခုပါပဲေနာ္။ အယ္ကိုေဟာသုံးစြဲထားျခင္းဟာ ႏုိင္ငံျခားဘာသာစကားေျပာ စြမ္းရည္ကို တုိးတက္မႈျပေစတယ္လို႔ သုေတသနရလဒ္တစ္ခုက ဆုိလိုက္ပါတယ္။

ေျပာခ်င္လြန္းလို႔ တုိ႔လဲ ေတြ႕ဖူးၾကမွာပါ။ အသိမိတ္ေဆြတစ္ေယာက္ဟာ မမူးခင္က စကားေျပာဆုိဖို႔ ရွက္ေၾကာက္ေနျပီး ႏုိင္ငံျခားဘာသာစကားေျပာဖို႔ ရြံ႕ေနခဲ့ေပမယ့္ မူးသြားတဲ့အခါမွာေတာ့ ဘာကိုမွ အမႈမထားဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ေျပာထြက္တာကို။

ဒီစမ္းသပ္မႈကိုေတာ့ ၿဗိတိန္နဲ႔ ဒတ္ခ်္သုေတသနပညာရွင္ေတြက ပူးေပါင္းၿပီး ေဆးပညာရပ္ဆုိင္ရာဂ်ာနယ္ တစ္ခုထဲမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အယ္ကုိေဟာပမာဏ အနည္းငယ္သုံးစြဲထားတဲ့သူေတြဟာ ပုံမွန္လူေတြထက္ ပိုၿပီး ႏုိင္ငံျခားဘာသာကို ေခ်ာေမြ႕စြာေျပာႏုိင္လာတယ္ဆုိတာ တကယ္ပဲလို႔ သူတုိ႔ကဆုိပါတယ္။

ဒီစမ္းသပ္မႈကိုေတာ့ ဂ်ာမန္နယ္စပ္နားက နယ္သာလန္ႏုိင္ငံရဲ႕ ၿမိဳ႕ေလးတစ္ခုမွာ လူဦးေရ ၅၀ နဲ႔ စမ္းသပ္ျပဳလုပ္ခဲ့တာပါ။ သူတုိ႔ဟာ ဂ်ာမန္ဘာသာစကားကို မိခင္ဘာသာအျဖစ္ သုံးစြဲေျပာဆုိၾကသူေတြျဖစ္ၿပီး အယ္ကိုေဟာနဲ႔ ဘာသာစကားေျပာဆုိမႈစြမ္းရည္အၾကား ဆက္ႏြယ္မႈကို ေလ့လာခဲ့ၾကပါတယ္။

စမ္းသပ္ခံလူေတြကို အုပ္စုႏွစ္ခုခြဲျခားကာ တစ္စုကို ဘီယာအနည္းငယ္ေပးျပီး ေနာက္တစ္စုကိုေတာ့ ေရကိုသာ ေသာက္သုံးေစပါတယ္။ အဲ့ဒီေနာက္မွာ ဒတ္ခ်္ဘာသာစကားကို စမ္းသပ္ေျပာဆုိေစခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီအခါမွာ အယ္ကုိေဟာေသာက္သုံးထားသူေတြဟာ ဒတ္ခ်္စကားလုံးေတြကို ပိုမုိၾကြယ္ဝသြက္လက္စြာ အသုံးျပဳတာ၊ အသံထြက္ပုိေကာင္းတာ စတဲ့ ကြာျခားမႈေတြကို မွတ္တမ္းတင္ႏုိင္ခဲ့တယ္လို႔ သုေတသနပညာရွင္ ေတြက ဆုိတယ္။

ဒါေၾကာင့္ သုေတသနပညာရွင္ေတြက ႏုိင္ငံျခားသားေတြနဲ႔ စကားေျပာဆုိဆက္ဆံမယ္ဆုိရင္ အယ္ကိုေဟာအနည္းငယ္ေသာက္ထားတာဟာ ဦးေႏွာက္ကို ပိုသြက္လက္ျပီး စကားပုိေျပာႏုိင္တယ္လို႔ အၾကံေပးခဲ့ပါတယ္။

Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြောချင်လွန်းလို့ တို့အတွက်တော့ သတင်းကောင်းတစ်ခုပါပဲနော်။ အယ်ကိုဟောသုံးစွဲထားခြင်းဟာ နိုင်ငံခြားဘာသာစကားပြော စွမ်းရည်ကို တိုးတက်မှုပြစေတယ်လို့ သုတေသနရလဒ်တစ်ခုက ဆိုလိုက်ပါတယ်။

ပြောချင်လွန်းလို့ တို့လဲ တွေ့ဖူးကြမှာပါ။ အသိမိတ်ဆွေတစ်ယောက်ဟာ မမူးခင်က စကားပြောဆိုဖို့ ရှက်ကြောက်နေပြီး နိုင်ငံခြားဘာသာစကားပြောဖို့ ရွံ့နေခဲ့ပေမယ့် မူးသွားတဲ့အခါမှာတော့ ဘာကိုမှ အမှုမထားဘဲ ချောချောမွေ့မွေ့ပြောထွက်တာကို။

ဒီစမ်းသပ်မှုကိုတော့ ဗြိတိန်နဲ့ ဒတ်ချ်သုတေသနပညာရှင်တွေက ပူးပေါင်းပြီး ဆေးပညာရပ်ဆိုင်ရာဂျာနယ် တစ်ခုထဲမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အယ်ကိုဟောပမာဏ အနည်းငယ်သုံးစွဲထားတဲ့သူတွေဟာ ပုံမှန်လူတွေထက် ပိုပြီး နိုင်ငံခြားဘာသာကို ချောမွေ့စွာပြောနိုင်လာတယ်ဆိုတာ တကယ်ပဲလို့ သူတို့ကဆိုပါတယ်။

ဒီစမ်းသပ်မှုကိုတော့ ဂျာမန်နယ်စပ်နားက နယ်သာလန်နိုင်ငံရဲ့ မြို့လေးတစ်ခုမှာ လူဦးရေ ၅၀ နဲ့ စမ်းသပ်ပြုလုပ်ခဲ့တာပါ။ သူတို့ဟာ ဂျာမန်ဘာသာစကားကို မိခင်ဘာသာအဖြစ် သုံးစွဲပြောဆိုကြသူတွေဖြစ်ပြီး အယ်ကိုဟောနဲ့ ဘာသာစကားပြောဆိုမှုစွမ်းရည်အကြား ဆက်နွယ်မှုကို လေ့လာခဲ့ကြပါတယ်။

စမ်းသပ်ခံလူတွေကို အုပ်စုနှစ်ခုခွဲခြားကာ တစ်စုကို ဘီယာအနည်းငယ်ပေးပြီး နောက်တစ်စုကိုတော့ ရေကိုသာ သောက်သုံးစေပါတယ်။ အဲ့ဒီနောက်မှာ ဒတ်ချ်ဘာသာစကားကို စမ်းသပ်ပြောဆိုစေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအခါမှာ အယ်ကိုဟောသောက်သုံးထားသူတွေဟာ ဒတ်ချ်စကားလုံးတွေကို ပိုမိုကြွယ်ဝသွက်လက်စွာ အသုံးပြုတာ၊ အသံထွက်ပိုကောင်းတာ စတဲ့ ကွာခြားမှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သုတေသနပညာရှင် တွေက ဆိုတယ်။

ဒါကြောင့် သုတေသနပညာရှင်တွေက နိုင်ငံခြားသားတွေနဲ့ စကားပြောဆိုဆက်ဆံမယ်ဆိုရင် အယ်ကိုဟောအနည်းငယ်သောက်ထားတာဟာ ဦးနှောက်ကို ပိုသွက်လက်ပြီး စကားပိုပြောနိုင်တယ်လို့ အကြံပေးခဲ့ပါတယ်။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top