iMyanmarHouse.com - Best Property Website for Myanmar
×
ပျိုမေတို့ဘက်က
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
ပျိုမေတို့က ကိုယ့်ချစ်သူအပေါ် မကြိုက်တဲ့ အချက်လေးတွေကို ဆွေးနွေးကြည့်ဖို့လိုအပ်သလိုပဲ ချစ်သူက ပျိုမေတို့ကို သဘောမကျတဲ့ အချက်လေးတွေလည်း ရှိနေနိုင်တာပဲလေ။ ပျိုမေတို့မှာလည်း မထင်ထားတဲ့ အကျင့်ဆိုးလေးတွေ ရှိနေတတ်ပါတယ်။
ပျိုမေတို့ချစ်သူနှစ်ဦး ချစ်သက်တမ်းလေးတွေ ကြာနေပြီလား။ သက်တမ်းလေးက တဖြည်းဖြည်းကြာလာတော့ သူ့အကျင့်ကိုယ့်အကျင့် စရိုက်လေးတွေ အကုန်သိနေပြီလေ။ သိနေတဲ့ သူ့အကျင့်တွေထဲမှာ လက်ခံနိုင်တာလဲရှိသလို သည်းမခံနိုင်တာလည်းရှိပါတယ်။ ဒီလိုဆိုတော့ ရှေ့ဆက်ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရပြီပေါ့။ ရှေ့ဆက်လက်တွဲရမလား။ ဒီမှာပဲ အဆုံးသတ်လိုက်ရတော့မလား။
လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင်ချစ်သူဘက်က
၁။ ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ပါ။
၂။ ပထမဆုံး သူရဲ့ အကျင့်ကောင်းလေးတွေကို ပြန်စဉ်းစားပေးပါနော်။
၃။ သူ့က ကိုယ့်အပေါ် ကြင်နာဖူးတာတွေနဲ့ ပေးဆပ်ခဲ့တာတွေကို မှတ်ထားလိုက်ပါ။
၄။ အကျင့်ဆိုးတွေထဲကမှ လက်ခံနိုင်တဲ့ အချက်တွေကိုလည်း ထပ်ပြီးစဉ်းစားလိုက်ပါ။
၅။ ပြင်ခိုင်းရမယ့် အချက်တွေကိုလည်း မှတ်ထားလိုက်ပါဦးနော်။
၆။ မကြိုက်တဲ့ အချက်တွေထဲကမှ သူပြင်နိုင်လား၊ မပြင်နိုင်ဘူးလားဆိုတာ ဆွေးနွေးကြဖို့လည်း လိုအပ်ပါတယ်။
ပျိုမေတို့က ကိုယ့်ချစ်သူအပေါ် မကြိုက်တဲ့ အချက်လေးတွေကို ဆွေးနွေးကြည့်ဖို့လိုအပ်သလိုပဲ ချစ်သူက ပျိုမေတို့ကို သဘောမကျတဲ့ အချက်လေးတွေလည်း ရှိနေနိုင်တာပဲလေ။ ပျိုမေတို့မှာလည်း မထင်ထားတဲ့ အကျင့်ဆိုးလေးတွေ ရှိပါတယ်။ ချစ်သူပြင်ခိုင်းတဲ့ ကိုယ့်ရဲ့ အကျင့်လေးတွေ ကိုယ်ပြင်နိုင်ပါ့မလားလို့ စဉ်းစားရပြီလေ။
ပျိုမေတို့ဘက်က
၁။ ချစ်သူကို ဘယ်အကျင့်လေးတွေ မကြိုက်လဲဆိုတာ ပွင့်ပွင့်လင်းလင်းမေးပါ။
၂။ သူမကြိုက်တဲ့ အချက်တွေကို ပြောလာရင် ပျိုမေတို့က စိတ်ဆိုးတာ၊ စိတ်ကောက်တာနဲ့ ရန်ဖြစ်တာတွေကို ရှောင်ရှားရမယ်နော်။
၃။ ပြင်နိုင်မယ့် အချက်တွေကို ပြင်ပေးလိုက်ပါ။
၄။ မပြင်နိုင်တဲ့ အချက်တွေကို အဆုံးထိ လက်ခံနိုင်လားဆိုတာ ဆွေးနွေးပေးပါ။
သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိပဲရှိတယ်လေ။ ကိုယ့်ကိုချစ်ရင် ဒီအကျင့်ဆိုးကို လက်ခံပေးမှာပါဆိုတဲ့ စိတ်မျိုး ဘယ်တော့မှ မထားနဲ့နော်။ ပြည့်စုံတဲ့လူဆိုတာ လောကမှာမရှိပါဘူး။ အနာအဆာလေးတွေတော့ ရှိတာပဲလေ။ ကောင်းတဲ့အကျင့်တွေကို လက်ခံပေးရသလို မပြင်နိုင်တဲ့ ဆိုးတဲ့အကျင့်အနည်းအပါးလေးတွေကိုလည်း လက်ခံပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top