iMyanmarHouse.com - Best Property Website for Myanmar
×
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
အခုလတ်တလောfacebookပေါ်တာTrollနေတဲ့အရာတွေဟာ singleတွေရဲ့အကြောင်းနဲ့RSတွေရဲ့အကြောင်းတွေချည်းပဲ…။Singleတွေဘာ ဖြစ်တယ် RSတွေက ညာဖြစ်တယ်စသဖြင့်ပေါ့လေ။ဒါကြောင့်အရင်ဦးဆုံးRSရှိခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမျှဝေပေးလိုက်ပါတယ်…။
RSရှိခြင်းရဲ့ကောင်းကျိုးတွေကတော့ အပြန်အလှန်စိတ်ဒဏ်ရာတွေကို ကုသပေးမဲ့သမားတော်ရရှိခြင်းပါ။ဒါကကောင်းတဲ့အဖော်ကိုရထားရင်ပေါ့လေ။တစ်ကိုယ်ကောင်းသမားကိုသာ ချစ်သူတော်ထားရင်တော့ မျောက်မီးခဲကိုင်သလိုဂဏှာမငြိမ်ဖြစ်နေရမှာ…။
နောက်တစ်ချက်ကတော့ ချစ်နေတဲ့သူတိုင်းခံစားချက်နှစ်မျိုးကိုယှဉ်တွဲပြီး ခံစားရပါတယ် တစ်မျိုးကတော့ချစ်ခြင်းရဲ့ကြည်နူးတဲ့အရသာရယ် ကိုယ့်ချစ်သူကိုဘယ်သူကများ စနိုက်ကျော်သွားမလဲ…ဒါမှမဟုတ်လည်း အားနေရင်သူ့profileထဲဝင်ကြည့်ရ တာနဲ့သောကပရိဒေဝတွေရနေမှာပါ ။
ကောင်းတဲ့အချက်နောက်တစ်မျိုးကတော့ တည်ငြိမ်သွားတာပေါ့လေ ။ငါ့မှာချစ်သူရှိတယ်ဆိုတဲ့အတွေးနဲ့ တည်ငြိမ်နေတာ ။တည်ငြိမ်လည်းခဏပါပဲ ။ ရန်လည်းဖြစ်ရော သောကပရိဒေဝတွေငယ်ထိပ်ဆောင့်တက်ရော ။အဲ့ဒီမှာတင်သူ့မာန နဲ့ကိုယ့်မာနပြိုင်ရင်းနဲ့နိဂုံးတွေဖြစ်လာတတ်ကြတယ် ။
တကယ်တော့အချစ်ဆိုတာက နားလည်ဖေးမ မူတန်ဖိုးထား ယုံကြည်မူတွေရှိမှသာ ပြီးပြည့်စုံတဲ့ပျော်ရွှင်မူတွေရနေမှာ…။အဲ့လိုသာမဟုတ်ခဲ့ရင်တော့ အချစ်ဟာကောင်းကွက်တစ်ကွက်မှမရှိသလိုပဲနော် ။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top