iMyanmarHouse.com - Best Property Website for Myanmar
×


ဗုဒၶဘာသာဝင္တုိင္းသည္ ေစတီပုထုိး၊ ဘုရားဆင္းထုေတာ္၊ သံဃာေတာ္မ်ား၊ မိဘဆရာ၊ သက္ႀကီးဝါႀကီး မ်ားကုိ ရွိခုိးကန္ေတာ့ျခင္းသည္ ဓေလ့ထုံးစံတစ္ခုကဲ့သုိ႔ ျပဳလုပ္ရျခင္းထက္ ပုိပါသည္။

လုပ္ေဆာင္အပ္ေသာ ဝတၲရား၊ လုိက္နာျပဳက်င့္ရမည့္ ဆက္ဆံေရး၊ ဂုဏ္ယူဖြယ္ လူမႈစရုိက္၊ သိမ္ေမြ႕ရုိက်ဳိးသည့္ ယဥ္ေက်းမႈ အျဖစ္ ထိန္းသိမ္းထားရွိရျခင္းသည္ ဗုဒၶဘာသာဝင္တုိင္းဧ။္ အဓိက
ထမ္းေဆာင္ရမည့္ အထူးတာဝန္ႀကီးတစ္ရပ္ပင္ ျဖစ္သည္။

ေမြးဖြားလာၿပီး မည္သည့္အခ်ိန္မွစ၍ ဗုဒၶဘာသာဝင္ ျဖစ္သြားသလဲဆုိသည္ကုိ သတိမမူလုိက္မိဘဲ ျဖစ္တတ္ၾကသည္၊ မိဘကဗုဒၶဘာသာဝင္ျဖစ္လုိ႔ လုိက္၍ျဖစ္သြားသည့္ မိရုိးဖလာ ဗုဒၶဘာသာဝင္ေတြ
မ်ားမည္ထင္သည္။ ဆင္းထုေတာ္ကုိ, ေစတီပုထုိးမ်ားကုိ ရွိခုိးဦးခ်လိုက္သည္ႏွင့္ ဗုဒၶဘာသာ ဝင္ျဖစ္သြားသည္ဟု ထင္ခဲ့မည္ဆုိလွ်င္ မမွန္ပါ။

ဘုရား၊ တရား၊ သံဃာ ဟူေသာ ရတနာသုံးပါးဧ။္ ေလးနက္တဲ့ အဓိပၸာယ္၊ မြန္ျမတ္တဲ့ သိကၡာ၊ ၾကည္ညဳိဖြယ္ ဂုဏ္အရည္အခ်င္းမ်ားကုိ မွန္မွန္ကန္ကန္ သိရွိနားလည္ရပါသည္၊ ယင္းသုိ႔ ေသေသခ်ာခ်ာတိတိက်က် သေဘာေပါက္နားလည္သျဖင့္ အမွန္တကယ္ အားကုိးယုံၾကည္ၿပီး ဆည္းကပ္ကုိးကြယ္မွသာ ဗုဒၶဘာသာဝင္ စစ္စစ္ျဖစ္သည္ဟူ၍ ဆုံးျဖတ္ႏုိင္သည္။

ရတနာသုံးပါးကုိ အစစ္အမွန္ ကုိးကြယ္လဲေလ်ာင္းရာ အျဖစ္ ခံယူျခင္းကုိ " သရဏ " ဟူ၍ေခၚဆုိရသည္။ ဆႏၵအမွန္ျဖင့္ ယုံၾကည္ကုိးကြယ္ သျဖင့္ ဆည္းကပ္ပူေဇာ္ျခင္းကုိ (သရဏ ဂမန) " သရဏဂုံ " ဟူ၍ေခၚဆုိရသည္။ ထုိသုိ႔ အေသအခ်ာ သိရွိနားလည္၍ ယုံၾကည္ကုိးကြယ္ၿပီး ဆည္းကပ္ပူေဇာ္သူကုိ " သရဏဂုံ တည္သူ " ဟူ၍ေခၚဆုိရသည္။

ဤသုိ႔ " သရဏဂုံ တည္သူ " ကုိသာလွ်င္ ဗုဒၶဘာသာဝင္ စစ္စစ္ျဖစ္သည္ဟု ဆုံးျဖတ္ႏုိင္သည္။
မိမိတြင္ အက်ဳိးေက်းဇူး ရရွိႏုိင္သည္ဟူေသာ အထင္ျဖင့္ ပုဂၢဳိလ္ တစ္ဦးတစ္ေယာက္ကုိ ေသာ္လည္းေကာင္း၊ အယူဝါဒ တစ္ခုခုကုိ ေသာ္လည္းေကာင္း၊ အျခားဘာသာ တစ္ခုခုကုိ ေသာ္လည္းေကာင္း၊ စြဲစြဲၿမဲၿမဲ ကုိးကြယ္ဆည္းကပ္ခဲ့လွ်င္ ထုိသူမွာ " သရဏဂုံ " ပ်က္ျပယ္သြားၿပီဟု သတ္မွတ္ရသည္။ ( စကားခ်ပ္ -- ပုဂၢဳိလ္စြဲ ယုံၾကည္မႈ လြန္ကဲျခင္းမျဖစ္ရန္ သတိထားရမည္။)

ရတနာသုံးပါးကုိ ေမ့ေလ်ာ့ေနလွ်င္ ကုိးကြယ္ဆည္းကပ္မႈျဖင့္ ေဝးကြာေနေသာေၾကာင့္ " သရဏဂုံ " ေမွးမွိန္ေနသည္၊ ညႈိးႏြမ္းေနသည္ဟု သတ္မွတ္ရသည္။

ထုိ႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ားအတြက္ ရတနာသုံးပါးကုိ ေမ့ေမ့ေလ်ာ့ေလ်ာ့မေနဘဲ၊ အစဥ္သျဖင့္ သတိတရ ကုိးကြယ္ဆည္းကပ္ေနရန္ အလြန္လုိအပ္လွေပသည္။ ကုိးကြယ္ဆည္းကပ္ေနရမည္ ဆုိသည္မွာ ဆြမ္းကပ္လွဴျခင္း၊ ပန္း ဆီမီးတုိ႔ျဖင့္ ပူေဇာ္ျခင္း၊ ဝတၲဳ ပစၥည္းမ်ားျဖင့္ လွဴဒါန္းျခင္း၊ စသည္တုိ႔ကုိ အၿမဲျပဳလုပ္ေနရမည္ဟု မဆုိလုိပါ၊ရတနာသုံးပါးဧ။္ ဂုဏ္ေက်းဇူးေတာ္မ်ားကုိ စိတ္ထဲမွာ မေမ့မေလ်ာ့ ေအာင္းေမ့သတိရေနျခင္းသည္သာ အေရးႀကီးဆုံးျဖစ္သည္။

သုိ႔အတြက္ ရတနာသုံးပါးကုိ အၿမဲႏွလုံးသြင္းႏုိင္ရန္ မည္သည့္ေနရာမွာျဖစ္ေစ၊ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ၊ မည္သည့္ ပုဂၢဳိလ္၊ ေစတီ၊ ဆင္းတုေတာ္ ကုိျဖစ္ေစ၊ ရွိခုိးဝတ္ျပဳၿပီဆုိလွ်င္ ရတနာသုံးပါးကုိ ရည္စူးမွန္းဆၿပီး သုံးႀကိမ္ ဦးခ်ရမည္ျဖစ္သည္။

ဆရာေတာ္ႀကီးမ်ား အမိန္႔ရွိသလုိ " မင္းတုိ႔ဦးခ်တာက ပုဆိန္ေပါက္ေနသလုိ၊ ဖားဖမ္းေနသလုိ ပါပဲလား " လုိ႔ မျဖစ္ရေလေအာင္ ပထမတစ္ႀကိမ္ ဦးခ်စဥ္တြင္ " ျမတ္စြာဘုရားဧ။္ ဂုဏ္ေတာ္ " တုိ႔ကုိ
ႏွလုံးသြင္း အာရုံျပဳ၍ ေျဖးေျဖးမွန္မွန္ ဦးႏွိမ္ၿပီး ဝတ္ခ်ရသည္။ ဒုတိယတစ္ႀကိမ္တြင္ " တရားေတာ္ဧ။္ ဂုဏ္ေတာ္ " မ်ား၊ တတိယတစ္ႀကိမ္တြင္ " သံဃာေတာ္ဧ။္ ဂုဏ္ေတာ္ " မ်ားကုိ ႏွလုံးသြင္းကာ
အာရုံျပဳလ်က္ ညင္သာေျဖးညႇင္းစြာ ဦးႏွိမ္ခ်၍ ရွိခုိးရသည္။

ထုိသုိ႔ႏွလုံးသြင္း အာရုံျပဳႏုိင္ရန္ ျမတ္စြာဘုရားဧ။္ ဂုဏ္ေတာ္မ်ား၊ တရားေတာ္ဧ။္ ဂုဏ္ေတာ္မ်ား၊ သံဃာေတာ္ဧ။္ ဂုဏ္ေတာ္မ်ား ကုိ ေသေသခ်ာခ်ာ ေလ့လာမွတ္သားၿပီး အိပ္ရာဝင္, အိပ္ရာထတုိင္း
အၿမဲမျပတ္ ပြားမ်ားႀကံစည္ ေနအပ္ေပသည္။

ဗုဒၶက်မ္းဂန္တုိ႔တြင္ " သရဏဂုံ " အၿမဲတည္ေနေသာသူသည္ သက္တမ္းကုန္ဆုံး၍ေသာ္လည္း ေကာင္း၊ နာတာရွည္ေရာဂါတုိ႔ျဖင့္ေသာ္လည္းေကာင္း၊ ရုတ္တရက္ မေတာ္တဆ အေနျဖင့္ေသာ္ လည္းေကာင္း၊ တမလြန္သုိ႔ ဘဝကူးေျပာင္းသြားခဲ့ေသာ္ ေအာက္ဘုံမ်ားသုိ႔ မဆင္းဘဲ၊ အထက္ ဘုံမ်ားသုိ႔သာ လားေရာက္ရသည္ဟု အတိအလင္း ျပဆုိထားေလသည္။ ။

***ဗုဒၶဘာသာဝင္တုိင္း " သရဏဂုံ " အၿမဲတည္တံ့ေနရန္ အားထုတ္သင့္လွေပသည္။***

Credit:ဓမၼေရခ်မ္းစင္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံတစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။

လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက
ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။

မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘကဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ
များမည်ထင်သည်။ ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာ ဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။

ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊ ယင်းသို့ သေသေချာချာတိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။

ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ခေါ်ဆိုရသည်။ ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည်။ ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ခေါ်ဆိုရသည်။

ဤသို့ " သရဏဂုံ တည်သူ " ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။
မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊ စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ " သရဏဂုံ " ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် -- ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)

ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် " သရဏဂုံ " မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။ ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။

သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင် ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။

ဆရာတော်ကြီးများ အမိန့်ရှိသလို " မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား " လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် " မြတ်စွာဘုရားဧ။် ဂုဏ်တော် " တို့ကို
နှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။ ဒုတိယတစ်ကြိမ်တွင် " တရားတော်ဧ။် ဂုဏ်တော် " များ၊ တတိယတစ်ကြိမ်တွင် " သံဃာတော်ဧ။် ဂုဏ်တော် " များကို နှလုံးသွင်းကာ
အာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။

ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်း
အမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။

ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်း ကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော် လည်းကောင်း၊ တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက် ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။

***ဗုဒ္ဓဘာသာဝင်တိုင်း " သရဏဂုံ " အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။***

Credit:ဓမ္မရေချမ်းစင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top