iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီကိုၾကိဳက္ေနတဲ့ လူတစ္ေယာက္အဖုိ႕ တစ္ေန႕မွ ေကာ္ဖီတစ္ခြက္ေလာက္မေသာက္ရရင္ ေနမထိ ထိုင္မသာျဖစ္ေစမွာ အမွန္ပါ။ ဒါေပမယ့္ ကိုယ့္အၾကိဳက္ကိုေမ့ျပီးကိုယ့္ရင္ေသြးေလးကို ဦးစားေပးရတဲ့ အခိုက္အတန္႕ေတြျဖစ္တဲ့ ကိုယ္ဝန္ေဆာင္ခ်ိန္တို႕ ႏုိ႕တုိက္ခ်ိန္တို႔ဆို ေကာ္ဖီေသာက္လိုက္ရင္ ကေလးကိုမ်ားထိခိုက္မိမမလားဆိုျပီး ေကာ္ဖီ မေသာက္ဘဲ ေနၾကတယ္ဟုတ္။ ေသာက္ေတာ့ေသာက္ခ်င္တယ္၊ ေသာက္ရမွာလည္း စိတ္တထင့္ထင့္ျဖစ္ေနတဲ့ ေမေမတုိ႕ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ေစခ်င္ပါတယ္။
နုိ႕တုိက္ေနတဲ့ မိခင္တစ္ေယာက္ ေကာက္ဖီေသာက္လို႕ရလား။ ။

ဝမ္းသာစရာပါပဲ။ ကေလးႏုိ႔တုိက္ေနလို႕ ေကာက္ဖီ ကိုျဖတ္ထားစရာ မလိုပါဘူး။ တစ္ေန႕ကို ၂ ခြက္ကေန ၃ ခြက္ေလာက္အထိေသာက္လို႕ရပါတယ္။ အေကာင္းဆံုးကေတာ့ တစ္ေန႕တစ္ခြက္ေသာက္တာပဲေပါ့ ။ ။ တစ္ေန ့ကို ကဖင္းဓာတ္ ၂၀၀ ကေန ၃၀၀ မီလီဂရမ္ေလာက္ေသာက္တာ အေကာင္းဆံုးပါ။ တစ္ခုသိထားရမွာက ကဖင္းဓာတ္ပါဝင္မႈဟာ သံုးထားတဲ့ ေကာ္ဖီေစ့နဲ႕ ႏွပ္ထားတဲ့ အခ်ိန္ေတြေပၚ မူတည္ျပီး ေျပာင္းလဲသြားတယ္ဆုိတာပါ။
ကဖင္းဓာတ္နဲ႕ မိခင္ႏုိ႕။ ။

ေကာ္ဖီေသာက္ျပီး ၁ နာရီ ေလာက္အၾကာဟာ ႏုိ႕ထဲမွာ ကဖင္းဓာတ္ အျမင့္ဆံုးရွိေနတဲ့အခ်ိန္ပါ။ အျမင့္ဆံုး ရွိေနတယ္ဆုိေပမယ့္ ႏုိ႕ထဲကေန ကေလးဆီကို ပမာဏ အနည္းငယ္ေလာက္ကပဲ ျဖတ္သြားႏုိင္ပါတယ္။ တစ္ခုသိထားရမွာက ကဖင္းဓာတ္ကို ေကာ္ဖီဆီကတင္မဟုတ္ဘဲ အျခား လက္ဖက္ရည္၊ ေခ်ာ့ကလက္၊ အားျဖည့္အခ်ိဳရည္နဲ႔၊ ဆုိဒါတုိ႕ကေနလည္း ရတဲ့တြက္ ႏုိ႕တုိက္ေနတဲ့ ေမေမတို႕တစ္ေန႕တာ ကဖင္းဓာတ္ကို တြက္ရင္ အဲဒီ့ အစားအစာေတြကိုပါထည့္တြက္ဖုိ႕လိုတယ္ေနာ္ ။ ။
မိခင္ေသာက္လိုက္တဲ ့ေကာ္ဖီထဲပါတဲ ့ကဖင္းဓာတ္က ကေလးကို ဘယ္လိုသက္ေရာက္မႈရွိလဲ ။ ။

ပံုမွန္ေသာက္ေနက် ၁ ခြက္ ၂ ခြက္ေလာက္ဆို ကိစၥ မရွိေပမယ့္ ၁၀ ခြက္ထက္ပိုေသာက္မယ္ဆုိရင္ေတာ့ ကေလးဆီကို ဆိုးက်ိဳးေတြ အမ်ားၾကီးျဖစ္သြားႏုိင္ပါတယ္။ ကေလးအေပၚ ကဖင္းဓာတ္ရဲ႕ သက္ေရာက္မႈေတြကေတာ့

    ကေလးက ဂနာမျငိမ္ျဖစ္ေနမယ္
    ကေလးက ကတုန္ကယင္ျဖစ္ေနမယ္
    ေကာင္းေကာင္းလည္း မအိပ္ဘူး
    ေၾကာင္ေတာင္ေတာင္ေလး ျဖစ္ေနတတ္ပါတယ္။

ေန႔မေစ့ လမေစ့ေမြးတဲ့ကေလးေတြနဲ႔ ေမြးကင္းစကေလးေတြဆုိ ကဖင္းဓာတ္ကို ေခ်ဖ်က္ခ်ိန္ၾကာတာေၾကာင့္ မိခင္က ေကာ္ဖီနည္းနည္္းေလးေသာက္လုိက္တာနဲ႕တင္ သူ႕တုိအေပၚ ကဖင္းဓာတ္သက္ေရာက္မႈ ျပင္းထန္တတ္ပါတယ္။
ေကာ္ဖီက ႏုိ႕တိုက္ေနတဲ့ ေမေမတို႕ အေပၚမွာေရာ ဘယ္လိုသက္ေရာက္မႈရွိလဲ ။ ။

တစ္ေန႕ကိ ုေကာ္ဖီ ၄ ခြက္ထက္ပိုေသာက္ခဲ့ရင္ ေကာ္ဖီထဲပါတဲ့ ကဖင္းဓာတ္က ကေလးဆီကို အမ်ားၾကီးေရာက္ႏုိင္ရံုမက ေသာက္တဲ့ မိခင္ကိုပါ ထိခိုက္ႏုိင္ပါေသးတယ္။

    ျဖစ္ေနက် ကတုန္ကယင္ျဖစ္တာ၊ ရင္တုန္တာ၊ အိပ္မေပ်ာ္တာေတြအျပင္
    ဆီးခဏခဏ သြားခ်င္မယ္
    အစာအိမ္ေအာင့္တာေတြျဖစ္မယ္
    ႏွလံုးခုန္ျမန္မယ္
    ၾကြက္သားေတြ တဆတ္ဆတ္တုန္တာမ်ိဳးေတြ ပါထပ္ျဖစ္ႏုိင္ပါေသးတယ္။

ေကာ္ဖီက မိခင္ရဲ႕ႏို႕ထြက္မႈ အေပၚမွာေတာ့ သက္ေရာက္မႈ မရွိပါဘူး။ အေရးၾကီးဆံုးကေတာ့ ႏုိ႕တုိက္ေနတဲ့ ေမေမတို႕ ေကာ္ဖီကို လံုးဝ မျဖတ္ႏုိင္ဘူးဆိုရင္ တစ္ေန႔ကုိ ၁ခြက္ေလာက္ေသာက္ေပးဖုိ႕ပါ။ ျဖတ္ထားနုိင္တယ္ဆုိရင္ေတာ့ ကေလး နည္းနည္းၾကီးတဲ့ ျဖည့္စြက္စာစားခ်ိန္ေလာက္ေရာက္မွ ေကာ္ဖီျပန္ေသာက္ပါလို႕ အၾကံေပးခ်င္ပါတယ္ ။ ။

Hello Health Group  သည္ ေဆးပညာဆိုင္ရာ အၾကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

Credit: hellosayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကော်ဖီကိုကြိုက်နေတဲ့ လူတစ်ယောက်အဖို့ တစ်နေ့မှ ကော်ဖီတစ်ခွက်လောက်မသောက်ရရင် နေမထိ ထိုင်မသာဖြစ်စေမှာ အမှန်ပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ကိုမေ့ပြီးကိုယ့်ရင်သွေးလေးကို ဦးစားပေးရတဲ့ အခိုက်အတန့်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်တို့ နို့တိုက်ချိန်တို့ဆို ကော်ဖီသောက်လိုက်ရင် ကလေးကိုများထိခိုက်မိမမလားဆိုပြီး ကော်ဖီ မသောက်ဘဲ နေကြတယ်ဟုတ်။ သောက်တော့သောက်ချင်တယ်၊ သောက်ရမှာလည်း စိတ်တထင့်ထင့်ဖြစ်နေတဲ့ မေမေတို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။
နို့တိုက်နေတဲ့ မိခင်တစ်ယောက် ကောက်ဖီသောက်လို့ရလား။ ။

ဝမ်းသာစရာပါပဲ။ ကလေးနို့တိုက်နေလို့ ကောက်ဖီ ကိုဖြတ်ထားစရာ မလိုပါဘူး။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်လောက်အထိသောက်လို့ရပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တစ်ခွက်သောက်တာပဲပေါ့ ။ ။ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ ကနေ ၃၀၀ မီလီဂရမ်လောက်သောက်တာ အကောင်းဆုံးပါ။ တစ်ခုသိထားရမှာက ကဖင်းဓာတ်ပါဝင်မှုဟာ သုံးထားတဲ့ ကော်ဖီစေ့နဲ့ နှပ်ထားတဲ့ အချိန်တွေပေါ် မူတည်ပြီး ပြောင်းလဲသွားတယ်ဆိုတာပါ။
ကဖင်းဓာတ်နဲ့ မိခင်နို့။ ။

ကော်ဖီသောက်ပြီး ၁ နာရီ လောက်အကြာဟာ နို့ထဲမှာ ကဖင်းဓာတ် အမြင့်ဆုံးရှိနေတဲ့အချိန်ပါ။ အမြင့်ဆုံး ရှိနေတယ်ဆိုပေမယ့် နို့ထဲကနေ ကလေးဆီကို ပမာဏ အနည်းငယ်လောက်ကပဲ ဖြတ်သွားနိုင်ပါတယ်။ တစ်ခုသိထားရမှာက ကဖင်းဓာတ်ကို ကော်ဖီဆီကတင်မဟုတ်ဘဲ အခြား လက်ဖက်ရည်၊ ချော့ကလက်၊ အားဖြည့်အချိုရည်နဲ့၊ ဆိုဒါတို့ကနေလည်း ရတဲ့တွက် နို့တိုက်နေတဲ့ မေမေတို့တစ်နေ့တာ ကဖင်းဓာတ်ကို တွက်ရင် အဲဒီ့ အစားအစာတွေကိုပါထည့်တွက်ဖို့လိုတယ်နော် ။ ။
မိခင်သောက်လိုက်တဲ့ကော်ဖီထဲပါတဲ့ကဖင်းဓာတ်က ကလေးကို ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။

ပုံမှန်သောက်နေကျ ၁ ခွက် ၂ ခွက်လောက်ဆို ကိစ္စ မရှိပေမယ့် ၁၀ ခွက်ထက်ပိုသောက်မယ်ဆိုရင်တော့ ကလေးဆီကို ဆိုးကျိုးတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။ ကလေးအပေါ် ကဖင်းဓာတ်ရဲ့ သက်ရောက်မှုတွေကတော့

    ကလေးက ဂနာမငြိမ်ဖြစ်နေမယ်
    ကလေးက ကတုန်ကယင်ဖြစ်နေမယ်
    ကောင်းကောင်းလည်း မအိပ်ဘူး
    ကြောင်တောင်တောင်လေး ဖြစ်နေတတ်ပါတယ်။

နေ့မစေ့ လမစေ့မွေးတဲ့ကလေးတွေနဲ့ မွေးကင်းစကလေးတွေဆို ကဖင်းဓာတ်ကို ချေဖျက်ချိန်ကြာတာကြောင့် မိခင်က ကော်ဖီနည်းနည်းလေးသောက်လိုက်တာနဲ့တင် သူ့တိုအပေါ် ကဖင်းဓာတ်သက်ရောက်မှု ပြင်းထန်တတ်ပါတယ်။
ကော်ဖီက နို့တိုက်နေတဲ့ မေမေတို့ အပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။

တစ်နေ့ကိ ုကော်ဖီ ၄ ခွက်ထက်ပိုသောက်ခဲ့ရင် ကော်ဖီထဲပါတဲ့ ကဖင်းဓာတ်က ကလေးဆီကို အများကြီးရောက်နိုင်ရုံမက သောက်တဲ့ မိခင်ကိုပါ ထိခိုက်နိုင်ပါသေးတယ်။

    ဖြစ်နေကျ ကတုန်ကယင်ဖြစ်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာတွေအပြင်
    ဆီးခဏခဏ သွားချင်မယ်
    အစာအိမ်အောင့်တာတွေဖြစ်မယ်
    နှလုံးခုန်မြန်မယ်
    ကြွက်သားတွေ တဆတ်ဆတ်တုန်တာမျိုးတွေ ပါထပ်ဖြစ်နိုင်ပါသေးတယ်။

ကော်ဖီက မိခင်ရဲ့နို့ထွက်မှု အပေါ်မှာတော့ သက်ရောက်မှု မရှိပါဘူး။ အရေးကြီးဆုံးကတော့ နို့တိုက်နေတဲ့ မေမေတို့ ကော်ဖီကို လုံးဝ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၁ခွက်လောက်သောက်ပေးဖို့ပါ။ ဖြတ်ထားနိုင်တယ်ဆိုရင်တော့ ကလေး နည်းနည်းကြီးတဲ့ ဖြည့်စွက်စာစားချိန်လောက်ရောက်မှ ကော်ဖီပြန်သောက်ပါလို့ အကြံပေးချင်ပါတယ် ။ ။

Hello Health Group  သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Credit: hellosayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top