iMyanmarHouse.com - Best Property Website for Myanmar
×
3)Orpheus and Eurydice
Credit:marry
ချစ်ရေးချစ်ရာ
ပို့သပေးပါတယ်။
# Unicode Version # ဖြင့် ဖတ်ပါ #
အချစ်ဆိုတာတော်တော်လေးဆန်းကြယ်သလို ပေးဆပ်တဲ့လူမှလည်းချစ်နိုင်မှာပါ…။အချစ်စစ်ဟာ ရှားပါးပေမဲ့လည်းရာဇဝင်မှာ တကယ်ရှိခဲ့တယ်ဆို တာသက်သေပြတဲ့အနေနဲ့ ရာဇဝင်ထဲမှာ အချစ်အတွက်ပေးဆပ်ခဲ့တဲ့သူတွေကိုလေ့လပြီး မျှဝေပေးလိုက်ပါတယ်နော်။မှားတာရှိရင်လဲ အမှန်ပြင်ပေးကြပါဦး…။
1)Cleopatra and Mark Antony
ကလီယိုပက်ထရာဟာ အင်မတန်လှပလွန်းတဲ့ အီဂျစ်ဘုရင်မတစ်ပါးလို့ နာမည်ကျော်ကြားခဲ့ပါတယ်။ကလီယိုရဲ့ အလှကို အိမ်ထောင်ရှိတဲ့တခြားနိုင်ငံကဗိုလ်ချုပ် အန်တိုနီကစွဲလန်းမိပါတယ်…။အဲ့ဒီနောက်မှာကလီယိုနဲ့အန်တိုနီ ချစ်ကြိုက်ခဲ့တယ်။
ကံဆိုးချင်တော့အန်တိုနီဟာ ကလီယိုသေသွားပြီဆိုတဲ့ သတင်းအတုကိုကြားပြီးsuicideလုပ်ခဲ့ပါတယ်။အဲ့အချိန်မှာတခြားနိုင်ငံတွေဟာလည်းကလီယိုရဲအလှအပကြောင့်စစ်ဖြစ်နေရတဲ့အခြေအနေပါ…။
အဲ့ဒါနဲ့ကလီယိုဟာ သူ့ချစ်သူအန်တိုနီလည်းသေသွားပြီ ဒါအပြင့်တခြားနိုင်ငံတွေကသူ့ကိုလုယူကြတော့မယ်ဆိုတော့ သူ့အနေနဲ့သေမဲ့လမ်းကိုရွေးပြီးအန်တိုနီနောက်လိုက်ဖို့ သေလမ်းကိုရွေးချယ်ခဲ့ပါတော့တယ်…။အမလေးသနားလိုက်တာနော်…။
2)Shah Jahan and Mumtaz Mahal
အိန္ဒိယနိုင်ငံကနာမည်ကြီး အဆောက်အအုံတပ်ဂျ်မဟာကိုတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။အဲ့အဆောက်အအုံကို Shahက သူအရမ်းချစ်တဲ့ဇနီးသည်Mumtazအတွက် 23နှစ်ကြာတဲ့အထိအချိန်ယူဆောက်လုပ်ခဲ့တာပါ…။
သူမဟာ Shahထက်အရင်သေဆုံးသွားခဲ့ပါတယ်…။1666ခုနှစ်မှာဆိုရင်တော့Shahဟာ သူအရမ်းချစ်တဲ့ဇနီးသည်နောက်ကိုလိုက်သွားပါတော့တယ်…။ချစ်ပုံကအားကျစရာမကောင်းဘူးလားနော်…။
3)Orpheus and Eurydice
ရှေးဟောင်းဂရိပုံပြင်တွေထဲမှာ ရှိတဲ့သူရဲကောင်းတစ်ယောက်ကတော့Orpheusဖြစ်ပါတယ်…။သူ့ရဲ့အသံဟာအရမ်းကောင်းလွန်းပြီး တူရိယာအတီးအမှုတ်တော်လွန်းတာကြောင့် သားရဲတိစ္ဆာန်တွေကိုတောင် ယဉ်ပါးအောင်လုပ်နိုင်စွမ်းရှိပါတယ်…။
တစ်နေ့မှာတော့သူအရမ်းချစ်ရသူ့ရဲ့ဇနီးEurydiceဟာမြွေကိုက်ခံရပြီး သေဆုံးသွားပါတော့တယ်။အဲ့ဒီအခါမှာOrpheusက မြေအောက်ကမ္ဘာကိုသွားပြီးသူဇနီးကိုပြန်ခေါ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်…။
သူ့ရဲ့သီဆိုတီးမှုတ်မှုပညာနဲ့နတ်ဘုရားတွေကိုသိမ်းသွင်းပြီးသူ့ဇနီးကို ခေါ်သွားခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။နတ်ဘုရားတွေကခွင့်ပြုလိုက်ပေမဲ့ ဂတိတစ်ခုတောင်းခဲ့ပါတယ်။မြေေ အာက်ကမ္ဘာကနေ သူ့ဇနီးနဲ့အတူတူထွက်ပြေးကြတဲ့အခါမှာနောက်ကို လှည့်မကြည့်ဖို့ပါပဲ။
ဒါပေမဲ့ပြေးရင်းနဲ့သူဟာ သူ့ဇနီးပါလာရဲ့လားဆိုတာသေချာသိချင်လို့လှည့်ကြည့်လိုက်တဲ့အတွက် သူ့ဇနီးEurydiceဟာ နေရာတင်ပဲပျောက်ဆုံးသွားပါတော့တယ်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top