iMyanmarHouse.com - Best Property Website for Myanmar
×







Credit:marry

အလှအပ

# Unicode Version # ဖြင့် ဖတ်ပါ #


မိန်းကလေးတိုင်းအလှအပကြိုက်ကြပါတယ်…။ ဒါပေမဲ့လှပဖို့မိတ်ကပ်တွေလူးကြရတဲ့ အတွက်အသားအရေတွေပျက်စီးကြရပါတယ်။ဒါကြောင့် သဘာဝအတိုင်းလေး လှအောင်နေနိုင်မဲ့နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

မျက်နှာအသားအရေချော့မွေ့ဖို့ ညဘက်ကတည်းက ရှားစောင်းလက်ပတ်အနှစ်လေးနဲ့ပေါင်းတင်ထားပါ…။မနက်နိုးလာတဲ့အခါ အသားအရေဝင်းပပြီးကြည်ကြည်လေးဖြစ်နေမှာပါ။အောက်ခံမိတ်ကပ်သဘောမျိုးအတွက် sun creamပါးပါးလေးလူးပါ။နှုတ်ခမ်းအတွက်ကတော့ သံပရာသီးလေးနဲ့ နူတ်ခမ်းကိုညင်ညင်သာသာလေး ပွတ်ပေးပါ။

အဲ့ဒါဆို နှုတ်ခမ်းညိုစေတဲ့ ဆဲလ်သေပျောက်ပြီး ပန်းနုရောင်နူတ်ခမ်းလေးရပြီပေါ့။ဆံသားအတွက်ကတော့ ကြက်သွန်နီအရည် ရှားစောင်းလက်ပတ်အတုံးလေးတွေကို အုန်းဆီနဲ့ကြော်ပြီး အဲ့ဒီဆီကို ခေါင်းမလျှော်ခင် တစ်ညမှာရွဲနေအောင်လိမ်းပါ…။

တစ်ညကုန်မှခေါင်းလျော်ပါ…အဲ့အခါမှာဆံသားတွေကတောက်ပြောင်ပြီး ပျော့ပျောင်းနေပါလိမ့်မယ်။အဝတ်အစားကတော့ ရိုးရှင်းတဲ့ပိတ်စနဲ့ချုပ်ထားတဲ့မြန်မာဝတ်စုံ ဒါမှမဟုတ် ရိုးရှင်းတဲ့ဂါဝန်ကို ဝတ်ဆင်ပါ…။

အထက်ကပြောထားတဲ့အတိုင်းသာသေချာလုပ်ရင် ခါတိုင်းလို မျက်နှာမှာမိတ်ကပ်တွေထူပိန်းနေလို့ စိတ်ညစ်စရာမလိုတဲ့အပြင် သဘာဝဆန်တဲ့အလှလေးကို ပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ။သဘာဝအလှကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်လိုက်ရအောင်…။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top