iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္သူငယ္ခ်င္းတစ္ေယာက္လည္း ဒီအကုသုိလ္ကံေတြ ခံစားေနရသည္ဟု
ထင္ျမင္မိေသာေၾကာင္႔ ကာေမသု ိစာၦရာ ကံေတြကုိ ရာေဖြတင္ဆက္ေပးလုိက္ပါသည္။
အိမ္ေထာင္သည္ဆိုတဲ႕ ဘ၀ကိုေရာက္ခဲ႔တာ ဘာလိုလိုနဲ႕ တစ္ႏွစ္ေက်ာ္တိုင္ခဲ႕ေလၿပီ ။ သည္ဘ၀မွာ မင္းေပ်ာ္လားလို႕ ေမးလာခဲ႕ရင္ ဘယ္လိုေျဖရပါ႔ ။ * အေတြ ႔ * တစ္ခုရဲ႕ ဆြဲငင္ေခၚေဆာင္ရာေနာက္ကို အသိမဲ႕စြာ လိုက္ပါခဲ႔ရင္း အိမ္ေထာင္က်ခဲ႔ရသည္ ။။

အျမင္ ၊ အၾကား ၊ အထိအေတြ႔ ၊ အရသာေတြကို အယူမွားကာ ျမတ္ႏိုးခုန္မင္ခဲ႔မိပါသည္ ။ ကာမဂုဏ္မွာ ေပ်ာ္ပိုက္ေနသူ လူသားတစ္ဦး ျဖစ္မွန္းမသိ ျဖစ္လာခဲ႕မိသည္ ။ ကာမဂုဏ္ဆုိတာ ေယာက်ၤားနဲ႔မိန္းမႏွစ္ဦးသား ၾကည္႔ႏူးေပါင္းဖက္ျခင္းလို႕ ဆိုလိုသည္ ။ အဲဒါထက္ေက်ာ္လြန္ကာ မိစၦာစာရဆိုတဲ႕ အရာကို ပါ က်ဴးလြန္မိခဲ႕သူ ကၽြန္ေတာ္ ။ မိစၦာစာရဆုိတာကေတာ့ အဲဒီလုိေပါင္းဖက္ အ တူေနတာကို မိမိလင္ေယာက်ၤား မိမိဇနီးမယားမဟုတ္တဲ႔ သူမ်ားအေပၚမွာ မွားယြင္းစြာ လြန္က်ဴးတာ ကိုေၿပာတာပါ ။ ကၽြန္ေတာ္ ေရာက္ေနတာက ေရေျမျခား ။

လြပ္လပ္ျခင္းဆိုတဲ႕ အရသာကို ေဖာေဖာ္သီသီ အသံုးခ်လို႔ အေကာင္းဆံုးေနရာတစ္ခုေပါ႔ ။ မိေ၀း ဖေ၀း မွာ ကိုယ္နဲ႕ ေန႔စဥ္ ပတ္သတ္ေနသူ အမ်ားစုက တိုင္းတပါးသား ။ လူမ်ိဳးတူ အမ်ားစုက တနယ္ဆီက ေရာက္လာ ၾကသူေတြ ။ ျမန္မာျပည္သို႕ ျပန္ေရာက္ပါလွ်င္ ေတြ႔ဖို႕ ဆံုဖို႕ဆိုတာ မလြယ္ကူ။ ဒီေတာ႕ ေခါင္းထဲေရာက္လာတာက ငါဘာလုပ္လုပ္ ဘယ္သူမွ မသိပါဘူးကြာဆိုတဲ႕ ေသးသိမ္တဲ႕ အေတြးေခၚေတြ ။ လူေတြလြတ္လပ္ၿပီဆိုရင္ အက်ိဳးနဲ႕ အျပစ္ အျပစ္ကိုသာ ပိုလုပ္မိၾကတဲ႕ လူေတြထဲ ကၽြန္ေတာ္လည္း တစ္ေယာက္အပါ၀င္ေပါ႔ ။ မိတ္ေဆြစစ္နဲ႕ မိတ္ေဆြတုဆိုတာကို ေ၀ဖန္ပိုင္းျခားတတ္တဲ႕ အသိညဏ္ေတြနဲ႕ ကင္းကြာေနခဲ႕သူတစ္ဦးဆိုလည္း မမွားပါဘူး ။ ေရေျမျခားမွာ ေနလာတာ ႏွစ္ေလးလည္း အတန္ၾကာခဲ႔ပါၿပီ။ အလုပ္ေလးေတြလည္း စံုခဲ႔ေလၿပီ ။

 ခုလက္ရွိေနာက္ဆံုးလုပ္ေနတဲ႕ ေနရာမွာ ျမန္မာျပည္သားေတြ အမ်ားသား ။ ဒီထဲက ကဲလို႕ တြဲလို႕ေကာင္းတဲ႕ သူခ်င္းေပါင္းမိခဲ႕ၾကသည္ ။ *အေပ်ာ္ပါးလိုက္စားမလား တူတူ ။ ေသာက္ၾကစားၾကမလား လက္ေရတစ္ျပင္တည္ း ။ စိတ္တူကိုယ္သူဆိုတာမ်ိဳးေပါ႔ ။ တစ္ေန႕ မွာေတာ႕ တူတူေနတဲ႕ ကိုထူးက စကားစလာပါတယ္ ။* *ေဟ႕ေကာင္ ေမာင္ေမာင္ ။ မင္းေပ်ာ္ပါးဖို႕ ေဆာ္ေခၚရတာ ပိုက္ဆံကုန္တယ္ ကြ ။ ငါသတင္းတစ္ခုရထားတယ္ ။ ေဆာ္ၾကီးတစ္ေဗြ လူကလန္းတယ္ ။ ေရကလည္း လန္းတယ္ ။ မင္းခ်ဥ္းကပ္လို႔လည္း လြယ္တဲ႕ အေနထားမွာ ရွိတယ္ ။ * *ဟုတ္လား ။ သူက ဘယ္မွာေနတာလဲ ။ အပ်ိဳလား * *ဘယ္ကလာ အပ်ိဳရမွာလဲကြာ ။ ျမန္မာျပည္မွာ အိမ္ေထာင္က်တယ္ ။

ကေလးေတာင္ ရွိတယ္ထင္တယ္ ။ ေနာက္ ဒီေရာက္လာေတာ႕ လူတစ္ေယာက္နဲ႕ အိမ္ေထာင္က်တယ္။ သူ႕အမ်ိဳးသားက ေတာ္ေတာ္ခ်စ္တယ္လို႕ ေျပာၾကတယ္ ။ သူေဖာက္ျပန္ေနတာေတြကို သိလည္း ခြင္႕လြတ္ျပန္ေပါင္းတယ္တဲ႕ေလ ။ ေနတာက ငါတို႕ဆီကေနကားႏွစ္ မွတ္တိုင္ေလာက္ ဘဲေ၀းတယ္ ။ မင္း စိတ္၀င္စားရင္ ငါ မိတ္ဆက္ေပးမယ္ * ဒီလိုကေနစလိုက္တာ သူမ ကၽြန္ေတာ္ သိခြင္႔ရခဲ႔သည္ ။ ခင္မင္ရာကေန တစ္ဆင္႕တက္လို႕ရင္းႏွီးကၽြမ္း၀င္ခဲ႔ၾကပါသည္ ။ သူမ အမ်ိဳးသား အလုပ္သြားခ်ိန္ေတြ ကၽြန္ေတာ္ အလုပ္နားခ်ိန္ ေတြနဲ႕ တိုက္ဆိုင္တိုင္း သူမႏွင္႔ ကၽြန္ေတာ္ ေတြ႔ျဖစ္ေနၾကသည္။

ကုန္လိုက္တဲ႕ ပိုက္ဆံက ေဆာ္ေခၚတာထက္ အဆေပါင္းမ်ားစြာ ။ တစ္ေန႔ေတာ႕ ကၽြန္ေတာ္တို႕ခိုးစားေနမိတဲ႕ ဇာတ္လိမ္းကို သူမခင္ပြန္းသိသြားပါေတာ႕သည္ ။ ကၽြန္ေတာ္ဆိုတဲ႕ ေကာင္ လည္း ျပင္ဆင္ခ်ိန္ေတာင္ မရလိုက္ဘဲ သူမကို လက္ခံလိုက္ရပါေတာ႕သည္ ။ ဒီအခ်ိန္မွာ အိမ္ေထာင္သည္မက် ခ်စ္သူမကဆိုတဲ႕ဘာမွန္းမသိတဲ႕ ဘ၀ တစ္ခုကို နာမည္ဆိုးေတြနဲ႕ ရရွိလိုက္ပါေတာ႕သည္ ။ သူမ်ားလက္ထဲကေန ခိုးယူထားမိတဲ႕ အရာကို ပိုင္ဆိုင္ထားတဲ႕ ကၽြန္ေတာ္ ဘယ္မွာလာ စိတ္ေျဖာင္႕ေျဖာင္႕ ေနႏိုင္ပါမည္နည္း ။ အၿမဲတေစ ပူပန္ ေသာကေတြနဲ႕ နပန္းလံုးေနခဲ႔ရသည္ ။ ငါအလုပ္သြားရင္ သူမ ဘာေတြ လုပ္ေနမလဲ ။ ဘယ္ေတြ သြားေနမလဲ ။ အိမ္မွာေကာ ရွိေနပါ႔မလားဆိုတဲ႕ အေတြးေတြနဲ႕ အလုပ္ထဲမွာ ပစၥည္းေတြကမွား ။

ဒီေတာ႕ စူပါဗိုက္ဆာေတြရဲ႕ ၿငိဳျငင္မွဳေတြကို ခံလာရပါေတာ႕သည္ ။ အလုပ္ေတြ ဘယ္ေလာက္ အိုတီရေနေန ရသမွ် အဖက္မတင္ ။ ဘယ္အေပါက္ကေန ဆီလိုေပါက္ရွာ ထြက္ေနမွန္းမသိ ။ တေျဖးေျဖးနဲ႕ လုံးပါးပါးလာ ခဲ႔ရပါေတာ႕သည္ ။ ငါ ကာေမသုမိစၦာစာရသိကၡာပုဒ္ကို မေစာင္႔ထိမ္း လို႔ၿဖစ္ရတဲ႔ လူမႈဒုကၡေတြပါလားလို႕ တစ္ခါ တစ္ခါ ေတြးမိပါသည္ ။ တစ္ေန႕ အင္တာနက္ ၾကည္႔ေနရင္း မထင္မွတ္တဲ႕ ေဆာင္းပါးေလး တစ္ခုကို ဖတ္လိုက္မိသည္ ။ ေဆာင္းပါးေလး က ကာေမသု မိစၦာရာ ကံ လြန္က်ဴးရင္ ဘာၿဖစ္ႏိုင္လဲ ? ဆိုတဲ႕ ေခါင္းစဥ္ေလးနဲ႕ ေရးသားထားပါသည္ ။

*ကာေမသုမိစၦာစာရာေ၀ရမဏိ သိကၡာပဒံ သမာဒိယာမိသိကၡာပုဒ္ဟာ ကိုယ္ပုိင္လင္အမ်ိဳးသား ကိုယ္ပိုင္ဇနီးမယားကေန တစ္ၿခားတစ္ေယာက္ကို ( သို႕မဟုတ္ ) သူ႕တပါး သားမယားကို လြန္က်ဴး ၿပစ္မွားလို႔ အၿပစ္သင္႔တဲ႔ အၿပစ္ၿဖစ္တဲ႔ သိကၡာပုဒ္ပါ၊ ႐ွင္းေအာင္ေၿပာရရင္ေတာ့ ကာမဂုဏ္ဆုိတာ ေယာက်ၤားနဲ႔မိန္းမႏွစ္ဦးသား ၾကည္႔ႏူးေပါင္းဖက္ၾကတာကိုေခၚတာပါ၊ မိစၦာစာရဆုိတာကေတာ့ အဲဒီလုိေပါင္းဖက္ အ တူေနတာကို မိမိလင္ေယာက်ၤား မိမိဇနီးမယားမဟုတ္တဲ႔ သူမ်ားအေပၚမွာ မွားယြင္းစြာ လြန္က်ဴးတာကိုေၿပာတာပါ၊

အဲဒီသိကၡာပုဒ္ကိုေဖာက္ဖ်က္ရင္ ေစာေစာကေၿပာခဲ႔သလုိပါ ပဲ လူမႈဒုကၡေတြ အမ်ားတံေတြးခြက္ပက္လက္ေမ်ာရတာေတြ အစ႐ွိတဲ႔ဆုိးၾကိဳးေတြကို ခံ စားရမွာပါ၊ ခုေခတ္ၿမန္မာလူေဘာင္ေလာကမွာ ကိုယ္အခ်င္းခ်င္းသေဘာတူရင္ မၿပစ္မ ၿဖစ္ပါဘူးဆုိတဲ႔ အေနာက္တုိင္းအယူအဆေတြ၀င္ေရာက္လာပါတယ္၊ အမွန္က အဲဒီလုိ မဟုတ္ပါဘူး ကိုယ္အခ်င္းခ်င္းဘယ္လုိပဲသေဘာတူေနပါေစ ကုိယ့္ကုိယ္ထိန္းသိမ္း ေစာင္႔ေ႐ွာက္တဲ႔ သူေတြ႐ွိပါတယ္၊ ေအာက္ထစ္ဆုံး အမ်ားတကာနဲ႔ ဆက္ဆံသြားလာ တဲ႔ မေကာင္းတဲ႔ၿပည္တန္ဆာမေတာင္ အရင္လူကပိုက္ဆံေပးငွါးရမ္းထားရင္ ေနာက္လူ ကပိုင္စိုးပိုင္နင္းနဲ႔ သြားေရာက္လြန္က်ဴးမယ္ဆုိရင္ ကာေမသုမိစၦာစရာကံထုိက္ပါတယ္၊ * လို႕ ေရးသားထားပါသည္ ။

ဒီေဆာင္းပါးေလးကို ဖတ္ၿပီးတဲ႔ အခ်ိန္မွာေတာ႕ အဲကြန္းခန္းထဲ ထိုင္ေနတဲ႕ ကၽြန္ေတာ္ တစ္ကိုယ္လံုး အလိုအေလ်ာက္ ေဇာ္ေခၽြး မ်ား ပ်ံလာမိသည္။ ကာေမသုမိစၦာစာရ ကံက်ဴးတဲ႔သူေတြဟာ- (၁) လူမုန္းမ်ားၿခင္း၊ (၂) လူမုန္းမ်ား႐ုံတင္မကပဲ ရန္သူေတြလည္း ၀ိုင္း၀ိုင္းလည္ေနၿခင္း၊ (၃) စီးပြါးေရး ဘယ္ေလာက္႐ွာ႐ွာ တိုးတက္မလာပဲေနၿခင္း၊ (၄) စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာ မ႐ွိပဲၿဖစ္ေနၿခင္း၊ (၅) ဘ၀တုိင္းဘ၀တုိင္း မိန္းမသာၿဖစ္ရၿခင္း၊ (၆) မိန္းမမဟုတ္ေယာက်ၤားမဟုတ္ ဂ်ယ္ၾကီးၿဖစ္ရၿခင္း၊ (၇) တကယ္လုိ႔ ေယာက်ာ္းၿဖစ္ရင္လည္း ယုတ္ညံ့တဲ႔ အမ်ိဳးေတြထဲမွာ ၿဖစ္ရၿခင္း၊ (၈) မ်က္ႏွာပ်က္ၿပီး အ႐ွက္တကြဲအက်ိဳးနဲတဲ႔ ကိစၥေတြၾကဳံေတြ႕ရၿခင္း၊ (၉) ေၿခလက္အဂၤါ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းနဲ႔ ၿဖစ္ရၿခင္း၊ (၁၀) စုိးရိမ္ေၾကာင္႔ၾက စိတ္မ်ားေနရၿခင္း၊ (၁၁) ကိုယ္ခ်စ္တဲ႔သူနဲ႔ ကြဲကြာကာ အသည္းနာရၿခင္း၊ ဆိုတဲ႕ အၿပစ္ေတြကိုပါ ရေစတယ္ဆိုတဲ႕အခ်က္ေတြကေတာ႕ ေသြးထြက္ေအာင္ မွန္ေနခဲ႔ပါသည္ ။

ကၽြန္ေတာ္ ဘာလုပ္ရမလဲ ဆိုတဲ႕ေမးခြန္းေတြနဲ႕ ခ်ာခ်ာလည္ေနလည္ပါေတာ႕သည္ ။ *ေမာင္ ထမင္းစားရေအာင္ဆိုတဲ႕ * သူမရဲ႕ ေခၚသံၾကားမွ စိတ္နဲ႕လူၾကား ကင္းကြာေနတဲ႕ အသိေတြ ျပန္လည္စုမိၾကပါေတာ႕သည္ ။ အရင္က ခ်ိဳသာလွပါသည္ဟု ထင္ခဲ႔မိေသာ သူမ အသံသည္ ေၾကာက္မက္ဖြယ္ ေထာင္ေျခာက္ တစ္ခုအျဖစ္သို႕ ေျပာင္းလဲ ထင္မွတ္ေစခဲ႔ေလၿပီ ။ ခုခ်ိန္ထိ မိဘေတြကို အသိမေပးရဲေသးတဲ႕ သူမနဲ႕တူတူေနထိုင္ေနရတဲ႕ ဘ၀ ။ အေပါင္းသင္းမိတ္ေဆြေတြ နဲ႕ ဆံုတဲ႕အခါ ကၽြန္ေတာ္ မိန္းမပါလို႕ မိတ္ဆက္ေပးရမွာကို အင္မတန္၀န္ေလး ခဲ႔မိတာေတြဟာ ကၽြန္ေတာ္ကိုယ္ ကၽြန္ေတာ္ သိမ္ငယ္ေနျခင္းေတြဆိုတာ သိခဲ႕ရေပမယ္႕ အမွားျပင္ဆင္ခြင္႔ ဘယ္မွာလဲ ။

ဘယ္လို ခဲဖ်က္နဲ႕ ဖ်က္မွ ပ်က္မယ္႕ အမွား မ်ိဳးပါလည္းဆိုတာ ေတြးရလြန္းလို႕ ေခါင္းေတြအၿမဲပူပန္ေနရသူ ကၽြန္ေတာ္ဘ၀ ။ ကိုယ္ေရြးခ်ယ္ခဲ႕တဲ႕ လမ္း ကိုယ္ေလွ်ာက္ေနရေပမယ္႕ ဘာလို႕မေပ်ာ္ရသလဲ ။ အေျဖက ရွင္းပါတယ္ ။ အမွားဆိုတဲ႕ လမ္းတစ္ခုကို ေရြးခ်ယ္ေလွ်ာက္လွမ္းမိခဲ႕တာကုိ ။ တစ္ရက္္မွာေတာ႕ ကၽြန္ေတာ္ အလုပ္ကေန သူမဆီ ဖုန္းမဆက္ဘဲ ျပန္လာခဲ႕ပါသည္ ။ အျပန္လမ္းမွာ မိုးေတြ သည္းသည္းမည္းမည္း ရြာေနခဲ႔သည္ ။ မိုးေရေတြ ဆက္လက္နဲ႕ အိမ္တံခါး ကိုဖြင္႔လိုက္ပါသည္ ။ ၾကိဳဆိုမယ္႕သူမရွိ ။ တိတ္ဆိတ္ျခင္းေတြ စိုးမိုးေနတဲ႕ အိ္မ္ထဲမွာ ေသခ်ာပါသည္ သူမ ရွိမေနဘူးဆိုတာေပါ႔ ။ အ၀တ္စားေတြလဲ ၿပီး ေဆးတစ္လံုးၾကိဳေသာက္ထားလိုက္ပါသည္ ။

ခုရက္ေတြ ကၽြန္ေတာ္ႏွလံုးေတြ ေအာင္႕ေအာင္႕ေနတတ္သည္ ။ ေဆးေသာက္ ၿပီး အိပ္ယာထက္မွာ လဲေလ်ာင္းရင္း မ်က္လံုးေတြက ဖုန္းေလးကို အဓိပ္ပယ္မဲ႕စြာ ေငးၾကည္႔ေနမိဧ။္ ။ သူမကို ခုခ်ိန္ ဖုန္းဆက္လိုက္ရင္ ဘာေတြ ဆင္ျခင္ေပးမလဲ ။ သူေပးလာမယ္႕ဆင္ျခင္ေတြကို ကၽြန္ေတာ္ ယံုၾကည္ႏိုင္ပါ႔မလား။ ကၽြန္ေတာ္ စိတ္ေတြအားလံုး ေယာက္ယက္ခတ္ေနသည္ ။ အစက မဆုံျဖစ္ခဲ႔ရင္ အေကာင္းသားဆုိတဲ႕ ေနာက္ေၾကာင္း လွန္တဲ႕ အေတြးေတြကလည္း တသီၾကီးေတြးလို႕ ။ ကၽြန္ေတာ္ ကံေကာင္းခဲ႕သလား ကံဆိုးခဲ႕သလားေတာ႕ မေျပာတတ္ေပ ။ ထုိညကအစျပဳလို႕ ကၽြန္ေတာ္ဘ၀ထဲကို သူမ ျပန္ေရာက္မလာေတာ႔ပါဘူး ။ ကၽြန္ေတာ္ တမ္းတမိပါသလား ။ ေသခ်ာပါသည္ ။

တစ္ခါတစ္ရံတြင္သာ ေရးေရးေလး အမွတ္ရမိတတ္ပါသည္ ။ သတိရျခင္းႏွင္႔ အမွတ္ရျခင္းဆိုတဲ႕ စကားလံုးေတြရဲ႕ အႏွစ္သာရ လားလားမွ် မတူညီပါ။ ကၽြန္ေတာ္သူမကို သတိမရပါ။ အမွတ္ရျဖင္းသာ ရွိပါသည္ ။ ႏိုင္ငံျခားေရာက္ တူတူေနျခင္းဆိုတဲ႕ ပံုစံခြက္ထဲကို ကၽြန္ေတာ္လည္း ပါ၀င္ခဲ႕ဘူးတယ္လို႕ ဆိုမယ္ဆိုရင္လည္း ရႏိုင္ဧ။္ေပါ႔ ။ သို႕ေသာ္ အိမ္ေထာင္သည္ေတြလို တူတူ ေနထိုင္ခဲ႔မိဘူးသည္ ။ ကာေမသုမိစၦာစာရ ကံက်ဴးလြန္ခဲ႕ဘူးဆိုတဲ႕ အခ်က္ၾကီးကေတာ႕ဘ၀မွာ အမဲစက္တစ္ခုလို ေနရာယူခဲ႕ပါၿပီ။

ဒီအမွားကို ဘယ္အရာနဲ႕ ဖ်က္ရမလဲ ဆိုတဲ႕ေမးခြန္းရဲ႕ အေျဖကို ေန႕စဥ္ရွာေဖြေနသူ လူသားတစ္ဦးအျဖစ္ ေသသည္႕တိုင္ေအာင္ ဆက္လက္ရပ္တည္ အေျဖရွာေနရအံုးမည္သာ ျဖစ္ေနေတာ႕သည္ ။ ခိုင္ေလး ( ေရႊေတာင္ ) ဒီ၀ထၳဳတိုေလးကို ဖတ္ရွဳ႕ၿပီး မိတ္ေဆြစစ္နဲ႕ မိတ္ေဆြတုကို ခြဲျခားနိုင္ပါေစ ။ ကာေမသုကံကို ေ႐ွာင္႐ွားႏုိင္ၾကၿပီး ဒီအမ်ိဳးသား ၊ ဒီဇနီး ဒီမယား ေတြနဲ႔ ေပ်ာ္ရြင္ၾကည္ႏူးဖြယ္ မိသားစုေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ ။ သစၥာတရားေတြ စိုးမိုးတဲ႕ ကမၻာေျမၾကီး ျဖစ္ပါေစ ……………………….။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:khine lay
#Unicode Version#
ကျွန်တော်သူငယ်ချင်းတစ်ယောက်လည်း ဒီအကုသိုလ်ကံတွေ ခံစားနေရသည်ဟု
ထင်မြင်မိသောကြောင့် ကာမေသု ိစ္ဆာရာ ကံတွေကို ရာဖွေတင်ဆက်ပေးလိုက်ပါသည်။
အိမ်ထောင်သည်ဆိုတဲ့ ဘဝကိုရောက်ခဲ့တာ ဘာလိုလိုနဲ့ တစ်နှစ်ကျော်တိုင်ခဲ့လေပြီ ။ သည်ဘဝမှာ မင်းပျော်လားလို့ မေးလာခဲ့ရင် ဘယ်လိုဖြေရပါ့ ။ * အတွေ့ * တစ်ခုရဲ့ ဆွဲငင်ခေါ်ဆောင်ရာနောက်ကို အသိမဲ့စွာ လိုက်ပါခဲ့ရင်း အိမ်ထောင်ကျခဲ့ရသည် ။။

အမြင် ၊ အကြား ၊ အထိအတွေ့ ၊ အရသာတွေကို အယူမှားကာ မြတ်နိုးခုန်မင်ခဲ့မိပါသည် ။ ကာမဂုဏ်မှာ ပျော်ပိုက်နေသူ လူသားတစ်ဦး ဖြစ်မှန်းမသိ ဖြစ်လာခဲ့မိသည် ။ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ခြင်းလို့ ဆိုလိုသည် ။ အဲဒါထက်ကျော်လွန်ကာ မိစ္ဆာစာရဆိုတဲ့ အရာကို ပါ ကျူးလွန်မိခဲ့သူ ကျွန်တော် ။ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာ ကိုပြောတာပါ ။ ကျွန်တော် ရောက်နေတာက ရေမြေခြား ။

လွပ်လပ်ခြင်းဆိုတဲ့ အရသာကို ဖောဖော်သီသီ အသုံးချလို့ အကောင်းဆုံးနေရာတစ်ခုပေါ့ ။ မိဝေး ဖဝေး မှာ ကိုယ်နဲ့ နေ့စဉ် ပတ်သတ်နေသူ အများစုက တိုင်းတပါးသား ။ လူမျိုးတူ အများစုက တနယ်ဆီက ရောက်လာ ကြသူတွေ ။ မြန်မာပြည်သို့ ပြန်ရောက်ပါလျှင် တွေ့ဖို့ ဆုံဖို့ဆိုတာ မလွယ်ကူ။ ဒီတော့ ခေါင်းထဲရောက်လာတာက ငါဘာလုပ်လုပ် ဘယ်သူမှ မသိပါဘူးကွာဆိုတဲ့ သေးသိမ်တဲ့ အတွေးခေါ်တွေ ။ လူတွေလွတ်လပ်ပြီဆိုရင် အကျိုးနဲ့ အပြစ် အပြစ်ကိုသာ ပိုလုပ်မိကြတဲ့ လူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါဝင်ပေါ့ ။ မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုဆိုတာကို ဝေဖန်ပိုင်းခြားတတ်တဲ့ အသိညဏ်တွေနဲ့ ကင်းကွာနေခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး ။ ရေမြေခြားမှာ နေလာတာ နှစ်လေးလည်း အတန်ကြာခဲ့ပါပြီ။ အလုပ်လေးတွေလည်း စုံခဲ့လေပြီ ။

 ခုလက်ရှိနောက်ဆုံးလုပ်နေတဲ့ နေရာမှာ မြန်မာပြည်သားတွေ အများသား ။ ဒီထဲက ကဲလို့ တွဲလို့ကောင်းတဲ့ သူချင်းပေါင်းမိခဲ့ကြသည် ။ *အပျော်ပါးလိုက်စားမလား တူတူ ။ သောက်ကြစားကြမလား လက်ရေတစ်ပြင်တည် း ။ စိတ်တူကိုယ်သူဆိုတာမျိုးပေါ့ ။ တစ်နေ့ မှာတော့ တူတူနေတဲ့ ကိုထူးက စကားစလာပါတယ် ။* *ဟေ့ကောင် မောင်မောင် ။ မင်းပျော်ပါးဖို့ ဆော်ခေါ်ရတာ ပိုက်ဆံကုန်တယ် ကွ ။ ငါသတင်းတစ်ခုရထားတယ် ။ ဆော်ကြီးတစ်ဗွေ လူကလန်းတယ် ။ ရေကလည်း လန်းတယ် ။ မင်းချဉ်းကပ်လို့လည်း လွယ်တဲ့ အနေထားမှာ ရှိတယ် ။ * *ဟုတ်လား ။ သူက ဘယ်မှာနေတာလဲ ။ အပျိုလား * *ဘယ်ကလာ အပျိုရမှာလဲကွာ ။ မြန်မာပြည်မှာ အိမ်ထောင်ကျတယ် ။

ကလေးတောင် ရှိတယ်ထင်တယ် ။ နောက် ဒီရောက်လာတော့ လူတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူ့အမျိုးသားက တော်တော်ချစ်တယ်လို့ ပြောကြတယ် ။ သူဖောက်ပြန်နေတာတွေကို သိလည်း ခွင့်လွတ်ပြန်ပေါင်းတယ်တဲ့လေ ။ နေတာက ငါတို့ဆီကနေကားနှစ် မှတ်တိုင်လောက် ဘဲဝေးတယ် ။ မင်း စိတ်ဝင်စားရင် ငါ မိတ်ဆက်ပေးမယ် * ဒီလိုကနေစလိုက်တာ သူမ ကျွန်တော် သိခွင့်ရခဲ့သည် ။ ခင်မင်ရာကနေ တစ်ဆင့်တက်လို့ရင်းနှီးကျွမ်းဝင်ခဲ့ကြပါသည် ။ သူမ အမျိုးသား အလုပ်သွားချိန်တွေ ကျွန်တော် အလုပ်နားချိန် တွေနဲ့ တိုက်ဆိုင်တိုင်း သူမနှင့် ကျွန်တော် တွေ့ဖြစ်နေကြသည်။

ကုန်လိုက်တဲ့ ပိုက်ဆံက ဆော်ခေါ်တာထက် အဆပေါင်းများစွာ ။ တစ်နေ့တော့ ကျွန်တော်တို့ခိုးစားနေမိတဲ့ ဇာတ်လိမ်းကို သူမခင်ပွန်းသိသွားပါတော့သည် ။ ကျွန်တော်ဆိုတဲ့ ကောင် လည်း ပြင်ဆင်ချိန်တောင် မရလိုက်ဘဲ သူမကို လက်ခံလိုက်ရပါတော့သည် ။ ဒီအချိန်မှာ အိမ်ထောင်သည်မကျ ချစ်သူမကဆိုတဲ့ဘာမှန်းမသိတဲ့ ဘ၀ တစ်ခုကို နာမည်ဆိုးတွေနဲ့ ရရှိလိုက်ပါတော့သည် ။ သူများလက်ထဲကနေ ခိုးယူထားမိတဲ့ အရာကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော် ဘယ်မှာလာ စိတ်ဖြောင့်ဖြောင့် နေနိုင်ပါမည်နည်း ။ အမြဲတစေ ပူပန် သောကတွေနဲ့ နပန်းလုံးနေခဲ့ရသည် ။ ငါအလုပ်သွားရင် သူမ ဘာတွေ လုပ်နေမလဲ ။ ဘယ်တွေ သွားနေမလဲ ။ အိမ်မှာကော ရှိနေပါ့မလားဆိုတဲ့ အတွေးတွေနဲ့ အလုပ်ထဲမှာ ပစ္စည်းတွေကမှား ။

ဒီတော့ စူပါဗိုက်ဆာတွေရဲ့ ငြိုငြင်မှုတွေကို ခံလာရပါတော့သည် ။ အလုပ်တွေ ဘယ်လောက် အိုတီရနေနေ ရသမျှ အဖက်မတင် ။ ဘယ်အပေါက်ကနေ ဆီလိုပေါက်ရှာ ထွက်နေမှန်းမသိ ။ တဖြေးဖြေးနဲ့ လုံးပါးပါးလာ ခဲ့ရပါတော့သည် ။ ငါ ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်ကို မစောင့်ထိမ်း လို့ဖြစ်ရတဲ့ လူမှုဒုက္ခတွေပါလားလို့ တစ်ခါ တစ်ခါ တွေးမိပါသည် ။ တစ်နေ့ အင်တာနက် ကြည့်နေရင်း မထင်မှတ်တဲ့ ဆောင်းပါးလေး တစ်ခုကို ဖတ်လိုက်မိသည် ။ ဆောင်းပါးလေး က ကာမေသု မိစ္ဆာရာ ကံ လွန်ကျူးရင် ဘာဖြစ်နိုင်လဲ ? ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးသားထားပါသည် ။

*ကာမေသုမိစ္ဆာစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိသိက္ခာပုဒ်ဟာ ကိုယ်ပိုင်လင်အမျိုးသား ကိုယ်ပိုင်ဇနီးမယားကနေ တစ်ခြားတစ်ယောက်ကို ( သို့မဟုတ် ) သူ့တပါး သားမယားကို လွန်ကျူး ပြစ်မှားလို့ အပြစ်သင့်တဲ့ အပြစ်ဖြစ်တဲ့ သိက္ခာပုဒ်ပါ၊ ရှင်းအောင်ပြောရရင်တော့ ကာမဂုဏ်ဆိုတာ ယောင်္ကျားနဲ့မိန်းမနှစ်ဦးသား ကြည့်နူးပေါင်းဖက်ကြတာကိုခေါ်တာပါ၊ မိစ္ဆာစာရဆိုတာကတော့ အဲဒီလိုပေါင်းဖက် အ တူနေတာကို မိမိလင်ယောင်္ကျား မိမိဇနီးမယားမဟုတ်တဲ့ သူများအပေါ်မှာ မှားယွင်းစွာ လွန်ကျူးတာကိုပြောတာပါ၊

အဲဒီသိက္ခာပုဒ်ကိုဖောက်ဖျက်ရင် စောစောကပြောခဲ့သလိုပါ ပဲ လူမှုဒုက္ခတွေ အများတံတွေးခွက်ပက်လက်မျောရတာတွေ အစရှိတဲ့ဆိုးကြိုးတွေကို ခံ စားရမှာပါ၊ ခုခေတ်မြန်မာလူဘောင်လောကမှာ ကိုယ်အချင်းချင်းသဘောတူရင် မပြစ်မ ဖြစ်ပါဘူးဆိုတဲ့ အနောက်တိုင်းအယူအဆတွေဝင်ရောက်လာပါတယ်၊ အမှန်က အဲဒီလို မဟုတ်ပါဘူး ကိုယ်အချင်းချင်းဘယ်လိုပဲသဘောတူနေပါစေ ကိုယ့်ကိုယ်ထိန်းသိမ်း စောင့်ရှောက်တဲ့ သူတွေရှိပါတယ်၊ အောက်ထစ်ဆုံး အများတကာနဲ့ ဆက်ဆံသွားလာ တဲ့ မကောင်းတဲ့ပြည်တန်ဆာမတောင် အရင်လူကပိုက်ဆံပေးငှါးရမ်းထားရင် နောက်လူ ကပိုင်စိုးပိုင်နင်းနဲ့ သွားရောက်လွန်ကျူးမယ်ဆိုရင် ကာမေသုမိစ္ဆာစရာကံထိုက်ပါတယ်၊ * လို့ ရေးသားထားပါသည် ။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့ အချိန်မှာတော့ အဲကွန်းခန်းထဲ ထိုင်နေတဲ့ ကျွန်တော် တစ်ကိုယ်လုံး အလိုအလျောက် ဇော်ချွေး များ ပျံလာမိသည်။ ကာမေသုမိစ္ဆာစာရ ကံကျူးတဲ့သူတွေဟာ- (၁) လူမုန်းများခြင်း၊ (၂) လူမုန်းများရုံတင်မကပဲ ရန်သူတွေလည်း ဝိုင်းဝိုင်းလည်နေခြင်း၊ (၃) စီးပွါးရေး ဘယ်လောက်ရှာရှာ တိုးတက်မလာပဲနေခြင်း၊ (၄) စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိပဲဖြစ်နေခြင်း၊ (၅) ဘဝတိုင်းဘဝတိုင်း မိန်းမသာဖြစ်ရခြင်း၊ (၆) မိန်းမမဟုတ်ယောင်္ကျားမဟုတ် ဂျယ်ကြီးဖြစ်ရခြင်း၊ (၇) တကယ်လို့ ယောကျာ်းဖြစ်ရင်လည်း ယုတ်ညံ့တဲ့ အမျိုးတွေထဲမှာ ဖြစ်ရခြင်း၊ (၈) မျက်နှာပျက်ပြီး အရှက်တကွဲအကျိုးနဲတဲ့ ကိစ္စတွေကြုံတွေ့ရခြင်း၊ (၉) ခြေလက်အင်္ဂါ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဖြစ်ရခြင်း၊ (၁၀) စိုးရိမ်ကြောင့်ကြ စိတ်များနေရခြင်း၊ (၁၁) ကိုယ်ချစ်တဲ့သူနဲ့ ကွဲကွာကာ အသည်းနာရခြင်း၊ ဆိုတဲ့ အပြစ်တွေကိုပါ ရစေတယ်ဆိုတဲ့အချက်တွေကတော့ သွေးထွက်အောင် မှန်နေခဲ့ပါသည် ။

ကျွန်တော် ဘာလုပ်ရမလဲ ဆိုတဲ့မေးခွန်းတွေနဲ့ ချာချာလည်နေလည်ပါတော့သည် ။ *မောင် ထမင်းစားရအောင်ဆိုတဲ့ * သူမရဲ့ ခေါ်သံကြားမှ စိတ်နဲ့လူကြား ကင်းကွာနေတဲ့ အသိတွေ ပြန်လည်စုမိကြပါတော့သည် ။ အရင်က ချိုသာလှပါသည်ဟု ထင်ခဲ့မိသော သူမ အသံသည် ကြောက်မက်ဖွယ် ထောင်ခြောက် တစ်ခုအဖြစ်သို့ ပြောင်းလဲ ထင်မှတ်စေခဲ့လေပြီ ။ ခုချိန်ထိ မိဘတွေကို အသိမပေးရဲသေးတဲ့ သူမနဲ့တူတူနေထိုင်နေရတဲ့ ဘ၀ ။ အပေါင်းသင်းမိတ်ဆွေတွေ နဲ့ ဆုံတဲ့အခါ ကျွန်တော် မိန်းမပါလို့ မိတ်ဆက်ပေးရမှာကို အင်မတန်ဝန်လေး ခဲ့မိတာတွေဟာ ကျွန်တော်ကိုယ် ကျွန်တော် သိမ်ငယ်နေခြင်းတွေဆိုတာ သိခဲ့ရပေမယ့် အမှားပြင်ဆင်ခွင့် ဘယ်မှာလဲ ။

ဘယ်လို ခဲဖျက်နဲ့ ဖျက်မှ ပျက်မယ့် အမှား မျိုးပါလည်းဆိုတာ တွေးရလွန်းလို့ ခေါင်းတွေအမြဲပူပန်နေရသူ ကျွန်တော်ဘ၀ ။ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်း ကိုယ်လျှောက်နေရပေမယ့် ဘာလို့မပျော်ရသလဲ ။ အဖြေက ရှင်းပါတယ် ။ အမှားဆိုတဲ့ လမ်းတစ်ခုကို ရွေးချယ်လျှောက်လှမ်းမိခဲ့တာကို ။ တစ်ရက်မှာတော့ ကျွန်တော် အလုပ်ကနေ သူမဆီ ဖုန်းမဆက်ဘဲ ပြန်လာခဲ့ပါသည် ။ အပြန်လမ်းမှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့သည် ။ မိုးရေတွေ ဆက်လက်နဲ့ အိမ်တံခါး ကိုဖွင့်လိုက်ပါသည် ။ ကြိုဆိုမယ့်သူမရှိ ။ တိတ်ဆိတ်ခြင်းတွေ စိုးမိုးနေတဲ့ အိမ်ထဲမှာ သေချာပါသည် သူမ ရှိမနေဘူးဆိုတာပေါ့ ။ အဝတ်စားတွေလဲ ပြီး ဆေးတစ်လုံးကြိုသောက်ထားလိုက်ပါသည် ။

ခုရက်တွေ ကျွန်တော်နှလုံးတွေ အောင့်အောင့်နေတတ်သည် ။ ဆေးသောက် ပြီး အိပ်ယာထက်မှာ လဲလျောင်းရင်း မျက်လုံးတွေက ဖုန်းလေးကို အဓိပ်ပယ်မဲ့စွာ ငေးကြည့်နေမိဧ။် ။ သူမကို ခုချိန် ဖုန်းဆက်လိုက်ရင် ဘာတွေ ဆင်ခြင်ပေးမလဲ ။ သူပေးလာမယ့်ဆင်ခြင်တွေကို ကျွန်တော် ယုံကြည်နိုင်ပါ့မလား။ ကျွန်တော် စိတ်တွေအားလုံး ယောက်ယက်ခတ်နေသည် ။ အစက မဆုံဖြစ်ခဲ့ရင် အကောင်းသားဆိုတဲ့ နောက်ကြောင်း လှန်တဲ့ အတွေးတွေကလည်း တသီကြီးတွေးလို့ ။ ကျွန်တော် ကံကောင်းခဲ့သလား ကံဆိုးခဲ့သလားတော့ မပြောတတ်ပေ ။ ထိုညကအစပြုလို့ ကျွန်တော်ဘဝထဲကို သူမ ပြန်ရောက်မလာတော့ပါဘူး ။ ကျွန်တော် တမ်းတမိပါသလား ။ သေချာပါသည် ။

တစ်ခါတစ်ရံတွင်သာ ရေးရေးလေး အမှတ်ရမိတတ်ပါသည် ။ သတိရခြင်းနှင့် အမှတ်ရခြင်းဆိုတဲ့ စကားလုံးတွေရဲ့ အနှစ်သာရ လားလားမျှ မတူညီပါ။ ကျွန်တော်သူမကို သတိမရပါ။ အမှတ်ရဖြင်းသာ ရှိပါသည် ။ နိုင်ငံခြားရောက် တူတူနေခြင်းဆိုတဲ့ ပုံစံခွက်ထဲကို ကျွန်တော်လည်း ပါဝင်ခဲ့ဘူးတယ်လို့ ဆိုမယ်ဆိုရင်လည်း ရနိုင်ဧ။်ပေါ့ ။ သို့သော် အိမ်ထောင်သည်တွေလို တူတူ နေထိုင်ခဲ့မိဘူးသည် ။ ကာမေသုမိစ္ဆာစာရ ကံကျူးလွန်ခဲ့ဘူးဆိုတဲ့ အချက်ကြီးကတော့ဘဝမှာ အမဲစက်တစ်ခုလို နေရာယူခဲ့ပါပြီ။

ဒီအမှားကို ဘယ်အရာနဲ့ ဖျက်ရမလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေကို နေ့စဉ်ရှာဖွေနေသူ လူသားတစ်ဦးအဖြစ် သေသည့်တိုင်အောင် ဆက်လက်ရပ်တည် အဖြေရှာနေရအုံးမည်သာ ဖြစ်နေတော့သည် ။ ခိုင်လေး ( ရွှေတောင် ) ဒီဝထ္ထုတိုလေးကို ဖတ်ရှု့ပြီး မိတ်ဆွေစစ်နဲ့ မိတ်ဆွေတုကို ခွဲခြားနိုင်ပါစေ ။ ကာမေသုကံကို ရှောင်ရှားနိုင်ကြပြီး ဒီအမျိုးသား ၊ ဒီဇနီး ဒီမယား တွေနဲ့ ပျော်ရွင်ကြည်နူးဖွယ် မိသားစုတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ။ သစ္စာတရားတွေ စိုးမိုးတဲ့ ကမ္ဘာမြေကြီး ဖြစ်ပါစေ ……………………….။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:khine lay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top